Monkey Joint - bamboo players

Monkey Joint - bamboo players ကျနော်တိုသည်ဝါးချစ်သူများဖြစ်ပါသည်။ creation တီထွင်မှုအပေါ်အလွန်စိတ်ဝင်စားပါသည်။

            🦾🦾🦾
28/10/2025



🦾🦾🦾

ဧရာဝတီတိုင်းထွက် နှီးချောဖျာလေးတွေ။ ဝါးရဲ့အကြော (အခွံ) တွေ သီးသန့်စုပြီး ယက်လုပ်ထားတာမို့ ရေရှည်ခံတယ်။ အလွန်အေးမြတယ်။ ရှ...
18/10/2025

ဧရာဝတီတိုင်းထွက် နှီးချောဖျာလေးတွေ။

ဝါးရဲ့အကြော (အခွံ) တွေ သီးသန့်စုပြီး ယက်လုပ်ထားတာမို့ ရေရှည်ခံတယ်။ အလွန်အေးမြတယ်။
ရှေးမြန်မာ တို့ရဲ့ မိရိုးဖလာအသုံးအဆောင်ပစ္စည်းတစ်ခုပါ။
ရှေးက မြန်မာကျေးလက်ဒေသတွေမှာ ဧည့်သည်လာချိန် ဖျာခင်းပေးကြတာ ဒီလိုဖျာတွေပေါ့။
ငွေကြေးပြေလည်တဲ့ အိမ်တွေ က သင်ဖြူးဖျာခင်းကြတယ်။ သင်ဖြူးဖျာက နှီးချောဖျာထက် ပိုနူးညံ့ပြီး တန်ဖိုးလည်းပိုများပါတယ်။ သင်ဖြူးဖျာအကြောင်း နောက်မှ ရေးပါမယ်။

ဒီနှီးချောဖျာတွေ ကို ဖျာ၊အခင်း အဖြစ်သုံးယုံသာမက ၊ ကျနော်တို့ ဆောက်လုပ်ရေးဆိုဒ်တွေမှာ အတွင်းနံရံ အလှဆင်၊ မျက်နှာကျက်တွေ မှာ လဲ အသုံးပြုပါတယ်။ ညီညာချောမွေ့တဲ့ ဝါးကြော ကွက်လေးတွေဟာ အမြင်အေးမြပြီး သဘာဝရဲ့ ခံစားမှု ကို ရရှိစေပါတယ်။

ရန်ကုန်မှာ ဝယ်ရခက်တဲ့ နှီးချောဖျာတွေကို နောက်လထဲ
မှာယူမှာ ဖြစ်ပါတယ်။

ရန်ကုန်(လှိုင်သာယာမြို့နယ်) က ကျနော် တို့ ဆောက်လုပ်ရေး ဆိုဒ်တစ်ခုမှာ အသုံးပြုရန်အတွက် ဒီ နှီးချောဖျာ တွေကို ဧရာဝတီတိုင်းမှ မှာယူမှာ ဖြစ်ပါတယ်။
ရန်ကုန်မှာ အသုံးပြုရန် လိုအပ်သူမိတ်ဆွေများရှိပါက ကျနော့်ဆီမှာ တပါထဲ တွဲမှာလိုက်လို့ရပါတယ်လို့ ။ 😊

နှီးချောဖျာ အကြောင်းလဲ ပြောရင်း
Reach ကျနေတဲ့ ဒီ page လေးကိုလဲ Update လုပ်ရင်း
နှီးချောဖျာ လိုအပ်သူမိတ်ဆွေများကိုလဲ အဆင်ပြေ
နှီးချောဖျာရောင်းတဲ့ ဧရာဝတီ က အစ်မကြီးလဲ အဆင်ပြေ

