T. T. M Engineering Group & Construction

  • Home
  • T. T. M Engineering Group & Construction

T. T. M Engineering Group & Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T. T. M Engineering Group & Construction, Construction Company, .

02/11/2024
30/10/2024
Heho ရဲ့ နှင်းဝေတဲ့ဆောင်း
28/10/2024

Heho ရဲ့

နှင်းဝေတဲ့ဆောင်း

ဒီပုံလေးမြင်ရင် ကျွန်မပြောခဲ့ဖူးတဲ့ ခွက်ဥပမာကို သတိရကြမယ်လို့ထင်ပါတယ်။ ဥပမာလေး ပြန်ရှင်းပြပါ့မယ်။ မိတ်ဆွေတို့ဆီမှာ ရေခွက...
21/10/2024

ဒီပုံလေးမြင်ရင် ကျွန်မပြောခဲ့ဖူးတဲ့ ခွက်ဥပမာကို သတိရကြမယ်လို့ထင်ပါတယ်။

ဥပမာလေး ပြန်ရှင်းပြပါ့မယ်။

မိတ်ဆွေတို့ဆီမှာ ရေခွက်တစ်ခွက် သို့မဟုတ် အိတ်တစ်လုံး ရှိနေတယ်ဆိုပါတော့။ အဲ့ဒီခွက်၊ အဲ့ဒီအိတ်ထဲမှာ ရေတွေ၊ ပစ္စည်းတွေ ” ပြည့်” နေတယ်ဆိုရင်…

ရေထပ်ထည့်တဲ့အခါ လျှံထွက်သွားပါမယ်။ အဲ့ဒီလို လျှံထွက်သွားတာက မိတ်ဆွေ သောက်သုံးလိုက်ရတာမဟုတ်ပါဘူး။

ထို့နည်းတူပဲ အိတ်ပြည့်နေရင်လဲ အိတ်ထဲကိုပစ္စည်းတွေ ထပ်ထိုးထည့်လို့မရတော့ပါဘူး။

ဘာကိုဆိုလိုချင်တာလဲ ဆိုရင်…

Law of Attraction မှာ ပြောလေ့ပြောထ ရှိတဲ့ capacity to receive ဆိုတာက မိမိမှာရှိနေပြီး အိတ် နဲ့တူနေပါတယ်။ မိမိရဲ့အိတ်က ပြည့်နေတယ်ဆိုရင် ထပ် လက်ခံလို့မရတော့ပါဘူး။

အဲ့ဒီအိတ်က ဘာကိုဆိုလိုတာလဲ…

မိမိရဲ့ လက်ခံနိုင်စွမ်းအားကိုဆိုလိုခြင်းဖြစ်ပါတယ်။

မိမိရဲ့ အိတ်ဆိုတာက မိမိရဲ့ စိတ် နဲ့လည်း တူပါတယ်။ အိတ်ထဲမှာ စိတ်ညစ်စရာတွေ၊ ပူပင်သောကတွေ၊ စိုးရွံ့ထိတ်လန့်တာတွေ၊ ကြောင့်ကြနေတာတွေဆိုရင် တော်တော်ထုထည်ကြီးတဲ့အရာတွေ ဒါတွေများနေသေးသရွေ့ကတော့ ပျော်ရွှင်မှုတွေ၊ စိတ်ချမ်းသာစရာ အရာတွေ ဝင်လာဖို့ နေရာမရှိတော့ပါဘူး။

မိမိရဲ့ အိတ် ထဲက ပစ္စည်း ဆိုတာ မိမိလက်ထဲရှိနေပြီးသား ပစ္စည်းတွေနဲ့တူပါတယ်။ မိမိအိတ်ထဲမှာ မိမိအသုံးမလိုတော့တဲ့ ပစ္စည်းတွေများနေတယ်ဆိုရင် အသစ်ထပ် ဝင်လာဖို့နေရာမရှိတော့ပါဘူး။ ဥပမာ မိမိမှာ စုဆောင်းထားတဲ့ ဖိနပ်အဟောင်းတွေရှိတယ်ဆိုပါတော့။ ဖိနပ်အသစ် မြင်တိုင်း “ ငါ့မှာ ဖိနပ်အဟောင်းတွေ အများကြီး ရှိနေတာပဲ” တကယ်တမ်း အဲ့ဒီဖိနပ်အဟောင်းတွေက စီးလို့လည်း မရတော့ဘူး၊ ပစ်လည်း မပစ်ရက်ဘူး၊ ဒီလိုပဲ သိမ်းထားတဲ့အရာတွေ။

