23/09/2024
ဆောက်လုပ်ရေးသုံး ကွန်ကရစ်အမျိုးအစား (23) မျိုးနှင့် ၎င်းတို့၏ အသုံးပြုပုံများ
ကွန်ကရစ် အမျိုးအစား တွေကို ၎င်းတို့၏ ဖွဲ့စည်းထားသော ပါ၀င်ပစ္စည်းများ ၊ ဖျော်စပ်မှု ဒီဇိုင်း ၊ ဆောက်လုပ်သောနည်းစနစ် ၊ အသုံးပြုသောနေရာ နှင့် hydration reaction ပေါ်မူတည်၍ ခွဲခြားနိုင်ပါသည်။ ယေဘုယျအားဖြင့်ခွဲခြားထားသော ကွန်ကရစ်အမျိုးအစား(23)မျိုးကတော့
1. Normal Strength Concrete
အခြေခံပါ၀င်ပစ္စည်းများ ဖြစ်သော ဘိလပ်မြေ၊သဲ၊ ရေနှင့် ရောစာ aggregate များဖြင့် ဖျော်စပ်ခြင်းဖြင့် normal strength concrete ကိုရရှိပါသည်။ကွန်ကရစ် strength ကတော့ 10 MPa ကနေ 40MPa ထိပြောင်းလဲနိုင်ပါသည်။ initial setting time ကတော့ ဘိလပ်မြေ အရည်အသွေးနဲ့ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး 30 မိနစ်ကနေ 90 မိနစ်အထိ ဖြစ်နိုင်ပါတယ်။
2. Plain Concrete
plain concrete တွေကတော့ အားဖြည့်သံချောင်းများ မပါ၀င်ပါဘူး။ အဓိက ပါ၀င်ပစ္စည်းများကတော့ ဘိလပ်မြေ၊ ရေနှင့် ရောစာ aggregate များ ဖြစ်ပါသည်။ အသုံးများတဲ့ mix design ကတော့ 1:2:4 ဖြစ်ပါတယ်။
plain concrete ရဲ့ density ကတော့ 2200 ကနေ 2500 Kg/meter cubeအထိ ရှိနိုင်ပါတယ်။ ဖိအားခံနိုင်မှု (Compressive Strength)ကတော့ 200~500 kg/cm²
အထိရှိိနိုင်ပါတယ်။
Plain Concrete အမျိုးအစားကိုတော့ လူသွားလမ်းတွေနဲ့ tensile strength. အနည်းငယ်ပဲ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုပါတယ်။
3. Reinforced Concrete
Tensile strength ကို ခံနိုင်ဖို့ ကွန်ကရစ်ထဲမှာ အားကူ သံချောင်းများ ထည့်သွင်း အသုံးပြုထားတာပါ။ Plain concrete က( tension ) ဆွဲအားခံနိုင်မှုမှာ အားနည်းပြီး ( compression ) ဖိအားခံနိုင်မှုမှာတော့ အားကောင်းပါတယ်။
သံချောင်းထည့်တဲ့နေရာမှာလဲ rods, bars နဲ့ meshes (ဇကာကွက် ) ပုံစံထည့်သုံးကြပါတယ်။ ယခုအခါမှာတော့ fibers အမျှင်များ အနေနဲ့လဲ ထည့်သုံးလာကြပါတယ်။
မည်သည့် reinforcement အမျိုးအစားပဲသုံးသုံး ကွန်ကရစ်နဲ့ သံချောင်းတွဲဆက်အားကောင်းဖို့ အထူးလိုအပ်ပါတယ်။
4. Prestressed Concrete
အချို့ ဧရာမ Project ကြီးတွေမှာ prestressed concrete တွေနဲ့ ဆောက်လုပ်ကြပါတယ်။ တကယ့် အဆောက်အဦးရဲ့ ၀န်မထမ်းရခင်မှာ tendons ကြိုးများနဲ့ အရင် Stress ပေးထားတဲ့ နည်းစနစ်ပါ။
Prestressingလုပ်ခြင်း ဖြစ်စဉ်ကတော့ ကွန်ကရစ် Member တွေကို Tension ကို ပိုမို ခံနိုင်စေဖို့ပါ။ စက်ကြီးများ လိုအပ်ပြီး Tensioning လုပ်ဖို့ အတွက် ကျွမ်းကျင် လုပ်သားများလဲ လိုအပ်ပါတယ်။ တံတားနဲ့ ၀န်အားမြင့် အဆောက်အဦးများ နှင့် ခန်းဖွင့် ကျယ်သော အမိုးများ အတွက် အသုံးပြုကြပါသည်။
