CFG Construction-Civil Family Group Co;Ltd

CFG Construction-Civil Family Group Co;Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CFG Construction-Civil Family Group Co;Ltd, Construction Company, NanTawYar Quarter, Amarapura, Mandalay.

အိမ်ဆောက်နေရင်း ကိုယ်သုံးမဲ့ဘတ်ဂျက်ထက် ကျော်သွားမှာကို ရင်တထိတ်ထိတ်နဲ့ စိတ်ပူနေရဖူးလား?ဒီလိုနောက်ဆံတင်းရတာတွေနဲ့ ဝေးစေဖိ...
13/08/2026

အိမ်ဆောက်နေရင်း ကိုယ်သုံးမဲ့ဘတ်ဂျက်ထက် ကျော်သွားမှာကို ရင်တထိတ်ထိတ်နဲ့ စိတ်ပူနေရဖူးလား?

ဒီလိုနောက်ဆံတင်းရတာတွေနဲ့ ဝေးစေဖို့ 👷‍♀️ Civil Family Group - CFG က လူကြီးမင်းတို့သတ်မှတ်ထားတဲ့ Budget အလိုက် အဆင်ပြေဆုံးဖြစ်အောင်
⚜️ Package A - premium,
⚜️ Package B - standard,
⚜️ Package C - Class C ကုန်ကျစရိတ်အတိအကျတွက်ချက်နိုင်တဲ့ Package တွေ သတ်မှတ်ပေးထားပါတယ်။ 💵

ကုန်ကြမ်းပစ္စည်းအရ နှုန်းထားကွာတဲ့ ဘယ် Package ကိုရွေးရွေး
⬜️ အသုံးပြုမဲ့ ဘိလပ်မြေ အမှတ်တံဆိပ်၊ သံအမျိုးအစား၊ မီးကြိုးကအစ ပစ္စည်းတိုင်းရဲ့ Brand Name အတိအကျကိုပါ Report တင်ပေးပြီး

⬜️ စာချုပ်ထဲကအတိုင်း စနစ်တကျ သုံးစွဲပေးပြီး ပွင့်လင်းမြင်သာမှုအပြည့်နဲ့ ပရောဂျက်တစ်ခုလုံးကို အကောင်းဆုံးပြီးစီးသည်အထိ တာဝန်ယူဆောင်ရွက်ပေးပါတယ်။

ဆောက်ချင်တဲ့ ဒီဇိုင်းရယ်၊ ကိုယ့်သတ်မှတ် Budget ရယ်ကို အံဝင်ခွင်ကျဖြစ်အောင် အသေးစိတ် တွက်ချက်ဆွေးနွေးပေးမှာမို့
🏡 ငွေကြေးကိစ္စ နောက်ဆံမတင်းဘဲ အရည်အသွေးမြင့် အိမ်ကောင်းတစ်လုံး ပိုင်ဆိုင်နိုင်ဖို့ဆို CFG နဲ့ ချိတ်ဆက်လိုက်ပါ။

📞 Contact us: 09 400 468 231, 09 444 654 453

01/08/2026

ရာသက်ပန် ခိုင်မာတည်မြဲတဲ့ အိမ်လေးတည်ဆောက်ချိန်မှာ မချွေတာသင့်တဲ့ အပိုင်း (၂) ပိုင်းက ???

1️⃣ Soil Test (မြေဆီလွှာစမ်းသပ်ခြင်း)
✅ အိမ်မဆောက်ခင်မှာ မြေအမျိုးအစားကို သေချာသိအောင် အောက်ခြေမြေဆီလွှာကို မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ နိုင်ငံဖြစ်တာကြောင့် ဒီအချက်ကတော့ မဖြစ်မနေ လုပ်သင့်ပါတယ်။

✅ ဒါမှသာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးဖြစ်တဲ့ အောက်ခံ ဖောင်ဒေးရှင်း design ဆုံးဖြတ်ရာမှာ အကောင်းဆုံး design ကိုရရှိမှာပါ။

