Golden Trace Renovation, Design and Construction

Golden Trace Renovation, Design and Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Trace Renovation, Design and Construction, Construction Company, MaMa(16)၊Myayenandar, Mandalay.

  အကြောင်းမေးထားတဲ့သူတွေအတွက် ကျွန်မသိ ထားသလောက်အနည်းငယ်လေးပြောပြပေးပါမယ်.Knowledge Sharing အနေနဲ့ ပါ။ Rebound Hammer Te...
10/04/2025

အကြောင်းမေးထားတဲ့သူတွေအတွက် ကျွန်မသိ ထားသလောက်
အနည်းငယ်လေးပြောပြပေးပါမယ်.Knowledge Sharing အနေနဲ့ ပါ။

Rebound Hammer Test (သို့မဟုတ်) Schmidt Hammer Test ဆိုတာက ကွန်ကရစ်ရဲ့ ကျစ်လစ် ခိုင်မာမှု ဖိအားခံနိုင်မှု(Compressive Strength) ကို အလွယ်တကူ အနီးစပ်ဆုံး တိုင်းတာနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို
Non-destructive Test (NDT) ဖြစ်တဲ့အတွက်ကြောင့် အဆောက်အဦမှာရှိတဲ့ကွန်ကရစ်ကို ဖျက်စီးစရာမလိုဘဲ ခန့်မှန်းတွက်ချက်နိုင်ပါတယ်။ RHT စနစ်ဟာအသုံးများပြီး Engineers တွေနဲ့ အဆောက်အဦ ပိုင်ရှင်တွေအတွက် အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦရဲ့ ကွန်ကရစ်ခိုင်မာမှု (Concrete Strength) နဲ့ ပျက်စီးမှုအခြေအနေ (Damage Assessment) ကို အမြန်ဆန်ဆုံးစစ်ဆေးရန် Rebound Hammer Test ကို အသုံးပြုနိုင်ပါသည်။ အားသာချက်များ၊ ကန့်သတ်ချက်များနှင့် လက်တွေ့အသုံးချနည်းများကို အောက်မှာအသေးစိတ်ပြောပေးသွားပါမယ်။

၁။ Rebound Hammer အလုပ် လုပ်ပုံ........................................................
ပထမဦးဆုံး Rebound Hammer Test အလုပ် လုပ်တဲ့ပုံကို အနည်းငယ်ရှင်းပြပေးပါမယ်။
ကို ကွန်ကရစ်မျက်နှာပြင်ပေါ်သို့ ထောင့်မတ်ကျစွာ (90°) ဖိထားပါ။
Plunger (စနက်တံ) ကို ဖိအားပေးပြီး Release လုပ်လိုက်ပါက Hammer ပြန်ခုန်လာ ပါမယ်။
ကွန်ကရစ်ရဲ့ မာကျောမှုပေါ်မူတည်ပြီး Rebound Value (R) ကို Hammer က ဖော်ပြပေးပါလိမ့်မယ်။ Rebound Value (R) ကို ကြည့်ပြီး Compressive Strength (MPa or psi)ကို တွက်ချက်နိုင်ပါတယ်။ ကွန်ကရစ်ရဲ့ ကျစ်လစ်ခိုင်မာမှု၊ ဖိအားဒဏ် ခံနိုင်မှုကိုဆိုလိုတာပါ။

Rebound Hammer သည် Spring-Loaded Mass System ဖြင့်အလုပ်လုပ် ပြီး Plunger ကို ဖိအားပေးပစ်လိုက်သောအခါ ရရှိလာတဲ့
Rebound Distance ကိုတိုင်းတာခြင်းစနစ်ဖြစ်ပါတယ်။ Rebound Value (R) သည် ကွန်ကရစ်၏ Surface Hardness နှင့် Elasticity အရခိုင်မာသောကွန်ကရစ်တွင် Rebound Value မြင့်လေ့ရှိပါတယ်။

၂။ Rebound Hammer အမျိုးအစား......................................................
ဆောက်လုပ်ရေးတွင်အသုံးပြုသော rebound hammers အမျိုးမျိုးရှိပါတယ်။

Standard Rebound Hammer (Type N) 2.207 Nm (Normal) :
အသုံးအများဆုံးအမျိုးအစားဖြစ်ပြီး ခိုင်မာသောကွန်ကရစ်များ(ပုံမှန်အားဖြင့် 10 MPa မှ 70 MPa အတွင်း) ကို စမ်းသပ်ရန်အတွက် အသုံးပြုပါတယ်။ ပုံမှန် အဆောက်အဦတွေနဲ့ လူနေအိမ် စမ်းသပ်မှုများအတွက်ပါ။

