Wint Kay Design and Architecture

  • Home
  • Wint Kay Design and Architecture

Wint Kay Design and Architecture Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wint Kay Design and Architecture, Architectural Designer, .

11/01/2026
My Living room space 🌷Design by Wint Kay Design and Architecture
18/12/2023

My Living room space 🌷
Design by Wint Kay Design and Architecture

My dream home loading....Living room and kitchen designDesign by Wint Kay Design and Architecture
17/12/2023

My dream home loading....
Living room and kitchen design

Design by Wint Kay Design and Architecture

Rendering is a must
24/11/2023

Rendering is a must

မြစ်ကျဉ်းတော့ ရေစီးသန်တယ်။ အမြင်ကျဉ်းတော့ အငြင်းသန်တယ်။အမြင်ခြင်းမတူဘူးဆိုရင် မပြိုင်နဲ့မရှင်းနဲ့မငြင်းပါနဲ့။ ပြိုင်လေရန...
22/10/2023

မြစ်ကျဉ်းတော့ ရေစီးသန်တယ်။
အမြင်ကျဉ်းတော့ အငြင်းသန်တယ်။

အမြင်ခြင်းမတူဘူးဆိုရင် မပြိုင်နဲ့မရှင်းနဲ့မငြင်းပါနဲ့။ ပြိုင်လေရန်များလေးပဲ၊ ရှင်းလေရှုတ်လေပဲ၊ ငြင်းလေ ဆိုးလေပါပဲ။

အရူးတစ်ယောက်နဲ့ငြင်းခုံနေတာဟာ အရူးနှစ်ယောက်ရှိတယ်လို့သက်သေပြလိုက်တာပါပဲ။

လင်းနို့က လူတွေကိုကြည့်ရင် ဇောက်ထိုးမြင်မှာပဲ။

လင်းနို့ အတည့်မြင်အောင် ကိုယ်က ကင်းမြီးကောက် ထောင်ပြစရာမလိုပါဘူး။

ကိုယ်သမိုင်းကိုယ်ရေးတဲ့နေရာမှာ သူတစ်ပါး ချီးမွမ်းတာ ကဲ့ရဲ့တာကို လိုက်ခံစားမနေနဲ့။

မှန်ရှေ့ရပ်ကြည့်လို့ ကိုယ့်မျက်နှာကို လိပ်ပြာလုံလုံ ကြည့်ရဲဖို့ဘဲလိုတာပါ။

Septic Tank & Soak Pit (Septic Action)***************************************အရင်တုန်းက အိမ်သာကျင်းဆောက်တယ်ဆိုတာ မြေတူး၊...
21/10/2023

Septic Tank & Soak Pit (Septic Action)
***************************************
အရင်တုန်းက အိမ်သာကျင်းဆောက်တယ်ဆိုတာ မြေတူး၊ 4ခွဲအုတ်စီပြီး အ၀င်ပိုက်၊ လေထွက်ပိုက် နဲ့ ပြည့်ရင်စုတ်ထုတ်ဖို့ 4 လက်မပိုက်အကျယ် အဖုံးတစ်ခုစာတွေထည့်ပြီးလောင်းရုံပါ။

နောက်ပိုင်းတော့ အနှစ်ကန်၊ အရည်ကန်ဆိုပြီး အလယ်မှာ အကန့်တစ်ခုကန့်ပြီး ဆောက်လာကြပေမယ့် သူ့ရဲ့အလုပ်လုပ်ပုံကို သေချာနားမလည်ကြတာကြောင့် မိလ္လာစုစည်းကန် (sewage storage tank)သက်သက်သာ ဖြစ်နေတာတွေ့ရပါတယ်။

တကယ်က septic tank မှာ Septic Action ဆိုတဲ့ သူ့ဟာသူဓါတ်ပြုစေပြီး လျှော့နည်းသွားစေနိုင်တဲ့စနစ်(ဖြစ်စဉ်)လေးရှိပါတယ်။ တနည်းအားဖြင့် လူကစွန့်ပစ်လိုက်တဲ့ မိလ္လာ(sewage) ကို bacteria ပေါက်ပွားစေပြီး ဓါတ်ပြုစေတဲ့ဖြစ်စဉ်ပါ။

