Myanmar Dream World Engineering Co.,LTD

Myanmar Dream World Engineering Co.,LTD MDWE

🙏🙏🙏ဝါဆိုလပြည့်🙏🙏🙏ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။🌹🌹🙏🙏🙏🌹🌹ဝါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ...
20/07/2024

🙏🙏🙏ဝါဆိုလပြည့်🙏🙏🙏
ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။

🌹🌹🙏🙏🙏🌹🌹
ဝါဆို လပြည့်နေ့ကို
ဓမ္မစကြာ အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ

ထိုနေ့၌
ဓမ္မစကြာတရားတော်ကို
မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည်
အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်
၀ါဆိုလပြည့်နေ့ နေ၀င် , လထွက် အချိန်၌
ပဉ်စ၀ဂ်ဂီငါးဦးတို့အား ဘုရားအဖြစ်ကို
၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်

#ဓမ္မစကြာ_တရားတော်သည်

ဝိနည်းမဟာဝါပါဠိတော်၌
ပဉ္စ၀ဂ္ဂိယကထာ-အမည်ဖြင့် လာရှိပါသည်

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ
တရားတည်းဟူသော အသိစက္ကို ဖြစ်စေ
လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်

#ဓမ္မစက္က = တရားတော်။
#ပ၀တ္တ = ဖြစ်စေ၊ လည်စေခြင်း

ဓမ္မစကြာတရားတော်သည်
သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော
ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
( အစွန်း ၂-ခု ) ကို ရှောင်ကြဉ်ရေး
မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို
ညွှန်ကြားထားပြီး
သစ္စာလေးပါးတရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သေဘာတရားကို တွေ့မြင်နိုင်ပါသည်

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍
ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က
ဓမ္မစကြာ တရားတော်ကို အထူးပင်အာရုံစိုက်၍
ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်

အမြို့မြို့ အရွာရွာ၌
ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး
ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်

>>

#ဝါဆိုလပြည့်နေ့၏_ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ - လ ရှိသည့်အနက်
ဝါဆို လပြည့်နေ့သည်

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း

၂။ ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၅။ ဘုရားအဖြစ် ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့်
ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က
ဤဝါဆိုလပြည့်နေ့၌
ကျောင်းကန်ဘုရားသို့ သွားရောက်၍
ဝါဆိုပန်းများ ကပ်လှူခြင်း၊
ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊
ဓမ္မစကြာ တရားတော်များကို
ရွတ်ဖတ်သရဇ္ဈာယ်ခြင်း အားဖြင့်
#ဝါဆိုလပြည့်_ဓမ္မစကြာ_အခါတော်နေ့ - ကို
ဆင်နွှဲ ပြုလုပ်ကြပါသည်။

🙏🙏🙏🙏🙏

#မျှဝေပါတယ်🙏🙏🙏

🌷🌷🙏🙏🙏🙏🙏🌹🌹

ခင်ဗျားတို့ site မှာ သုံးနေတဲ့ ရေကို ပြပါဦးဗျ။ဒီမှာပါ ဆရာ။ရေကောင်းလား။ရေကောင်းလား ဆိုတာ ဘာကို ပြောတာလဲ ဆရာ။ဆောက်လုပ်ရေးလ...
09/07/2024

ခင်ဗျားတို့ site မှာ သုံးနေတဲ့ ရေကို ပြပါဦးဗျ။

ဒီမှာပါ ဆရာ။

ရေကောင်းလား။

ရေကောင်းလား ဆိုတာ ဘာကို ပြောတာလဲ ဆရာ။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သုံးရမယ့် ရေဟာ quality အရည်အသွေး ကောင်းရမယ်ဗျ။

အရည်အသွေးက ဘယ်လို ကောင်းရမှာလဲ ဆရာ၊ ဘယ်လိုဟာတွေကို ကြည့်ပြီး အရည်အသွေး ကောင်းတယ် မကောင်းဘူး ပြောတာလဲ။

အရည်အသွေးကောင်းတဲ့ရေဆိုတာက .. clean and clear သန့်ရှင်းပြီး ကြည်လင်ရမယ် odorless အနံ့အသက်ကင်းရမယ် natural PH ရေက ph တန်ဖိုး 6.5 ကနေ 8.5 အတွင်း ရှိရမယ် low salt content ကရိုရိုက်နှင့် ဆာလဖိတ်လို ဆားတွေ ပါဝင်မှု နည်းရမယ် free from harmful chemicals ဓာတုပစ္စည်း ပါဝင်မှု မရှိရဘူး minimal hardness ရေစေး မဖြစ်ရဘူး low organic content အော်ဂဲနစ်မက်တာတွေ မပါဝင်ရဘူး စသဖြင့်ပေါ့။

အဲဒါတွေ ပါဝင်ရင် ဘာတွေ ဖြစ်မလဲ ဆရာ။

အဲဒါတွေ ပါဝင်ရင် ဥပမာအားဖြင့် high salt content ဆားတွေ ပါဝင်တယ် ဆိုပါစို့ အဲဒီ ဆားတွေက ကွန်ကရစ်ရဲ့ အရည်အသွေး ကြာရှည်ခံနိုင်မှုကို လျှော့ကျစေပြီး ကွန်ကရစ်ထဲက သံချောင်းတွေကို ဆွေးမြေ့ယိုယွင်းစေတာကြောင့် အဆောက်အအုံကို အချိန်မတိုင်ခင်မှာ ပျက်စီးစေမှာပဲ ph တန်ဖိုးအရ low ph ဆို acidic water ဖြစ်လို့ ကွန်ကရစ်နှင့် သံချောင်းကို corrosion ဖြစ်စေပြီး high ph ဆို alkaline ဖြစ်လို့ ကွန်ကရစ်ရဲ့ setting time တွေ strength တွေ မကောင်း ဖြစ်ပါမယ် ထို့အတူပဲ organic matter တွေ hard water ရေစေးတာတွေ chemical contaminants ဓာတုပစ္စည်း ပါဝင်မှုတွေကလဲ သံကူကွန်ကရစ်အစိပ်အပိုင်းတွေ အားလုံးကို ထိခိုက်စေမှာ အမှန်ပဲ။

အဲလို ရေရဲ့ အရည်အသွေးကို သိချင်ရင် ဘယ်လို စမ်းသပ်ရသလဲ ခင်ဗျ။

ရေရဲ့ quality ကို သိချင်တဲ့အခါ သက်ဆိုင်ရာ lab တစ်ခုကို ပို့ပြီး စမ်းသပ်စစ်ဆေးရမှာဗျ၊ အဲဒါမှ အဲဒီရေရဲ့ quality ကို သိနိုင်မှာ။

တစ်ခါတစ်လေ အဲဒီလို lab တွေ ဘာတွေ ပို့ပြီး မစမ်းနိုင်တဲ့အခါမျိုး ရှိတယ် ဆရာရဲ့ အဲဒါမျိုးကျရင်ရော။