အားလုံးအဆင်ပြေ ဖို့ ပေါ့ 😊😊

Messenger အမြဲမကြည့်ဖြစ်လို့ လိုအပ်ရင် ကျနော့်ဖုန်း Viber ကို ဆက်သွယ်ထားကြပါဗျ။

Ko Zin
09963299845

#ဖျာသည်😆😆

စရိတ်သက်သာသောဝါးအိမ်လေးများကို မည်သူမဆို ကိုယ်တိုင်တည်ဆောက်နိုင်ရန် ကျွန်တော်တို့ Blue Temple မှတစ်နှစ်ခွဲ့ခန့်အချိန်ယူ၍...
10/10/2025

စရိတ်သက်သာသောဝါးအိမ်လေးများကို မည်သူမဆို ကိုယ်တိုင်တည်ဆောက်နိုင်ရန် ကျွန်တော်တို့ Blue Temple မှတစ်နှစ်ခွဲ့ခန့်အချိန်ယူ၍ ဤလမ်းညွှန်စာစောင်ကို ပြုလုပ်ကာ မျှဝေခြင်းဖြစ်ပါသည်။ အထူးသဖြင့် လျှပ်စစ်မီး နှင့် လျှပ်စစ်သုံးဆောက်လုပ်ရေး ကရိယာများ မရရှိနိုင်သော နေရာများတွင် အလွယ်တကူတည်ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့် ကိုက်ညီရန် အကောင်းဆုံးနည်းစနစ်များကို ရွှေးချယ်ဖော်ပြပေးထားပါသည်။
မည်သူမဆို အခမဲ့ download ပြုလုပ်၍ ပြန်လည်အသုံးပြု/မျှဝေနိုင်ပါသည်။

ENGLISH VERSION:
အင်္ဂလိပ်ဘာသာဖြင့် download ရယူရန်:
https://drive.google.com/file/d/1cn7fsx7IdCoYvfh4O7UAvovyV83-VvcH/view?usp=sharing

MYANMAR VERSION:
မြန်မာဘာသာဖြင့် download ရယူရန်:
https://drive.google.com/file/d/18gQRe-qWX1M1C_Oa567T4gCKbHVx1qbV/view?usp=sharing

IT IS OUT !!
A year and a half of work we're giving out for free. This DIY low-cost bamboo construction manual is a collection of innovations from around the world, and our own knowledge on the topic, we condensed into a simple pamphlet. Designed for displaced communities in Myanmar without access to electricity (no power tools), and very little funding available. We have 500 print outs in our office in Yangon. Reach out to us if interested to pick up.

စရိတ်သက်သာသောဝါးအိမ်လေးများကို မည်သူမဆို ကိုယ်တိုင်တည်ဆောက်နိုင်ရန် ကျွန်တော်တို့ Blue Temple မှတစ်နှစ်ခွဲ့ခန့်အချိန်ယူ၍ ဤလမ်းညွှန်စာစောင်ကို ပြုလုပ်ကာ မျှဝေခြင်းဖြစ်ပါသည်။ အထူးသဖြင့် လျှပ်စစ်မီး နှင့် လျှပ်စစ်သုံးဆောက်လုပ်ရေး ကရိယာများ မရရှိနိုင်သော နေရာများတွင် အလွယ်တကူတည်ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့် ကိုက်ညီရန် အကောင်းဆုံးနည်းစနစ်များကို ရွှေးချယ်ဖော်ပြပေးထားပါသည်။

မည်သူမဆို အခမဲ့ download ပြုလုပ်၍ ပြန်လည်အသုံးပြု/မျှဝေနိုင်ပါသည်။

ENGLISH VERSION:
အင်္ဂလိပ်ဘာသာဖြင့် download ရယူရန်:
https://drive.google.com/file/d/1cn7fsx7IdCoYvfh4O7UAvovyV83-VvcH/view?usp=sharing

MYANMAR VERSION:
မြန်မာဘာသာဖြင့် download ရယူရန်:
https://drive.google.com/file/d/18gQRe-qWX1M1C_Oa567T4gCKbHVx1qbV/view?usp=sharing