အကျဉ်းအနေနဲ့ပြောရရင် မိလ္လာအ၀င်ပိုက် (inlet) က အနှစ်ကန်ထဲ၀င်မယ်။ အဲ့ဒီအနှစ်တွေကနေ Anaerobic bacteria ဆိုတဲ့ပိုးတစ်မျိုးပေါက်းပွာလာပြီး အဲ့ဒီအနှစ်တွေကို စားပြီး အနယ်ထိုင်စေမယ်။ အဲ့ဒီအနှစ်ကန်က အလယ်မှာကန့်ထားတဲ့အုတ်ရိုးအပေါက်ကို ကျော်လာတဲ့ချိန် အရည်တွေက အရည်ကန်ဘက်ကို စီး၀င်မယ်။ အဲ့ဒီအရည်ကန်မှာလည်း Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုးပေါက်ပွားပြီး Anaerobic bacteria တွေရဲ့ စွန့်ပစ်ပစ္စည်းတွေကိုစားပြီး အနည်ထိုင်စေမယ်။ အဲ့ကမှတဆင့် အရည်ကန်ကနေ soak pit (ရေစုပ်ကန်) ဆီကို အရည်တွေလွှဲပြောင်းပေးပို့ပြီး မြေကြီးထဲပြန်စိမ့်၀င်စေမယ်။ ဒါက septic action ရဲ့အလုပ်လုပ်ပုံအကြမ်းဖျင်းပါ။

ဒီ Septic Action ရဖို့သတိပြုရမှာက -

(၁) Chamber (1) (အနှစ်ကန်) က လေလုံ၊ အလင်းလုံ နေရပါမယ်။ (Vent pipe) မရှိရပါဘူး။ ဒါမှ လေလုံ၊ နေလုံမှရှင်သန်နိုင်တဲ့ Anaerobic bacteria တွေပေါက်ပွားပြီး sewage (မိလ္လာ) တွေကိုစားသုံးပါမယ်။ (အဲ့မှာတစ်ခုရှိတာက အနှစ်ကန်အတွင်း အောက်ဆုံးမှာ အနှစ်လွှာ၊ အလယ်မှာ ရေဆိုးလွှာ၊ အပေါ်ဆုံးမှာ အဆီလွှာ ဆိုပြီးဖြစ်ပေါ်ပါတယ်။ အဲ့ဒီအဆီလွှာက လေနဲ့အလင်းရောင်ကို ရေထဲမ၀င်ရောက်အောင်လည်း ကာကွယ်ပေးပါတယ်။)

(၂) Chamber (2) (အရည်ကန်) မှာ လေနဲ့ အလင်း၀င်နိုင်အောင် 4" ပိုက် (swan pipe) တစ်ချောင်းထည့်ပေးရပါမယ်။ ဒါမှ လေနဲ့အလင်းရှိမှ အသက်ရှင်နိုင်တဲ့ Aerobic
Bacteria တွေရှင်နိုင်ပါမယ်။

(၃) အလယ်က အနှစ်ကန်နဲ့အလယ်ကန်ကို ကန့်ထားတဲ့အုတ်ရိုး (Baffle Wall) က အပေါ်ဆုံးထိ မစီရဘဲ အနည်းဆုံး 6" or 1 ပေလောက် ချန်ထားရပါမယ်။ ဒါမှ အနှစ်ကန်မှာ ဓါတ်ပြုမှုဖြစ်စဉ်အတွင်းထွက်လာတဲ့ gas တွေက အရည်ကန်ပေါ်မှာ ထည့်ထားတဲ့ swan neck & vent pipe မှတဆင့်ထွက်သွားနိုင်ပါမယ်။