Low-Strength Rebound Hammer (Type L) 0.735 Nm (Low) :
ပုံမှန်အားဖြင့် 10 MPa အောက် ကွန်ကရစ်ကို စမ်းသပ်ရန်အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။ပြန်ပြီး ပြုပြင် ထားတဲ့ကွန်ကရစ်များ၊ ကွန်ကရစ်အဟောင်းများ နဲ့ ကွန်ကရစ် Grade အဆင့်နိမ့်သည့် အခြေအနေများအတွက် အသုံးပြုနိုင်ပါတယ်။
High-Strength Rebound Hammer (Type S) 29.43 Nm (High) :
ဤအမျိုးအစားကို ပုံမှန်အားဖြင့် 70 MPa အထက်တွင် ကျစ်လစ် ခိုင်ခန့် အားကောင်းသည့် ကွန်ကရစ်
များအား စမ်းသပ်ရန်အတွက် အသုံးပြုပါတယ်။ အထပ်မြင့် အဆောက်အအုံများ သို့မဟုတ် တံတားများ ကဲ့သို့သော နေရာများတွင် အသုံးပြုထားတဲ့ Grade မြင့် ကွန်ကရစ် များ တိုင်းတာရာမှာအသုံးပြုပါတယ်။

၃။ စစ်ဆေးစမ်းသပ်ရန်အတွက်ပြင်ဆင်ခြင်း............................................................

ကွန်ကရစ်မျက်နှာပြင်အခြေအနေလိုအပ်ချက်အရသန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါတယ်။ **ယုံကြည်စိတ်ချရသော ရလဒ်များအတွက် မှန်ကန်သော မျက်နှာပြင်ပြင်ဆင်မှုသည် မရှိမဖြစ်လိုအပ်ပါတယ်* ။ အရင်ဆုံး ဖုန်၊ ကျောက်စရစ်ခဲများ၊ Plaster များကို ရှင်းလင်းပါ။ ကွန်ကရစ်မျက်နှာပြင်ကို ချောမွေ့အောင် Grinding Wheel ဖြင့်သန့်စင်ပါ။ အက်ကြောင်းများကို မထိမိစေရန် သတိထားပါ။စမ်းသပ်မယ့် Concreteမျက်နှာပြင်သည် ညီညာနေရန်လိုပါတယ်။ စိုထိုင်းဆ (moisture) ရှိနေရင် ခြောက်သွေ့အောင်လုပ်ပေးဖို့လိုအပ်ပါတယ်။ စိုထိုင်းဆ များနေရင် Rebound Value ကျဆင်းတက်ပါတယ်။ Temperture 10°C ~40°C အတွင်း Testing လုပ်နိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

၄။စစ်ဆေးစမ်းသပ်ခြင်း.................................

Rebound Hammer ကို Calibrate လုပ်ခြင်း
Calibration Anvil ပေါ်မှာ စမ်းသပ်ပြီး တိကျမှုကို
အရင်စစ်ဆေးရပါမယ်။တခါတလေမှာ အလုပ် မလုပ်တဲ့ Rebound Hammer တွေ ကြုံရတက်လို့ပါ။ ထို့နောက် Concrete တစ်နေရာတည်း ကို အနည်းဆုံး 10 ခါ စမ်းပြီး ပျမ်းမျှ Rebound Value ရှာသင့်ပါတယ်။ Column, Beam, Slab ကဲ့သို မတူညီတဲ့နေရာများစွာမှာ စမ်းသပ်ပါ။

Honeycomb, Crack နှင့် မညီညာသောနေရာများကို Testing မလုပ်သင့်ပါ။ ထောင့်မတ်ကျစွာ (90°)ဖိထားရန် အရေးကြီးပါတယ်။

ကွန်ကရစ်သက်တမ်း (၇)ရက်ထက် မနည်းသော ကွန်ကရစ်ကိုသာ တိုင်းပါ။ Early Age Concrete တွင် Rebound Value မတည်ငြိမ်ပါ။ကွန်ကရစ်ခိုင်မာမှုကို (၂၈) ရက် ပြည့်မှသာ တိကျစွာတိုင်းတာခြင်းသည် အကောင်းဆုံး ပါ။