အဲဒါမျိုးကျရင် evaluation on-site ပေါ့ by human senses ဆိုက်မှာ ဒီအတိုင်း ကြည့်ပြီး စဉ်းစားရသလိုမျိုး။

ဟုတ်တယ် ဆရာ အဲလိုမျိုးပေါ့။

အဲလိုမျိုးဆို စစခြင်း visual inspection မျက်စိနှင့် ကြည့်ရတာဗျ clarity ရေက ကြည်လင်သလား color ရေရဲ့အရောင် particles ရေထဲ အမှုန်တွေ ဘာတွေ ပါမပါ ကြည့်ရတာပဲ၊ ကဲ အခု ကြည့်ရတဲ့အတိုင်းကတော့ ရေက ကြည်တယ် အရောင်ကလဲ မရှိဘူးဗျ၊ ရေထဲလဲ ဘာ အမှုန်အမွှားမှ မတွေ့ရဘူး၊ နောက် odor အနံ့အသက်ဗျ ရေက အနံ့အသက် မရှိရဘူး၊ အခု ရှူကြည့်မယ်ဗျာ အင်း .. ဘာအနံ့အသက်မှတော့ မရဘူးဗျ၊ နောက်ဆုံး တစ်ခုကတော့ taste အရသာဗျ၊ ကောင်းတဲ့ရေတစ်ခုဟာ ဘာအရသာမှ မရှိရဘူး၊ ခင်ဗျား အခု ရေထဲ လက်နိုက်ပြီး လျှာနှင့် တို့ကြည့်ဗျာ။

ဟုတ်ကဲ့ ဆရာ ခဏ၊ အဲ .. ဘာ အရသာမှ မရဘူးဗျ။

ဟုတ်တယ် အန္တရာယ်ရှိတဲ့ ဓါတ်ပစ္စည်းတွေ ပါတယ်ဆို အရသာ တစ်ခု ရပြီး လူတွေကို ဘေးဥပါဒ်ပေးတယ်လို့ ဆိုတယ်ဗျ။

အဲဒါမျိုးကျ ဆရာက ကျွန်တော့်ကို စမ်းခိုင်းတယ်ပေါ့။

မဟုတ်ရပါဘူးဗျာ ခင်ဗျား သေသေချာချာ နားလည်ပြီး လက်တွေ့ သဘောပေါက်အောင်ပါဗျ။

Crd Saya KTM

စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ****************************** မာနတွေ သိပ်မထားပါနဲ့ ...မထားသင့်တဲ့ မာန်မာနကသင့်ကမ္ဘာကို ကျဉ်းမ...
21/05/2024

စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ
******************************

မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတ်တောသာထားလိုကျပါ

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။

သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန်ဖိုးထားမှုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ်ပါယျရှိအောငျ
လုပ်ပေးတဲ့သူတွေမို့ပါ။

ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပ် အလုပ်ဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

ပြီးပါပြီ။ ။

ဒီလောက်ဆို စာဖတ်သူတွေ
ဖတ်လို့ဝပြီး ဖတ်ရကျိုးနပ်မှာပါ။
ကိုယ့်စာလေးက စာဖတ်သူတွေအတွက်
အားတက်စရာဖြစ်ပါစေ။ ။

Credit:

နံရံအက်ကြောင်းများကို မည်သို့ပြုပြင်မည်နည်း ?===================================1. အက်ကြောင်း၏ အကျယ်သည် < 0.5 mm ဖြစ်ပါက...
06/06/2023

နံရံအက်ကြောင်းများကို မည်သို့ပြုပြင်မည်နည်း ?
===================================
1. အက်ကြောင်း၏ အကျယ်သည် < 0.5 mm ဖြစ်ပါက weber.tape fibermesh 5 ကိုအသုံးပြုကာ အက်ကြောင်း ဧရိယာကို ကြံခိုင်မှု ထောက်ပံ့ပေးရပါမည်။ ထို့နောက် နံရံကို weber.base skim coat (သို့) weber.base skim ultrabond ဖြင့် နံရံပေါ်ရှိ weber.tape fibermesh ကိုမမြင်ရသည့်တိုင်အောင် သုတ်လိမ်းချောမွတ်ပေးရပါမည်။ တရက်အကြာတွင် နံရံမျက်နှာပြင်ကို သဲစက္ကူဖြင့် ကော်ပတ်စားပေးခြင်းဖြင့် ချောမွေ့အောင်ပြုလုပ်ပေးရပါမည်။

2. တည်ဆောက်ပုံကြောင့် ကျုံ့ဆန့်ခြင်းကြောင့် အက်ကြောင်းသည် ပိုမိုကြီးမား ရှည်လျားလာပါက weber.BE 14 ကိုအသုံးပြုပြီး အက်ကြောင်းကိုအားဖြည့်ပေးရပါမည်။ ထို့နောက် weber.base sim ultrabond ဖြင့် ပတ်တီးရိုက်ပေးရပါမည်။ နံရံကိုရေလုံထပ်မံပြုလုပ်ပေးလိုပါက weber.base skim ultrabond အစား weber.dry seal ကိုနံရံပေါ်တွင် အသုံးပြုပေးရပါမည်။


မဂ်လာပါ....ဗျ အိမ်သာကျင်းတခု စနစ်မှန်အောင်ဆောက်ဖို့ ဘယ်လောက်ခက်လဲလေ့လာကြည့်ပြီးမှ ပြောပါ   Septic Tank & Soak Pit (Septi...
21/05/2023

မဂ်လာပါ....ဗျ

အိမ်သာကျင်းတခု စနစ်မှန်အောင်ဆောက်ဖို့ ဘယ်လောက်ခက်လဲလေ့လာကြည့်ပြီးမှ ပြောပါ

Septic Tank & Soak Pit (Septic Action)
***************************************
အရင်တုန်းက အိမ်သာကျင်းဆောက်တယ်ဆိုတာ မြေတူး၊ 4ခွဲအုတ်စီပြီး အ၀င်ပိုက်၊ လေထွက်ပိုက် နဲ့ ပြည့်ရင်စုတ်ထုတ်ဖို့ 4 လက်မပိုက်အကျယ် အဖုံးတစ်ခုစာတွေထည့်ပြီးလောင်းရုံပါ။

နောက်ပိုင်းတော့ အနှစ်ကန်၊ အရည်ကန်ဆိုပြီး အလယ်မှာ အကန့်တစ်ခုကန့်ပြီး ဆောက်လာကြပေမယ့် သူ့ရဲ့အလုပ်လုပ်ပုံကို သေချာနားမလည်ကြတာကြောင့် မိလ္လာစုစည်းကန် (sewage storage tank)သက်သက်သာ ဖြစ်နေတာတွေ့ရပါတယ်။

