Khaing Myae Construction & Design Group

Khaing Myae Construction & Design Group လူကြီးမင်းတို့၏ ကျေနပ်မှုသည် ကျနော်?

အားလုံးပဲ မဂ်လာပါ လူကြီးမင်းတို့ ရဲ့ အိမ်မက်တွေ ကို လက်တွေ့ဖြစ် လာဖို့ ကျနော် များ Khaing Myae Construction & Design Gro...
08/02/2023

အားလုံးပဲ မဂ်လာပါ
လူကြီးမင်းတို့ ရဲ့ အိမ်မက်တွေ ကို လက်တွေ့ဖြစ် လာဖို့ ကျနော် များ Khaing Myae Construction & Design Group. မှ တာ ဝန် ယူ ပါရစေ
လက် ရှိ မြန် မာ ပြည် ရဲ့ ခေတ်စားနေ တဲ့ PAE နှုန်း များ အရ
1 sqft = 32000 မှ 70000. အတွင် normal. to special grade အထိ ကျနော် များဆောင် ရွက်ပေး လျှာက်ရှိပါတယ်
အတွေ့ အကြုံ ရှိပြီး အင်ဂျင်နီယာများနှင့် Skill လေဘာ များ နဲ့ လူ ကြီးမင်းတို့ ရဲ့ အိမ်မက် ထဲ က မိသားစု နေအိမ် အဆောက်အဦးများကို အရည်သွေး ပြည်ဝပြီး ခိုင်ခန့် မှု လှပ​​သေသပ်မှု များနဲ့ အတူ ေစတနာ ဝါသနာ အရင်းခံ ပြီ တည်ဆောက် ပေးလျှက်ရှိပါတယ် ခင် ဗျာ
Architectural Design
Structural Design
Construction Cost
Construction Management
Quality Survision
Quality Control
စသည့် လုပ်ငန်းများကို လဲ အိမ်ရှင်းမိသားစု စိတ် တိုင်းကျ သင့်တော် သော စျေးနှုန်း များနှင့် ဆောင်ရွက်ပေး လျှက် ရှိပါသည်

စိတ် ကူ ကို အကောင် ထည်ဖော် ဖို့ ဆုံးဖြတ် ပြီး ခဲ့ ရင် လဲ ကျနော် တို့ Khaing Myae Construction & Design Group. ကို ဆက်သွယ် ချင် ရင်တော့
massenger မှ ဖြစ် စေ
phone 0943150313
09982947413
ကို ဆက် သွယ် ပြီး ဆွေးနွေးတိုင်ပင် နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်

မြန်မာ ပြည် သူပြည်သားအားလုံး ရန်သူမျိုး (5) ပါး ရန် မှ ကင်းဝေးနိုင်ပါစေ

ပြီးဆုံးဖို့ နီးနေပြီ ဖြစ်တဲ့ ပန်ချီကားတစ်ချပ်အကြမ်းထည်လေး
22/01/2023

ပြီးဆုံးဖို့ နီးနေပြီ ဖြစ်တဲ့ ပန်ချီကားတစ်ချပ်

အကြမ်းထည်လေး

လိုအပ်ရင်ကြည့်လို့ရအောင်ပါသံချောင်းတွက်နည်း1ချောင်း=12 m=40 ft(39'4'')10mm = 3/8''= 3မူး = 135 ချောင်း12mm = 1/2 ''= 5မူ...
19/01/2023

လိုအပ်ရင်ကြည့်လို့ရအောင်ပါ
သံချောင်းတွက်နည်း
1ချောင်း=12 m=40 ft(39'4'')

10mm = 3/8''= 3မူး = 135 ချောင်း

12mm = 1/2 ''= 5မူး = 88ချောင်း

14mm = 9/16''= 5မူး1ပဲ=70ချောင်း

16mm = 5/8''= 6မူး=53ချောင်း

18mm = 3/4''= 3မတ်=41ချောင်း

20mm = 3/4''= 3မတ် = 33ချောင်း

22mm = 7/8''= 1လက်မမူးတင်း =27ချောင်း

25mm =1ကျပ်လုံး=1''= 21ချောင်း
________________________________________
1 Ton မှာရှိသော အချောင်းရေ

diameter (mm)
1000/0.006167d12m ( or )
13517d d (12mm diameter မှလွဲ၍)