** #ငလျင်ဒဏ်ခံ ထားရတဲ့ အဆောက်အဦတွေမှာအဓိကအားနည်းနိုင်သော အစိတ်အပိုင်းများ ဖြစ်တဲ့ ကော်လံ (Columns) (အထူးသဖြင့် အောက်ခြေနှင့် အပေါ်ဆုံးအဆက်နေရာများ။
Beams များတွင် ငလျင်ဒဏ်ကို အများဆုံးခံရသော အဆစ်နေရာများ ဖြစ်တဲ့
(Beam-Column Joints) နေရာများ။

နရံများတွင် (Shear Walls)၊ အက်ကြောင်းများရှိသော နေရာများ ဖြစ်တဲ့ နေရာများ ၊ ဥပမာ ကြမ်းပြင်/မျက်နှာကြက်ပြား /အခန်း
နံရံများ။
Slabs – ကွဲအက်နေသော နေရာများ ကို သေချာစွာ စစ်ဆေးစမ်းသပ်ပေးရပါမယ်။

၅။ကွန်ကရစ်အရည်အသွေးကိုခန့်မှန်းခြင်း.........................................................
Rebound Value (R) ကို ကြည့်ပြီး

R < 20 အောက်ဆိုပါက Poor အလွန်အားနည်းပြီး ပြုပြင်ရန် လိုအပ်ပါသည်။နေထိုင်ရန်မသင့်ပါ။
R = 20 ~30 အတွင်းဆိုပါက Normal ပုံမှန်ခိုင်မာမှုရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။
R =30 ~40 အတွင်းဆိုပါက Good ကောင်းတဲ့အခြေအနေ ဖြစ်ပါတယ်။
R >40 အထက်ဆိုပါက Very Good အရမ်းကောင်းတဲ့ ကွန်ကရစ်သား ဖြစ်ပါတယ်။

Rebound Value နိမ့်သော နေရာများရင် အတွင်းပိုင်း ပျက်စီးနိုင်ချေရှိပါတယ်။

၆။ Rebound Hummer Test အားသာချက်များ..................................... ................ ............

(က) အဆောက်အဦအိုမင်းမှုသက်တမ်းကိုစစ်ဆေးနိုင်ခြင်း
(ခ)ဆောက်လုပ်ပြီးသား အဆောက်အဦးများရဲ့
ကွန်ကရစ်အရည်အသွေး စစ်ဆေး၍အားနည်းနေတဲ့ နေရာတွေကို ရှာဖွေနိုင်ပါတယ်။ပြုပြင်ဖို့လိုတဲ့နေရာတွေကို ခန့်မှန်းလို့ရနိုင်ပါတယ်။
(ဂ) Quality Control အနေနဲ့ ဆောက်လုပ်နေစဉ် ကာလအတွင်းမှာလဲ ကွန်ကရစ်အရည်အသွေးကို စောင့်ကြည့်နိုင်ပါတယ်။

(ဃ) လေ့ကျင့်မှု ( Training )အချိန်အတိုင်းအတာ အနည်းငယ် အတွင်းမှာ သင်တန်းပေးပြီး အသုံးပြုနိုင်ပါတယ်။စျေးသက်သာ​ပြီးကုန်ကျစရိတ်နည်းစေပါတယ်။အချိန်ကုန်သက်သာ၍ တစ်နေရာလျှင် (၁၀) မိနစ်ထက်မပိုဘဲ စမ်းသပ်စစ်ဆေးနိုင်ပါတယ်။

(င) Non-Destructive စနစ်ဖြစ်၍ ဖြိုချရန်မလိုအပ်ပဲ အမြန်ဆုံး စစ်ဆေးနိုင်သည်။ ပထမအဆင့် ဆန်းစစ်ခြင်း အဖြစ် ပိုမိုတိကျသော စစ်ဆေးမှုများမပြုလုပ်မီ (Core Test, UPV, Rebar Detector) မပြုလုပ်မီ Screening Tool အဖြစ်အသုံးပြုနိုင်ပါတယ်။

၇။ကန့်သက်ချက်များ................................

