BME Safety first & Trust for customer

မုန့်စက်ရုံ တစ်ခုမှာ အသုံးပြုမယ့် steam boiler အတွက် ဆင်ပေးဖြစ်တဲ့ panel လေးတေဗျာ လိုချင်တဲ့ control function လေးများပြေ...
22/06/2025

မုန့်စက်ရုံ တစ်ခုမှာ အသုံးပြုမယ့် steam boiler အတွက် ဆင်ပေးဖြစ်တဲ့ panel လေးတေဗျာ
လိုချင်တဲ့ control function လေးများပြောပီးလည်း မှာနိုင်ပါတယ်ခင်ဗျ

installation
sale
wiring

ဂျုံမွှေ စက်အတွက် dol လေး နှစ်လုံး ဆင်ပေးဖြစ်တာလေး Control panel installation , home wiring များလည်း လုပ်ဆောင်ပေးပါတယ် ခ...
03/06/2025

ဂျုံမွှေ စက်အတွက် dol လေး နှစ်လုံး ဆင်ပေးဖြစ်တာလေး
Control panel installation , home wiring များလည်း လုပ်ဆောင်ပေးပါတယ် ခင်ဗျာ....
BME Electrical sale and service

●CHINT Miniture Circuit Breaker NXB Series1P - 10A/16A/20A2P - 32A/40A/63ADiscounts-5%
08/03/2025

●CHINT
Miniture Circuit Breaker NXB Series

1P - 10A/16A/20A
2P - 32A/40A/63A

Discounts-5%

အသုံးပြုမယ့် မီးသီး မီးချောင်း အရောင်ဘယ်လိုရွေးချယ်မလဲအလင်းရဲ့အရောင်တန်ဖိုး(Colour Temperature ( K )) တန်ဖိုးကိုသာမန်မျက...
15/02/2025