(၄) ဓါတ်ပြုမှုဖြစ်စဉ်မြန်ဆန်လွယ်ကူအောင်လို့ အိမ်သာကနေ၀င်လာတဲ့မိလ္လာတွေကို inlet ပိုက်အဆုံးမှာ Tee ခံခြင်းအားဖြင့် မိလ္လာတွေကို အလွယ်တကူချေဖျက်စေနိုင်ပါတယ်။ အလားတူဘဲ အဲ့ဒီ Tee ကနေ အဆီလွှာ (scum layer) ရဲ့အောက် 3 လက်မမြှပ်လောက် ပိုက်သွယ်တန်းစီးဆင်းစေခြင်းဖြင့်လည်း အနှစ်ကန်အတွင်း လေ (အောက်စီဂျင်) နဲ့အလင်းရောင်၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ (septic action ရဖို့ cover slab မလောင်းခင် ရေထည့်ပြီး ရေလုံမလုံစစ်ရပါတယ်။ အားလုံးပြီးပြီဆိုတဲ့ချိန် (စသုံးတော့မယ်ဆိုတဲ့ချိန်) အရင်ဆုံး inlet ပိုက် Tee ကနေချထားတဲ့ ပိုက် level အပေါ် 3လက်မထိ ရေဖြည့်ပေးရပါတယ်။ ရေဖြည့်ထားမှ Septic action ရပါမယ်။)

(၅) Septic Action အတွက် septic ကန်က ရေလုံနေရပါမယ်။ ဒါကြောင့် အောက်ကြမ်းခင်းလောင်းရပါမယ်။ plastering လုပ်ရပါမယ်။

(၆) အနှစ်ကန်(chamber 1)ထဲမှ အနှစ်များ (sewage) အရည်ကန်ထဲသို့ရောက်မသွားစေရန် အောက်ကြမ်းခင်းကို အနှစ်ကန်ဘက်တွင်နှိမ့်ပြီး slope လေး (1:10 to 1:20) လေး လုပ်ပေးရပါမယ်။

(၇) အနှစ်ကန်ကနေ အရည်ကန်ကို Baffle wall ကနေဖြတ်စီးဆင်းရာနေရာမှာ scum layer တွေ အရည်ကန်ထဲရောက်မသွားအောင် Tee လေးခံထားပေးရပါမယ်။

(၈) အလျားနဲ့ အကျယ်အချိုးက 2:1 ထက်မနည်း၊ အလျားနဲ့အနက်အချိုးလည်း 2:1 ထက်မလျော့စေရပါ။ (ဥပမာ - အလျားက 10 ပေဆိုရင်၊ အကျယ်က 5 ပေရှိရမယ်။ အနက်လည်း အနည်းဆုံး 5 ပေရှိရမယ်။)

(၉) မြေကြီးထဲမှရေများ ကန်ထဲစိမ့်မ၀င်နိုင်အောင်၊ ဘေးမှမြေတွန်းကန်အားကြောင့် Retaining wall အနေနဲ့သော်လည်ကောင်း ကန်ကို အနည်းဆုံး 9လက်မအုတ်ရိုးအနေနဲ့ဘဲ စီသင့်ပါတယ်။

(10) manhole ဟာ လူတစ်ယောက်ကောင်းကောင်းမွန်မွန်ဆင်းနိုင်ဖို့ အနည်းဆုံး 1.5' x 1.5' ကျယ်၀န်းပြီး အနှစ်ကန်နဲ့အရည်ကန်နှစ်ကန်လုံးပေါ်မှာ ရှိရပါမယ်။


ကွန်ကရစ် ကာဗာတုံးလောင်းခြင်း(မြန်မာ-English နှစ်ဘာသာဖြင့် ဖော်ပြထားပါတယ်) ကွန်ကရစ်လောင်းတော့မယ်ဆိုရင် သံချောင်းကို နေရာမ...
09/10/2023

ကွန်ကရစ် ကာဗာတုံးလောင်းခြင်း

(မြန်မာ-English နှစ်ဘာသာဖြင့် ဖော်ပြထားပါတယ်)

ကွန်ကရစ်လောင်းတော့မယ်ဆိုရင် သံချောင်းကို နေရာမှန်ဖို့အတွက် ကွန်ကရစ်ကာဗာမျိုးစုံကိုသုံးကြရပါတယ်။ ကွန်ကရစ် ကာဗာမှာ ပလက်စတစ်ကာဗာတွေလဲရှိပေမဲ့ ပြည်တွင်းမှာတော့ ဘိလပ်မြေနဲ့လောင်းတဲ့ကွန်ကရစ်ကာဗာတွေကိုပဲသုံးကြတာများပါတယ်။