(က) ငလျင်ဒဏ်ခံအဆောက်အဦများတွင် အတွင်း
Rebound Hammer သည် Concreteမျက်နှာပြင်အနီးရှိ ခိုင်မာမှုကိုသာ တိုင်းတာ ပေးနိုင်ပါတယ်။
ကွန်ကရစ်၏ မျက်နှာပြင် မာကျောမှု (Surface Hardness)တိုင်းတာသော်လည်း အတွင်းပိုင်း
ခိုင်ခံ့မာကြောမှု ကို မတိုင်းတာနိုင်ပါ။ အထူးသဖြင့် အတွင်းပိုင်းတွင် ပျက်စီးသွားခြင်း နဲ့ အက်ကွဲမှုများရှိနေခြင်း မစမ်းသပ်နိုင်ပါ။ကွန်ကရစ်၏ 20mm–50mm အနက်အထိသာသက်ရောက်မှုရှိပါတယ်။
အဆောက်အအုံရဲ့အလုံးစုံကြံ့ခိုင်မှုကို တိကျစွာ ထင်ဟပ်နိုင်မည်မဟုတ်ပါ။

(ခ)Rebar နှင့် Formwork ​installation အားနည်းချက်များအရ သံချောင်းနှင့်နီးသော နေရာများတွင် Rebound Value မှားယွင်းနိုင်ပါတယ်။
အတွင်းအက်ကြောင်းများ (Internal Cracks) ဖြစ်ခြင်း၊ လေခိုနေခြင်း (Voids/Air Pockets) ၊ သံချောင်းချေးတက်ခြင်း (Rebar Corrosion တို့ကိုလည်း စမ်းသပ်၍မရပါ။

(ဂ) Rebound Hammer Test သည် ခန့်မှန်းတွက်ချက်မှုသာ ရရှိနိုင်ပြီး ( Core Test) ကဲ့သို တိကျသော Compressive Strength ကိုတွက်ချက်ပေးဖို့ လိုအပ်ချက်ရှိပါတယ်။

(ဃ) စမ်းသပ်မှုအခြေအနေများအလိုက်
ရလဒ်များသည် မတူညီမှု ဖြစ်ပေါ်တက်ပါတယ်။ ဥပမာ Rebound Hammer ကို အသုံးပြုမယ့်
အော်ပရေတာ ရဲ့ ကျွမ်းကျင်မှု နှင့် ပတ်ဝန်းကျင်အပူချိန် ၊ စိုထိုင်းဆ ကဲ့သို့သော အခြေအနေ များသည် ရလဒ်များကို အများကြီးသက်ရောက်
လွှမ်းမိုးနိုင်ပါတယ်။ ဆိုလိုသည်မှာ ရလဒ်များသည် မတူညီသောစမ်းသပ်သူများ နဲ့ စမ်းသပ်တဲ့ပတ်ဝန်းကျင်များကြားတွင် ကွဲပြားနိုင်ပါတယ်။

(၈) နိုင်ငံတကာစံချိန်စံညွှန်းများ.................................................
International စံချိန်စံညွှန်းများအဖြစ်
ASTM C805 – Rebound Hammer Test Standard Method
IS 516:1959** – Indian Standard for Concrete Testing
BS EN 12504- – European Standard တို့ကို သက်မှတ်ပေးထားပါတယ်။

(၉) အနှစ်ချုပ်..........................

Rebound Hammer Test ဟာကွန်ကရစ်ခိုင်မာမှုကို အလွယ်တကူ ခန့်မှန်းတဲ့ နည်းဖြစ်ပြီးအသုံးများတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ အရည်အသွေးစစ်ဆေးခြင်း (QC) အတွက် ထိရောက်ပါတယ်။
ငလျင်ဒဏ်ခံရထားတဲ့အဆောက်အဦများအတွက် အရေးကြီးသော Preliminary Assessment Tool ဖြစ်သော်လည်း ပို၍ Safe ဖြစ်စေရန် ၊
အတိအကျဆုံးရလဒ်ရရှိရန် အခြားစမ်းသပ်နည်းများနှင့် ပေါင်းစပ်အသုံးပြုဖို့​လိုအပ်ပါသည်။

အတိအကျဆုံးရလဒ်ရရန် အတွက် Core Test စစ်ခြင်း( တိကျသော Compressive Strength ရရှိရန် စစ်ခြင်း)၊ Ultrasonic Pulse Velocity Test (UPV) ကွန်ကရစ်အတွင်းပိုင်း ပျက်စီးမှုကို စစ်ဆေးခြင်း၊Rebar Detector သံချောင်းပျက်စီးမှုကို စစ်ဆေးခြင်း ၊ Visual Inspection အက်ကြောင်း၊ ကွဲအက်မှုများကို မျက်မြင်စစ်ဆေးခြင်း၊ Impact-Echo Test အတွင်းပိုင်း Void နှင့် Delamination များကို ရှာဖွေခြင်း၊
Ground Penetrating Radar (GPR) နံရံများ ကြမ်းပြင်များ သို့မဟုတ် ဖောင်ဒေးရှင်းများကို ပျက်စီးမှုတစ်စုံတစ်ရာမဖြစ်စေဘဲ မူလ Structure
Design မှ ကွဲလွဲချက်များ ကို ရှာဖွေခြင်း စတဲ့
နည်းပညာများနဲ့ ပေါင်းစပ်အသုံးပြုသင့်ပါတယ်။
အခြားသောနည်းပညာများလဲ ရှိကောင်းရှိနိုင်ပါတယ်။ ဖြည့်စွက်ရေးသားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်..
အန္တရာယ်ရှိတဲ့ အဆောက်အဦများ၊ ပြိုကျနိုင်ခြေရှိသော နေရာများမှာ Protocol များကို လိုက်နာဖို့လိုအပ်ပါတယ်။ ငလျင်ဒဏ်ခံ အဆောက်အဦများအတွက် Engineers အသင်းအဖွဲ့များ၊ ငလျင်ပညာရှင်များ ၊ တာဝန်ရှိသူများနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချဖို့ အထူးတိုက်တွန်းပါတယ်။