2️⃣ MNBC Code ဖြင့်တွက်ချက်ထားတဲ့ Structure Analysis
(စံချိန်စံညွှန်းအတိုင်း တွက်ချက်စစ်ဆေးခြင်း)
✅ ကျွန်တော်ရဲ့ မန္တလေးငလျင်အလွန်ကာလမှာတော့ မြန်မာနိုင်ငံတော် အဆောက်အအုံဆိုင်ရာလမ်းညွှန်ချက်(Myanmar National Building Code) ကိုအခြေခံပြီး Structure design နဲ့အညီစနစ်တကျ တွက်ချက်စိစစ် တည်ဆောက်မှသာ ကြံ့ခိုင်မှုရှိတဲ့ အဆောက်အအုံတစ်ခုရရှိလာမှာဖြစ်ပါတယ်။
🏡 အိမ်အတွင်းအပြင် အလှအပအတွက်က နောက်မှ စိတ်ကြိုက်ပြန်လည်ပြုပြင်လို့ရပေမဲ့ Foundation နဲ့ Structure ပိုင်းကတော့ ပြန်ပြင်ဖို့ ခက်ခဲလွန်းတာမို့ ရေရှည်မှာ စိတ်အေးရဖို့အတွက် ဒီအချက် (၂) ချက်ကို အလေးအနက်ထားရမယ်နော် 😉

ဒီတော့ ✨ Foundation နဲ့ Structure ပိုင်းကို ၁၀၀% အကောင်းဆုံး အားထည့်ထားတဲ့ အိမ်ရာအဆောက်အဦကိစ္စအတွက်ဆို CFG ကိုပဲ စိတ်ချလိုက်ပါ။ 📨

Contact us -
09 400 468 231, 09 444 654 453


မိုးရွာရင် အိမ်ဝင်းရေအိုင်တာ၊ အိမ်ခေါင်မိုးရေယိုတာထက်ကြောက်ဖို့ကောင်းတာက Foundation ရေဝင်တာပါပဲ။ 🏡 အိမ် Foundation ထဲ ရေ...
26/06/2026

မိုးရွာရင် အိမ်ဝင်းရေအိုင်တာ၊ အိမ်ခေါင်မိုးရေယိုတာထက်ကြောက်ဖို့ကောင်းတာက Foundation ရေဝင်တာပါပဲ။

🏡 အိမ် Foundation ထဲ ရေစိမ့်ဝင်ပြီး တစ်စတစ်စ ယိုယွင်းပျက်စီးနေတာကိုတော့ မျက်လုံးနဲ့ မမြင်နိုင်သလို သတိလည်းမထားမိနိုင်ပါဘူး။ ‼️

ဒါကြောင့် အိမ်တစ်အိမ် နှစ်ရှည်ခိုင်ခံ့ဖို့ ဒီအန္တရာယ်တွေကို ကာကွယ်ပေးနိုင်တဲ့ Apron နဲ့ Drainage စနစ်က မရှိမဖြစ် လိုအပ်ပါတယ်။ ✅

Apron ဆိုတာ အိမ်ဘေးပတ်လည် ကွန်ကရစ်ခုံကို ပြောတာာဖြစ်ပြီး အိမ်ဆောက်ရာမှာ
🔹 RC ကွန်ကရစ် ကိုသုံးသင့်ပြီး
🔹 အိမ်ဘက်ရေပြန်မဝပ်ဘဲ ရေမြောင်းထဲ စီးဆင်းသွားအောင် အပြင်ဘက်ကို Level အနည်းငယ် စောင်းပြီး လုပ်သင့်ပါတယ်။

Apron ရဲ့ အကျိုးကျေးဇူးတွေက
✅ မိုးရွာရေလျှံတဲ့အခါ ရေစိမ့်ဝင်မှုကို တားဆီးနိုင်ပြီး
✅ အိမ်အုတ်မြစ် ကျွံတာ၊ အက်ကွဲတာ အပါအဝင်
✅ အိမ်နံရံအောက်ခြေတွေ ရေဝပ်ပြီး ရေညှိတက်တာ၊ အစိုပြန်တာတွေကိုပါ ကာကွယ်ပေးပါတယ်။

