MCP Ontario

MCP Ontario Myanmar Construction Professionals in Canada

ကနေဒါကို စိတ်ကြိုက် ခြယ်လှယ်လို့ မရတော့ Lake Ontario ကိုပါ Lake America ပြောင်းမယ် ခြိမ်းခြောက် လာပြန်တဲ့ Trump!Tariffs ...
08/26/2026

ကနေဒါကို စိတ်ကြိုက် ခြယ်လှယ်လို့ မရတော့ Lake Ontario ကိုပါ Lake America ပြောင်းမယ် ခြိမ်းခြောက် လာပြန်တဲ့ Trump!

Tariffs war ဟာ စီးပွါးရေးကို သိသိသာသာ ထိခိုက်မှာပါ။ ဒါပေမယ် ဝန်ကြီးချူပ် ပြောသလို No deal is better than bad deal ပါ……

ဒီနေ့ Facebook group ထဲမှာ ကျောင်းကိစ္စ Post တစ်ခု မေးထားတာတွေ့လို့ ကနေဒါကို လာဖို့ကြိူးစားနေသူတွေကို  ကျောင်းနဲ့ပါတ်သက်...
08/06/2026

ဒီနေ့ Facebook group ထဲမှာ ကျောင်းကိစ္စ Post တစ်ခု မေးထားတာတွေ့လို့ ကနေဒါကို လာဖို့ကြိူးစားနေသူတွေကို ကျောင်းနဲ့ပါတ်သက်လို့ သတိပေးပါရစေ။

(၁) ကနေဒါမှာ နာမည်ကြီး အဆင့်တန်းမှီ တက္ကသိုလ်တွေရှိသလို Certificate Mill လို့ခေါိတဲ့ လုပ်စား တက္ကသိုလ် ၊ ပေါချောင်စုတ် ကောလိပ်တွေ/ Uni ရှိပါတယ်။

(၂) စျေးချိူရင်ပြီးရင် ပေါချောင်စုတ် ကျောင်းတွေကို ဘယ်တော့မှာ မရွေးပါနဲ့။

(၃) ကောင်းတဲ့ကျောင်းဆိုပေမယ့်လဲ တစ်ချိူ့ Program တွေက ကျောင်းပြီး၊ အလုပ်လုပ်ခွင့် PGWP မရတာတွေ ရှိပါတယ်။ ဒါကြောင့် ကျောင်းကောင်းရင်တောင် Program ကို သေချာရွေးရပါမယ်။

ဘာကြောင့်ဒါတွေ အရေးကြီးတာလဲ..

- Ontario အနေနဲ့ဆို Latest ONIP Workforce priority stream မှာ Ontario ပြည်နယ်သာမက ၊ ကနေဒါ တပြည်နယ်လုံးမှာရှိတဲ့ သူတို့လက်သင့်ခံတဲ့ Educational Institutions တွေ စာရင်းတွေ ထုတ်ပေးပြီးသား ဖြစ်တယ်။ မိမိတက်တာက အဲဒီထဲမှာ မပါရင် Point တွေနည်းမယ်၊ PR အတွက် အခွင့်အလမ်းလျော့ကျမယ်။

- ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါ မိမိတက်ခဲ့တဲ့ တက္ကသိုလ်ရဲ့ Reputation ကလည်း အလုပ်အကိုင် အခွင့်အလမ်းအတွက် အနည်းနဲ့ အများ အထောက်အကူဖြစ်စေတယ်။

- ကနေဒါဟာ Professional အဖွဲ့အစည်းတွေ အားကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဉပမာ construction ဖက်မှာဆို CIQS, PEO, OACETT, RAIC, CCA စသည်ဖြင့် အဖွဲ့တွေ ရှိကြတယ်။ မိိမိရွေးတဲ့ ကျောင်း/ Program ဟာ Accredited မဖြစ်တာတွေ၊ Reputation မကောင်းတာတွေဆို တကယ်တမ်း ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်စဉ်မှာ Professional Designation အတွက် process ကြန့်ကြတာ၊ exam တွေ ထပ်ဖြေရတာ မျိူးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် စျေးချိူတဲ့ ကျောင်းဆိုရင် အများကြီး သတိထားပါ။ အလွယ်လမ်းကို မလိုက်ကြပါနဲ့လို့ သတိပေးရင်း
Alberta မှာ PGWP မရလို့ India န်ုင်ငံသား အများစုဖြစ်တဲ့ ကျောင်းသားတွေ ဆန္ဒပြတဲ့ သတင်းကို ဗဟုသုတ အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://timesofindia.indiatimes.com/world/rest-of-world/you-need-to-go-home-canada-leader-reacts-to-protesting-indian-student-of-portage-college-says-our-view-is-that-/amp_articleshow/132743052.cms