diameter (in)
2204.62/2.67d39.37 ft
________________________________________
သံချောင်း( Rebar ) အလေးချိန် တွက်ရန်ပုံသေနည်း

diameter (mm)
0.006167dသံချောင်း အရှည် ( m 😞 Kg

diameter (in)
2.67d သံချောင်းအရှည် (ft) = Lb
_______________________________________
Binding wire
6.5mm--------->8mm coil
1 m=0.26kg---->0.395kg
1ton=3834m--->2531m
1Viss=203--->134
________________________________________
Rebar 1Ton = 1000 Kg
Metric ton >>> 2204.62 lb
UK ( long ton ) >>> 2240 lb
US ( short ton ) >>> 2000 lb
Steel unit weight=490 lb per cu ft
________________________________________
ACI code
Main steel = 25 to 32mm
Ties & stirrups=10mm (min)
18 G Binding wire 40 coils
________________________________________
1 Kg =2.2 Lb
1Lb=0.22kg
1 in=25.4 mm

credit 😀

 #သစ်တွက်နည်း တင်ပေးပါပြောလိုတင်ပေးလိုက်တာပါ။ သစ်လုံးကို ကုဗပတွက်နည်း> သစ်တန်တွက်နည်း> သစ် ၁ တန် စျေးနှုန်းတွက်နည်း သစ်လ...
19/01/2023

#သစ်တွက်နည်း တင်ပေးပါပြောလိုတင်ပေးလိုက်တာပါ။

သစ်လုံးကို ကုဗပတွက်နည်း> သစ်တန်တွက်နည်း> သစ် ၁ တန် စျေးနှုန်းတွက်နည်း

သစ်လုံးကို ကုဗပနှင့် တန်ဖွဲ့ရာတွင် လက်မကိုတည် ၄ နှင့်စား ရလဒ်သည် အဒု ဗြက် လက်မ ဖြစ်ပါသည် ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံ အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင်
အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။

ဥပမာ.......သစ်လုံပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို
တန်ဖွဲ့လိုလျှင်

တွက်နည်း (1)

151532 7200
----------------- ----------
144 144. =50ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်တန်တွက်နည်း

( သစ် ၁ တန် = ၁'' ၁'' ပတ်လည် ၇၂၀၀'ပေ)

သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။

တွက်နည်း

၄''၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင်
၄''၂'' = ၈
၇၂၀၀ = ၉ ၀၀'ပေ
(၄''၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ

သစ်တန်တွက်နည်း

ဗျက် ၄''၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့
ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။

ဗျက် ဒု ပေရှည် အချောင်းရေ
၄''၂''၂၀'၃၀၁၄၄= ၃၃.၃၃ ကုဗေပ

၃၃.၃၃ ကုဗပ = ၀.၆၆၆ တန်
၅၀ ကုဗပေ. ဆိုပါစို့ =၀.၆၇တန်

အမြန်ဆုံး သစ်စျေးနှုန်းတွက်နည်း

ဥပမာ... သစ် ၁ တန် ၆၅၀,၀၀၀ စျေးဖြင့်
၄''၂'' လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ်
စျေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ်
မြှောက်(၆၅၀,၀၀၀.၀၀၂၅)
ရလဒ်ကိုသစ်ချောင်း၏ ဒုဗျက် (၄''၂'') ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။

ဒါဆို ၄''၂'' လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်ဘိုးရမည်။

၆၅၀,၀၀၀.၀၀၂၅=၁၆၂၅

၄ ၂ = ၈
------------------
၁၃,၀၀၀

လေးနှစ် ၁ ချောင်း တန်ဘိုး = ၁၃,၀၀၀ ks
ဖြစ်သည်။
မည်သည့် ဒု ဗျက် မည်သည့် စျေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။

credit 😀😀

အဆောက်အဦး တွက်ချက်မှုအတွက် အလွယ်မှတ်နည်းလေးတွေပါ။(1:2:4) ကွန်ကရစ် 100 ကုဗပေမှာဘိလပ်မြေ - 18.48 အိတ်ကုန်တယ်အလုပ်မား - 10ယ...
19/01/2023

အဆောက်အဦး တွက်ချက်မှုအတွက်
အလွယ်မှတ်နည်းလေးတွေပါ။

(1:2:4) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 18.48 အိတ်ကုန်တယ်
အလုပ်မား - 10ယောက်
ပန်းရံဆရာ - 1ယောက်

