A+ Deco Construction Myanmar

  • Home
  • A+ Deco Construction Myanmar

A+ Deco Construction Myanmar Greetings Folks! This is A+ Deco Construction Co.ltd. Create your passionate dreams of building your with us🫧🏯 -yours sincerly, A+ deco construction.

🏗️ အိမ်တလုံးဆောက်တာက အဆောက်အအုံတခု တည်ဆောက်တာထက် ပိုပါတယ်။ အဲဒီအိမ်ဟာ မိသားစုရဲ့ အိပ်မက်တွေ၊ ဘဝအမှတ်တရတွေ၊ နောင်အနာဂတ်ကိ...
05/08/2026

🏗️ အိမ်တလုံးဆောက်တာက အဆောက်အအုံတခု တည်ဆောက်တာထက် ပိုပါတယ်။ အဲဒီအိမ်ဟာ မိသားစုရဲ့ အိပ်မက်တွေ၊ ဘဝအမှတ်တရတွေ၊ နောင်အနာဂတ်ကို အုတ်မြစ်ချထားမယ့် နေရာတခုလဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းကို ရွေးချယ်တဲ့အခါ ဈေးနှုန်းတခုတည်းကိုသာ မကြည့်ဘဲ အရည်အသွေး၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ စံချိန်စံညွှန်းနဲ့ တာဝန်ယူမှုရှိတဲ့ လုပ်ငန်းအဖွဲ့ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။

🧱 အရည်အသွေးကောင်းတဲ့ ဆောက်လုပ်ရေးဟာ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတခုပါ။ အုတ်၊ သဲ၊ ဘိလပ်မြေ၊ သံမဏိစတဲ့ ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းတိုင်းကို စံချိန်မီအသုံးပြုခြင်း၊ လုပ်ငန်းစဉ်တိုင်းကို စနစ်တကျ စစ်ဆေးခြင်းနဲ့ နည်းပညာအတိုင်း ဆောင်ရွက်ခြင်းတို့က အဆောက်အအုံရဲ့ ခိုင်ခံ့မှုနဲ့ သက်တမ်းကို တိုက်ရိုက် သက်ရောက်စေပါတယ်။
အစပိုင်းမှာ မှန်ကန်စွာ တည်ဆောက်ထားတဲ့ အိမ်တလုံးက နောင်ပိုင်း ပြုပြင်ထိန်းသိမ်းစရိတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

📐 ဆောက်လုပ်ရေးလုပ်ငန်းတခု အောင်မြင်ဖို့ စီမံခန့်ခွဲမှုက မရှိမဖြစ်လိုအပ်ပါတယ်။ မြေတိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ ကုန်ကျစရိတ်တွက်ချက်ခြင်း၊ သတ်မှတ်အချိန်ဇယားအတိုင်း ဆောက်လုပ်ခြင်းနဲ့ အဆင့်တိုင်းမှာ အရည်အသွေးစစ်ဆေးခြင်းတို့ကို သေချာလုပ်ဆောင်မှသာ စံချိန်မီ အဆောက်အအုံတခု ဖြစ်ပေါ်လာနိုင်ပါတယ်။ အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေနဲ့ ကျွမ်းကျင်အလုပ်သမးအဖွဲ့ဟာ Project တခုရဲ့ အောင်မြင်မှုကို ဆုံးဖြတ်ပေးတဲ့ အဓိကအချက်တွေ ဖြစ်ပါတယ်။

🤝 ကျွန်တော်တို့ရဲ့ 𝐀+ 𝐃𝐄𝐂𝐎 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 မှ အဆောက်အအုံတခုတည်း မဟုတ်ဘဲ ယုံကြည်မှုကိုပါ တည်ဆောက်ပေးနေပါတယ်။ လူနေအိမ်၊ တိုက်ခန်း၊ ရုံးခန်းနဲ့ စီးပွားရေးအဆောက်အအုံများကို အရည်အသွေး၊ အချိန်မှန်မှု၊ တာဝန်ယူမှုတို့နဲ့ ဆောင်ရွက်ပေးပြီး Project အစမှ အဆုံးအထိ မိတ်ဆွေတို့အတွက် အကောင်းဆုံးဝန်‌ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
မိတ်ဆွေတို့ရဲ့ စိတ်ကူးအိပ်မက်ထဲက နေအိမ်လေးကို လုံခြုံစိတ်ချရပြီး အရည်အသွေးမြင့်စွာ အကောင်
အထည်ဖော်ချင်တယ်ဆိုရင် အခုပဲ ဆက်သွယ်တိုင်ပင်လိုက်ပါခင်ဗျာ💁