Senior များ နဲ့ လုပ်ဖော်ကိုင်ဖက် Engineers များအားလုံးကိုလေးစားလျက် 🙏

မိသားစုများအားလုံး ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ..🙏

Credit # ဆရာမဆု (BE (Civil))





ရေချိုးခန်း အလှလေးများ
15/03/2024

ရေချိုးခန်း အလှလေးများ

09/01/2024
“ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ” (အိမ်ဆောက်နည်းအခြေခံသဘောတရားများ)မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတ...
23/08/2023

“ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ”
(အိမ်ဆောက်နည်းအခြေခံသဘောတရားများ)

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့် သိပ်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

* အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ
တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။
အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို
သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။

ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

* တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။

Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။

Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။

Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

*Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။
* ရေကိုဂါလံတွက်သည့်အခါ အလျှား× အနံ × အမြင့် ×6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

*(8"×8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"×12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"×12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '×2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '×2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

*သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"×1")=600'
(11"×1")=655'
(10"×1")=720'
(9"×1")=800'
(8"×1")=900'
(7"×1")=1029'
(6"×1")=1200'
(5"×1")=1440'
(4"×1")=1800'
(3"×1")=2400'
(2"×1")=3600'
(1"×1")=7200'
(2"×1-1/2")=7200 '
(3"×1-1/2")=1600 '
(6"×6")=200 '
( 3"×3")=800 '
(3"×2")=1200 '
(4"×4")=450 '
(4"×2")=900 '
(4"×1-1/2")=1200 '
(5"×5")=288 '
(5"×3")=480 '
(5"×2")=720 '
(6"×2")=600 '
(6"×1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ
ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)

မှတ်ချက်။
မှားတာရှိရင် လွဲတာရှိရင် ပြင်လိုက်ပါရှင့်

Credit *

အိမ်ဆောက်ရက်လရွေးနည်းနှင့်မှတ်သားဖွယ်ရာများ****************************************    *အိမ်* ကျောင်း* ဆောက်ရာရက်လရွေးနည...
23/08/2023

အိမ်ဆောက်ရက်လရွေးနည်းနှင့်မှတ်သားဖွယ်ရာများ
****************************************

*အိမ်* ကျောင်း* ဆောက်ရာရက်လရွေးနည်းများ(ခေတ်ပြောင်းအခြေအနေအရတချို့အရာများမဖြစ်နိုင်သော်ငြားရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့စကားလိုပေါ့ကိုယ့်လူမျိုးရဲ့ရိုးရာဓလေ့ထုံးတမ်းအစဉ်လာကိုလိုက်နာထိမ်းသိမ်းတဲ့သဘောပါ)

သစ်ပင်ပန်းမန်ဆိုတာလူတွေအတွက်ကောင်းမွန်တဲ့အရာပါ။သဘာဝရာသီဥတုကိုသင့်တင့်မျှတစေသလိုသတ္တဝါတွေကိုလည်းအကျိုးပြုစေပါတယ်။မိမိအိမ်ပတ်ဝန်းကျင်ခြံထဲ၊အိမ်မှာအပင်တွေစိုက်ပျိုးခြင်းဟာကိုယ်ရောစိတ်ပါရွှင်လန်းစေမှာပါ။ဒါပေမယ့်လို့ရှေးမြန်မာအယူအရမိမိအိမ်၊ခြံထဲမှာမစိုက်အပ်၊မရှိသင့်တဲ့အပင်တချို့ရှိပါတယ်သိပ္ပံခေတ်ကြီးထဲမှာဒီအယူတွေ ခေတ်မမီတော့ဘူးလို့ဘဲဆိုဆို
ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့စကားဘဲပြောပြောဗဟုသုတအဖြစ်နဲ့ပဲဖြစ်ဖြစ်သိရအောင်အိမ်နဲ့ပက်သက်တဲ့ရှေးမြန်မာအယူတချို့ကိုဖော်ပြပေးလိုက်ပါတယ်

အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များအိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊သပြေပင်များမစိုက်ရစီးပွားပျက်တတ်သည်အနောက်ဘက်တွင်လက်ပံပင်၊ထိန်ပင် တောင်ဘက်တွင်သျှစ်သျှားပင်ဖီးခြမ်းငှက်ပျောသငေ်္ဘာပင်များ မြောက်ဘက်တွင်ထန်းပင်ဆန်းပင်သဖန်းပင်နှင့်သျှစ်သျှားပင်အဆိုပါအပင်များသည်ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါကစီးပွားယုတ်မည်ရောပါဘယထူပြောမည်။
အိမ်တွင်းအိမ်ပြင်ဆူပူတတ်သည်အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်။

#အိမ်ဆောက်ရက်ရွေးနည်း

တနင်္ဂနွေဒုက္ခဆင်းရဲ ရောက်တတ်သည်။တနလာင်္နှစ်လမြောက်တွင်သားသမီးဖွားမြင်သော်ချမ်းသာကြွယ်ဝမည်။
အင်္ဂါဆန်ရေစပါး ပေါများကြွယ်ဝမည်။

ဗုဒ္ဓဟူး၊စနေသုခချမ်းသာရမည်။
ကြာသာပတေးချမ်းသာကြွယ်ဝမည်။
။သောကြာသုံးလကြာလျှင်သုခပွားမည်။

#အိမ်ဆောက်လရွေးနည်း

တန်ခူးလချမ်းသာကြွယ်ဝမည်။
ကဆုန်လဆန်ရေစပါး ပေါကြွယ်ဝမည်။
ဝါခေါင်လဥစ္စာတိုးပွားမည်။

နတ်တော်လထင်ပေါ်ကျော်စောမည်။
။ပြာသိုလလူအများချီးမွမ်းမှုရမည်။
တပေါင်းလချမ်းသာကြွယ်ဝမည်။

ကျန်ခြောက်လတွင် ဆောက်ပါကပျက်စီးခြင်းများ ကြုံရတတ်သည်။

ယနေ့ခေတ်မှာအိမ်ကိုသစ်သားအခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့်အတွင်းပိုင်း အလှဆင်တာမျိုးတို့ပရိဘောဂတွေမှာတော့တွင်တွင်ကျယ်ကျယ်သုံးနေကြသေးတာကြောင့်သစ်ဟာအိမ်တစ်အိမ်ရဲ့အဓိကပါဝင်ပစ္စည်း ဖြစ်နေပါသေးတယ်

။ရှေးမြန်မာလူကြီးများကတော့အိမ်နဲ့ပက်သက်ရင် သစ္ကို အလွန်စိစစ်ပါတယ်။ဗဟုသုတအလို့ငှာသိသလောက်ဖော်ပြပေးလိုက်ပါတယ်မသုံးအပ်သောသစ်(၈)မျိုး၁။ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ်(သစ္ဆြဲခ်)၂။သစ်ခွသစ်ကိုင်းကြားတို့တွင်တင်နေသောသစ်(လူကောင်တင်)၃။အဖျားကြီး၍အရင်းရှူးသောသစ်(သစ္ဘီလူး)

၄။အရင်းအဖျားရှူး၍အလယ်တွင်ကြီးသောသစ်(သစ်နပုန်း)၅။လမ်းကူးချောင်းကူးသစ်(သစ္တံတား(ခ)သစ်လမ်းကူး)၆။အပင်ချင်းအကိုင်းချင်းကြိတ်သောသစ်(သစ်ကြိတ်)၇။အပငျတှငျနှယျရဈပတျနသေောဈ(သစ္နဂါး)၈။မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ်(သစ်စည်ယို)အိမ်၊ ကျောင်း ဆောက်ရာတွင်မသုံးအပ်သောသစ်(၁၁)မျိုး

