27/08/2026
ဝက်ခြံတွေ သေချာလေးပျောက်ချင်တယ်ဆ်ို
ဝက်ခြံတွေကို လက်နဲ့ကလိနေတုန်းလား?
Thursday Plantation Tea Tree Acne Gel Review :
Tea tree နဲ့မတည့်တဲ့သူတွေအတွက်တော့ ဝမ်းနည်းစရာပဲ ဒါတကယ်ကိုကောင်းတာ။ ဒါပေမဲ့ ကြိုက်တဲ့အချက်လည်းရှိသလို မကြိုက်တဲ့အချက်လည်းရှိတယ်
သုံးကြည့်ပြီးတော့မှ သိတယ် Inter ထိ review တွေပေါက်တာ မဆန်းတော့ပါဘူး ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့quality ကတန်တာကို။
ဒါကAustralia brand ဖြစ်တဲ့Thursday Plantation ကနေထုတ်ထားတဲ့Acne gelပေါ့ အဓိက main ingredients အနေနဲ့ Australian tea tree oil 20%ကိုသုံးထားတယ် ဝက်ခြံအတွက်ထုတ်ထားတဲ့ products တွေမှာပါလေ့ရှိတဲ့ Benzoyl peroxide ကိုအစားထိုးသုံးထားတဲ့အတွက်ကြောင့်အသားရည်နုတဲ့သူတွေအတွက် ပိုပြီး mild ဖြစ်ပြီးတော့ side effectsနည်းတယ် အားလုံးသိကြမှာပါ tea tree ကဝက်ခြံအတွက်အရမ်းကိုကောင်းပြီးထိရောက်တဲ့ingredient ဆိုတာကိုပေါ့ တကယ်လည်းဟုတ်ပါတယ် tea tree က natural antibacterial ingredient တစ်ခုဖြစ်ပါတယ် ဒါပေမဲ့လူတိုင်းနဲ့တော့ မတည့်ပါဘူးနော် မတည့်တဲ့သူတွေလည်းရှိပါတယ်
သူ့ရဲ့texture ကthick ဖြစ်ပြီးတော့ တော်တော်လေးကို အနံ့ပြင်းပါတယ် တော်ရုံတန်ရုံပြင်းတာမဟုတ်ပါဘူး နှာခေါင်းထဲကို စူးခနဲဖြစ်တဲ့အထိ tea tree အနံ့ကတော်တော်လေးကိုပြင်းတာပါ (နောက်ပိုင်းတော့ တစ်ဖြည်းဖြည်းချင်းနေသားကျသွားပါတယ်) Parabens , sulphates စတဲ့ preservatives တွေfreeဖြစ်ပြီးတော့ animals derived ingredients တွေလည်းမပါတဲ့အတွက်ကြောင့် crueltyလည်းfreeဖြစ်ပါတယ်
သူ့ကိုကြိုက်တဲ့အချက်က နှစ်ရက်လောက်နဲ့ အရောင်ကျတာပါ တကယ်ကိုသိသာတယ် Hanကတော့ ဝက်ခြံထွက်လာရင် ညဖက်ပဲပုံမှန်တို့ဖြစ်ပေမဲ့ စိတ်ကူးပေါက်ရင်တော့ မနက်ပါတို့ဖြစ်တယ် ပြီးတော့ Hanက ဒါတို့ပြီးရင် စိတ်ထဲမေ့ထားလိုက်ပြီး ဝက်ခြံကိုသွားသွားပြီးလုံးဝ မကလိပါဘူး ပြီးတော့ Han skincare သုံးတဲ့အခါကြရင် step တွေနည်းနည်းဂယက်ထတဲ့အခါမှာ အနီဖုလေးတွေထွက်တတ်တယ် အဲ့လိုမျိုးအချိန်မှာလည်း ဒါတို့တဲ့အခါမှာ သက်သာတယ်
နောက်တစ်ခုက ဝက်ခြံထွက်တဲ့အချိန်မှာ လက်နဲ့မကလိရရင်နေနိုင်ပေမဲ့ အဆီဖုဆိုရင်တော့မနေနိုင်သေးပါဘူး အခုထိညှစ်နေဆဲ🥲 အဲ့လိုမျိုးညှစ်ပြီးတဲ့အခါကြရင်လည်း အသားရည်မထိအောင် အစိုဓာတ်ကိုသေချာထိန်းပြီး ဒီgel ကိုတို့ဖြစ်တယ် healing တော်တော်လေးကောင်းတယ် ဘယ်သွားသွားဆောင်သွားဖြစ်မဲ့ထဲမှာ သူကတော့ တစ်ခုအပါအဝင်ဖြစ်သွားပါပြီ texture ကလည်း thickဖြစ်တဲ့အတွက်ကြောင့် အများကြီးညှစ်စရာမလိုဘူး waste ဖြစ်တယ် ကိုယ်တို့မဲ့လောက်ပဲညှစ်ပါ
Tea tree နဲ့တည့်တဲ့သူ Maskne ကြောင့်ဝက်ခြံအမြဲထွက်တတ်တဲ့သူတွေ ဆောင်ကိုဆောင်ထားသင့်တဲ့ must have product ပါ Hanကတော့ သူ့ကိုrating ပေးရမယ်ဆိုရင် 8 out of 10 ပေးပါတယ် ဘာလို့လျှော့လိုက်လည်းဆိုတော့ အနံ့ပြင်းလို့ပါ Price ကလည်း 25g မှ 18000 ဝန်းကျင်ပဲပေးရပါတယ် တစ်မျိုးလုံးတစ်ဆွေလုံးဝိုင်းတို့ရင်တောင် (6) လလောက်ခံပါတယ် စိတ်မပူပါနဲ့ ဝယ်ချလိုက်ပါ ပျို
Where u can buy ~ Maven Lookand other pages.
Ok ! Bye Bye🫰🏻