တကယ်က septic tank မှာ Septic Action ဆိုတဲ့ သူ့ဟာသူဓါတ်ပြုစေပြီး လျှော့နည်းသွားစေနိုင်တဲ့စနစ်(ဖြစ်စဉ်)လေးရှိပါတယ်။ တနည်းအားဖြင့် လူကစွန့်ပစ်လိုက်တဲ့ မိလ္လာ(sewage) ကို bacteria ပေါက်ပွားစေပြီး ဓါတ်ပြုစေတဲ့ဖြစ်စဉ်ပါ။

အကျဉ်းအနေနဲ့ပြောရရင် မိလ္လာအ၀င်ပိုက် (inlet) က အနှစ်ကန်ထဲ၀င်မယ်။ အဲ့ဒီအနှစ်တွေကနေ Anaerobic bacteria ဆိုတဲ့ပိုးတစ်မျိုးပေါက်းပွာလာပြီး အဲ့ဒီအနှစ်တွေကို စားပြီး အနယ်ထိုင်စေမယ်။ အဲ့ဒီအနှစ်ကန်က အလယ်မှာကန့်ထားတဲ့အုတ်ရိုးအပေါက်ကို ကျော်လာတဲ့ချိန် အရည်တွေက အရည်ကန်ဘက်ကို စီး၀င်မယ်။ အဲ့ဒီအရည်ကန်မှာလည်း Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုးပေါက်ပွားပြီး Anaerobic bacteria တွေရဲ့ စွန့်ပစ်ပစ္စည်းတွေကိုစားပြီး အနည်ထိုင်စေမယ်။ အဲ့ကမှတဆင့် အရည်ကန်ကနေ soak pit (ရေစုပ်ကန်) ဆီကို အရည်တွေလွှဲပြောင်းပေးပို့ပြီး မြေကြီးထဲပြန်စိမ့်၀င်စေမယ်။ ဒါက septic action ရဲ့အလုပ်လုပ်ပုံအကြမ်းဖျင်းပါ။

ဒီ Septic Action ရဖို့သတိပြုရမှာက -

(၁) Chamber (1) (အနှစ်ကန်) က လေလုံ၊ အလင်းလုံ နေရပါမယ်။ (Vent pipe) မရှိရပါဘူး။ ဒါမှ လေလုံ၊ နေလုံမှရှင်သန်နိုင်တဲ့ Anaerobic bacteria တွေပေါက်ပွားပြီး sewage (မိလ္လာ) တွေကိုစားသုံးပါမယ်။ (အဲ့မှာတစ်ခုရှိတာက အနှစ်ကန်အတွင်း အောက်ဆုံးမှာ အနှစ်လွှာ၊ အလယ်မှာ ရေဆိုးလွှာ၊ အပေါ်ဆုံးမှာ အဆီလွှာ ဆိုပြီးဖြစ်ပေါ်ပါတယ်။ အဲ့ဒီအဆီလွှာက လေနဲ့အလင်းရောင်ကို ရေထဲမ၀င်ရောက်အောင်လည်း ကာကွယ်ပေးပါတယ်။)

(၂) Chamber (2) (အရည်ကန်) မှာ လေနဲ့ အလင်း၀င်နိုင်အောင် 4" ပိုက် (swan pipe) တစ်ချောင်းထည့်ပေးရပါမယ်။ ဒါမှ လေနဲ့အလင်းရှိမှ အသက်ရှင်နိုင်တဲ့ Aerobic
Bacteria တွေရှင်နိုင်ပါမယ်။

(၃) အလယ်က အနှစ်ကန်နဲ့အလယ်ကန်ကို ကန့်ထားတဲ့အုတ်ရိုး (Baffle Wall) က အပေါ်ဆုံးထိ မစီရဘဲ အနည်းဆုံး 6" or 1 ပေလောက် ချန်ထားရပါမယ်။ ဒါမှ အနှစ်ကန်မှာ ဓါတ်ပြုမှုဖြစ်စဉ်အတွင်းထွက်လာတဲ့ gas တွေက အရည်ကန်ပေါ်မှာ ထည့်ထားတဲ့ swan neck & vent pipe မှတဆင့်ထွက်သွားနိုင်ပါမယ်။

(၄) ဓါတ်ပြုမှုဖြစ်စဉ်မြန်ဆန်လွယ်ကူအောင်လို့ အိမ်သာကနေ၀င်လာတဲ့မိလ္လာတွေကို inlet ပိုက်အဆုံးမှာ Tee ခံခြင်းအားဖြင့် မိလ္လာတွေကို အလွယ်တကူချေဖျက်စေနိုင်ပါတယ်။ အလားတူဘဲ အဲ့ဒီ Tee ကနေ အဆီလွှာ (scum layer) ရဲ့အောက် 3 လက်မမြှပ်လောက် ပိုက်သွယ်တန်းစီးဆင်းစေခြင်းဖြင့်လည်း အနှစ်ကန်အတွင်း လေ (အောက်စီဂျင်) နဲ့အလင်းရောင်၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ (septic action ရဖို့ cover slab မလောင်းခင် ရေထည့်ပြီး ရေလုံမလုံစစ်ရပါတယ်။ အားလုံးပြီးပြီဆိုတဲ့ချိန် (စသုံးတော့မယ်ဆိုတဲ့ချိန်) အရင်ဆုံး inlet ပိုက် Tee ကနေချထားတဲ့ ပိုက် level အပေါ် 3လက်မထိ ရေဖြည့်ပေးရပါတယ်။ ရေဖြည့်ထားမှ Septic action ရပါမယ်။)

(၅) Septic Action အတွက် septic ကန်က ရေလုံနေရပါမယ်။ ဒါကြောင့် အောက်ကြမ်းခင်းလောင်းရပါမယ်။ plastering လုပ်ရပါမယ်။

(၆) အနှစ်ကန်(chamber 1)ထဲမှ အနှစ်များ (sewage) အရည်ကန်ထဲသို့ရောက်မသွားစေရန် အောက်ကြမ်းခင်းကို အနှစ်ကန်ဘက်တွင်နှိမ့်ပြီး slope လေး (1:10 to 1:20) လေး လုပ်ပေးရပါမယ်။

(၇) အနှစ်ကန်ကနေ အရည်ကန်ကို Baffle wall ကနေဖြတ်စီးဆင်းရာနေရာမှာ scum layer တွေ အရည်ကန်ထဲရောက်မသွားအောင် Tee လေးခံထားပေးရပါမယ်။

(၈) အလျားနဲ့ အကျယ်အချိုးက 2:1 ထက်မနည်း၊ အလျားနဲ့အနက်အချိုးလည်း 2:1 ထက်မလျော့စေရပါ။ (ဥပမာ - အလျားက 10 ပေဆိုရင်၊ အကျယ်က 5 ပေရှိရမယ်။ အနက်လည်း အနည်းဆုံး 5 ပေရှိရမယ်။)

(၉) မြေကြီးထဲမှရေများ ကန်ထဲစိမ့်မ၀င်နိုင်အောင်၊ ဘေးမှမြေတွန်းကန်အားကြောင့် Retaining wall အနေနဲ့သော်လည်ကောင်း ကန်ကို အနည်းဆုံး 9လက်မအုတ်ရိုးအနေနဲ့ဘဲ စီသင့်ပါတယ်။

