27/09/2016
Ideas for improvement of Visualization 2
September 10, 2012 at 3:41am
ပထမ အပိုင်းမှာ general အပိုင်းကို ရေးထားပေးခဲ့ ပါတယ်။ ဒီအပိုင်းမှာတော့ အဓိက အနေနဲ့ Architectural visualization အပိုင်းကို ဦးတည်ရေးပါ့မယ်။ ကျွန်တော် သုံးတဲ့ အဓိက software တွေကတော့ 2d draft အတွက် Autocad , 3d model အတွက် 3ds max နဲ့ material , lighting , rendering ကို တော့ vray ကို သုံးပြီး post-production အပိုင်းကို တော့ photoshop ကို သုံးပါတယ်။
Architectural visualizer တစ်ယောက်အနေနဲ့ Autocad ကို အခြေခံ အဆင့်တော့ အနည်းဆုံး ကျွမ်းကျင်ရပါမယ်။ Autocad မှာ ဆွဲထားတဲ့ layout plan နဲ့ elevation တွေကို ကျွမ်းကျွမ်းကျင်ကျင် သိမြင် နားလည်ပြီး ( feet ,in) Architectural scale နဲ့ ( mm ,cm , m) စတဲ့ metric scale တွေ ကိုလည်း ရင်းနှီး ကျွမ်းဝင်နေသင့်ပါတယ်။
အရင်ဆုံး အနေနဲ့ 3ds max ကို စအသုံးပြုချိန်မှာ unit setup ကို သေချာ လုပ်ခဲ့ ဖို့လိုပါမယ်။ unit setup ချိန်တဲ့ နေရာမှာ display unit နဲ့ system unit ကို ၂ ခု လုံး တစ်ထပ်တည်း ဖြစ်အောင် ချိန်ခဲ့ ဖို့ အလွန် အရေးကြီးပါတယ်။ ဥပမာ _ display unit မှာ inch ထားပြီး system unit မှာ mm သာ ထားခဲ့မယ်ဆိုရင် ဆွဲသမျှ အရာတွေ အားလုံးဟာ inches နဲ့ ဖော်ပြနေမှာ ဖြစ်ပေမယ့် တစ်ကယ့် နောက်ကွယ် က 3ds max က သိထားတာက mm ပါ။ ဥပမာ- ၁၀ ပေ ပတ်လည်း အခန်း ဆိုပါစို့ ( အလျား x အနံ x အမြင့်) ၁၀ ပေ ကို ဆိုလိုပါတယ်။ တစ်ကယ် 3ds max က ၁၀ mm ပတ်လည် အခန်း အဖြစ်ပဲ နားလည်ပါလိမ့်မယ်။
အဲဒီ အတွက် ဘာတွေ ဖြစ်လာမလဲ ဆိုတော့ light တစ်ခု ထွန်းလိုက်ပြီ ဆိုရင် photometric lights တွေ ထဲက 4 ft fluorescent light ထွန်းတယ် ဆိုပါဆို့ ။ အပြင် လောက မှာ ၁၀ ပေပတ်လည် အခန်း တစ်ခုမှာ ၄ ပေ မီးချောင်း တစ်ချောင်းအနေနဲ့ အတော်လင်းမှာပါ။ အခု လက်ရှိ display နဲ့ system unit လွဲနေတဲ့ အခြေအနေ မျိုးမှာတော့ ပုံမှာ 10 ပေပတ်လည် အတိုင်းအတာ ပြထားပေမယ့် တစ်ကယ် 3ds max က နားလည် ထားတာက 10 mm ပတ်လည် ဖြစ်နေတဲ့ အတွက်( 1 inch = 25.4 mm ) တစ်ကယ် ၁၀ ပေ ပတ်လည် အတိုင်းအတာထက် ၂၅ ဆ သေးနေမှာ ဖြစ်တော့ အလင်းတွေ အရမ်းများ ပြီး burn နေပါလိမ့်မယ် ။
ထို့ အတူ default value အနေနဲ့ light intensity ကို 1 ...2 ..စသဖြင့် သုံးခဲ့ရင်လဲ display နဲ့ system units တူတဲ့ အခါမျိုးမှာ light intensity ကို 1 နဲ့ အဆင်ပြေခဲ့တယ်ဆိုရင် အခု လက်ရှိ display နဲ့ system unit လွဲနေတဲ့ အခြေအနေ မျိုးမှာတော့ ၀.၀၂၅ မှ အဆင်ပြေမှာပါ ။ ဒါကြောင့်လဲ တစ်ချို့ တွေ ဒီ အတိုင်းအတာပဲ ဒီပုံမှာ ၁ နဲ့ အဆင်ပြေပေမယ့် နောက်ပုံမှာ ကျတော့ အရမ်းများမှ တို့ ၊ အရမ်းနည်းမှာ တို့နဲ့ အဆင်ပြေတာမျိုးတွေ ဖြစ်ပြီး ပုံသေမရှိပဲ တစ်ပုံ တစ်မျိုး အဆင်ပြေသလို လုပ်နေ ရတတ်ပါတယ်။
ဒါလောက် ဆိုရင်တော့ display unit နဲ့ system unit ကို ၂ ခု လုံး တစ်ထပ်တည်း ဖြစ်အောင် ချိန်ခဲ့ ဖို့ အလွန် အရေးကြီးတယ် ဆိုတဲ့ အပိုင်းကို သဘောပေါက်မယ် ထင်ပါတယ်။
credit to ဆရာ ဝေဖြိုး studio 34