📌ဆိုက်တော်တော်များများမှာ ကွန်ကရစ်ကာဗာကို ကိုယ့်ဆိုက်ထဲမှာ ကိုယ်တိုင်လောင်းကြပါတယ်။
📌Slab ပြင်ခုဖို့အတွက် သုံးမတ်ထုကာဗာတုံး နဲ့ Beam တွေမှာခု တိုင်တွေမှာဖို့အတွက် 1 လက်မခွဲထု ရှိတဲ့ ကာဗာတုံးစသည်ဖြင့် လောင်းကြပါတယ်။
📌ကွန်ကရစ်ကာဗာတုံးလောင်းတဲ့အခါ ဆိုက်ထဲမှာ ဘိလပ်မြေတစ်ဆ သဲနှစ်ဆ‌ ရောပြီးလောင်းကြပါတယ်။
❌လောင်းပြီး ဒီတိုင်းပစ်ထားလို့မရပါဘူး။ လောင်းပြီးနောက်တစ်ရက်မှာ ရေစိမ်ထားသင့်ပါတယ်။

✅Slab ပြင်တွေလောင်းပြီးရင် ရေလောင်းပေးရသလိုပဲ ကွန်ကရစ်ကာဗာတုံးကိုလဲ‌ ရေလောင်းပေးရပါမယ်။ ဒါမှ ခံနိုင်ရည်အားပြည့်၀တဲ့ကွန်ကရစ် ကာဗာတုံးတွေကိုရရှိမှာဖြစ်ပါတယ်။

English version:

Making concrete cover blocks

When making concrete cover, various types of cover blocks are used to secure the reinforcement bars in place. While plastic covers for concrete are available, most domestic applications use concrete cover blocks made by pouring cement on-site in local.

Key points to remember:
1. Concrete cover is typically poured at the construction site itself.
2. For slabs, 3-inch cover blocks, and for beam, 1-inch cover blocks are used.
3. When making concrete cover blocks, mix one part cement with two parts sand at the site.
4. Avoid leaving them under direct sunlight; instead, immerse them in water the day after pouring.

After pouring the exterior of the slab, it's essential to water the concrete cover blocks, just as you would with the concrete itself. This ensures that the cover blocks become sturdy and resilient.



ဒီလို သေသပ်လှပတဲ့ မီးဖိုချောင် Interior design လှလှလေးတွေကို Wint Kay Design and Architecture မှာ အလုပ်လာအပ်လို့ရပြီနော်...
09/10/2023

ဒီလို သေသပ်လှပတဲ့ မီးဖိုချောင် Interior design လှလှလေးတွေကို Wint Kay Design and Architecture မှာ အလုပ်လာအပ်လို့ရပြီနော်

ချိုသာသော ဈေးနှုန်းနဲ့ ပြည့်ဝသော quality ကို တချိန်ထဲ ရယူလိုက်ပါ။



 #အဆောက်အဦးတစ်ခုကို PAE ကျသင့်တာကို ကြည့်ပြီး နဲတယ်များတယ်ပြောမရဘူး။ ဒီနှုန်းလေးနဲ့ ကိုယ်ဆောက်မယ့်အဆောက်အဦကို ဆောက်သင့်...
09/10/2023

#အဆောက်အဦးတစ်ခုကို PAE ကျသင့်တာကို ကြည့်ပြီး နဲတယ်များတယ်ပြောမရဘူး။ ဒီနှုန်းလေးနဲ့ ကိုယ်ဆောက်မယ့်အဆောက်အဦကို ဆောက်သင့်မဆောက်သင့် ဆုံးဖြတ်လို့မရပါဘူး။

ကုန်ကျစရိတ် PAE ဆိုတာ
💥ကိုယ်လိုချင်တဲ့ အဆောက်အဦအဆင့်အတန်းပေါ်မူတည်ပြီး ကွာခြားပါတယ်။
ငလျင်ဒဏ်ခံလား မခံလား။ ငလျင်ဒဏ်ခံက ဘယ်လောက်ပြင်းအားအထိခံနိုင်တာလဲ။
အဆောက်အဦအရပ်အမြင့်က 14 ပေ လား 10ပေလား။ 9"အုတ်ရိုးလား 4.5"လား။ အုတ်စီတာ ဘိလပ်မြေနဲ့ပဲစီမှာလား။ နောက်ပြီး နောက်ထပ် လား ပေါင်းများစွာ,....