(10) manhole ဟာ လူတစ်ယောက်ကောင်းကောင်းမွန်မွန်ဆင်းနိုင်ဖို့ အနည်းဆုံး 1.5' x 1.5' ကျယ်၀န်းပြီး အနှစ်ကန်နဲ့အရည်ကန်နှစ်ကန်လုံးပေါ်မှာ ရှိရပါမယ်။

အားလုံးဘဲအဆင်ပြေကြပါစေ။

နှစ်သစ်၏ အကြိုနေ့ အခါသမယ၌မြတ်ဗုဒ္ဓ🙏မြတ်ဓမ္မ🙏မြတ်သံဃာတို့၏🙏တန်ခိုးတော်ကြောင့်ကမ္ဘာသူ/ကမ္ဘာသား မြန်မာနိုင်ငံသူ / နိုင်ငံသာ...
13/04/2023

နှစ်သစ်၏ အကြိုနေ့ အခါသမယ၌
မြတ်ဗုဒ္ဓ🙏မြတ်ဓမ္မ🙏မြတ်သံဃာတို့၏🙏တန်ခိုးတော်ကြောင့်
ကမ္ဘာသူ/ကမ္ဘာသား
မြန်မာနိုင်ငံသူ / နိုင်ငံသား
(၃၁)ဘုံသား သတ္တဝါများအားလုံး
အေးချမ်းကြပါစေ ။
ငြိမ်းချမ်းကြပါစေ ။
ကိုယ်၏ကျန်းမာခြင်း
စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ ။
ရောဂါဘေး / လက်နက်ဘေး
အစာ ရေစာရှားပါးခြင်းဘေး စတဲ့
ကပ်ဆိုးရောဂါဘေးဘယာတွေ
ကင်းစင်လွင့်ပျောက် ဝေးကွာကြပါစေ။

ရန်သူမျိုး ငါးပါး( ရေ/မီး/မင်း/ခိုးသူ/မချစ်မနှစ်သက်သောသူ) ဒဏ်မှ ကင်းဝေးနိုင်ကြပါစေ လို့...

MDWE Construction မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါ တယ်...

🙏🙏🙏🙏🙏
Crd

09/04/2023

သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
================================
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောကမှာ ကျင်း ဖြင့် တိုင်းတာသတ်မှတ်ပြီး ပြောဆိုကြပါတယ်။ ဘယ်နှကျင်းရှိသလဲ ဆိုပြီး ကျင်းကို တွက်ချက်လိုက်ပြီး တစ်ကျင်းကို ဘယ်လောက် ကုန်ကျမလဲဆိုတာ ပြောဆိုကြပါတယ်။

အခုလို ကျင်းကို သုံးစွဲကြတာမှာ ကုဗကျင်း နှင့် စကွဲယားကျင်း ဆိုပြီးနှစ်မျိုး ရှိပါတယ်။ ပြောဆိုကြတာမှာတော့ ကျင်း လို့ ပဲ ပြောဆိုသုံးနှုန်းကြပါတယ်။ အဲဒီလို ကျင်း လို့ ပြောဆိုလိုက်တာမှာ

ထုထည်တစ်ခုကို တိုင်းတာပြီး ကျင်းတွက်ချက် ပြောဆိုရင် ကုဗကျင်း အနေဖြင့် ပြောဆိုတာ ဖြစ်ပါတယ်။

ဧရိယာတစ်ခုကို တိုင်းတာပြီး ကျင်းတွက်ချက် ပြောဆိုရင် စကွဲယားကျင်း အနေဖြင့် ပြောဆိုတာ ဖြစ်ပါတယ်။

ကုဗကျင်း

ကုဗကျင်းက ထုထည်တစ်ခုကို တိုင်းတာပြောဆိုတာ ဖြစ်လို့

အလျား x အနံ x အမြင့် = ကျင်း

အတိုင်းအတာ (၃) ခု မြှောက်လိုက်ရင် ရရှိလာတဲ့ ရလဒ် ဖြစ်ပါတယ်။

ရလာတဲ့ ရလဒ်မှာ ၁၀၀ ရရင် ၁ ကျင်း၊ ၂၀၀ ရရင် ၂ ကျင်း၊ ၃၀၀ ရရင် ၃ ကျင်း စသဖြင့် ပြောဆိုကြပါတယ်။ ကုဗကျင်း ဖြစ်ပေမဲ့ ၁ ကုဗကျင်း၊ ၂ ကုဗကျင်း စသဖြင့် မပြောဆိုဘဲ ၁ ကျင်း၊ ၂ ကျင်း စသဖြင့်သာ ပြောဆိုကြပါတယ်။

၁၀၀၊ ၂၀၀၊ ၃၀၀ စသဖြင့် ရာပြည့်ကိန်း မရရင် ကျင်းဝက်၊ ကျင်းတမတ် နီးစပ်ရာကို ယူလိုက်ပါတယ်။

ကျင်းဝက်က မြှောက်လဒ် ၅၀ ရရင် ကျင်းဝက်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

ကျင်းတမတ်က မြှောက်လဒ် ၂၅ ရရင် ကျင်းတမတ်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

မြှောက်လဒ်က ၁၂၀ ဆိုရင် နီးစပ်ရာကို ယူတာကြောင့် ၁ ကျင်း ၁ မတ် ဖြစ်ပါတယ်။ ကုန်ကျစရိတ်က ၁ ကျင်းကို ၁,၀၀၀ ကျပ် ဆိုရင် ၁ ကျင်းတမတ် (ငါးမတ်လို့လည်း ပြောကြပါတယ်) အတွက် ၁,၂၅၀ ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။

မြှောက်လဒ်က ၁၄၂ ဆိုရင် ၁ ကျင်းခွဲ ဖြစ်ပါတယ်။ ခုနက ဥပမာအတိုင်း ကုန်ကျစရိတ်က ၁ ကျင်းကို ၁,၀၀၀ ကျပ် ဆိုရင် ၁ ကျင်းခွဲ အတွက် ၁,၅၀၀ ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။

ကုဗကျင်းကို ၉ လက်မနှင့်အထက် အုတ်စီခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ မြေကြီးမှာ ကျင်းတူးခြင်းတို့မှာ တွက်ချက်တဲ့အခါ သုံးစွဲကြပါတယ်။

ကွန်ကရစ် အသေးစား ဖျော်တာကို တွက်ချက်တဲ့အခါ သဲ၊ အုတ်ခဲကျိုး သို့မဟုတ် ကျောက်စရစ်၊ ဘိလပ်မြေ၊ တို့ကို ရေသုံးပြီး ရောစပ်တဲ့အခါ သဲနဲ့ အုတ်ခဲကျိုး သို့မဟုတ် ကျောက်စရစ်တို့ကို ကျင်းနဲ့ တွက်ချက် ပြောဆိုပြီး ဘိလပ်မြေနဲ့ ထုံးတို့ကိုတော့ အိတ် နဲ့ တွက်ချက်ပြောဆိုပါတယ်။