အများမျှော်လင့် စောင့်စားနေတဲ့ Ontario PR အမှတ်ပေးစည်းမျဉ်း ထွက်ပါပြီ။အမှတ်ပေးပုံစံ အရင်ကထက် နည်းနည်းပြောင်းသွားပါတယ်။Ré...
07/21/2026

အများမျှော်လင့် စောင့်စားနေတဲ့ Ontario PR အမှတ်ပေးစည်းမျဉ်း ထွက်ပါပြီ။

အမှတ်ပေးပုံစံ အရင်ကထက် နည်းနည်းပြောင်းသွားပါတယ်။

Régionalisation ကတော့ ရှိနေတုန်းပါဘဲ….

ကနေဒါရဲ့ မီးသတ်သမား လစာ…ခုတစ်လော ကနေဒါအနှံ တောမီးလောင်ပြီး မီးခိုးနံတွေ သင်းနေပါတယ်။တောမီးလောင်တာကို မီးသတ်သမားတွေ ငြိမ်...
07/17/2026

ကနေဒါရဲ့ မီးသတ်သမား လစာ…

ခုတစ်လော ကနေဒါအနှံ တောမီးလောင်ပြီး မီးခိုးနံတွေ သင်းနေပါတယ်။

တောမီးလောင်တာကို မီးသတ်သမားတွေ ငြိမ်းသတ်နေတဲ့ ဓာတ်ပုံတွေ video တွေကိုမြင်ပြီး ကနေဒါမှာ မီးသတ်သမား တစ်ဦးဖြစ်ဖို့ မလွယ်ကူးဘူးဆိုတာ ပြောပြပါရစေ။

ကနေဒါမှာ မီးသတ်သမားတစ်ဦးဖြစ်ဖို့လည်း ကောလိပ် ၂ နှစ် သို့မဟုတ် ၃ နှစ်ခန့်တက်ပြီး သက်ဆိုင်ရာ NFPA လက်မှတ်တွေ Training တွေ အများကြီး ယူကြရပါတယ်။

မီးသတ်သမားဆိုတာ ပညာမတတ်သူတွေ လုပ်တာမဟုတ်ဘဲ ပညာလည်းတတ်၊ အပင်ပန်းလည်း ခံနိုင်ပြီး ၊ စွန့်စွန့်စားစား လုပ်ကိုင်န်ုင်သူတွေသာ လုပ်ကိုင်ကြတဲ့ Professional လမ်းကြောင်းတစ်ခုပါ။

Engineer လောကမှာ Technician, Technologist, P.Eng , BCIN designer စသည်ဖြင့် ရှိကြသလို ၊ လစာ ခံစားခွင့်တွေရှိကြသလို ၊ မီးသတ်ဌာနမှာလည်း အဆင့်ဆင့် ခံစားခွင့်တွေ၊ တက်လမ်းတွေရှိပါတယ်။

ပုံမှာ AB ပြည်နယ်က Fire Prevention Officer တစ်ဦးရဲ့ အလုပ်ကြေငြာစာမှာ ရရှိမဲ့ လစာကိုကြည့်ရှုရင်း Seneca College က Diploma သင်တန်းကိုပါ လေ့လာနိုင်ပါတယ်။

ကနေဒါမှာ မွေးတဲ့ Toronto သားတစ်ဦးကို ကနေဒါမှာ လမ်းဘယ်အချိန် ပိတ်သလဲ၊ ဘယ်အချိန် ကားကြပ် သလဲ မေးမိသောအခါ။ - နွေရာသီဆို လမ်...
07/16/2026

ကနေဒါမှာ မွေးတဲ့ Toronto သားတစ်ဦးကို ကနေဒါမှာ လမ်းဘယ်အချိန် ပိတ်သလဲ၊ ဘယ်အချိန် ကားကြပ် သလဲ မေးမိသောအခါ။