Special thanks to:
Co-investigator: Htoo Aung
Layout designer: João Martins
Graphic designer: CreaNova
Advisors: Ko Zin; Sir Bo Ni; Sebastian Kaminski

www.blue-temple.com

🔼

  Of Hope🍀Home of Hope campaign နဲ့ ရံပုံငွေ ရှာဖွေခဲ့ပြီး အခြား ကူညီထောက်ပံ့သူများစွာ ရဲ့ ငွေကြေးများနဲ့ စီစဉ်ခဲ့တဲ့ ငလ...
26/06/2025

Of Hope

🍀Home of Hope campaign နဲ့ ရံပုံငွေ ရှာဖွေခဲ့ပြီး အခြား ကူညီထောက်ပံ့သူများစွာ ရဲ့ ငွေကြေးများနဲ့ စီစဉ်ခဲ့တဲ့
ငလျင်ဘေးဒဏ်သင့်ဒေသများရှိ အိမ်ပြန်လည်မဆောက်နိုင်တဲ့ မိသားစုများကို နေအိမ်များပြန်လည်ဆောက်လုပ်ပေးရေး ပရောဂျက်ကို Home of Hope လို့ပဲ နာမည်ပေးခဲ့ပါတယ်။

🍀Home of Hope ပရောဂျက်အတွက် NOW bamboo construction group မှ လူအင်အား ၊နည်းပညာများ၊ လိုအပ်တဲ့ ဆောက်လုပ်ရေးစက်ပစ္စည်းများ စိုက်ထုတ်ခဲ့တဲ့အပြင် ပရောဂျက်စီမံခန့်ခွဲရေးကိုပါ လုပ်ဆောင်ခဲ့ပြီး အကျိူးအမြတ် တစ်စုံတစ်ရာ မယူခဲ့တာပဲ ဖြစ်ပါတယ်။

🍀Home of Hope ပရောဂျက်ရဲ့ အဓိက ရည်ရွယ်ချက် က တော့ ငလျင်ဘေးကြောင့် နေအိမ်များ ပြိုပျက်ထိခိုက် သူများစွာ ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အလှူငွေများ လက်ခံမရရှိခြင်း နှင့် ဆင်းရဲနွမ်းပါးခြင်း တို့ကြောင့် နေအိမ်ပြန်လည်တည်ဆောက်ရန် အလွန်ခက်ခဲနေတဲ့ မိသားစုများကို မြေပြင်တွင် ကွင်းဆင်းရှာဖွေ၍ နေအိမ်များပြန်လည်ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပါတယ်။
ဒီလို အလွန်ခက်ခဲနေတဲ့ အမှန်တကယ်လိုအပ်သူများကို ဆောက်လုပ်ပေးရတာ ဖြစ်လို့ မြေပြင်ကွင်းဆင်းခြင်းများပြုလုပ်ခြင်း၊ လူအင်အား နဲ့ အချိန် များစွာ အသုံးပြုခဲ့ရပြီး ယခုအချိန်မှာတော့ Home of Hope ပရောဂျက်ရဲ့
ပထမဆုံး အိမ်ပိုင်ရှင် မိသားစု (၃)စု ပေါ်ထွက်လာပြီဖြစ်ပါတယ်။
မန္တလေးတိုင်း၊တံတားဦးခရိုင်၊အင်းဝမြို့ဟောင်း၊ပန်းပဲတန်းရပ်မှာ နေထိုင်ကြတဲ့ မိသားစု တွေဖြစ်ကြပြီး သူတို့ရဲ့ အဓိက အလုပ်အကိုင်များဟာ သရက်ချဉ်လှီးတဲ့ အလုပ်ဖြစ်ပါတယ်။ သူတို့ရဲ့ နေ့စဉ်ဝင်ငွေဟာ မြင့်တက်လာတဲ့ ကုန်ကျစားရိတ်တွေကြောင့် အဆင်မပြေတဲ့ အချိန်မှာ ငလျင်ဘေးကြီးနဲ့ ကြုံတွေ့ခဲ့ရပြီး နေအိမ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် သူတို့ဟာ အိမ်ပြန်လည်တည်ဆောက်ရန် အခက်အခဲကြုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။