🔹 Drainage (ရေမြောင်းစနစ်) ကတော့
Apron နဲ့ အိမ်ခေါင်မိုးက စီးကျလာတဲ့ 💦 ရေတွေကို အိမ်ဝင်းထဲ ရေဝပ်မနေစေဘဲ အပြင်ဘက် အများသုံးမြောင်းထဲ အမြန်ဆုံး စီးဆင်းသွားစေတဲ့အပြင်

✅ ရေပုပ်၊ ရေသေမဝပ်အောင် ထိန်းချုပ်ပေးပြီးရေစီးရေလာကောင်းစေတာမို့ 🦟 ခြင်ကိုက်၊သွေးလွန်တုပ်ကွေးစတဲ့ ရောဂါအန္တရာယ်တွေကို လျှော့ချပေးသလို 💨 အနံ့ဆိုးတွေလည်း ကင်းစေပါတယ်။

💡 အိမ်တစ်ဆောင်ရဲ့ အောက်ခြေအခြေခံ ရေရှည်ခိုင်မာဖို့ လိုအပ်တဲ့ Apron, Drainge စနစ်နဲ့ အဆောက်အဦ သေချာဆောက်လုပ်ပြီး ရာသီမရွေး ပူပန်မှုဝေးစေဖို့အတွက် အိမ်ဆောက်မယ်ဆို တရားဝင်ကုမ္ပဏီ CFG ကိုပဲ ဆက်သွယ်လိုက်ပါ။

Contact us -
09 400 468 231, 09 444 654 453

အိမ်တစ်လုံးပြီးဖို့အတွက် အချိန်ဘယ်လောက်ကြာတတ်လဲ ? ဒီမေးခွန်းလေးကို မဖြေပေးခင် ဒီအချက်လေးတွေကို အရင်မေးပါရစေနော်။ ❓ အိမ်က...
05/06/2026

အိမ်တစ်လုံးပြီးဖို့အတွက် အချိန်ဘယ်လောက်ကြာတတ်လဲ ?

ဒီမေးခွန်းလေးကို မဖြေပေးခင် ဒီအချက်လေးတွေကို အရင်မေးပါရစေနော်။

❓ အိမ်က ဘယ်လိုအမျိုးအစားဆောက်မှာလဲ။ RC လား၊ Steel Structure နဲ့လား?
❓ ဒီဇိုင်းက ဘယ်လိုပုံစံမျိုးသွားချင်တာလဲ။
❓ ဘယ်လိုအချိန်မှာ စဆောက်ချင်တာလဲ။
❓ ဘယ်နှထပ်ဆောက်ချင်တာလဲ။
❓ ကုန်ကြမ်းပစ္စည်း Materials တွေကို ဘယ်လို Price Range ထဲက ရွေးသုံးချင်တာလဲ။
❓ Interior Decoration ပြင်ဆင်မှုတွေရော ပါဝင်မှာလား?
ဒီမေးခွန်းတွေအပါအဝင် မြေနေရာ၊ ရာသီဥတု စတဲ့ အချက်တွေပေါ် မူတည်ပြီး ⏳ အိမ်ဆောက်တဲ့ကြာချိန်က ၆ လ၊ ၈ လ၊ ၁ နှစ် ကွာခြားသွားနိုင်ပါတယ်။

CFG မှာတော့ အဆောက်အဦအတွက် လိုအပ်တဲ့ဝန်ဆောင်မှုအားလုံးကို ရယူနိုင်ပြီး ဆောက်လုပ်တဲ့လုပ်ငန်းကြာချိန်၊ လုပ်ငန်းအဆင့်ဆင့်ကို ဆွေးနွေးပြောပြပေးတာဖြစ်လို့ အသစ်ဆောက်မဲ့အိမ်လေးအတွက် အရာရာကို တိတိကျကျ စီစဉ်ပေးပြီး အသေးစိတ်ဆောင်ရွက်ပေးတဲ့ CFG နဲ့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။ ✨