- နွေရာသီဆို လမ်းတွေပိတ်ပြီး လမ်းပြင်လို့ ကားတွေပိတ်တယ်
- တောမီးလောင်လို့လည်း လမ်းတွေပိတ်တယ်။
- ဆောင်းရာသီဆို နှင်းကျလို့ ဖြည်းဖြည်းသာ မောင်းရလို့ ကားကြပ်တယ်
- Holiday တွေမှာ ခရီးထွက်ကြလို့ လမ်းတွေပိတ်တယ်
- Christmas ကာလတွေမှာ လူတွေ အများကြီး အိမ်ပြန်ကြလို့ပိတ်တယ်
- ရုံးတက်ချိန် ၊ ရုံးဆင်းချိန် ဖြစ်လို့ ပိတ်တယ်
- Accident ဖြစ်ရင်လည်း လမ်းပိတ်တယ်…

ပုံမှာ Toronto တဝိုက် လမ်းပိတ်ပြီး ၊ လမ်းပြင်နေကြတဲ့ နေရာပြတဲ့ မြေပုံပါ။

သေချာတာ တစ်ခုကတော့ “ လူကြီး လမ်းကြောင်းရှိလို့ ဆိုပြီး လမ်းပိတ်တာ” လုံးဝ မရှိတာ ပါဘဲ😀။

Ontario ပြည်နယ်မှာ ခုနေ မီးခိုးတွေ မှိုင်းနေတာ သိပ်မထူးဆန်းပါ။ လူအသေအပျောက် မသိရသေးပေမယ့် အတော်များများ နေရာတွေမှာ မီးလေ...
07/15/2026

Ontario ပြည်နယ်မှာ ခုနေ မီးခိုးတွေ မှိုင်းနေတာ သိပ်မထူးဆန်းပါ။

လူအသေအပျောက် မသိရသေးပေမယ့် အတော်များများ နေရာတွေမှာ မီးလောင်နေပါတယ်။

အောက်ပါ Link မှာ သွားကြည့်ပါ..

https://www.cbc.ca/player/play/video/9.7270799

Chili Crab စားချင်တဲ့ ဘော်ဒါတွေ အတွက်…Toronto ကိုရောက်နေတဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားလို နိုင်ငံက တဆင့် ကနေဒါကို ...
07/10/2026

Chili Crab စားချင်တဲ့ ဘော်ဒါတွေ အတွက်…

Toronto ကိုရောက်နေတဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားလို နိုင်ငံက တဆင့် ကနေဒါကို ပြောင်းလာတဲ့ မြန်မာတွေအတွက် Southeast Asian ဆိုင်လေးတစ်ခုလောက် သွားစားကြည့်ဖို့ တိုက်တွန်းပါရစေ။

Menu တွေအရ ဒီဆိုင်မှာ

Laksa ရတယ်
Chilli Crab ရတယ်
Bak K*t Teh ရတယ်
Chicken Rice ရတယ်
Black Pepper Prawn ရတယ်
Kari Ayam ရတယ်
Satay တွေရတယ်
Beef Rendang တွေရတယ်
Teh Tarik တောင်ရလိုက်ပါသေးတယ်

ကျွန်တော်တို့ မရောက်ဖူးသေးပါ။ ဟိုရက်ကဘဲ ရောက်ဖူးခဲ့တဲ့ စင်ကာပူမှာ သိလာခဲ့တဲ့ အသိမိတ်ဆွေ ဖားတဦး လှမ်းပြောလို့ပါ

သွားစားပြီးရင် ကောင်းမကောင်း ပြောပေးပါအုန်းခင်ဗျ။

10 East Wilmot St, Richmond Hill, ON L4B 1G9, Canada

ကနေဒါမှာ တရားဉပဒေ ထိန်းသိမ်းရတဲ့ ရဲတပ်သားတွေ လစာဘယ်လောက်ရလဲ စပ်စုချင်စိတ်ဖြစ်လာတာကလူချင်းဆုံဖူးတဲ့ အငြိမ်းစား ရဲတပ်ကြီးတ...
07/10/2026

ကနေဒါမှာ တရားဉပဒေ ထိန်းသိမ်းရတဲ့ ရဲတပ်သားတွေ လစာဘယ်လောက်ရလဲ စပ်စုချင်စိတ်ဖြစ်လာတာက

လူချင်းဆုံဖူးတဲ့ အငြိမ်းစား ရဲတပ်ကြီးတစ်ဦးက ပင်စင်လစာနဲ့ အ်မ်တစ်လုံးဝယ်လိုက်တဲ့ အကြောင်း ပြောပြလာတာက စပါတယ်။

Canada နိုင်ငံမှာ

လက်နက်ကိုင်ရတဲ့ ရဲတပ်သားကို အသာထား..

