23/08/2026
📢 𝗥𝗖 𝗣𝗿𝗼𝗷𝗲𝗰𝘁 နှင့်အတူ ရေရှည်လက်တွဲလုပ်ကိုင်ရန် ကန်ထရိုက်တာအဖွဲ့များကို ဖိတ်ခေါ်ခြင်း
RC Design ၏ လုပ်ငန်းခွဲဖြစ်သော RC Project သည် ဆောက်လုပ်ရေးနှင့် Interior Decoration လုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ပရောဂျက်ပေါင်း (၂၀၀) ကျော် အကောင်အထည်ဖော် ပြီးစီးခဲ့ပြီးဖြစ်ပါသည်။ လက်ရှိ ဆက်လက်ဆောင်ရွက်နေသော project များအတွက် အောက်ပါ လုပ်ငန်းအဖွဲ့များကို ဖိတ်ခေါ်လိုပါသည်။
🔹 ပန်းရံအဖွဲ့
🔹 စတီးအဖွဲ့
🔹 မျက်နှာကြပ်အဖွဲ့
🔹 ဆေးသုတ်အဖွဲ့
🔹 ကြွေပြားအဖွဲ့
🔹 ပရိဘောဂ (Furniture) အဖွဲ့
✅ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် အခြေစိုက်သော အဖွဲ့ဖြစ်ရပါမည်
✅ လုပ်ငန်းအတွေ့အကြုံရှိပြီး အရည်အသွေးနှင့် အချိန်ကို တာဝန်ယူနိုင်ရပါမည်
RC Project နှင့် လက်တွဲရခြင်း၏ အကျိုးကျေးဇူးများ
🤝 လက်ရာကောင်းမွန်သော အဖွဲ့များအား နောက်ဆက်တွဲ ပရောဂျက်များ ရေရှည် ပေးအပ်ပါသည်
💰 လုပ်ကွက်ပြီးစီးမှုအတိုင်း မှန်ကန်တိကျစွာ ငွေထုတ်ပေးပါသည်
စိတ်ဝင်စားပါက အဖွဲ့အမည်နှင့် လုပ်ငန်းအတွေ့အကြုံကို ဖော်ပြ၍ အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါပြီ။
📞 09 761861134 (ဖုန်း / Viber)
📍 61st, 111th x 111(A)th, Mandalay
Build With Us. Grow With Us.
RC Project
A Subsidiary of RC Design