🍀ယခုနေအိမ်များကို ကနဦး က ၂၅ သိန်းမှ ၃၀သိန်း ကြားကျသင့်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် မြင့်တက်လာသောကုန်ပစ္စည်းစျေးနှုန်းများနဲ့ မမျှော်လင့်ထားသောမြေပြင်အခြေအနေများကြောင့် အိမ်တစ်လုံးကို ၅၅သိန်းကျပ် ကျသင့်ခဲ့ပါတယ်။

🍀အိမ်များကို အပူချိန်လျော့ချပေးနိုင်တဲ့စတေကာ ကပ်ထားတဲ့ သွပ်အမိုးပြားများ၊ အရည်အသွေးကောင်းပြီးရေရှည်ခံနိုင်တဲ့ ဝါးထရံများ၊ ပိုးမထိုးစေရန် ဆေးသွင်းပေါင်းခံထားတဲ့ ဝါးများ ၊ သစ်များ နဲ့ ပေါင်းစပ်ဆောက်လုပ်ထားပြီး အိမ်ရှင်ရဲ့ ပြုပြင်ထိန်းသိမ်းမှုပေါ်မူတည်ပြီး ၁၅ နှစ်နဲ့ အထက် ခံနိုင်ရည်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

🍀ကျနော် ကိုယ်တိုင် လက်ရှိ မြေပြင်မှာ ရောက်ရှိနေပြီး ဒေသခံစေတနာ့ဝန်ထမ်းများ၊ ဆောက်လုပ်ရေးလုပ်သားများ နဲ့ အတူနေအိမ်များ ဆက်လက်ဆောက်လုပ်သွားဖို့ လုပ်ဆောင်နေပါတယ်။
လက်ရှိ ရှိနေတဲ့ ရံပုံငွေ များနဲ့ နေအိမ်၁၈ လုံးခန့်ဆောက်လုပ်ပေးနိုင်မှာဖြစ်ပြီး အခြားလိုအပ်နေတဲ့ မိသားစုများစွာကျန်ရှိနေသေးတာမို့လို့ Home of Hope ပရောဂျက်ကို ဆက်လက်ကူညီပံ့ပိုးလိုပါက အောက်ပါအချက်အလက်များမှ တဆင့်ကူညီပံ့ပိုးနိုင်ပါတယ်။

Ko Zin
📞09963299845

Kpay: Kyaw Zin Latt
📞09963299845

KBZ Special account
📌24651100101284601

မိတ်ဆွေများရဲ့ ကူညီပံ့ပိုးမှုများကို နေအိမ်လိုအပ်နေသူများကိုယ်စား ကျေးဇူးတင်စွာဖြင့် ဆက်လက်စောင့်မျှော်လျက်
ရှိနေပါတယ်။




of Hope

Through the Home of Hope campaign and various fundraising efforts, along with generous contributions from supporters, we launched a project to rebuild homes for families in earthquake-affected regions who were unable to restore their own. The project was named Home of Hope.

For this initiative, the NOW bamboo construction group provided manpower, technical expertise, and necessary construction equipment. They also managed the entire project—without taking any profit.

Purpose of Home of Hope

The main goal of the Home of Hope project is to identify and rebuild homes for families who suffered severe damage or total loss of their homes due to the earthquake but have no means of reconstruction, either because they didn’t receive donations or due to financial hardship.

We physically visited and assessed the communities most in need, and began rebuilding homes directly for the most vulnerable families. This involved extensive fieldwork, time, and manpower.