(1:3:6 ) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 12.85 အိတ်
အလုပ်သမား - 8 ယောက်
ပန်းရံ - 1ယောက်
42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ အမျိုးအစားများအလိုက် ဘယ်လိုကွာခြားသလဲ ?
====================================
ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် ။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေကို အများဆုံး အသုံးပြုနေကြပါတယ် ...
အဆောက်အဦများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်...
42.5 Class ဘိလပ်မြေ
----------------------------
42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။.
42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။........
52.5 Class ဘိလပ်မြေ
-----------------------------
52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။

ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။
credit 😀

စိတ်အေးချမ်းတဲ့ တောတောင် ရေမြေထဲက အလှ တရား
27/12/2022

စိတ်အေးချမ်းတဲ့ တောတောင် ရေမြေထဲက အလှ တရား

အိမ်မက် တွေက စျေးမကြီးပါဘူး   ညီမျှ တဲ့ တန်ဖိုးနဲ့ အတူ ပိုင်ဆိုင် နိုင်ကြပါစေ
17/12/2022

အိမ်မက် တွေက စျေးမကြီးပါဘူး ညီမျှ တဲ့ တန်ဖိုးနဲ့ အတူ ပိုင်ဆိုင် နိုင်ကြပါစေ

အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သော အပင်များ၊အိမ်ဆောက်ရက် ရွေးနည်း ၊အိမ်ဆောက်လ ရွေးနည်း၊မသုံးအပ်သော သစ် (၈) မျိုး၊အိမ်၊ ကျေ...
16/12/2022

အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သော အပင်များ၊

အိမ်ဆောက်ရက် ရွေးနည်း ၊

အိမ်ဆောက်လ ရွေးနည်း၊

မသုံးအပ်သော သစ် (၈) မျိုး၊

အိမ်၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ ၊
.................................................................................

သစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာ၀ရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ် ပတ်၀န်းကျင် ခြံ ထဲ၊ အိမ် ၀နျးထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိ အိမ်၊ ခြံ ထဲမှာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တစ်ချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူအဆတွေ ခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို ၊ ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ စကားပဲ ပြောပြော အိမ်နဲ့ ပတ်သတ်ပြီး ရှေးမြန်မာ အယူတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

- အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သောအပင်များ ။

အိမ်၏ အရှေ့ဘက် မျက်နှာဘက်တွင် ညောင် ၊ သပြေပင်များ မစိုက်ရ။ စီးပွားပျက်တတ်သည်။
အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင် များ မစိုက်ရ။
တောင်ဘက်တွင် သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သင်္ဘောပင်များ မစိုက်ရ။
မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊သဖန်းပင် နှင့် သျှီသျှားပင် မစိုက်ရ။

အဆိုပါ အပင်များသည် ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်လျော့မည်။ရောဂါဘယ ထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်။ အလိုအလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည်။

- အိမ်ဆောက်ရက် ရွေးနည်း ။

တနင်္ဂနွေ - ဒုက္ခဆင်းရဲ ရောက်တတ်သည်။
တနင်္လာ - နှစ်လမြောက်တွင် သား သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်၀မည်။
အင်္ဂါ -ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်။
ကြာသပတေး - ချမ်းသာ ကြွယ်၀မည်။
သောကြာ - သုံးလ ကြာလျှင် သုခ ပွားမည်။

- အိမ်ဆောက်လ ရွေးနည်း ။

တန်ခူးလ - ချမ်းသာ ကြွယ်၀မည်။
ကဆုန်လ - ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
ဝါခေါငျလ - ဥစ္စာ စီးပွား တိုးပွားမည်။
နတ်တော်လ - ထင်ပေါ် ကျော်စောမည်။
ပြာသိုလ - လူအများ ချီးမွမ်းမှု ရမည်။
တပေါင်းလ - ချမ်းသာ ကြွယ်၀မည်။

ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ ကြုံရတတ်သည်။

ယနေ့ခေတ်မှာ အိမ်ကို သစ်သား အခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင် ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါ၀င်ပစ္စည်း ဖြစ်နေပါသေးတယ်။ ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပတ်သတ်ရင် သစ်ကို အလွန်စိစစ်ပါတယ်။