၁။မိကျောင်း၂။မအူ၃။သခွတ်၄။ ညောင်၅။သျစ်သျား၆။သီး(သား)၇။သပွေ၈။သဈစိမျရသေား၉။ ကေလာ၁၀။လက်ပံ၁၁။လဲအိမ်၊ ကျောင်း ဆောက်ရာတွင်မပြုအပ်သောအရာများ၁။တိုင်ဟောင်းကိုပန်းမဆွဲရ။၂။ထုပ်မစွပ်ခင်ယက်မမတင်ရ။
၃။တိုင်တို(ထောက်တို)ကိုကြမ်းပေါ်မပိုစေရ။၄။ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ။၅။ ခေါင်လျှောက်ခွတင်မပြီးခင်ကြမ်းမဖောက်ရ

၆။တိုင်ထူရာတွင်တိုင်ချင်းမထိရ။၇။အိမ်ဆောက်မပြီးခင်ဝန်းမခတ်ရ။၈။ထုပ်၊ လျှောက်၊ဒိုင်း၊ မြားခါးပန်းတို့ကိုအလယ်တည့်တည့်တွင်မဆက်ရ။၉။အမျိုးမတူသောသစ်ချင်းမဆက်ရ၁၀။
အိမ်ဟောင်း၏ လျှောက်ပေါ်တွင်အိမ်သစ်၏လျှောက်ကိုတင်၍မဆက်ရ။တိုးတက်လာသောယနေ့ခေတ်အနေအထားအရအထက်ပါအကြောင်းအရာတို့အားလုံးဝရှောင်ကျဉ်ရန်မဖြစ်နိုင်တော့ပါဘူး။

ဒါပေမယ့်လို့ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့စကားလိုမျိုးပါဘဲနှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကိုမျှဝေချင်တဲ့သဘောပါ။

Crd

ဆောက်လုပ်ရေးဆိုင်ရာ သိမှတ်ဖွယ် အချို့...=============================မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေ...
22/08/2023

ဆောက်လုပ်ရေးဆိုင်ရာ သိမှတ်ဖွယ် အချို့...
=============================

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရမည်။
* အဆောက်အဦအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅) (၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။
* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။ (သို့မဟုတ်)ရေလောင်းပေးရမည်။
* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင် အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။
* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။
* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့် အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။
လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။ ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။
ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ် (၇)ရက်အထိ ရေဖြန်းပေးရပါသည်။
* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course) ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။
* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။
* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)
* တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။
* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။
* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။
* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့် လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁ စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။ လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။
* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။
* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည် ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထား ရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက်
အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ဖွေညျ့ထားရပါမညျ။
မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။
*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။
*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။
*Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။
* ရေကိုဂါလံတွက်သည့်အခါ အလျှား အနံ အမြင့် 6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။ရေကိုလီတာဖြင့်တွက်သည့်အခါအလျားအနံအမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။
*(8"8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်
*သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"1")=600'
(11"1")=655'
(10"1")=720'
(9"1")=800'
(8"1")=900'
(7"1")=1029'
(6"1")=1200'
(5"1")=1440'
(4"1")=1800'
(3"1")=2400'
(2"1")=3600'
(1"1")=7200'
(2"1-1/2")=7200 '
(3"1-1/2")=1600 '
(6"6")=200 '
( 3"3")=800 '
(3"2")=1200 '
(4"4")=450 '
(4"2")=900 '
(4"1-1/2")=1200 '
(5"5")=288 '
(5"3")=480 '
(5"2")=720 '
(6"2")=600 '
(6"1-1/2")=2400 '
1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"
8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"
10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km
တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ
ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။
Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)
*လိုအပ်သည်များကို မိမိတို့အသိပညာ၊အတွေ့အကြုံများဖြင့် ထပ်မံဖြည့်ဆည်းပါလို့ပြောရင်း........

22/08/2023
ရေဂါလံတွက်နည်း==============ရေ (၁)ကုဗပေ = ၆၂.၄ပေါင် လေးသည်။ရေ(၁)ဂါလံ      = ၁၀ပေါင် လေးသည်။ရေ(၁)ကုဗပေ  = ၆.၂၂၉ဂါလံ ရှိသည...
13/04/2023

ရေဂါလံတွက်နည်း
==============

ရေ (၁)ကုဗပေ = ၆၂.၄ပေါင် လေးသည်။
ရေ(၁)ဂါလံ = ၁၀ပေါင် လေးသည်။
ရေ(၁)ကုဗပေ = ၆.၂၂၉ဂါလံ ရှိသည်။
၄.၅၄လီတာ = (၁)ဂါလံ
တစ်တန် = ၂၂၄၀ပေါင်
၁ပီပါ = (၅၀)ဂါလံ