First Families to Receive Homes

As of now, the first three families have received their new homes through the Home of Hope project. These families live in:
Innwa Old Town, Pan Pae Tan Ward, Tada-U District, Mandalay Region:
Their main source of income is from processing sour mangoes. However, due to rising daily expenses, their earnings have become insufficient. When the earthquake struck, they lost their homes and were left struggling to rebuild them.

Originally, we estimated the cost per house to be between 2.5 to 3 million MMK (Kyat). However, due to rising material costs and unexpected ground conditions, the final cost per house was approximately 5.5 million MMK.

Construction Quality

Each home is built using:
•Zinc roofing sheets with heat-resistant styrofoam lining
•High-quality, long-lasting bamboo walls
•Bamboo and timber treated with anti-pest solutions
Based on maintenance by the homeowner, the homes are expected to last 15+ years.

I am currently on-site, working alongside local volunteers and construction workers to continue building more homes. With the funds we have now, we can build about 18 homes. However, many more families remain in need, and we are committed to helping them too.

If you would like to support the Home of Hope project, you can contribute via the following methods:

Ko Zin
📞 09963299845

Kpay: Kyaw Zin Latt
📞 09963299845

KBZ Special Account
📌 24651100101284601

On behalf of the families who still urgently need homes, thank you deeply for your support and kindness. We are truly grateful and continue to hope for your encouragement.




— Ko Zin

Home of HopeIn the aftermath of recent earthquakes in Myanmar, thousands have been left without safe shelter—just as mon...
16/04/2025

Home of Hope

In the aftermath of recent earthquakes in Myanmar, thousands have been left without safe shelter—just as monsoon season approaches.

SLC Advocates and Housing Now are partnering to build low-cost, sustainable bamboo homes in heavily affected areas like Tada-U, Inwa, and Sagaing. These homes aren’t just temporary shelters—they are designed to be durable, weather-resistant, and treated to prevent pests, making them a long-term solution for displaced families.

With the generosity of donors, immediate needs like food and medicine are being met—but shelter remains a critical priority.

We’ve launched a GoFundMe campaign to make it easy for our global community to contribute. There’s no set donation amount—every little bit counts.

How you can help:
1. Donate what you can: https://gofund.me/37f0dd20
2. Share this campaign to help spread awareness

Let’s come together to provide warmth, safety, and dignity—one home at a time.

Help Rebuild Lives: Emergency Bamboo Shelters for Myanmar Ear… SLC Advocates needs your support for Urgent: Help Build Emergency Shelters for Myanmar Earthquake

𝑯𝒐𝒎𝒆 𝑶𝒇 𝑯𝒐𝒑𝒆 🏡SLC Advocates နဲ့ Housing Now တို့ အတူပူးပေါင်းပြီးတော့ မြန်မာနိုင်ငံငလျင်ဘေးသင့်ဒေသတွေအတွက် ပြန်လည်ထူထောင...
16/04/2025

𝑯𝒐𝒎𝒆 𝑶𝒇 𝑯𝒐𝒑𝒆 🏡

SLC Advocates နဲ့ Housing Now တို့ အတူပူးပေါင်းပြီးတော့ မြန်မာနိုင်ငံငလျင်ဘေးသင့်ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးအပိုင်းအနေနဲ့ "တန်ဖိုးနည်းဝါးအိမ်" တွေကို ဆောက်လုပ်ပေးဖို့ ကြိုးစားလျက်ရှိပါတယ်။

အလှူရှင်တွေရဲ့သဒ္ဓါတရားထက်သန်မှုကြောင့် အစားအသောက် ဆေးဝါးစတာတွေကို ဖြေရှင်းနိုင်ပေမယ့် ဦးစားပေး လိုအပ်ချက်ဖြစ်တဲ့ စား-ဝတ်-နေရေးထဲက နေထိုင်ရေးအတွက် လုံခြုံတဲ့နေရာလေးတခု ရရှိဖို့ရာ အရေးကြီးလာတဲ့အပြင် မကြာခင် မိုးရာသီလည်း ရောက်တော့မှာဖြစ်တာကြောင့် အိမ်လေးတစ်လုံးဟာ မဖြစ်မနေလိုအပ်လာပါတယ်။