Contact us - 09 400 468 231, 09 444 654 453

"ဘတ်ဂျက်အလိုက် ရွေးချယ်နိုင်မဲ့ CFG ရဲ့ Construction Package များ"အိမ်ဆောက်မယ်ဆိုရင် ကိုယ်မှန်းထားတဲ့ ဘတ်ဂျက်နဲ့ကွက်တိကျ...
30/05/2026

"ဘတ်ဂျက်အလိုက် ရွေးချယ်နိုင်မဲ့ CFG ရဲ့ Construction Package များ"

အိမ်ဆောက်မယ်ဆိုရင် ကိုယ်မှန်းထားတဲ့ ဘတ်ဂျက်နဲ့ကွက်တိကျပြီးကျစ်လျစ်ခိုင်မာအောင် တည်ဆောက်ဖို့

💵 မိတ်ဆွေတို့ သုံးချင်တဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီး ကုန်ကြမ်းပစ္စည်းတွေကို သေချာစိစစ်ရွေးချယ်နိုင်ဖို့
⭐️ CFG မှာ ပက်ကေ့ချ် ၃ မျိုး စီစဉ်ပေးထားပါတယ်။✅

⭐️ Premium Package — ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ ထိပ်တန်း Materials ကုန်ကြမ်းတွေနဲ့ Luxury ဆန်ဆန် တံဆိပ်တွေကိုချည်း သုံးပေးထားတဲ့ ပက်ကေ့ချ်ဖြစ်ပါတယ်။

⭐️ Gold Package — အရည်အသွေးကောင်းမွန်ပြီး Classic ဖြစ်တဲ့ ကုန်ကြမ်းတွေကို သုံးပေးထားတဲ့ ပက်ကေ့ချ်တစ်ခုဆိုလည်း မမှားပါဘူး။

⭐️ Standard Package — နှုန်းထားချိုသာပြီး အရည်အသွေးခိုင်မာစိတ်ချရတဲ့ Materials ပစ္စည်းတွေကို အချိုးအစားမျှတပြည့်ဝစွာ သုံးထားပေးတာမို့ Cost Optimize လုပ်နိုင်တဲ့ ပက်ကေ့ချ်လေး ဖြစ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ စိတ်ကြိုက် Package ကို မရွေးခင်ကတည်းက
⭐️ CFG Team နဲ့ တွေ့ဆုံဆွေးနွေးရင်း လိုအပ်ချက်၊ နှစ်သက်ရာဒီဇိုင်း၊ ဦးစားပေးအချက်အလက်တွေပေါ် မူတည်ပြီး အချိန်ယူ ညှိနှိုင်းနိုင်တာမို့ သင့်တော်တဲ့ ပက်ကေ့ချ်ကို ရွေးချယ်နိုင်မှာပါ။ ⭐️

💰 Package တိုင်းမှာဆိုရင် သုံးစွဲမဲ့ ပစ္စည်းတိုင်းရဲ့ ⚡️ တံဆိပ် Brand ၊ အားသာချက်၊ အားနည်းချက် Spec နဲ့ ဈေးနှုန်း တွေကို တိတိပပ စည်းစနစ်တကျ ဖော်ပြပေးထားပါတယ်။

📐 CFG Team ဆိုတာ အိမ်ဒီဇိုင်းမဆွဲခင်ကတည်းက နှစ်ရှည်ပလန်ချပြီး စတင်တတ်သလို ✅ ကတိကဝတ်၊ တာဝန်ယူမှုတွေနဲ့အတူ ကြိုးစားဆောင်ရွက်ပေးမှာမို့ အိမ်ပြင်၊ အိမ်ဆောက်မယ်ဆို CFG ကိုသာ ဆက်သွယ်လိုက်ပါ။

📞 09 400 468 231 | 09 444 654 453

23/05/2026

🏠 Smart Home ဆိုတာ … ဘာလဲ ?