ဥပမာ။ ။၄'x၄'x၄' အုတ်ကန်ရေဂါလံဘယ်လောက်ဆန့်လဲသိရှိလိုလျှင်

4'4'4' = 64cuft (၆၄ကုဗပေရမည်)
၆၄ကု/ပေ ကို ရေ(၁)ကုဗပေမှာရှိတဲ့
၆.၂၂၉ဂါလံနဲ့ မြှောက်ရင်

64cuft 6.229gal/ cuft = 398.656gal
အဲ့တော့ (၄၀၀)ဂါလံပေါ့ဗျာ

၁ဂါလံ ကို ၁၀ပေါင်လေးတော့ ၄၀၀ဂါလံဆိုတော့
400gal x 10 lb/gal = 4000lb

ပေါင် ၄၀၀၀ ပေါ့နော်။ တန် သိချင်ရင် ၂၂၄၀ နဲ့ထပ်စား။
4000lb 2240 lb/ton = 1.79 Ton
ရေရဲ့သီးသန့်အလေးချိန်ကိုက ၂တန်ဘဲ ဆိုကျပါစို့။

ရေဂါလံသိချင်ရင်အုတ်ရေကန်ကအလျှား4'အနဲ4'အမြင့်4'ဆိုပါကရေတဂါလံ6.25=400ဂါလံ

လီတာသိချင်ရင်
ရလာတဲ့(၄၀၀)ဂါလံနဲ့ 1galမှာရှိတဲ့ ၄.၅၄လီတာမြှောက်
400gal x 4.54 lit/gal = 1800lit
(၁၈၀၀)လီတာ
liter ကို gal ပြန်ပြောင်းချင်ရင်
1800lit 4.54lit/gal=400gal
လက်ရှိအသုံးပြုနေတဲ့ စတီးတိုင်ကီတွေမှာဆို lit1000လို့ရေးထားပါက 1000lit4.54=220galပါခင်ဗျ

တခြားစက်ဝိုင်းပုံသဏ္ဌာန်ဖြစ်တဲ့ဟာတွေဆိုရင် circleရဲ့areaကိုရှာပြီးအမြင့်နဲ့မြှောက် ကုဗပေ(volume)ကိုရရင်၆.၂၂၉နဲ့မြှောက်လိုက်ရင်လိုချင်တဲ့ဂါလံရပါလိမ့်မည်။အဓိကကတော့ဘယ်ပုံသဏ္ဌာန်ဖြစ်ပါစေ အဲ့ပုံသဏ္ဌာန်ရဲ့ကုဗပေ(volume)
ကိုရအောင်ရှာပြီး၆.၂၂၉နဲ့မြှောက်လိုက်ရုံပါပဲ။
ပေါင်တို့တန်တို့လိုချင်ရင်လဲအပေါ်ကပေးထားတဲ့ပုံသေနည်းနဲ့မြှောက်သွားယုံပါပဲဗျာ။
Volume ရှာတဲ့ ပုံသေနည်းလေးလဲ ထည့်ပေးထားပါတယ်ဗျ။
တခု သတိပြုရမှာက Unit အသုံးပြုရာမှာ
US နဲ့ UK အသုံးပြုမှုကွာတာကို သတိပြုရပါမယ်။

US 1 gallon မှာ 3.785 liter နဲ့
1cu ft of water = 7.481gallon
ကျွန်တော်တို့ နိုင်ငံမှာ အသုံးပြုနေတာ UKရဲ့
imperial gallon
1 imperial gallon = 1.2 US gallon

(8"8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

120ကိုတည်ပြီးမိမိတို့အသုံးပြုမည့်ကြွေပြားဆိုဒ်ကိုစားပါ(ဥပမာ 8"12"ကြွေပြားကပ်မယ်ဆိုပါဆို့
1208"=15ချပ်
12012"=10ချပ်ဆိုတော့
15ချပ်10ချပ်ဆိုတော့8"12" ကြွေပြားတကျင်းကိုအချပ်ရေ150ပေါ့နော်
ဘယ်ကြွေပြားဆိုဒ်မဆိုတွက်ကြည့်ပါနော်

GRP Water Tank ဂါလံတွက်နည်း
1 m3 = 220 Gallons

L 3M x W 2M x H 2M ဆိုလျှင်
= 3 x 2 x 2 = 12 m3 x 220 = 2640 Gallons

မူးရင်းရေးသားသူကို လေးစားလျှက်
Credit 🙏🙏🙏🙏🙏🙏🙏🙏🙏

Address

MaMa(16)၊Myayenandar
Mandalay
144311

Website

Alerts

Be the first to know and let us send you an email when Golden Trace Renovation, Design and Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share