ဥပမာ 1:3:6 အချိုး ကွန်ကရစ် ဖျော်မယ်ဆိုရင် ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်၊ သဲကျင်းဝက် ၊ ကျောက် ၁ ကျင်း လိုအပ်တယ်လို့ ပြောဆိုပါတယ်။

စကွဲယားကျင်း

စကွဲယားကျင်းက ဧရိယာတစ်ခုကို တိုင်းတာပြောဆိုတာ ဖြစ်လို့

အလျား x အနံ = စကွဲယားကျင်း

စကွဲယားကျင်းကို ပြောဆိုကြတဲ့အခါမှာလည်း စကွဲယားကျင်း လို့ မပြောကြဘဲ ကျင်း လို့ပဲ ပြောဆိုကြပါတယ်။ ၄ စကွဲယားကျင်း လို့ မပြောဘဲ ၄ ကျင်းလို့ပဲ ပြောဆိုကြပါတယ်။

အလျားနဲ့အနံ မြှောက်တာလို့ ဆိုပေမဲ့ နံရံ ဆေးသုတ်တာမျိုးလို ဧရိယာကို တွက်ချက်ရင်တော့ အနံနဲ့ အမြင့်ကို မြှောက်ရမယ်ဆိုတာကိုတော့ ပြောပြဖို့ လိုမယ် မထင်ဘာဘူး။

မြှောက်လဒ်က ၁၀၀ ရရင် ၁ ကျင်းလို့ ပြောပါတယ်။

၄လက်မခွဲ အုတ်စီခြင်း၊ ဆေးသုတ်ခြင်း၊အမိုးမိုးခြင်း၊ ကြွေပြားခင်းခြင်း၊ မျက်နှာကြက်အပြားချပ် ရိုက်ခြင်းတို့မှာ သုံးပါတယ်။

ကုဗကျင်းမှာ နီးစပ်ရာ ကျင်းကို ယူတဲ့အတိုင်း စကွဲယားကျင်းမှာလည်း နီးစပ်ရာကို ယူပါတယ်။ ၁ ကျင်း၊ ကျင်းဝက် သို့မဟုတ် ကျင်းခွဲ၊ ကျင်းတမတ် စသဖြင့် နီးစပ်ရာကို ယူလိုက်ကြပါတယ်။


မဂ်လာပါ အမျိုးတို့ရေ....ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက်အိမ်ဆောက်မယ်ဆိုရင် အသုံးပြုလို့ရမည့် ဘုရားကျောင်းဆ...
30/03/2023

မဂ်လာပါ အမျိုးတို့ရေ....

ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက်

အိမ်ဆောက်မယ်ဆိုရင် အသုံးပြုလို့ရမည့် ဘုရားကျောင်းဆောင် အခန်းလေးနဲ့ ဖွဲ့စည်းပုံDesign လေးပဲ ဖြစ်ပါတယ်ခင်ဗျာ....

အိမ်...ဆိုတာဟာ လူတိုင်းအတွက် အရေးပါပါတယ်ခင်ဗျာ...

''နှလုံးသားတွေ နွေးထွေးလဲ ဒါဟာလဲ အိမ်''😍

ပဲ... မဟုတ်လား...

ဒါဆိုရင် ဘုရားကျောင်းဆောင် ဆိုတာကရော...

ဗုဒ္ဓဘာသာဝင်တွေ အလွန်ပင်အရေးကြီးပါတယ် ခင်ဗျာ...

လိုအပ်လျှင် ယူသုံးလို့ရပါတယ် ခင်ဗျာ...
Crd....other

မိတ်ဆွေသဂ်ဟအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ့်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ လို့

MDWE Construction မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျာ....

26/03/2023

#ဘယ်တော့မှ_အပူစာ_မစားမိစေနဲ့

တစ်နေ့ကားလာဝယ်သော
ဝယ်သူနှင့်ဈေးတည့်ပီးသောအခါ
ဝယ်သူမှငွေချေရျ် မောင်းယူသွားမည်ပြုစဉ်

အကိုဆရာက မရသေးဘူး ခဏနေအုံး
ဟုဆိုရျ် တပည့်တယောက်အား ဟေ့ ကားဘီး
လေးလုံးစလုံး စစ်၊ ဘတ္ထရီစစ် ပီးရင် ဆီအပြည့်
ဖြည့်ပေးလိုက်ဟု ပြောပီး အားလုံး
လုပ်ကိုင် စစ်ဆေး ပီးစေကာမှ

ရပီ နောင်ကြီးဟု ဆိုကာ ကားသော့ အပ်လိုက်သည်။
ဝယ်သူမှာ ပြောဖွယ်ရာမရှိ ရတနာပီတိ ဂွမ်းစီထိ
သကဲ့သို့ ကားအား ပျော်ရွှင်စွာ
မောင်းထွက်သွားလေတော့သည်။

ရင့်ကျက်မှူ နည်းသေးသော ကျွန်တော် သည်
အကိုဆရာအား ဘာလို့ သူက မလုပ်ခိုင်းဘဲ

အကိုက လုပ်ပေးလိုက်ရတာလဲဟု ရိုးရှင်းသော စိတ်ဖြင့်မေးရာ အကိုက ပြုံးရင်း
ငါသူများလို showroom မဖွင့်ဘဲ ခြံထဲမှာရပ်ပီး
ရောင်းတာ တနေ့ ဘယ်နှစ်ဦး လာဝယ်နေလဲ
မင်းအမြင်ဘဲ မဟုတ်လား?

ဒါလဲဟုတ်တာပဲ တနေ့တနေ့ ပြေးဝယ်လိုက်ရတဲ့ စာချုပ်။ အဲဒါ ဘာလဲမင်းသိလား...

#စေတနာသည် ကံပဲကွ။

အရင်က Sunny , Publica ကားဟောင်းလေးတွေ
ခေတ်ကအချို့သောသူတွေ အရောင်းအဝယ်
ဖြစ်ပီဆိုရင် ကားတာယာကောင်းတာနဲ့ ပါးတာ
ပြောင်းထည့်ကြတယ်၊ဆီစုပ် ထုတ်ကြတယ်၊
ကတ်စက် လဲကြတယ်။

အဲဒါတွေပြောင်းထည့်လိုက်တော့ရော
ဘဝကြီးပြောင်းလဲသွားမှာမို့လား?