နောက်ဆုံးပေါ် AI နည်းပညာပါဝင်တဲ့ အီလက်ထရောနစ်ပစ္စည်း၊ Tech Gadgets တွေကို သုံးရုံနဲ့တင် Smart Home အဖြစ်မပြည့်စုံနိုင်ပါဘူး။

⚡️🪄 ခေတ်မီစနစ်ကျတဲ့ Smart Home ၁လုံးဖြစ်ဖို့ဆိုရင် လေဝင်လေထွက်ကောင်းဖို့၊ သဘာဝအလင်းရောင်ဝင်ဖို့၊ အခန်းဖွဲ့စည်းပုံ System ကျဖို့နဲ့ အိမ်ဒီဇိုင်းလှလှလေးရဖို့အတွက် Construction အဆင့်တွေမတိုင်ခင် Architecture Plan Drawing စတင်ဆွဲကတည်းက စနစ်တကျနဲ့ သေချာပြင်ဆင်ရမှာပါ။ ✅

☀️ Structure မကောင်းတဲ့ အဆောက်အဦတစ်လုံးက Smart Home ဖြစ်မလာနိုင်တာမို့
Structure Design ကို Construction အဆင့်မှာ စနစ်တကျ အကောင်အထည်ဖော်ဖို့ကလည်း အရေးပါတဲ့ကဏ္ဍတစ်ခုပါပဲ။

⭐️ ဒါမှသာ အဆောက်ဦအကြမ်းထည်လုပ်ငန်းပြီးတာနဲ့ ထည့်သွင်းမဲ့ Smart System နဲ့ နည်းပညာလုပ်ဆောင်ချက်တွေက တကယ် အလုပ်ဖြစ်မှာပါ။

⚡ Smart Electronics Devices တွေ စနစ်ကျကျအသုံးပြုဖို့ဆိုရင် Civil+Electrical Engineer တွေပူပေါင်းဆောင်ရွက်ရတဲ့အပိုင်းတွေကိုလည်း ချန်လှပ်ထားခဲ့လို့ မရပါဘူး။

ဒါတွေ အပါအဝင် သောက်သုံးရေ ၊ အဝီစိရေ နဲ့ မီတာရေတွေကို ခွဲခြားအသုံးပြုနိုင်မဲ့ စနစ်သစ်တွေကို ကြိုတင်တိုင်ပင်ပြီး ထည့်သွင်းစဉ်းစားထားမယ်ဆိုရင် ရေကိစ္စအတွက် တစ်သက်တာ စိတ်ချလက်ချ ဖြစ်နိုင်ပြီပေါ့😉🤞

Smart Home တစ်လုံးဖြစ်ဖို့ AI နည်းပညာပါဝင်တဲ့ Electronics ပစ္စည်းတွေရှိနေရုံနဲ့မလုံလောက်ဘဲ Structure Design နဲ့ အပြည့်အဝနဲ့ တည်ဆောက်ထားဖို့လည်း လိုအပ်တာဖြစ်လို့ စိတ်ကူးထားတဲ့ Smart Home ပိုင်ဆိုင်ချင်ပြီဆိုရင် CFG နဲ့ အခုပဲ လက်တွဲလိုက်နော်။🤝

2026 မှာ လူကြိုက်များလာတဲ့ အိမ်ဒီဇိုင်းပုံစံအသစ်များ🏡 2026 နှစ်အစပိုင်းကတည်းက လူကြိုက်များလာတဲ့ အိမ်ဒီဇိုင်းပုံစံအသစ်တွေ...
09/05/2026

2026 မှာ လူကြိုက်များလာတဲ့ အိမ်ဒီဇိုင်းပုံစံအသစ်များ

🏡 2026 နှစ်အစပိုင်းကတည်းက လူကြိုက်များလာတဲ့ အိမ်ဒီဇိုင်းပုံစံအသစ်တွေကို CFG က ဝေမျှပေးလိုက်ပါတယ်ရှင့်။

📐Modern & Minimalist Style ကိုမှ Timelines ဖြစ်စေတဲ့ အိမ်ပုံလေးတွေထဲက ဘယ်ဒီဇိုင်းလေးအကြိုက်ဆုံးဖြစ်လဲ???