5. Precast Concrete
စက်ရုံမှာ Drawing များ၏ လိုအပ်ချက်အရ ကြိုတင်ပြုလုပ်ထားပြီး လုပ်ငန်းခွင်သို့ သယ်ဆောင်ရသော ကွန်ကရစ် အမျိုးအစား ဖြစ်ပါသည်။
precast concrete units တွေကတော့ concrete blocks( ကွန်ကရစ်တုံးများ) , staircase units ( လှေကား အစိတ်အပိုင်းများ) , precast walls and poles ( နံရံချပ်များ) , concrete lintels နှင့် အခြားဆက်စပ် ပစ္စည်းများ ဖြစ်ပါသည်။ အရည်အသွေး စိတ်ချရခြင်းနှင့် သယ်ဆောင်ရလွယ်ကူခြင်း စသည့် အားသာချက်များ ရှ်ိပါသည်။
6. Lightweight Concrete
density 1920kg/m³ ထက်နည်းတဲ့ ကွန်ကရစ် ကို lightweight concreteလို့ခေါ်ပါတယ်။ ရောစာ aggregates တွေကို ပေါ့ပါးသော အလေးချိန်ရှိပစ္စည်းများ သုံးခြင်းဖြင့် lightweight Concrete ကို ရရှိပါတယ်။
light weight aggregates တွေကတော့ pumice, perlites, and scoria စတဲ့ ကျောက်အမျိုးအစား တွေ ဖြစ်ပါတယ်။
light weight concrete တွေကိုတော့ steel structures တွေမှာ အကာအရံတွေ အဖြစ်အသုံးပြုပြီး တံတားရှည် ဆောက်လုပ်ရေးတွေမှာ အသုံးပြုပါတယ်။
7. High-Density Concrete
Density 3000 ကနေ 4000 kg/m³ ကြားရှိတဲ့ ကွန်ကရစ်ကိုတော့ heavyweight concrete လို့ခေါ်ပါတယ်။ အလေးချိန်များတဲ့ ရောစာ aggregates တွေကို အသုံးပြုပါတယ်။ အသုံးများတာကတော့ Barytes ကျောက် အမျိုးအစား ဖြစ်ပါတယ်။
power plants တွေနဲ့ အလားတူ projects တွေအတွက် radiations တွေကို ခံနိုင်ဖို့ အသုံးပြုပါတယ်။
8. Air Entrained Concrete
ကွန်ကရစ်ရဲ့ 3 % ကနေ 6% အထိကို လေပါ၀င်အောင် ပြုလုပ်ထားတဲ့ ကွန်ကရစ်အမျိုးအစားပါ။ လေပါ၀င်နိုင်အောင် air entraining agents တွေဖြစ်တဲ့ resins, alcohols, နဲ့ fatty acids စသည်တို့ကို ကွန်ကရစ်ထဲ ထည့်သုံးပါတယ်။
9. Ready Mix Concrete
mixing plant တွေမှာ ဖျော်စပ်တဲ့ ကွန်ကရစ်ကို ready-mix concrete လို့ ခေါ်ပါတယ်။ ဖျော်စပ်ပြီး သားကွန်ကရစ်တွေကို ကွန်ကရစ်သီးသန့်သယ်ဆောင်သော ယာဉ်များနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် ကို ပို့ဆောင်ပါတယ်။ ready-mix concrete တွေက တိကျပြီး လိုချင်သောကွန်ကရစ် အရည်အသွေးအတိုင်း ရရှိပါသည်။
ကွန်ကရစ်ဖျော်စပ်တဲ့ plants တွေကလဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ နီးရပါတယ်။ သယ်ယူပို့ေ ဆာ င်ချိန် ကြာတဲ့ အခါမျိုးမှာ ကွန်ကရစ်ခဲခြင်းနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
10. Polymer Concrete