မိတ်ဆွေတို့မှာရော… ဘာမှ အသုံးမကျတော့ပေမယ့် “ ဒီလိုပဲ သိမ်းထားတာ” ဆိုတဲ့အရာတွေနဲ့ အိတ်ထဲပြည့်နှက်နေပါသလား…

ကြက်ဥ ၃ လုံးပဲ ရှိတဲ့အိတ်ကိုကြည့်လိုက်မယ်ဆိုရင် အဲ့ဒီအိတ်ထဲမှာ တစ်ရက်စာ အသက်ရှင်ဖို့ အဟာရပဲရှိပြီး တခြား ဘာမှ ရှိဖို့ကို မလိုအပ်တော့တာမျိုး။ ဒါကလည်း အရိယာသူတော်ကောင်းတွေရဲ့ ကျင့်စဉ်မျိုးကိုဆိုလိုပါတယ်။

အဲ့ဒီတော့ မိမိအိတ်ထဲကို ပစ္စည်းအသစ်တွေ ထပ်ထည့်ချင်တယ်ဆိုရင်…
အိတ်ထဲက မလိုတာတွေ ထုတ်ရှင်းပစ်လိုက်ပါ။ ဆိုလိုတာက ပေးကမ်းစွန့်ကျဲ သင့်တာတွေ ပေးကမ်းလိုက်ပါ။ ပစ်သင့်တာတွေပစ်လိုက်ပါ။ ခံစားချက်တွေမှာလည်း လွှတ်ချသင့်တဲ့ ခံစားချက်တွေ လွှတ်ချလိုက်ပါ။
မိမိက ကောင်းတဲ့ ခံစားချက်မျိုးကိုတော့ ရချင်တယ်… ဒါပေမယ့် မကောင်းတဲ့ ခံစားချက်ကိုလည်း ပိုက်ထားချင်တယ်ဆိုရင် ဘယ်လိုလို့ အလုပ်ဖြစ်တော့မလဲ။ မကောင်းတဲ့ခံစားချက်က ပြန်ပြန်ပေါ်လာတယ်ဆိုတာ မိမိကိုယ်တိုင် ဆုတ်ကိုင်ထားနေသေးလို့ပါ။

မကောင်းတာကြီးကို မကိုင်ထားတော့ပဲ လွှတ်ချနိုင်တဲ့တစ်နေ့မှာ ကောင်းတာလေးတွေ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

COPY

လူ တကာ လိုက်လိမ် နေကြတာ အပူစာတွေ
01/10/2024

လူ တကာ လိုက်လိမ် နေကြတာ
အပူစာတွေ

လင်မယားစုံတွဲတစ်တွဲ တရား သွားနာကြတယ်။ ယောက်ျားဖြစ်သူက ဖုန်းကိုပိတ်ထားဖို့ မေ့သွားတယ်။ဘုန်းကြီးက တရားချနေတုန်း ဖုန်းကဝင်လ...
21/09/2024

လင်မယားစုံတွဲတစ်တွဲ
တရား သွားနာကြတယ်။

ယောက်ျားဖြစ်သူက ဖုန်းကို
ပိတ်ထားဖို့ မေ့သွားတယ်။

ဘုန်းကြီးက တရားချနေတုန်း
ဖုန်းကဝင်လာရော...

ဖြစ်ချင်တော့ ဖုန်းသံက အကျယ်ကြီး
မြည်နေတယ်။

ဒါနဲ့ဘုန်းကြီးရဲ့ အပြစ်ပြောတာ
ခံလိုက်ရတယ်။

တရားနာနေတဲ့ သူတွေကလည်း
အကုန်လုံး ဝိုင်းကြည့်ကြပါလေရော။

တရားနာလည်းပြီးရော တစ်ချို့က
သူ့ဆီလာပြီး
အပြစ်တင်ကြ ပြောကြတယ်။

ယဉ်ကျေးမှု မရှိဘူး..
ကာလံဒေသံကို နားမလည်ဘူး ..
အသိတရား နည်းပါးလိုက်တာ..