⚜️ Modern Luxury Villa ပုံစံမျိုးတွေဖြစ်ပြီး သဘာဝအလင်းရောင် အပြည့်ဝင်နိုင်တဲ့ Floor-to-ceiling မှန်ပြတင်းတွေရယ်

🏞️ ပတ်ဝန်းကျင်ရှုခင်းအလှတွေကို တစ်ဝကြီး ကြည့်နိုင်တဲ့ Open Balcony ဧရိယာ အပြင်

🛻 Private Parking နေရာနဲ့အတူ Landscaping ကိုပါ အနုစိတ်လုပ်ထားတာဖြစ်လို့ ဒီဇိုင်းလှပြီး နေထိုင်ရအဆင်ပြေတဲ့ဒီဇိုင်းတွေ ဖြစ်နေမှာပါ။

မိတ်ဆွေတို့ရဲ့ အိမ်မက်နဲ့ထပ်တူကြတဲ့ အိမ်လေးတည်ဆောက်ချင်လို့ပဲဖြစ်ဖြစ်၊ လက်ရှိအိမ်လေးကို modern ဒီဇိုင်းအသစ်လေးပြင်ချင်လို့ပဲဖြစ်ဖြစ် Construction ပိုင်းတင်မကပဲ CFG မှာမိတ်ဆွေတို့စိတ်တိုင်းကျလာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်။

မိတ်ဆွေတို့အနေနဲ့ လက်ရှိမှာ သဘောကျတဲ့ Home Design လေးတွေရှိရင်လည်း Comment မှာ မန့်ပေးခဲ့ပါဦးနော်။

🏠 အလှပဆုံး နဲ့ အသေသပ်ဆုံး အိမ်ရာအဆောက်အဦကိစ္စအတွက်ဆို CFG ကိုပဲ စိတ်ချလိုက်ပါ။ 📨

📌 Images sourced via Pinterest for inspiration. We do not own these photos — all rights belong to their respective owners.

Contact us -
09 400 468 231, 09 444 654 453

#အိမ်ဒီဇိုင်း
"

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် မြတ်ဗုဒ္ဓနေ့အခါသမယမှာ (၇)ရက်သားသမီးအပေါင်း ဘေးဘယာတွေဝေးကွာလို့ စိတ်၏ချမ်းသာခြင်း၊...
30/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်
မြတ်ဗုဒ္ဓနေ့အခါသမယမှာ (၇)ရက်သားသမီးအပေါင်း ဘေးဘယာတွေဝေးကွာလို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကြောင်း
ကျွန်မတို့ CFG Construction မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်🙏🙏🙏

28/04/2026

ခေတ်မှီလှပတဲ့အဆောက်အဦတစ်ခုတည်ဆောက်တော့မယ်ဆိုရင် လူကြီးမင်းတို့အနေနဲ့....

မိမိစိတ်တိုင်းကျဒီဇိုင်းဖြစ်နေဖို့ရယ်
တည်ဆောက်နေစဥ်ကာလအတွင်းမှာလဲ

➤Structure design ကိုသေချာစွာလိုက်နာဆောင်ရွက်ဖို့
➤ Project တစ်ခုလုံးအောင်မြင်စွာပြီးစီးဖို့
➤ ကျွမ်းကျင်အင်ဂျင်နီယာကြီးတွေက ဦးစီးကြီးကြပ်ထားတာဖြစ်ဖို့
➤ ပစ္စည်းတိုင်းရဲ့ အရည်အသွေးကို သေချာစွာစစ်ဆေးပြီးမှ သုံးထားတာမျိုးဖြစ်ဖို့
➤ လုပ်ငန်းစဉ်တိုင်းမှာ လစ်ဟာသွားတာမျိုးမရှိဖို့

ဒီလိုအဓိအချက်တွေ အားလုံးကို တာဝန်ယူဆောင်ရွက်နိုင်မယ့် Construction company ကိုရွေးချယ်နိုင်ဖို့လိုပါတယ်