ဖြည်းဖြည်းချင်း ပြန်လည်ထူထောင်ရာမှာ အိမ်ကလည်း ပဓာန‌ကျတာကြောင့် နွေးထွေးမှုပေးမယ့် အိမ်လေးတစ်လုံးကို ထောက်ပံ့ပေးနိုင်ဖို့ရာ Go Fund Me ကနေတစ်ဆင့် နိုင်ငံရပ်ခြားကသူတွေပါ ပါ၀င်ကူညီပေးနိုင်အောင်စီစဥ်ထားခြင်း ဖြစ်ပါတယ်။

နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးဆိုသလိုပဲ သင်တို့ရဲ့ကူညီထောက်ပံ့မှုသေးသေးလေးတွေစုပေါင်းပြီး လိုအပ်နေသူတွေအတွက် ခေတ္တနေထိုင်စရာမှီခိုစရာ အိမ်ကလေးတစ်လုံးရလာမှာပဲဖြစ်ပါတယ်။

👉 တံတားဦး၊ အင်းဝ နဲ့ စစ်ကိုင်း အစရှိတဲ့ ဒေသတွေကို အဓိကထား ဆောက်လုပ်ပေးမှာသွားဖြစ်ပြီး မေလလယ်လောက်မှစတင်ကာ ဆောက်လုပ်ရေးအစီအစဥ်များကိုစတင်သွားမည်ဖြစ်ပါတယ်။ Housing Now ရဲ့ signature အတိုင်းဝါးကို အဓိကထားအသုံးပြုပေးသွားမှာဖြစ်ပြီး ယာယီအဆောက်အဦးများမှ အပ ရေရှည်အသုံးပြုမယ့်အဆောက်အဦးများအားလုံးမှာ အသုံးပြုမယ့် ဝါးတွေဟာ ပိုးမထိုးစေရန် ဆေးသွင်းပေါင်းခံပြီးသားဖြစ်ပါတယ်။ ဆောက်လုပ်တဲ့ နည်းစနစ်များပေါ်မူတည်ပြီး ရေတို ၁နှစ်၂ နှစ် တင်မက နှစ်ရှည်ကြာ နေထိုင်လို့ရမည့် ဝါးအိမ်များလည်း ပါဝင်ပါတယ်။

ပမာဏသတ်မှတ်ထားတာမျိုး မရှိပဲ donate လုပ်လို့ရသလို ဒီ campaign လေးကိုလည်း တခြားသူငယ်ချင်းမိတ်ဆွေတွေပါ သိရအောင် မျှဝေပေးခြင်းဖြင့် ပါ၀င်လို့ရပါတယ်။

👉 https://gofund.me/37f0dd20

𝙃𝙤𝙬 𝙮𝙤𝙪 𝙘𝙖𝙣 𝙝𝙚𝙡𝙥:
Please ❗️
1. Donate as you can
2. Share this campaign to help provide emergency bamboo shelters and support the reconstruction efforts in the affected areas.

Your support and contribution matters.

Help Rebuild Lives: Emergency Bamboo Shelters for Myanmar Ear… SLC Advocates needs your support for Urgent: Help Build Emergency Shelters for Myanmar Earthquake

🚨🚨🚨ရန်ကုန် မှ မန်းလေး၊ စစ်ကိုင်း သို့ April 6/7 ရက်နေ့လောက် သွားပြီး တတ်နိုင်သလောက် ကူညီပါမယ်။ မိတ်ဆွေအပေါင်းအသင်းများ ဝ...
31/03/2025