အဆိုးဆုံးက ကားဘီးတာယာနဲ့ဆီ ဘဲကွ။
သူ ဝယ်ပီး အပျော်များစွာနဲ့ မောင်းသွားရင်း
လမ်းမှာဆီပြတ်တာ၊ မတွေးဝံ့ဆုံးက
ကားတာယာ ပွင့်ထွက်သွားခဲ့သည်ရှိသော်
ဘာနဲ့မှလဲလို့မရတဲ့ အသက်။

#မင်းဘယ်တော့မှ_အဲလိုစိတ်မျိုးနဲ့ စီးပွားမရှာနဲ့။

#လောကကြီးမှာ_မျှတရင်မိတ်ဆွေပေါမယ်။

#ဂတိတည်ရင်_background_ကောင်းမယ်။

#မင်းထိုက်ရင်ရမယ်_မထိုက်ရင်မရဘူး။

ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့။ကြွေးသစ်ထပ်မယူသွားနဲ့။

#မင်းကြိုက်လား_ငါလဲကြိုက်တယ် ။

#မင်းမခံနိုင်ဘူးနော်_ငါလဲမခံနိုင်ဘူး။

#အဲဒါအရိုးရှင်းဆုံးသောကိုယ်ချင်းစာတရားဘဲ

#မင်းဘယ်တော့မှသူများရဲ့အပူစာကို မစားမိစေနဲ့။

တသိုက်တဝန်းကြီး ပျော်ရွှင်စွာ တခဏတာအပျော်ရဲ့
နောက်ဆုံးရလဒ်ပြုသူက မိမိ မဖြစ်စေနဲ့။

အော် ကောင်းလိုက်တဲ့ဆုံးမစကား.......................

ပြန်လည်မျှဝေပါသည်။.....
crd

 #ဆောက်လုပ်ရေး နယ်ပယ်ကလူတိုင်း ကြည့်သင့်တဲ့မြန်မာလို ရှင်းပြထားသော Video (၁၅ ) ပုဒ် [ခေါင်းစဉ်အောက်က link တွေကို နှိပ်ကြ...
20/03/2023

#ဆောက်လုပ်ရေး နယ်ပယ်ကလူတိုင်း ကြည့်သင့်တဲ့
မြန်မာလို ရှင်းပြထားသော Video (၁၅ ) ပုဒ်
[ခေါင်းစဉ်အောက်က link တွေကို နှိပ်ကြည့်ပါ ]
1 - ကျင်းတွက်နည်း video
https://youtu.be/nOz-kth07NE
2- သစ်တွက်နည်း video
https://youtu.be/npXH32dp9ew
3- ယူနစ် ဆက်သွယ်ချက်များ video
https://youtu.be/Dd6BtU0AjMM
4 - Formwork and falsework အကြောင်း video
https://youtu.be/GKiKRhsQ6vE
5 - အုတ်စီနည်း (အပိုင်း - ၁) video
https://youtu.be/HAax89aBHFo
6 - အုတ်စီနည်း (အပိုင်း - ၂) video
https://youtu.be/HAax89aBHFo
7 - Cover block (ကာဗာဘေလ့ာ ပြုလုပ်ပုံနှင့် အသုံးပြုပုံ အသေးစိတ် ) video
https://youtu.be/AI8YR9s-0Tw
8 - ကွန်ကရစ်မလောင်းမှီ ဘာတွေ စစ်ဆေးရမလဲ ( အပိုင်း - ၁ ) Video
https://youtu.be/mkjqy9kmRHI
9 - ကွန်ကရစ်မလောင်းခင် ဘာတွေစစ်ဆေးရမလဲ (အပိုင်း - ၂) video
https://youtu.be/MzXVT4k7YmE
10 - type of formwork video
https://youtu.be/Pb_rRTBBoeE
11- Vi****or ကို နည်းစနစ်တကျ အသုံးပြုနည်း
https://youtu.be/0IQneucNel8
12 - RC ဆောက်ဦး ၏ အားသာချက် အကျိုးကျေးဇူး
https://youtu.be/Z56zBpP-boM
13- RC ဆောက်ဦး၏ အားနည်းချက် ဆိုးကျိုးများ
https://youtu.be/0-jmEeGQn-Q
14- ဘိလပ်မြေအိတ်ပေါ်က မှန်သားဖွယ်ရာများ
https://youtu.be/fH958UTzQa8
15 - ဂျူနီယာ အလုပ်အင်တာဗျူး မေးခွန်းများ
(အပျိုငျး - ၁)
https://youtu.be/ttP6mMkFKRo
#တကယ်အသုံးဝင် Like : share & subscribe လုပ္ပီး အားပေးကြပါအုံးဗျ
[UHWA Civil Engineering Group ] Youtube Channel

#မူရင်းCredit

20/03/2023

#အိမ်ဆောက်တဲ့အခါ
#ဘယ်နေ့နံသားကပန္နက်ရိုက်ရမလဲ❓
#လိုအပ်သူများအတွက်သာ

မကြာခင်မှာပန္နက်ရိုက်မည့်
မိတ်ဆွေများအတွက်..........

🎍မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာအရ
ကတော့....ပန္နက်ရိုက်တာကို
ပန္နက်တော်တင်မင်္ဂလာလို့လဲ ခေါ်ကြတယ်။

🎍စေတီ၊ ပုထိုး၊ သိမ်၊ တန်ဆောင်၊ ဇရပ်၊
ဘုန်းတော်ကြီးကျောင်း၊ နန်းတော်၊ မြို့ရိုး၊

🎍ခံတပ်၊ စစ်သူကြီးနေအိမ်၊
မူးမတ်ကြီးနေအိမ်၊
သူကြွယ်သူဌေးနေအိမ်၊
မင်းမှုထမ်းနေအိမ်တွေ
ဆောက်လုပ်ဖို့အတွက်

🎍 "ပန္နက်တော်မင်္ဂလာလို့ခေါ်တဲ့

🎍ပန္နက်ရိုက်တဲ့အခါ နက္ခတ် ပညာရပ်တွေနဲ့ တွက်ချက်ပြီး ....

🎍မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာနည်းပညာတွေရဲ့
အတိမ်အနက်ကို ဆောက်လုပ်ရေးလုပ်ငန်းတွေ
မှာ အသုံးချဖို့ဆိုရင် အရပ်ထုံးလောက်ပဲသိ
ထားရင် ရပါပြီ။

🎍အဓိကမှတ်ထားရမှာက နေ့သား၊
နံသားအလိုက် ပန္နက်ရိုက်ပုံလောက်သိရင်
ရပါပြီ။

👉တနင်္ဂနွေသားသမီးအိမ်ဆောက်ရင်...

ကြာသပတေးသားကကြိုးရင်းကိုင်ပြီး သောကြာသားက ကြိုးဖျားကိုင်ရမယ်။

ပန္နက်တံက အင်သား၊ ပန္နက်ရိုက်မဲ့တုတ်က ကံ့ကော်သားဖြစ်ရမယ်။

(စနေသားက ပန္နက်ရိုက်ရမယ်)

👉တနင်္လာသားသမီးအိမ်ဆောက်ရင်...