⚜️ CFG မှာဆိုရင် ဒီအချက်အားလုံးကို ဝါရင့် အင်ဂျင်နီယာကြီးတွေက အသေးစိတ် စီစဉ်ကြီးကြပ်မှုနဲ့ ဆောက်လုပ်တာဖြစ်လို့
✨ အစအဆုံး ရာနှုန်းပြည့် ပြီးပြည့်စုံတဲ့ ဆောက်လုပ်ရေး လုပ်ငန်းစဉ်အတွက် CFG ကိုသာ ယုံကြည်အပ်နှံလိုက်ပါ။

Contact us - 09 400 468 231, 09 444 654 453

"အိမ်တစ်အိမ်အတွက် အရေးပါတဲ့အရာတွေထဲက Interior Design ကိုလဲ မမေ့သင့်ပါ"အိမ်တစ်အိမ်ကို ပြည့်စုံစေတဲ့အရာက ခိုင်မာလှပတဲ့ အပြ...
18/04/2026

"အိမ်တစ်အိမ်အတွက် အရေးပါတဲ့အရာတွေထဲက
Interior Design ကိုလဲ မမေ့သင့်ပါ"

အိမ်တစ်အိမ်ကို ပြည့်စုံစေတဲ့အရာက ခိုင်မာလှပတဲ့ အပြင်ပန်းဒီဇိုင်းနဲ့ Structure ပဲတော့ မဟုတ်ပါဘူး။

🌿 အိမ်ရဲ့ အနှစ်သာရ၊ အဆင့်အတန်းနဲ့ နေထိုင်သူရဲ့ စိတ်နေစိတ်ထားကိုပါ ဖော်ပြနိုင်တဲ့ Interior Design ကိုလည်း လုံးဝ မေ့မထားသင့်ဘူးဗျို့။

ပြီးပြည့်စုံလှပတဲ့ Interior Design နဲ့အိမ်ဆိုတာ 🪭🎐
✓ နေထိုင်သူတွေရဲ့ Lifestyle ကို အပြည့်အဝ ထင်ဟပ်စေပြီး
✓ အခန်းဖွဲ့စည်းပုံ အသုံးချတတ်မှုကို ပိုမိုထိရောက်အသုံးဝင်စေတဲ့အပြင်
✓ အလင်းရောင်၊ လေဝင်လေထွက်နဲ့ အရောင်အသုံးချမှုတွေကြောင့် စိတ်အေးချမ်းသာမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။

Interior Design သေချာလုပ်ထားတဲ့အိမ်တစ်ဆောင်က
✔️ အချိန်မရွေး စနစ်ကျပြီး သပ်ရပ်တယ်
✔️ ကျယ်ဝန်းလှပတဲ့ နေရာထိုင်ခင်းကို ရစေတယ်
✔️ အချိန်တွေဘယ်လောက်ပဲကြာကြာ ခေတ်နဲ့ လျော်ညီနေနိုင်ပါတယ်။

❌ နေရာ အသုံးချတာ မှန်ကန်မှုမရှိ
❌ အမြင်မလှပ တဲ့အပြင်
❌ နောက်ပိုင်း ပြန်ပြင်ရတဲ့ ကုန်ကျစရိတ်တွေ ပိုများနိုင်လို့ interior decoration ကလဲမေ့မထားသင့်ပါဘူး

❇️ ဒီတော့ ခေတ်မှီလှပတဲ့အိမ်အပြင်ပိုင်းဒီဇိုင်းနဲ့ Structure ကို ရေရှည် ခိုင်မာလှပအောင် တည်ဆောက်ပြီး
⭐️ Design + Function + Comfort ၃ ခုလုံးနဲ့ အညီနေ့စဉ်ဘဝ နဲ့ပါ အကိုက်ညီဆုံးဖြစ်စေမဲ့ Professional Interior Design အတွက်ဆို CFG ကိုပဲ စိတ်ချလက်ချ အပ်နှံလိုက်ပါ။

Contact us -
09 400 468 231, 09 444 654 453

Address

NanTawYar Quarter, Amarapura
Mandalay
05061

Website

Alerts

Be the first to know and let us send you an email when CFG Construction-Civil Family Group Co;Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share