🚨🚨🚨ရန်ကုန် မှ မန်းလေး၊ စစ်ကိုင်း သို့ April 6/7 ရက်နေ့လောက် သွားပြီး တတ်နိုင်သလောက် ကူညီပါမယ်။ မိတ်ဆွေအပေါင်းအသင်းများ ဝိုင်းဝန်းကူညီလို့ရပါတယ်
ခင်ဗျာ။ 🙏

🚨 မြန်မာ့သမိုင်းရဲ့ အပြင်းထန်ဆုံး ငလျင်ကြီးလှုပ်ပြီးနောက် ယခုအချိန်မှာ ငလျင်ဒဏ်ကိုအပြင်းအထန် ခံစားခဲ့ရတဲ့စစ်ကိုင်း၊ မန္တလေးစတဲ့အလယ်ပိုင်းဒေသတွေအတွက်ကျွန်တော်တို့လဲအများနည်းတူ ဝမ်းနည်းပူပန်သောကရောက်နေရပါတယ်။ သူတို့နေရာမှာကျွန်တော်တို့ဖြစ်ခဲ့ရင်ဆိုတဲ့စာနာစိတ်ကြောင့်တတ်နိုင်တဲ့ဖက်ကဝိုင်းဝန်းကူညီကြဖို့ဆုံးဖြတ်လိုက်ပါတယ်။

ခုဆိုရင်စစ်ကိုင်းဖက်မှာ အခြေအနေအတော်ဆိုးဝါးနေတာကြောင့်စစ်ကိုင်းအတွက်အဓိကထားပြီးကူညီကြပါမယ်။

ဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင် လိုအပ်တဲ့အသုံးအဆောင်၊ဆေးဝါးနဲ့အစားအစာများကိုဝယ်ယူပြီး စစ်ကိုင်းမှာကပ်ဘေးခံစားနေရတဲ့ပြည်သူတွေဆီအရောက်ပို့ပေးမှာပါ။

ကျနော်တို့ က ဆောက်လုပ်ရေးသမားတွေမို့လို့ အုတ်ဖောက်စက်၊ အုတ်ဖြိုစက်တွေ၊Grinderတွေ၊ မီးစက်တွေ ယူသွားပါမယ်။
ကျနော်တို့ ကား Double Cab 4 Wheel တစ်စီးအပြင် ၊စုဆောင်းလို့ရတဲ့ ကုန်ပစ္စည်းပေါ်မူတည်ပြီး light truck တွေ ထပ်ငှါးသွားပါမယ်။ လမ်းခရီးအခြေအနေ အရ ကားကြီးအဆင်မပြေလောက်ပါ။ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီး ခန့်မှန်းချေ April 6/7 လောက်ရန်ကုန် မှ ထွက်ပါမယ်။
အတူတူသွားမယ့် လူ/ ကား/ ကုန်ပစ္စည်း များ လာ Join ပေးကြပါခင်ဗျာ။

မိတ်ဆွေသူငယ်ချင်းများကလည်း နိုင်တဲ့ဖက်က ဝိုင်းဝန်းအားဖြည့်ကူညီကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။

ပါဝင်ကူညီ လှူဒါန်းပေးသော မိတ်ဆွေသူငယ်ချင်းများရဲ့ငွေပမာဏကို ပွင့်လင်းမြင်သာစွာတင်ပြပြီး ဝယ်ယူလှူဒါန်းသော စာရင်းကိုလဲ ဆက်လက်တင်ပြသွားပါမယ်။

ပါဝင်ကူညီလိုသူများ ဆက်သွယ်ရန်

Ko Zin
📞 09963299845

KPay: Kyaw Zin Latt
📞 09963299845

KBZ Special Account:
📌 24651100101284601

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

🚨🚨🚨 Heading to Mandalay and Sagaing from Yangon on April 6/7 to Help as Much as Possible

Dear friends, we are organizing support efforts for the regions most affected by the devastating earthquake in Myanmar’s history. Sagaing and Mandalay, in particular, have been severely impacted, and we deeply sympathize with the people suffering there. If we were in their situation, we would hope for help too. That’s why we’ve decided to step up and assist however we can.

