Yaun Zin Hlaing Construction Co.,Ltd

  • Home
  • Yaun Zin Hlaing Construction Co.,Ltd

Yaun Zin Hlaing Construction Co.,Ltd Just for fun

ရောင်ဇင်လိှုင်း ဆောက်လုပ်ရေးမှ လူကြီးမင်းတို့၏ တန်ဖိုးရှိသော မြေကွက်များပေါ်တွင် အခန်းပေး အခန်းယူစနစ် PAE စနစ်များဖြင့် စိတ်တိုင်းကျ ဆောက်လုပ်ပေးပါသည်။

01/12/2025
17/12/2023

တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုရရှိစေရန် ဆောင်ရွက်မည်ဟု နစက ပြောရေးဆိုခွင့်ရှိသူပြော

နစက အစိုးရအနေဖြင့် မြန်မာတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဒီဇင်ဘာလ (၁၅) ရက်က ထုတ်ပြန်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၏ ပုံမှန်သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မည်သည့် တိုက်ခိုက်မှုများ ရှိနေပါစေ ၊ မည်သည့် ဝေဖန်မှုတွေ ရှိနေပါစေ ၊ အဓိကကတော့ ကျွန်တော်တို့ ပြည်သူပြည်သားတွေ ငြိမ်းချမ်းစွာနေနိုင်ဖို့ပဲအရေးကြီးပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်ပွဲနှင့် တိုက်ပွဲများ ဖြစ်ပွားနေပါက အဆိုပါစစ်ပွဲဧရိယာအတွင်းရှိ ပြည်သူများအနေဖြင့် စစ်၏ အနိဌာရုံများကို ခံစားကြရမည်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပြည်လည်ငြိမ်းချမ်းရေးကို ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံက ရှမ်းပြည်နယ် မြောက်ပိုင်း ‌ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပါဝင်ကူညီနေမှုနှင့် ပတ်သက်၍လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ‌ထည့်သွင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။

ယင်းသို့ ကူညီဆောင်ရွက်ပေးမှုကြောင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်၍ အနောက်အားကိုးအဖွဲ့များ၏ ဝေဖန်မှုများကို တွေ့မြင်ရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ကူမင်း ဆွေးနွေးပွဲ သဘောတူညီမှုအရ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ဖော်ဆောင်ခဲ့သည့် MNDAA အဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့အကြား ဒီဇင်ဘာ လကုန်ပိုင်းအထိ အပစ်ရပ်ထားရန် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် MNDAA က ထိုးစစ်ဆင်နေသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တိုက်ပွဲများ ရပ်တန့်လျှက်ရှိနေပြီး မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တွင် ပါဝင်သည့် TNLA ထိန်းချုပ် နယ်မြေများအတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

15/07/2023
15/07/2023

အိန္ဒိယက ကမ္ဘာ့အချမ်းသာဆုံး သူဖုန်းစား ဒေါ်လာတသန်းထိ ကြွယ်၀လာ

ဒေလီ၊ ဇူလိုင်-၁၄-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရဲ့လမ်းတွေပေါ်မှာ တောင်းရမ်းစားသောက်တဲ့ အမျိုးသားတဦးဟာ ချမ်းသာကြွယ်၀မှု ဒေါ်လာ တသန်းရှိပြီး ကမ္ဘာ့အချမ်းသာဆုံး သူဖုန်းစားလို့ အိန္ဒိယသတင်းဌာနတွေက ကင်ပွန်းတပ်ဖော်ပြနေပါတယ်။

အိန္ဒိယနိုင်ငံက အခြေခံလူတန်းစားတွေဟာ တနေ့ကိုလုပ်ခဟာ ရူပီးရာဂဏန်းရဖို့ အချိန်များစွာပေးလှုပ်ရှားရုန်းကန်နေရပေမယ့် ဘဟာရက်ဂျင်ဆိုသူကတော့ စေတနာရှင်တွေဆီကနေ နေ့စဉ်ရူပီး ၂၀၀၀ ကနေ ၂၅၀၀ ကြားရရှိတယ်လို့ ဆိုပါတယ်။

ဘဟာရက်ဂျင်ဟာ Chhatrapati Shivaji Maharaj Terminus သို့မဟုတ် Azad Maidan လိုမျိုး မွမ်ဘိုင်းက ခရီးသွားများပြားတဲ့ ဘူတာရုံတွေမှာ နှစ်ပေါင်းများစွာ တောင်းရမ်းပြီးနောက် အခုလိုကြွယ်၀ချမ်းသာလာတာဖြစ်ပါတယ်။

သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ အိန္ဒိယရူပီး ၇ ဒသမ ၅ ကုဋေ သို့မဟုတ် ဒေါ်လာတသန်း၀န်းကျင်ရှိပြီး မွမ်ဘိုင်းဘာ ရူပီး ၁ ဒသမ ၂ ကုဋေတန်ဖိုးရှိ တိုက်ခန်းနဲ့ တလကို ရူပီး သုံးသောင်းနဲ့ငှားရမ်းထားတဲ့ ဆိုင်ခန်းနှစ်ခန်းလည်းပိုင်ဆိုင်ထားပါတယ်။

သူ့ရဲ့တလတာ၀င်ငွေကတော့ ရူပီး ၆၀၀၀၀ (ဒေါ်လာ ၇၃၁ ) နဲ့ ရူပီး ၇၅၀၀၀ (ဒေါ်လာ ၉၁၄ )အကြားရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ဒါဟာ အိန္ဒိယအလုပ်သမားအများစုထက် ၀င်ငွေများစွာပိုနေကြောင်း အိန္ဒိယသတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref: Oddity Central
Photo: Brijesh Nirmal/Unsplash
#ဒေလီ

Web Link - https://voiceofmyanmarnews.com/news/2023/07/14/အိန္ဒိယက-ကမ္ဘာ့အချမ်းသာ/

15/07/2023
06/07/2023

မာနဆိုတာမကောင်းဘူးဆိုပေမဲ့ကျွန်တော်တို့ဘဝတွေပြောင်းလည်းဖို့အတွက်မာနဆိုတာလိုအပ်တယ်

ကောင်းကင်

21/06/2023

Address

No(307), Zayar Mittar Street, (1)Wad, HlaingTownship

11051

Telephone

+9595405645

Website

Alerts

Be the first to know and let us send you an email when Yaun Zin Hlaing Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Contractor?

Share