အသုံးပြုမယ့် မီးသီး မီးချောင်း အရောင်ဘယ်လိုရွေးချယ်မလဲ
အလင်းရဲ့အရောင်တန်ဖိုး(Colour Temperature ( K )) တန်ဖိုးကိုသာမန်မျက်စိနဲ့ကြည့်ပြီးခန့်မှန်နိုင်ပါတယ် ။ သာမာန်လူနေအိမ် အမျိုးအစားတွေအတွက် K တန်ဖိုး 2000 ကနေ 6500 ကြားကိုသုံးပါတယ်
Lighting color temperature K Kelvin (အလင်းရဲ့အရောင်တန်ဖိုး ကေ)
**********************************************
ကျွန်တော်တို့လျပ်စစ်သမားတွေ မီးချောင်းတွေ မီးလုံးတွေ လဲရင် ပါဝါ(watt),အရွယ်အစား(size,) နဲ့ အမျိုးအစား(type) လောက်ကိုပဲ အဓိကထားကြပါတယ်။ တကယ်တော့ မီးသီး မီးချောင်းတွေကို ဘယ်နေရာဘယ်လိုမျိုးကို တပ်ရမလဲဆိုတာ
ဒီဇိုင်း(design) မှာထဲက ပြောထားပါတယ် ။အဲဒီထဲမှာပါတဲ့ အလင်းရဲ့အရောင်တန်ဖိုး(lighting color temperature) ကိုသတိမမူမိပါဘူး ။ တချို့နေရာတွေက အရေး မကြီးပေမဲ့ တချို့နေရာတွေ မှာက အရေးကြီးပါတယ်။ တပ်ချင်တဲ့ အလင်းရဲ့
အရောင်(color temperature) တပ်လို့မရပါဘူး ။မီးချောင်းတွေ မှာ K တန်ဖိုး ရေးကိုတွေ့ပါလိမ့်မယ်။
တဲ့ အလင်းရဲ့အရောင်တန်ဖိုး(Color temperature) ဆိုတာ ကယ်လ်ဗင်(Kelvin) ဆိုတဲ့သူ ကစတွေ ့ခဲ့လို့ ယူနစ်(unit )ကို ကယ်လ်ဗင်ကေ(Kelvin K နဲ့) သုံးပါတယ်။
1000 K to 10000K - အစရှိသဖြင့်ပေါ့။
အလင်းရဲ့အရောင်တန်ဖိုး(lighting color temperature) ကို နည်းပညာအခေါ်(Technical term )မှာ အသိများတာက ဝမ်(warm), နူထရယ်(neutral) , ကိုလ်(cool) အစရှိသဖြင့်သိကျပါတယ်။ အဓိက သိရမှာတော့ တပ်ထားတဲ့ အလင်းရဲ့အရောင်တန်ဖိုး(lighting color temperature) ကိုသိပြီး နောက်တခါလဲရင် အဲဒါနဲ့ အတိအကျ လဲသင့်ပါတယ်။ တကယ်ကို သတ်မှတ်ထားရင်ပေါ့ ။ နောက်ဘယ်နေရာမှာ အလင်းရဲ့အရောင်တန်ဖိုး(lighting color temperature) ဘယ် တန်ဘိုးနဲ့သင့်တော်သလဲဆိုတာ ရှိပါတယ်။
ဒေးလိုက် ၅၀၀၀ကေ(Day light 5000 K) ဆိုရင် ပန်ချီပြခန်းလိုမျိုး(art studio) , ဆောင်းရာသီသုံးပစ္စည်းဆိုင်တွေ(winter good shop)တွေ မှာသုံးကြပါတယ်။
နူထရယ်ဝှိုက် ၃၇၀၀-၅၀၀၀ကေ (Neutral ( 3700-5000 K )) ဆိုရင် ဈေးဝယ်စင်တာ(super market )တွေ အရောင်းပြခန်း(show room) တွေ မှာသုံးပါတယ်။
ဝမ်ဝှိုက် ၂၇၀၀-၃၅၀၀ကေ(Warm white ( 2700-3500 K)) ဆိုရင် အိမ်တွေ စားသောက်ဆိုင်တွေမှာသုံးပါတယ် ။ ကိုလ်ဝှိုက် ၆၀၀၀-၇၀၀၀ကေ (Cool white(6000-7000K )ဆိုရင် ရုံးတွေ ဆေးရုံတွေ မှာသုံးသင့်ပါတယ် ။ အစရှိသဖြင့်
ရှိပါတယ်။ပုံလေးနဲ့ဖေါ်ပြပေးလိုက်ပါတယ်။
နောက်တခါ မီးချောင်းတွေမီးလုံးတွေတွေ့ရင် K တန်ဖိုးဖတ်ကြည့်ပြီးသုံးထားတာမှန် လားကြည့် ကြည့်ပေါ့ ။
Credit:Original Writer

13/02/2025

မင်္ဂလာပါ

ပစ္စည်းမှန်စျေးနှုန်းမှန်နှင့်အရည်သွေးပြည့်ဝပြီး

ဝယ်ယူအသုံးပြုသူတိုင်း ကြိုက်နှစ်သက်တဲ့

Viva(ဗီယက်နမ်)/ RR(ထိုင်း) Wire Cableကို

မန္တလေးမြို့60A/128*129St

BMEမှာဝယ်ယူနိုင်ပါပြီခင်ဗျာ

ြို့တွင်းအိမ်ရောက်ငွေချေနယ်customerများလဲကားဂိတိသို့တင်ပို့ပေးပါတယ်


09-951699163
09-402532566
09-979540382

Breaker အကြောင်း သိကောင်းစရာများ=============================MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆို...
12/02/2025

Breaker အကြောင်း သိကောင်းစရာများ
=============================
MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။ MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။
(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ
နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။ ( Hyundai = Korea , Mitsubishi = Japan , Terasaki = Japan, Fuji = Japan, Legrand = France, Schneider = France , Hager = France , Siemens = Germany , ABB = Germany )။
နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။
နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။
နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။
နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။
Credit to original post

Address

60A/128*129St
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when BME posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share