Right now, the situation in Sagaing is especially critical, so we will focus our relief efforts there.

We will personally purchase and deliver essential supplies, including food, medicine, and other necessities, to those affected in Sagaing.

Since we are in the construction industry, we will also bring tools such as demolition hammers, grinders, and generators to aid in recovery efforts. We have a Double Cab 4-Wheel vehicle, and depending on the amount of donated supplies, we will rent additional light trucks as larger trucks may not be suitable for the road conditions. We are making necessary preparations and plan to depart from Yangon around April 6/7.

We invite anyone who wants to join—whether with vehicles, supplies, or manpower—to participate in this relief effort.

If you or your friends would like to contribute, we encourage you to support in any way possible.

All donations will be transparently recorded, and we will provide updates on the funds collected and the supplies purchased and delivered.

Contact for Assistance & Donations

Ko Zin
📞 09963299845

KPay: Kyaw Zin Latt
📞 09963299845

KBZ Special Account:
📌 24651100101284601

Thank you for your support!



Monkey Joint Bamboo Players

ဝါးအဆောက်အဦးလို့ပြောလိုက်တာနဲ့ ဝါးလုံးတွေကိုတန်းမြင်မိမှာပဲ။ သို့သော်လည်း ဒီ resort ကတော့ဝါးလုံးမပါပဲဝါးခြမ်းပြားတွေနဲ့ဖ...
09/01/2025

ဝါးအဆောက်အဦးလို့ပြောလိုက်တာနဲ့ ဝါးလုံးတွေကိုတန်းမြင်မိမှာပဲ။ သို့သော်လည်း ဒီ resort ကတော့ဝါးလုံးမပါပဲဝါးခြမ်းပြားတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဒီ resort ဟာတရုတ်တောင်ပိုင်းဆန်းရာကျွန်းပေါ်မှာတည်ရှိပါတယ်။

ဒီလိုဝါးခြမ်းပြားတွေသုံးပြီးတည်ဆောက်တာဟာဒီ resort ကစတာတော့မဟုတ်ပါဘူး။ အင်ဒိုနီးရှားဘာလီ၊ မက္ကဆီကို၊ ထိုင်းစတဲ့နိုင်ငံအတော်များများမှာတွေ့မြင်ရတတ်ပါတယ်။ အစပိုင်းမှာတော့ အနုပညာ installation art တွေမှာဝါးခြမ်းပြားတွေနဲ့စတင်ဖွဲ့စည်းကစားကြတာတွေ့ရပါတယ်။ နောက်ပိုင်းတော့ အဆောက်အအုံ အထူးသဖြင့် အဆောက်အအုံရဲ့အတွင်းပိုင်းမှာစတင်အသုံးပြုအလှဆင်ကြပါတယ်။ ဒီ resort ကတော့ open type အဆောက်အအုံ အနေနဲ့အသုံးပြုထားတယ်။ အနုပညာနဲ့ ပိသုကာဆက်စပ်နေတာကိုသိမြင်ရပါတယ်။

မိုး လေ ရေ ဒဏ်ကိုကာကွယ်နိုင်အောင် ဝါးခြမ်းပြားတွေကိုဘယ်လိုပေါင်းတင်ပြီး မှိုမတက် မဆွေးမြေ့အောင်ဘယ်လိုပြုပြင်စီမံထားတာဟာစိတ်ဝင်စရာကောင်းတယ်။ အမြဲတန်းလိုလို maintenance အနေနဲ့ ရေတားဆေးသုတ်ရမယ်ထင်တယ်?

ဒီဇိုင်းအိုင်ဒီယာကတော့ under the tree, သစ်ပင်အောက်မှာတဲ့။

Photo crd

Address

Bago

Alerts

Be the first to know and let us send you an email when Monkey Joint - bamboo players posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Monkey Joint - bamboo players:

Share