💥အဆောက်အဦက 15'×50' လား 35'x50' လား။ အကြမ်းအားဖြင့် မျက်နှာစာ အခန်းဖွဲ့နဲရင် PAE ပိုများကုန်တတ်ပါတယ်။ အဆောက်အဦသေးသေးကျဥ်းကျဥ်းလေးတွေက PAE နဲ့ဆိုများနေတတ်ပါတယ်။

💥အခန်းတွေအများကြီး ပြွတ်သိပ်ပြီးဖွဲ့မှာလား။ အခန်းကျယ် Hall တွေများနေမလား။ အခန်းဖွဲ့များရင် အုတ်ပိုကုန်မယ်။ ပြီး ဝိတ်များလို့ ထုတ်, တိုင်, ဖောင်ဒေးရှင်းပိုသုံးရမယ်။ တံခါးတွေ ပိုထည့်ရမယ်။ ရေချိုးခန်း အိမ်သာသုံးပစ္စည်းတွေပိုကုန်မယ်။ အုတ်နံရံဧရိယာပိုများတော့ ဆေးသုတ်တာ ကြွေပြားကပ်တာ ပိုသုံးရမယ်။ ဒါကြောင့်ပိုကုန်မယ်။

💥အခုပြောတာ အကြမ်းထည်လောက်ပြောတာပါ။ အချောထည်ဆိုပိုဆိုးပါတယ်။ ၁သိန်းတန် ဗိုလ်ထိုင်လား သိန်းသုံး လေးဆယ် ဗိုလ်ထိုင်လားဆိုတာ Range ကြီးက ကွာလွန်းပါတယ်။ ကြွေပြားတချပ်ဆိုလဲ ၃
သုံး လေးရာတန်လား သုံး လေးသောင်းတန်လားဆိုတာ ရှိပါတယ်။ မီးလုံးဆိုလဲ သုံး လေးထောင်တန်လား သုံး လေးသောင်းတန်လားရှိတယ်။ သိန်းရာချီတန် မီးဆိုင်းတွေလဲ ရှိမယ်။

💥လက်ရာပိုင်းကိုပြောမယ်ဆိုလဲ အကြမ်းထည်မှာ သံချီတာ အသေးစိတ်လိုက်နာရမှာတွေကို လိုက်နာပြီး သပ်သပ်ရပ်ရပ် အသေးစိတ်လုပ်တာလား။ ကွန်ကရစ်လောင်းမယ့်အထဲ သပွန်းဟင်းချက်သလို အကုန်ပစ်ထည့်ထားတာလား။ တွေ့တဲ့နေရာဆက် တွေ့သလိုသံတွေထိုး လုပ်သလားဆိုတာပေါ်မူတည်ပြီး လက်ခကွာပါမယ်။ မဖြစ်မနေ လုပ်ရမယ့် လုပ်သင့်တဲ့အဆင့်၁၀ခုရှိရင် ၃ခုပဲလုပ်မှာလား ၁၀ခုအပြင် ထပ်ဆောင်း လုပ်ဦးမလား စတာတွေပေါ် ကုန်ကျစရိတ်ကွာပါမယ်။