သောကြာသားကကြိုးရင်းကို ကိုင်ပြီး
စနေသားကကြိုးဖျားကိုင်ရမယ်။
ပန္နက်တံက ကံ့ကော်သား၊ ရိုက်မဲ့တုတ်က
ဇီးသားဖြစ်ရမယ်။

(တနင်္ဂနွေသားက ပန္နက်ရိုက်ရမယ်)

👉အင်္ဂါသားသမီးအိမ်ဆောက်ရင်...

စနေသားက ကြိုးရင်းကိုကိုင်ပြီး
တနင်္ဂနွေသားက ကြိုးဖျားကိုကိုင်ရမယ်။

ပန္နက်တံက ဇီးသား၊ ပန္နက်ရိုက်မဲ့တုတ်က
ဝါးရင်းသားဖြစ်ရမယ်။

(တနင်္လာသားက ပန္နက်ရိုက်ရမယ်)

👉ဗုဒ္ဓဟူးသားသမီးအိမ်ဆောက်ရင်...

တနင်္ဂနွေသားက ကြိုးရင်းကိုကိုင်ပြီး
တနင်္လာသားက ကြိုးဖျားကိုကိုင်ရမယ်။
ပန္နက်တံက ဝါးရင်းသား၊ ပန္နက်ရိုက်မဲ့တုတ်က
သပြေသားဖြစ်ရမယ်။

(အင်္ဂါသားက ပန္နက်ရိုက်ရမယ်)

👉ကြာသပတေးသားသမီးအိမ်ဆောက်ရင်...


တနင်္လာသားက ကြိုးရင်း ကိုင်ပြီး အင်္ဂါသား
က ကြိုးဖျားကိုင်ရမယ်။
ပန္နက်တံက သပြေသား၊ ပန္နက်ရိုက်မဲ့တုတ်က
သိဟိုဠ်သားဖြစ်ရမယ်။

(ဗုဒ္ဓဟူးသားက ပန္နက်ရိုက်ရမယ်)
———————❣️❣️❣️—————

👉သောကြာသားသမီးအိမ်ဆောက်ရင်..
>

အင်္ဂါသားက ကြိုးရင်းကိုင်ပြီး ဗုဒ္ဓဟူးသားက ကြိုးဖျားကိုင်ရမယ်။

ပန်နကျတံက သိဟိုဠျသား၊ ပန်နကျရိုကျမဲ့
တုတ်က ထန်းသားဖြစ်ရမယ်။

(ကြာသပတေးသားက ပန္နက်ရိုက်ရမယ်)

👉စနေသားသမီးအိမ်ဆောက်ရင်...

ဗုဒ္ဓဟူးသားက ကြိုးရင်းကိုင်ပြီး၊
ကြာသပတေးသားက ကြိုးဖျားကိုင်ရမယ်။

ပန္နက်တံက ထန်းသား၊ ပန္နက်ရိုက်မဲ့တုတ်က
အုန်းသား၊ အင်သားဖြစ်ရမယ်။

(သောကြာသားက ပန္နက်ရိုက်ရမယ်)

နေ့နံတွေကွဲသွားတာက အိမ်ဆောက်မဲ့သူရဲ့
နေ့နံကိုမူတည်ပြီး ပဉ္စပွတ်၊ ဆပွတ်၊ အမြစ်၊
အညွန့်ဖြစ်တဲ့ နေ့နံသားနဲ့ ပန္နက်တံ၊
ပန္နက်ရိုက်တုတ်တွေကိုပါရွေးသွားခြင်းပါ။

မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရကတော့
ပန္နက်ရိုက်ရမဲ့နေ့တွေကို ...
သောမနနေ့ရက်တွေဖြစ်တဲ့ ဗုဒ္ဓဟူး၊
ကြာသပတေး၊ သောကြာနေ့တွေဖြစ်ရမယ်။

ရက်ရာဇာ သို့မဟုတ် အမြိတ္တစုတ်ရက်တွေနဲ့
လည်း တိုက်ရမယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

#အိမ်ဆောက်မည်ဆိုလျှင်သိထားသင့်သော

#အိမ်ဆောက်ရက်ရွေးနည်း

တနင်္ဂနွေ -- ဒုက္ခဆင်းရဲရောက်တတ်သည်။
တနင်္လာ -- နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။
အင်္ဂါ -- ဆန်ရေစပါး ပေါများကြွယ်ဝမည်။
ဗုဒ္ဓဟူး -- သုခချမ်းသာရမည်။
ကြာသာပတေး -- ချမ်းသာကြွယ်ဝမည်။
သောကြာ -- သုံးလကြာလျှင် သုခပွားမည်။
စနေ -- သုခချမ်းသာရမည်။

#အိမ်ဆောက်လရွေးနည်း

#တန်ခူးလ -- ချမ်းသာကြွယ်ဝမည်။
#ကဆုန်လ -- ဆန်ရေစပါး ပေါကြွယ်ဝမည်။
#ဝါခေါင်လ -- ဥစ္စာတိုးပွားမည်။
#နတ်တော်လ -- ထင်ပေါ်ကျော်စောမည်။
#ပြာသိုလ -- လူအများချီးမွမ်းမှုရမည်။
#တပေါင်းလ -- ချမ်းသာကြွယ်ဝမည်။
ကျန်(၆)လတွင် အိမ်ဆောက်ပါကပျက်စီးခြင်းများ ကြုံရတတ်သည်။

#အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ

- အိမ်ရဲ့ အရှေ့မျက်နှာဘက်တွင် ညောင်၊ သပြေပင်များမစိုက်ရ။ စီးပွားပျက်တတ်သည်။
- အနောက်ဘက်တွင် လက်ပံပင်၊ ထိန်ပင်။
- တောင်ဘက်တွင် သျှစ်သျှားပင်၊ ဖီးခြမ်းငှက်ပျော၊ သဘောင်္ပင်။
- မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊ သဖန်းပင်နှင့် သျှစ်သျှားပင်။
အဆိုပါအပင်များသည် ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါက စီးပွားယုတ်မည်။ ရောပါဘယထူပေါမည်။ အိမ်တွင်းအိမ်ပြင် ဆူပူတတ်သည်။ အလိုလျောက်ရှိ ပေါက်နေရင် နှုတ်ပစ်၊ ခုတ်ပစ်ပါ။

၇ရက်သားသမီးအပေါင်း
စီးပွားဥစ္စာဒီရေ
အလားတိုးပွားကြပါစေ။

crd

သံမဏိအဆောက်အဦးများအကြောင်း *********************သံမဏိအဆောက်အဦးဆိုသည်မှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ လိုအပ်မှုများနှင့် ဗိသု...
19/11/2022

သံမဏိအဆောက်အဦးများအကြောင်း
*********************
သံမဏိအဆောက်အဦးဆိုသည်မှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ လိုအပ်မှုများနှင့် ဗိသုကာအဆောက်အဦးများတွင် စနစ်တကျ ပုံဖော်ထုတ်လုပ်ထားသော သံမဏိကိုယ်ထည်များဖြင့် အသုံးပြုသူ လိုအပ်သလို ဆောက်လုပ်ထားခြင်းဖြစ်သည်။