တရားလာနာတာ ဖုန်းသံမပိတ်ဘဲ သူများကို အနှောက်အယှက်ဖြစ်အောင်လုပ်တယ်..
သမာဓိ ပျက်တယ်.. စသဖြင့်ပေါ့။

အိမ်အပြန် ကားပေါ်ရောက်တော့
မယားဖြစ်သူကလည်း ဆူပူပါလေရော...

သူလည်း စိတ်ညစ်စိတ်ရှုပ်တာနဲ့
ဘားထဲကို သွားပစ်လိုက်တယ်။

ဘားထဲရောက်တော့လည်း
မနက်က သူ့အပြစ်ကြောင့် လူတကာဝိုင်းပြောတာ
အပြစ်တင်တာခံရတာကို တွေးနေမိပြီး
သတိလက်လွတ်နဲ့ ဘီယာပုလင်း ပြန်ချတော့
စားပွဲခုံကနေလွတ်ပြီး အောက်ပြုတ်ကျပါလေရော။

ဘီယာ ပုလင်းကွဲပြီး ပုလင်းကွဲစတွေ
ပြန့်ကျဲကုန်တယ်။
ဘီယာတွေလဲ အင်္ကျီအဝတ်အစားတွေကို လာစင်ကုန်တယ်။

ချက်ချင်းပဲလူ ၂ ယောက် ၃ ယောက်လောက်သူ့ဆီ လှမ်းလာ ကြတယ်။

သူ့စိတ်ထဲ ဒီနေ့တော့ တော်တော်ကို
ကံဆိုးတဲ့နေ့ပဲ။
ထပ်ပြီး အပြစ်တင်ခံရတော့မှာပဲလို့
တွေးနေမိတယ်။

ဒါပေမယ့်..

သူထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်လာတယ်။

ပြေးလာကြတဲ့ စားပွဲထိုး ၂ ယောက်
၃ ယောက် က
သူ့ကိုစိုးရိမ်တကြီးနဲ့ အကို
ဘာဖြစ်သွားသေးလဲ။

ပုလင်းကွဲတွေ ဘာတွေ ရှသွားသေးလား.. လို့ ဝိုင်းမေးကြတယ်။

ချက်ချင်းပဲ သူ့ကိုယ်ပေါ်က ပေနေတဲ့ ဘီယာမြှုတ်တွေ ဝိုင်းသုတ်ပေးကြတယ်။

အမှိုက်ဂေါ် ယူလာတဲ့သူနဲ့ တံမြက်စီး
ယူလာတဲ့သူနဲ့
ချက်ချင်း သန့်ရှင်းရေး ဝိုင်းလုပ်
ပေးကြတယ်။

ဆိုင်မန်နေဂျာက
ဘီယာနောက်တစ်ပုလင်း လာချပေးရင်း ..

အပြုံးချိုချိုနဲ့ သူ့ကိုပြောတာက...

"အမှားအယွင်း မတော်တဆဆိုတာ
အချိန်မရွေး ဖြစ်တတ်ပါတယ်..
သတိထား တတ်ဖို့ပဲ လိုတာပါဗျာ" တဲ့။

အဲ့နောက်ပိုင်း သူဟာ
ဘီယာ ဘားကိုပဲ မကြာခဏရောက်ဖြစ်ပြီး
တရားနာတာကို မသွားဖြစ်တော့ဘူး။

ဘာကြောင့်လဲဆိုတော့ ..

ဘုန်းကြီးကျောင်းက လူတွေထက်
ဘီယာဘားက လူတွေက သာနွေးနွေးထွေးထွေး
အသိအမှတ်ပြု ဆက်ဆံကြလို့ပါ။

အမှန်ဆို ဘုန်းကြီးကျောင်းက လူတွေက ပိုပြီးမေတ္တာထားသဘောထားကြီး ဖေးမကြရမဲ့အစား
ဘားထဲကလူတွေနဲ့ ဆန့်ကျင့်ဖက်
ဖြစ်နေကြလို့ပါ။

ဒါကြောင့် ဘုန်းကြီးကျောင်းတက်တဲ့ သူတွေကလည်းသတိထား ဆင်ခြင်ရမှာက...