⚠️ဒါကြောင့် PAE နဲ့ မိမိအဆောက်အဦကို မဆုံးဖြတ်ကြဖို့ အကြံပေးလိုပါတယ်။ အဓိက ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ထိုက်သင့်တဲ့အရည်အသွေးကို ရွေးချယ်ပါ။ ကိုယ်လိုချင်တဲ့အရည်အသွေးနဲ့ ကျသင့်တဲ့ပမာဏကို အသုံးပြုကျပါ။ ဘယ်လိုပဲလုပ်လုပ် အနဲဆုံးရှိရမယ့် Public Safety လိုအပ်ချက်တွေတော့ ပြည့်မီရပါမယ်။ ကိုယ်ဆောက်လိုက်တဲ့အဆောက်အဦ ကိုယ်နေမယ့်အဆောက်အဦဟာ နေထိုင်မယ့်လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုပေးနိုင်ဖို့က အဓိကအရေးကြီးဆုံးပါပဲ။ 10 တန် တတ်နိုင်တာကို 10 တန်လောက်နဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်မီရင် ဘာမှမဖြစ်ပေမယ့် ၂၀လောက်နဲ့မှ အခြေခံလိုအပ်ချက်ပြည့်မီမှာကို ၁၀လောက်နဲ့ဖြစ်အောင်လုပ်ရင်တော့ Public Safety အားနဲပါပြီ။ စိုးရိမ်ရပါပြီ။

ပုံက ပြင်းအားများတဲ့ငလျင်ဒဏ်ခံ ၃ထပ်တိုက်အဆောက်အဦ ဖောင်ဒေးရှင်းချနေပုံပါ။

မိမိဆောက်မယ့် အိမ်လေးကို ဒီဇိုင်းလှလှလေး ဆွဲချင်တယ်ဆိုရင် Wint Kay Design and Architecture
ကို ဆက်သွယ်လိုက်ပါနော်။

07/10/2023
မတူညီတဲ့ အဆောက်အဦး‌တွေရဲ့ ပတ်ပတ်လည်မှာ မတူညီတဲ့ လေစီးကြောင်းပုံစံတွေရှိတယ်ဆိုတာ သင်သိပါသလားအဆောက်အဦတစ်ခု၏ ဒီဇိုင်းနှင့် ...
05/10/2023

မတူညီတဲ့ အဆောက်အဦး‌တွေရဲ့ ပတ်ပတ်လည်မှာ မတူညီတဲ့ လေစီးကြောင်းပုံစံတွေရှိတယ်ဆိုတာ သင်သိပါသလား

အဆောက်အဦတစ်ခု၏ ဒီဇိုင်းနှင့် အမြင့်တွေက ၎င်းပတ်ဝန်းကျင်မှာရှိတဲ့ လေစီးဆင်းမှုပုံစံများကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ မြင့်မားတဲ့ အဆောက်အဦးတွေက လေလှိုင်းထန်မှုကို ဖန်တီးနိုင်ပြီး လေ၏ ဦးတည်ရာကို ပြောင်းလဲနိုင်ပါတယ်။
Wint Kay Design and Architecture

Different wind flow patterns around different buildings. The design and height of a building can significantly affect the wind flow patterns around it. Taller buildings can create turbulence and change the direction of the wind.

တည်ဆောက်ပုံ/နံရံအမျိုးအစားများ၊ ကုန်ကျစရိတ်နှင့် သက်တမ်းကို ထိန်းသိမ်းခြင်းအနိမ့်၊ အလယ်အလတ်နှင့် အမြင့် (လိမ္မော်ရောင်ဂရ...
05/10/2023

တည်ဆောက်ပုံ/နံရံအမျိုးအစားများ၊ ကုန်ကျစရိတ်နှင့် သက်တမ်းကို ထိန်းသိမ်းခြင်း

အနိမ့်၊ အလယ်အလတ်နှင့် အမြင့် (လိမ္မော်ရောင်ဂရပ်ဖစ်ဖြင့် ပြထားပါတယ်)။
နောက်ထပ် ဗိသုကာပညာနှင့် ဒီဇိုင်းအကြံဉာဏ်များအတွက် Wint Kay Design and Architecture Page ထဲ ဝင်ကြည့် လို့ရပါတယ်။

Retaining structure/wall types, cost of making and lifespan. Low, moderate and High (shown in orange graphics).
Visit profile for more architecture and design tips. Stay tuned for more.

Address


Website

Alerts

Be the first to know and let us send you an email when Wint Kay Design and Architecture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Contractor?

Share