15/07/2026
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော KINAN Overseas Business ၏ (၁၀) နှစ်ပြည့် အခမ်းအနားနှင့် Myanmar KINAN တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အခမ်းအနားသို့ ဧည့်သည်တော် ၁၀၀ ကျော် တက်ရောက်ပေးခဲ့ကြသည့်အတွက် ကျွန်တော်တို့အနေဖြင့် အမှတ်တရဖြစ်စေသော သမိုင်းဝင် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါသည်။
လွန်ခဲ့သော (၁၀) နှစ်တာကာလအတွင်း ကျွန်ုပ်တို့အား အမြဲတမ်း ပံ့ပိုးကူညီပေးခဲ့ကြသော စီးပွားရေး မိတ်ဖက်များအားလုံးနှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုပေးနေကြသော တန်ဖိုးထားရသည့် ဖောက်သည်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။ ယနေ့အချိန်အထိ ကျွန်ုပ်တို့၏လုပ်ငန်းကို တည်တံ့စွာ ဆက်လက်လည်ပတ်နိုင်ပြီး တိုးတက်အောင်မြင်လာခဲ့ခြင်းမှာ မိတ်ဆွေတို့၏ မပြောင်းလဲသော ယုံကြည်မှုနှင့် အားပေးထောက်ခံမှုတို့ ကြောင့်သာ ဖြစ်ပါသည်။
ယခု (၁၀) နှစ်ပြည့်အောင်မြင်မှုကို ဂုဏ်ပြုရင်း နောင်လာမည့် (၁၀) နှစ်တာ ကာလအတွက် စတင်မည့် ခြေလှမ်းသစ်အဖြစ် ကျွန်တော်တို့ မှတ်ယူထားပါသည်။ အနာဂတ်တွင်လည်း ကျွန်ုပ်တို့၏လုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဖောက်သည်များ၊ စီးပွားရေးမိတ်ဖက်များအတွက် ပိုမိုတန်ဖိုးရှိသော ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ဝန်ထမ်းများအားလုံးနှင့်အတူ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စိန်ခေါ်မှုအသစ်များကိုလည်း ဆက်လက်ရင်ဆိုင်သွားမည် ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် ဤအခမ်းအနားသို့ တက်ရောက်ပေးခဲ့ကြသူများအားလုံးနှင့် KINAN ကို ယနေ့အထိ အစဉ်တစိုက် ပံ့ပိုးအားပေးခဲ့ကြသော လူကြီးမင်းများအားလုံးကို ထပ်မံ၍ အထူးကျေးဇူးတင်ရှိပါကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။ အနာဂတ်တွင်လည်း ယခင်ကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများနှင့် အားပေးကူညီမှုများကို ရရှိနိုင်မည်ဟု မျှော်လင့်ပါသည်။