ဗဟုသုတ အလို့ငှာ သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

- မသုံးအပ်သော သစ် (၈) မျိုး ။

၁။ ခုတ်ဖြတ်စဉ် တွဲလွဲ ကျနေသောသစ် (သစ်ဆွဲချ)
၂။ သစ်ခွ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီးလူး)
၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)
၅။ လမ်းကူး ချောင်းကူးသစ် (သစ်တံတား(ခ) သစ်လမ်းကူး)
၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)
၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

-အိမ် ၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး ။

၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၄။ ညောင်
၅။ သျှီသျှား
၆။ သီး(သား)
၇။ သပြေ
၈။ သစ်စိမ်ရေသား
၉။ ကလော
၁၀။ လက်ပံ
၁၁။ လဲ

- အိမ် ၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ ။

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ ။
၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ ။
၃။ တိုင်တို (ထောက်တို) ကို ကြမ်းပေါ် မပိုစေရ ။
၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ ။
၅။ ခေါင်လျှောက်ခွတွင် မပြီးခင် ကြမ်းမဖောက်ရ ။
၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ ။
၇။ အိမ်ဆောက်မပြီးခင် ၀နျး မခတ်ရ ။
၈။ ထုပ် ၊ လျှောက် ၊ ဒိုင်း ၊ မြား ၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ ။
၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ ။
၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏ လျှောက်ကို တင်၍ မဆက်ရ ။

တိုးတက်လာသော ယနေ့ခေတ် အနေအထားအရ အထက်ပါ အကြောင်းအရာတို့အား လုံးဝရှောင်ကြဉ်ရန် မဖြစ်နိုင်တော့ပါဘူး ။
ဒါပေမယ့်လို့ " ရှေးထုံးလည်းမပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့'' စကားလိုမျိုးပါပဲ။ နှစ်ပေါင်းများစွာ တည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့ သဘောပါ။

ဖတ်ရှူ့သူအားလုံး သာယာအေးချမ်းတဲ့ အိမ်ဂေဟာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ ။ ။

Crd.....စာရေးသူ

အိမ် အသစ် ဆောက်ဖို့ စိတ် ကူ နေတဲ့ လူကြီး မင်းတို့ အတွက် ကျနော် တို့ Khaing Myae Construction & Design Group. မှ စေတနာ အန...
15/12/2022

အိမ် အသစ် ဆောက်ဖို့ စိတ် ကူ နေတဲ့ လူကြီး မင်းတို့ အတွက် ကျနော် တို့ Khaing Myae Construction & Design Group. မှ စေတနာ အနစ်နာ ဝါသနာ နဲ့ ကုန်ကျမှု အသက်သာဆုံးနဲ့ ခိုင်ခန့်မှု လှပသေသပ်မှု များနဲ့ အတူ တာဝန်ယူမှု တာဝန်ခံ မှု အပြည့် နဲ့ အင်ဂျင်နီယာများ ကိုယ် တိုင် ဦးစီးပြီ ဆောက်လုပ်ပေးလျှက်ရှိပါတယ်

ဒဂုံ ဆိတ် ကမ်မှာ ဆောက်ခွင့် ပေးခဲ့ တဲ့ အကို ကျေးဇူးပါ ဒီထက်မက တိုးတက် အောင်မြင်ပါစေ
15/12/2022

ဒဂုံ ဆိတ် ကမ်မှာ ဆောက်ခွင့် ပေးခဲ့ တဲ့ အကို ကျေးဇူးပါ ဒီထက်မက တိုးတက် အောင်မြင်ပါစေ

ခက်ခက်ခဲခဲ ရုန်းကန်ရင်း ယုံကြည်စွာအလုပ်အပ်ပေးခဲ့ တဲ့ အကိုနဲ့ အမ ကျေးဇူးပါ
15/12/2022

ခက်ခက်ခဲခဲ ရုန်းကန်ရင်း ယုံကြည်စွာအလုပ်အပ်ပေးခဲ့ တဲ့ အကိုနဲ့ အမ ကျေးဇူးပါ

Address

Magway

Telephone

+95943150313

Website

Alerts

Be the first to know and let us send you an email when Khaing Myae Construction & Design Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khaing Myae Construction & Design Group:

Share