သမာရိုးကျ ကွန်ကရစ်နဲ့ မတူတာက polymer concrete မှာက aggregates တွေက ဘိလပ်မြေအစား polymerများနဲ့ ပေါင်းစပ်တာပါ။ aggregate တွေကြားမှာ ရှိတဲ့ လေပေါက်တွေကို polymer concrete ကလျော့ချ ပေးပါတယ်။ polymer concreteကိုတော့
(၁) Polymer Impregnated Concrete
(၂) Polymer cement concrete
(၃) Partially Impregnated ဆိုပြီး သုံးမျိုးထပ်ခွဲခြားနိုင်ပါသည်။
11. High-Strength Concrete
strength 40MPa ထက်များတဲ့ ကွန်ကရစ်ကို high strength concrete လို့ခေါ်ပါတယ်။ water-cement ratio ကို 0.35 အောက်အထိ လျော့ချလိုက်ခြင်းဖြင့် strength ကို တိုးလာအောင် ပြုလုပ်ပါတယ်။
high strength concrete တွေကို သုံးရတဲ့ ရည်ရွယ်ချက်ကတော့ အလေးချိန်နှင့် အက်ကြောင်းများ ကိုလျော့ချရန် နှင့် durability ကို တိုးတက်စေဖို့ ဖြစ်ပါတယ်။
12. High-Performance Concrete
လေ့လာမှတ်သားထားရမှာကတော့ high strength concrete အမျိုးအစား တွေအားလုံးက high-performance အမျိုးအစားတွေ ဖြစ်နိုင်ပါတယ်။ သို့သော် high-performance concrete (HPC)ကွန်က ရစ်အမျိုးအစား အားလုံးကတော့ high strength concrete မဖြစ်နိုင်ပါဘူး။
high-performance concrete ရဲ့စံနှုန်းတွေကတော့
• Strength ကို လျှင်မြန်စွာ ရရှိခြင်း
• ကွန်ကရစ်လောင်း ရ လွယ်ကူခြင်း
• Permeability နှင့် density factors
• Hydrationလုပ်ရန် လိုအပ်သော အပူချိန်
• သက်တမ်းကြာရှည်ခြင်း နှင့် ကြံံ့ခိုင်ခြင်း တို့ ဖြစ်ပါသည်။
13. Self – Consolidated Concrete
ကွန်ကရစ်ရဲ့ ကိုယ်ပိုင်အလေးချိန်နဲ့ ပြန်ပြီး သိပ်သည်းစေခြင်းကို self-consolidated concrete လို့ခေါ်ပါတယ်။ vibration သီးခြားပေးဖို့ မလိုအပ်ပါဘူး။ slump value က 650 နဲ့ 750အတွင်း ရှိရပါမည်။
သံချောင်းဆင်ထားတာတွေ ထူထပ်တဲ့ အခါမျိုးမှာ self – consolidating concrete ကို အသုံးပြုခြင်းက လွယ်ကးစေပါတယ်။
14. Shotcrete Concrete
အခြားသော ကွန်ကရစ်အမျိုးအစားများနဲ့ ကွဲထွက်တာက Shotcrete ကွန်ကရစ်က လောင်းမဲ့နေရာကို တိုက်ရိုက် မှုတ်ထည့်ရတာမျိုးဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားတဲ့ frame တွေ formwork တွေထဲ nozzleနဲ့ မှုတ်သွင်းခြင်း ဖြစ်ပါတယ်။ လေဖိအားများများနဲ့ မှုတ်သွင်းတာ ဖြစ်တဲ့အတွက် compaction ပါ တချိန်ထဲပေး ပြီး သား ဖြစ်သွားပါတယ်။
15. Pervious Concrete
Pervious or permeable concrete ဆိုတာကတော့ ရေကို ဖြတ်သန်းစီးဆင်းနိုင်အောင် ဒီဇိုင်းလုပ် ထားတဲ့ ကွန်ကရစ် အမျိုးအစား 15 % ကနေ 20% အထိ voids အပေါက်လေးတွေနဲ့ ဖွဲ့စညး်ထားပါတယ်။