စည်းကမ်းတွေ၊
ဘောင်တွေ၊ ကန့်သတ်ချက်တွေနဲ့ အရမ်းတင်းကြပ်ပြီး စိတ်ရင်း စေတနာ ခမ်းခြောက်လွန်းသူတွေ မဖြစ်ကြပါစေနဲ့။

လူသားတွေဆိုတာ ဘယ်သူမဆို
အမှားမကင်း နိုင်ကြဘူးဆိုတာကို
မမေ့ပါနဲ့။

အမှား သေးသေးမွှားမွှား တွေကို
တစ်ယောက်နဲ့တစ်ယောက် ပြောစရာတွေဖြစ်ပြီး ကိစ္စကြီးအပြစ်ကြီးဖြစ်အောင် မချဲ့ပါနဲ့။

ကျောင်းကိုလာတဲ့သူကို တရားတွေနာပြီး စိတ်ဓာတ်တွေကြည်လင်လာ စေမဲ့အစား၊ " ကျောင်းနဲ့ ပိုဝေးအောင် " မလာချင်အောင် တွန်းထုတ်ပစ်တာမျိုး မလုပ်လိုက် မိပါစေနဲ့ ။

အမှန်တရားဆိုတာ စည်းကမ်းတွေ၊
ဘောင်တွေ၊
သတ်မှတ်ချက်တွေကို တသွေမတိမ်း တင်းတင်းကြပ်ကြပ် လိုက်နာတဲ့အပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။

တခါတလေလည်း ...

သူတစ်ပါးအပေါ် လိုက်လျှောညီထွေမှုနဲ့ စာနာ၊နားလည်တတ်မှုလည်း
ရှိတတ်ရပါမယ်။

ဒါမှသာ...

" နေထိုင် ချင်စရာကောင်းတဲ့ "

လူမှု ပတ်ဝန်းကျင်ကောင်းတစ်ရပ်
ဖြစ်လာမှာပါ.....။


🌼🙏🙏🙏🌼
aye

မူရင်းရေးသားသူကို လေးလေးစားစား cred ပေးပါတယ်

ရန်ကုန်မှာ ရေတွေကြီးလိုက်စမ်းပါ..မကျိန်ပါနဲ့ကွာ🙏ရန်ကုန်ကငါ့ fri 5000ကျော်မှာ.4900 ကျော်က. နယ်က...ရေဘေးလှူဖို့ ထမင်းတွေချ...
17/09/2024

ရန်ကုန်မှာ ရေတွေကြီးလိုက်စမ်းပါ..

မကျိန်ပါနဲ့ကွာ🙏

ရန်ကုန်ကငါ့ fri 5000ကျော်မှာ.
4900 ကျော်က. နယ်က...ရေဘေးလှူဖို့
ထမင်းတွေချက်နေတာကွ......

ရေဝင်လာရင်မီးဖိုတွေ မီးမွှေးမရဘူး.....

ဇဗ္ဗူဒိတ်နိမိတ်တွေကို ငါကြောက်တယ်.....
မကျိန်နဲ့

နေပြည်တော်မို့ မကူတာ ဘာဖစ်ဖစ်တဲ့...

အော်ပြောရက်တယ်ကွာ....

အဲ့..ငါးခုံးမ၁ကောင်ကြောင့်
၁လှေလုံးအပုပ်မခံနိုင်ပါဘူး
ဘီလူးတွေနေတဲ့နေရာက သပ်သပ်ကြီးပါ

အခု ငရဲပြည်ဖစ်သွားတဲ့..ရွာတွေက
video တွေ တက်လာတိုင်း.
မျက်ရည်လည်ရွဲနဲ့.. ..
ပိုက်ဆံအိတ်လေးဖွင့်....
ရှိတာလေးလှူဖို့ကြိုးစားနေကြတဲ့...
လက်လုပ်လက်စားတွေ .ကနေ....ဟိုးအပေါ်ကဘောစိတွေအထိ

ငါးသလောက်တွေ......တပုံကြီးပါကွ..

online. Shop မတွေ စျေးမရောင်းနဲ့..
Blockမှာတဲ့လား

ငါ့accထဲ ရွှေရောင်းတဲ့ online စျေးသည်မကနေ
တုတ်ထိုး ရောင်းတဲ့ online စျေးသည်မထိ

ရေဘေးအတွက်လှူနေလိုက်တာ
ပလူတွေပျံနေလို့. ငါ့ဖုန်းမှာလေ
သာဓုခေါ်ရတဲ့
လက်အုပ်ချီတဲ့ စတစ်ကာလေးနေရာ.တောင်
စက်ဟန်းနေပီကွ....