ရဲဌာနတွင်း အချင်းချင်း စာပို့ပေးရတဲ့ အရပ်သား ဝန်ထမ်းကိုလည်း တစ်နှစ် ၉သောင်းလောက်ထိ ပေးပါတယ်။

ရဲတပ်သား၊ သင်တန်း စတက်ကတည်းက ၆၅၀၀၀ ကနေ 72000 လောက်ထိ ပေးတတ်ပြီး ၊ လုပ်သက် ၄ နှစ်လောက်ဆို

$ 112,000 လောက်ထိရကြပါတယ်။

အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတာက Canada လို ဖွံဖြိူးပြီး နိုငိငံတွေက ပိုသိပါတယ်။

ဒီနိုင်ငံမှာ ရဲတပ်သား လုပ်တယ်ဆိုတာ Career choice တစ်ခုဖြစ်ပြီး စာမတတ်လို့မဟုတ်ပါ…… ကောလိပ်တက်၊ Diploma လောက်ရပြီးခါမှ ဝင်ခွင့်တွေဖြေပြီး၊ လုပ်ကိုင်ရတဲ့ အလုပ်အကိုင် လမ်းကြောင်းတစ်ခုပါ။

မြန်မာပြည်မှာ ဂုဏ်ထူးတွေ အများကြီးရတဲ့ စာတော်တဲ့ လူငယ်တွေကို ဆေးကျောင်းဝင်ခွင့်ပေးပြီး ဆရာဝန်ဖြစ်ခွင့်ပေးတယ်။ ဘာဖြစ်လို့လဲ ပညာရေးဌာနက လူကြီးတစ်ဦးကို မေးမိပါတယ်။

ဆရာဝန်ဆိုတာ ဆေးထိုးအပ်ကိုင်ပြီး ဆေးကုတာဖြစ်လို့၊ မတော်တဲ့ လူတွေကို ဆရာဝန် လုပ်ခိုင်းရင် သူ့လက်ချက်ကြောင့် လူနာတွေ သေကုန်မှာ စိုးလို့ ဆိုပြီး ဖြေပါတယ်။

ဆေးထိုးအပ်ကိုင်မဲ့လက်ကို စာတော်ရမယ်၊ အမှတ်များရမယ်ဆိုပြီး လိုအပ်ချက်တွေ ပေးထားပေမယ့်..

သေနတ်ကိုင်ရတဲ့ ရဲ၊စစ်သား တပ်သား ဖြစ်ဖို့ ၄ တန်းတောင်
အောင်စရာ မလိုပါ။

လူ့များစွာရဲ့ အသက်ကို ဇိဝိန်ချွေနိုင်တဲ့ သေနတ်ကို ကိုင်မဲ့ လူတစ်ဦးဖြစ်ဖို့ ဘာပညာမှ တတ်မစရာ မလိုဘူး ဆိုကတည်းက စလွဲတော့တာပါဘဲ….။

Clean Room သမားတွေ၊ Data Center သမားတွေ Alberta ဖက်ကို နားစွင့်ကြပါ။13 billions ဆိုတာ ဘယ်လောက်လဲ idea မပေါက်သူတွေ အတွက်။...
07/09/2026

Clean Room သမားတွေ၊ Data Center သမားတွေ Alberta ဖက်ကို နားစွင့်ကြပါ။

13 billions ဆိုတာ ဘယ်လောက်လဲ idea မပေါက်သူတွေ အတွက်။

စင်ကာပူ အနေနဲ့ဆို
jewel Changi Airpot - 1.7 billions
Marina Bay Sand. - 6.8 Billions

မြန်မာပြည်အနေနဲ့ဆို၊ တစ်နိုင်ငံလုံးပါတ် သောင်းကျန်းနေတဲ့
မအလရဲ့ စစ်ရေး အသုံးစရိတ်ဟာ တစ်နှစ်မှာ 2.1 to 2.9 Billions ပါ။

နောက်ကျတဲ့ခြေထောက်ဟာ သစ္စာဖောက်တတ်တယ်ဆိုတာ မြန်မာပြည်က ကျွန်တော်တို့လို လူတွေ အသိဆုံးဖြစ်ပါလိမ့်မယ် ခင်ဗျား………

Address

Toronto, ON

Website

Alerts

Be the first to know and let us send you an email when MCP Ontario posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share