ဆောက်လုပ်ရေးအကြို အဆောက်အဦးများဖြစ်သော အလတ်စားနှင့် အကြီးစားလုပ်ငန်းများတွင် အသုံးဝင်သည့် သံမဏိများဖြစ်သည်။

သံမဏိကိုယ်ထည်များသည် အဆောက်အဦးတစ်ခုလုံးအတွက် သံမဏိများဖြင့် အစိတ်အပိုင်းအားလုံးကို ထုတ်လုပ်ထားခြင်း ဖြစ်သည်။

သံမဏိကိုယ်ထည်များသည် ဆောက်လုပ်မှုလုပ်ငန်းအပေါ်မူတည်၍ ဆောက်လုပ်မည့်အစိတ်အပိုင်းများကို လိုအပ်သည့် ပုံသဏ္ဍာန်၊ အရွယ်အစားအတိုင်း ထုတ်လုပ်၍ ဆောက်လုပ်ခြင်းဖြစ်သည်။

သံမဏိကိုယ်ထည်များအတွက် အဓိကလိုအပ်ချက်မှာ သံနှင့်ကာဗွန်ဖြစ်သည်။ သတ္တု ဒြပ်စင်၊ သတ္တုစပ်နှင့် အခြားဓါတုပစ္စည်းများ ပေါင်းစက်ခြင်းသည် သံနှင့်ကာဗွန်တို့၏ ခံနိုင်စွမ်းအားနှင့် ကြာရှည်အသုံးပြုနိုင်မှုအဆင့်ကို တိုးတက်စေသည်။

အဆောက်အဦးတစ်ခုချင်းစီအတွက် လိုအပ်သလိုထုတ်လုပ်နိုင်ခြင်းအပြင် သံမဏိကိုယ်ထည်များကိုလည်း အပူ/အအေး (သို့မဟုတ်) အတွဲအဆက်လိုက် (သို့မဟုတ်) ပုံသဏ္ဍာန်စုံ ထုတ်လုပ်နိုင်ပါသည်။

သံမဏိကိုယ်ထည်များသည် မျိုးစုံသော ပုံသဏ္ဍာန်၊ အရွယ်အစား၊ အတိုင်းအတာများရှိသည်။ ပုံမှန်အသုံးပြုနေသော ကိုယ်ထည် များမှာ I-Beam, channels, angles များဖြစ်သည်။

• I-Beam:I-shaped cross section.

• Z-Shape:has half a fl**ge in opposite directions

• HSS-Shape:Hollow structural section includes square, rectangular, circular (pipe) and elliptical cross sections

• Angle:L-shaped cross section

• Structural Channels:C-beam or C-shaped cross section

• Tee:T-shaped cross section

• Rail Profile:Strap rail, Flanged rail, Baulk rail, Barlow rail, Flat bottomed rail, Double-headed rail, Bullhead rail, Tangential turnouts, Grooved rail

• Bar:a piece of metal, rectangular cross-sectioned and long, but not so wide so as to be called a sheet.

• Rod:a round or square and long piece of metal, see also rebar and dowel.

• Plate:metal sheets thicker than 4mm.

• Open web joists

steel

အဓိကဆောက်လုပ်မှုအမျိုးအစားများ

• Truss structures: Bar or truss members

• Frame structures: Beams and columns

• Grids structures: latticed structure or dome

• Arch

• Prestressed structures

• Beam bridge

• Truss bridge: truss members

• Arch bridge

• Cable-stayed bridge

• Suspension bridge

သံမဏိကိုယ်ထည် အဆောက်အဦးများ၏ အားသာချက်များ.....

1. ငွေကုန်သက်သာခြင်း

ထုတ်လုပ်မှုစရိတ်သက်သာခြင်း၊ အခြားသောအဆောက်အဦးဆောက်လုပ်မှုများထက် လိုအပ်ချက်နှင့် ပြင်ဆင်ရမှု နည်းပါခြင်း တို့ကို ပိုင်ဆိုင်နိုင်သည်။ ထို့အပြင် သံမဏိကိုယ်ထည် ၉၈ ရာခိုင်နှုန်းခန့်အား ပျက်စီးခြင်းမရှိဘဲ အခြားတည်ဆောက်မှုတစ်ခုတွင် ပြန်လည်အသုံးပြုနိုင်သည်။



2. တပ်ဆင်ရလွယ်ကူခြင်း

အလိုအလျောက်သုံး ခေတ်မှီနည်းပညာများဖြင့် ထိန်းချုပ်မှုများပြုလုပ်နိုင်သဖြင့် လျင်မြန်လွယ်ကူစွာ အလုပ်ပြီးမြောက်စေသည်။

3. ဘေးအန္တရာယ်ကင်းရှင်းခြင်း

သံမဏိကိုယ်ထည်များသည် စက်ရုံတွင်ထုတ်လုပ်ပြီး ဆောက်လုပ်မည့် လုပ်ငန်းခွင်နေရာတွင် တပ်ဆင်သောကြောင့် ဘေးထွက် ဆိုးကျိုးနည်းပါးစေသည်။ ဘေးအန္တရာယ်အနည်းဆုံးသော နည်းလမ်းတစ်ခုအဖြစ် စက်ရုံအလုပ်ရုံများစစ်တမ်းတွင် ဖော်ပြထားသည်။

အချိူ့သော သံမဏိကိုယ်ထည် အစိတ်အပိုင်းများသည် စက်ရုံတွင် တပ်ဆင်ခြင်းဖြစ်သောကြောင့် အနည်းငယ် ဆူညံခြင်းနှင့် ဖုန်မှုန့်များဖြစ်ပေါ်တက်သည်။

4. အသုံးဝင်မှု

တပ်ဆင်မှုနည်းအသစ်၊ တပ်ဆင်မှု အခြေအနေ၊ အကျယ်အဝန်း စသည်တို့သည် လိုသလိုပြင်ဆင်နိုင်ပြီး ဝယ်ယူသုံးစွဲသူ စိတ်တိုင်းကျ ပြင်ဆင်ထုတ်လုပ်တပ်ဆင်နိုင်သည်။ သံမဏိကိုယ်ထည်အဆောက်အဦးများသည် ဆောက်လုပ်ပြီးနှစ်များကြာသည့်တိုင် လိုအပ်သည့်အတိုင်း ကြမ်းခင်းများကို ထပ်မံဖြည့်စွက်နိုင်သည်။

ပညာရှင်များ လိုအပ်တဲ့အချက်အလက်များ ထပ်မံဖြည့်ဆွတ်ပေးကြပါရန်။



MDWE

Address

No-186 , 124 Quarter, Aung Thu Kha Street
Dagon
MDWE

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959972329119

Website

Alerts

Be the first to know and let us send you an email when Myanmar Dream World Engineering Co.,LTD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Dream World Engineering Co.,LTD:

Share