လေ ဘေးရေဘေးထက်ပိုဆိုးတဲ့
လင်ဘေးသင့်တွေကိုလဲ...
ပုံမတင်ဖို့ မချိန်းခြောက်ပါနဲ့....

အပူမကူးဘဲနေနိုင်တဲ့. ဥပက္ခာတရားဆိုတာ
တော်ရုံလူမှာမရှိဖူး.... ထားလိုက်ပါကွာ ..

ရာဂီမုန်တိုင်း ၁ခုလုံး ဝင်မွှေခံရတဲ့....
တရုတ်ပြည်မှာ.
Thay ဆုံးသူ. 4ယောက်

အဖျားခတ်ခံရတဲ့ငါတို့နိုင်ငံလေးမှာ
Thay ဆုံးသူ 40000ကျော်.
ပျောက်ဆုံးနေသူတွေ
အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုအရေအတွက်
သုည ၆လုံးထက်ကျော်နေပီကွ.....

တသက်လုံးနွားနဲ့ဖက်ရုန်း ...
လက်သည်းထဲ. ရွှံ့အပြည့်နဲ့ ထမင်းစား ပီး..
ကြီးလာရတဲ့
ငါတို့အဖိုးတွေအဖွားတွေ ချွေးနှဲစာနဲ့..
ဆောက်ထားတဲ့ အိမ်လေးပေါ်မှာရေတွေအပြည့်နဲ့...
ဖက်တွယ်နေတာမြင်ရင် ချော့မော့ခေါ်ပေးပါ
ပရဟိတဦးလေးကြီးတို့ရယ်

အပြစ်မမြင်မညိုငြင်ကြပါနဲ့နော်

ငါတို့နိုင်ငံမှာခေါင်းချစရာ

အိမ်လေး၁နေရာအတွက်

၁သက်လုံးရုန်းကန်ပေးဆပ်ခဲ့ရတာမို့

အိမ်ခြေရာမဲ့ စကားလုံးက အဖွားတို့အတွက်

Thayတာထက် ဆိုးလို့ပါ....

နားလည်ပေးပါနော်🙏🙏🙏

မေမေရယ် သမီးကို မထားသွားပါနဲ့နော်. ဆိုတဲ့.

၁၅နှစ်သမီးလေးရက်လည်. ..

Video လေး၁ခုနဲ့တင်

ငါ ငိုရတာ. ရင်ကွဲတော့မယ်..

ထပ် မငိုပါရစေနဲ့တော့ကွာ......

ကူနိုင်သူကို မြင်တဲ့အခါ. ...မုဒိတာပွားပီး

မကူနိုင်တာမြင်တဲ့အခါ. ဥပက္ခာထားလိုက်ပါ....

ခြင်းကြားထဲကယက်သဲ့ ပီးကျန်ခဲ့ရတဲ့

ဘဝတူ ငါး အချင်းချင်း

ရန်တွေမစောင် ပါရစေနဲ့တော့...

ငါတို့နိုင်ငံက. နဂိုတည်းက

အောက်တန်းရော

နောက်တန်းရော ကျပီးသားပါ

စိတ်ဓါတ်လေးတော့

မြင့်မြင့်ထား ကြမယ်ကွာ...နော်သူငယ်ချင်း......

Copy

S.T.N ( 15.9.2024)

လက်ရာပိုင်း ဆိုင်ရာ ကို အလုပ်အပ်နှံ သူများ စိတ်တိုင်းကျ ဆောင်ရွက် ပေးပါသည် "
15/09/2024

လက်ရာပိုင်း ဆိုင်ရာ ကို
အလုပ်အပ်နှံ သူများ
စိတ်တိုင်းကျ
ဆောင်ရွက် ပေးပါသည် "

မူလ မြသလွန် စေတီတော် မြတ်ကြီး
11/09/2024

မူလ မြသလွန် စေတီတော် မြတ်ကြီး

Address


Website

Alerts

Be the first to know and let us send you an email when T. T. M Engineering Group & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Contractor?

Share