လူသွားလမ်းများနှင့် ကားလမ်းတွေမှာ ရေကြီးခြင်း ကို ကာကွယ်ရန် အသုံးပြုပါတယ်။ မိုးရွာသွန်းချိန်မှာ လမ်းများမှ တစ်ဆင့် ရေများဖြတ်သန်းစီးဆင်းပြီး မြေအောက်ရေသို့ ရောက်ရှိသွားစေရန် ဖြစ်ပါသည်။
16. Vacuum Concrete
Vacuum concrete ဆိုသည်မှာ ကွန်ကရစ်လောင်းပြီးချိန်မှာ vacuum pressure နဲ့ အတွင်းကရေတွေကို ဖယ်ထုတ်တဲ့ နည်းစနစ်သုံး ကွန်ကရစ် ဖြစ်ပါတယ်။ သမာရိုးကျ ကွန်ကရစ်များသည် 28ရက်မှ compressive strength အပြည့်ရရှိသော်လည်း Vacuum concrete တွင် 10 ရက်နှင့် Strength ရရှိနိုင်ပါသည်။
17. Pumped Concrete
အထပ်မြင့် အဆောက်အဦးများ ကွန်ကရစ်လောင်းသောအခါ pump များနှင့် စုပ်ယူပြီး အမြင့်သို့လှမ်းလောင်း ရတဲ့ အတွက် စုပ်ယူရလွယ်ကူသော pumpable concrete ကို ဒီဇိုင်းပြုလုပ်လာကြပါ သည်။
စုပ်ယူပြီး လောင်းသည့်ပိုက်များတွင် ကြပ်တည်း ပိတ်ဆို့ခြင်း မဖြစ်ပေါ်စေရန် ကျောက်အမျိုးအစား နှင့် အရွယ်အစားများကို ဂရုတစိုက်ရွေးချယ်ရန် လိုအပ်ပါသည်။
18. Stamped Concrete
Stamped concrete ဆိုသည်မှာ ကြမ်းခင်းများ ၊ ကားShowroomများ၊ လူသွားလမ်းများနှင့် လျှေက်လမ်းများတွင် အလှအပအနေဖြင့် သဘာဝကျောက်များ၊ granitesနှင့် ကြွေပြားများ ပေါင်းစပ်ထား သော ပုံစံရရှိအောင် ပြုလုပ်ထားသော ကွန်ကရစ်အမျိုးအစား ဖြစ်ပါသည်။
19. Limecrete
ဘိလပ်မြေနေရာမှာ ထုံးအစားထိုး အသုံးပြုထားတဲ့ ကွန်ကရစ် အမျိုးအစားဖြစ်ပါတယ်။ ကြမ်းခင်းတွေနဲ့ အမိုးခုံးတွေမှာ အသုံးများပါတယ်။ လျှင်မြန်စွာ သန့်ရှင်းနိုင်ပြီး အသစ်ပြန်လောင်းဖို့လဲ လွယ်ကူပါတယ်။
20. Asphalt Concrete
လမ်းများ ၊ ကားပါကင်များ ၊ လေဆိပ်လျှောက်လမ်းများ ၊ ဆည်အောက်ခံများ တည်ဆောက်ရန် aggregates များနှင့်င asphalts များရောစပ်ထားသော ကွန်ကရစ်အမျိုးအစား ဖြစ်ပါသည်။
21. Roller Compacted Concrete
မြေရှင်းသော စက်ယန္တရားကြီးတွေ ဖြစ်တဲ့ heavy rollers တွေရဲ့ အကူအညီနဲ့ ကွန်ကရင်လောင်း ခြင်းနှင့် ကျစ်လစ် သိပ်သည်းအောင် ပြုလုပ်ထားသော ကွန်ကရစ် အမျိုးအစားဖြစ်ပါသည်။
22.Rapid Strength Concrete
ကွန်ကရစ်ကို ထုတ်လုပ်ပြီး နာရီအနည်းငယ်အတွင်း လိုအပ်သော strength ရရှိသော ကွန်ကရစ် အမျိုးအစားဖြစ်ပါသည်။ formwork များ ဖယ်ရှားရန် လွယ်ကူပြီး ဆောက်လုပ်ချိန်လဲ မြန်ဆန်ပါတယ်။ လမ်းခင်းသော နေရာများတွင် လမ်းအား နာရီပိုင်းအတွင်း ပြန်လည်သုံးစွဲရန် လိုအပ်သော အချိန်များတွင် Rapid Strength Concrete ကိုု အသုုံးပြုကြပါသည်။
23. Glass Concrete
recycled glass များကို ကွန်ကရစ်ထဲတွင် aggregates အနေနဲ့ ထည့်သွင်း အသုံးပြုထားခြင်းကို . glass concreteလို့ခေါ်ပါတယ်။ အမြင်အားဖြင့် လှပပြီး သက်တမ်းကြာ strength ကိုလဲ ပေးနိုင်ပါတယ်။
NAY ( 23.6.2020)