14/05/2026
"မှန်ကန်တဲ့ နည်းပညာနဲ့ စနစ်ကျတဲ့ ဆောက်လုပ်ရေးစီမံခန့်ခွဲမှု" မပါဘဲ ဘေးကင်းတဲ့ အဆောက်အုံတွေမရနိုင်ပါဘူး။
အဆောက်အအုံတစ်ခု အရည်သွေး အဆင့်အတန်းမီမီ ပြီးစီးဖို့ဆိုတာ ပစ္စည်းကောင်းသုံးရုံနဲ့ မလုံလောက်ပါဘူး။ "မှန်ကန်တဲ့ နည်းပညာ" နဲ့ "စနစ်ကျတဲ့ စီမံခန့်ခွဲမှု" မဖြစ်မနေလိုပါတယ်။ ဆေးရုံတစ်ခု လည်ပတ်ပုံမျိုးနဲ့ အလားသဏ္ဌာန်တူပါတယ်။
# # # # **၁။ နည်းပညာမှန်ကန်ဖို့ဆိုတာ "အချိုးအစားပြည့်စုံတဲ့ အင်ဂျင်နီယာအဖွဲ့" လိုအပ်ပါတယ်**
ဆေးရုံတစ်ခုမှာ လူနာတစ်ယောက်ကို ကုသဖို့ အထူးကုဆရာဝန်ကြီးတွေ၊ လက်ထောက်ဆရာဝန်တွေနဲ့ အချိန်ပြည့်ကြည့်ရှုမယ့် သူနာပြုတွေ လိုအပ်သလိုပါပဲ။
* **Qualified Design:** အထူးကုဆရာဝန်ကြီးတွေက ရောဂါရှာဖွေသလိုမျိုး ကျွမ်းကျင်အင်ဂျင်နီယာတွေက **Structural Standards** (ACI, ASCE) တွေနဲ့အညီ တိကျတဲ့ ဒီဇိုင်းထုတ်ရပါမယ်။
* **Partial Supervision (Expert Oversight):** ဆရာဝန်ကြီးတွေ Round တဲ့အတိုင်း ကျွမ်းကျင်အင်ဂျင်နီယာတွေက အရေးကြီးတဲ့ အဆင့်တိုင်းမှာ ပါဝင်စစ်ဆေး (Supervise) ရပါမယ်။
* **Full-time Supervision:** လူနာကို အနီးကပ်ပြုစုတဲ့ သူနာပြုတွေလိုပဲ ဆိုက်ထဲမှာ အင်ဂျင်နီယာလက်ထောက်တွေက အချိန်ပြည့် (Full-time) စောင့်ကြပ်ကြည့်ရှုနေမှသာ နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှုမရှိမှာ ဖြစ်ပါတယ်။
# # # # **၂။ စနစ်ကျတဲ့ စီမံခန့်ခွဲမှုဆိုတာ "အရည်အသွေးကို ကြပ်မတ်တဲ့ Framework" ရှိခြင်းပါ**
စီမံခန့်ခွဲမှုဆိုတာ ခိုင်းစေခြင်းသက်သက်မဟုတ်ဘဲ **ISO 9001:2015 Quality Management System (QMS)** တို့ရဲ့ အနှစ်သာရအတိုင်း အရည်အသွေး လွတ်မသွားအောင် အဆင့်ဆင့် ထိန်းကျောင်းခြင်း စီမံခြင်း ဖြစ်ပါတယ်။
* **Structured Organization:** ဆေးရုံစီမံခန့်ခွဲရေးအဖွဲ့ကဲ့သို့ပင် ကျွမ်းကျင်မှုအလိုက် တာဝန်ခွဲဝေထားတဲ့ ဖွဲ့စည်းပုံပြည့်စုံဖို့ လိုပါတယ်။
* **Strict Operational System:** အလုပ်တစ်ခုချင်းစီမှာ တိကျတဲ့ **SOP (Standard Operating Procedures)** ရှိရပါမယ်။ "ပြီးပြီးရော" လုပ်တာမျိုးမဟုတ်ဘဲ အဆင့်တိုင်းကို စနစ်တကျ ကြပ်ကြပ်မတ်မတ် (Rigorous Control) စစ်ဆေးတဲ့ စနစ်မျိုး ဖြစ်ပါတယ်။
**အနှစ်ချုပ်အားဖြင့် -**
ကျွန်ုပ်တို့သည် အဆောက်အအုံတိုင်းကို ဆေးရုံတစ်ခုကဲ့သို့ အလေးအနက်ထား၍ **Quality ရရှိရေး System Framework** များနှင့်အညီ၊ ပြည့်စုံသော အင်ဂျင်နီယာအင်အားစုဖြင့် "အမှားအယွင်းကင်းသော အရည်အသွေး" ရရှိအောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။
အလေးချိန်များတဲ့အဆောက်အုံတွေမို့ ငလျင်လှုပ်တဲ့အခါ အကြီးအသေးအားလုံး ဘေးဖြစ်နိုင်ခြေရှိနေတာ သိပြီးပြီမို့ အထက်ပါအချက်တွေအတိုင်း ဖန်တီးရမှာ ဖြစ်ပါတယ်။ ငလျင်ရှိတဲ့ တိုင်းပြည်က အဆောက်အုံတိုင်းဟာ Engneering Product ဖြစ်ရပါမယ်။ "မှန်ကန်တဲ့ နည်းပညာနဲ့ စနစ်ကျတဲ့ ဆောက်လုပ်ရေးစီမံခန့်ခွဲမှု" ပါဝင်ရပါမယ်။
လိုအပ်တယ်ဆိုရင် ရန်ကုန် မန္တလေး နေပြည်တော် တောင်ကြီး မိထ္ထိလာ ဒီမြို့တွေမှာ ဖန်တီးပေးနိုင်ပါတယ်။ Design တွက်ချက်ရေးဆွဲချင်တာဆိုရင်တော့ မြန်မာပြည်အနှံ့ ဆောင်ရွက်ပေးနိုင်ကြောင်း အသိပေးအပ်ပါတယ်။