𝐌𝐨𝐫𝐞 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
☎️ : 𝟎𝟗𝟒𝟑𝟎𝟐𝟎𝟔𝟔𝟎
📧 : 𝐚𝐩𝐥𝐮𝐬𝐝𝐞𝐜𝐨𝐫.𝐜𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦

#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

TV wall design ideas ❤️Photo credit                  #ဆောက်လုပ်ရေး  #ဆောက်လုပ်ရေးဗဟုသုတ A+ Deco Construction Myanmar
02/08/2026

TV wall design ideas ❤️

Photo credit
#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

30/07/2026

Luxury living room Decoration Ideas ❤️
Video credit
#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

✨မြတ်စွာဘုရားရှင် တရားဦးဓမ္မစက်ကို စတင်ဟောကြားတော်မူတဲ့သပ္ပါယ်လှတဲ့ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့မှာ  မိသားစုအပေါင်း...
29/07/2026

✨မြတ်စွာဘုရားရှင် တရားဦးဓမ္မစက်ကို စတင်ဟောကြားတော်မူတဲ့သပ္ပါယ်လှတဲ့ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့မှာ မိသားစုအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ။ တရားတော်၏ အေးရိပ်၌ အစဉ်အမြဲ ငြိမ်းချမ်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ✨🙏


#ဆောက်လုပ်ရေးဗဟုသုတ #ဆောက်လုပ်ရေး
A+ Deco Construction Myanmar

📚 စာသင်ကျောင်း ဒါမှမဟုတ် သင်တန်းကျောင်းတခုရဲ့ အောင်မြင်မှုမှာ သင်ရိုးညွှန်းတမ်းနဲ့ ဆရာ/မတွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို၊ ...
26/07/2026

📚 စာသင်ကျောင်း ဒါမှမဟုတ် သင်တန်းကျောင်းတခုရဲ့ အောင်မြင်မှုမှာ သင်ရိုးညွှန်းတမ်းနဲ့ ဆရာ/မတွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို၊ သင်ယူသူတွေ ကိုယ်ရောစိတ်ပါ တက်ကြွလန်းဆန်းစွာ သင်ယူလေ့လာနိုင်မယ့် အခန်းတွင်း ပတ်ဝန်းကျင်𝗔𝘁𝗺𝗼𝘀𝗽𝗵𝗲𝗿𝗲 ကလည်း မရှိမဖြစ် လိုအပ်ပါတယ်။

🖥️ဒါကြောင့် သပ်ရပ်လှပပြီး စနစ်တကျ ပြင်ဆင်ထားတဲ့ စာသင်ခန်းတခုဟာ ကျောင်းသား/သူတွေရဲ့ အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေပြီး သင်ယူလိုစိတ်ကိုလည်း တိုးတက်စေပါတယ်။

📝ကျွန်တော်တို့ရဲ့𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗱𝗲𝘀𝗶𝗴𝗻 ဝန်ဆောင်မှုဟာ ရိုးရှင်းတဲ့ အလှအပပြင်ဆင်မှုတင် မဟုတ်ဘဲ စာသင်ခန်းရဲ့ အလင်းရောင်ရရှိမှု၊ လေဝင်လေထွက်၊ အသံဆူညံမှု ထိန်းချုပ်နိုင်စွမ်းနဲ့ နေရာလွတ် အသုံးချမှု အချိုးအစား 𝘀𝗽𝗮𝗰𝗲 𝘂𝘁𝗶𝗹𝗶𝘀𝗮𝘁𝗶𝗼𝗻 တွေကို ပညာရပ်ဆိုင်ရာ စံနှုန်းများနှင့်အညီ စနစ်တကျ တွက်ချက်ပုံဖော်ပေးတာ ဖြစ်ပါတယ်။ သင်တန်း အမျိုးအစားအလိုက် (ဥပမာ - ကလေးငယ်များအတွက် သင်တန်း၊ 𝗜𝗧/ 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 သင်တန်း၊ အသက်မွေးဝမ်းကျောင်း သင်တန်း) များကို သင့်တော်မယ့် 𝗖𝗼𝗹𝗼𝘂𝗿 𝗽𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆ကို အသုံးပြုပြီး ဒီဇိုင်းဆွဲပေးပါတယ်။

📚ဒါ့အပြင် ကျောင်းသား/သူတွေ၊ ဆရာ/မတွေနဲ့ ကျောင်းလာရောက် စုံစမ်းသူ မိဘများအတွက်ပါ စိတ်ကျေနပ်မှု ပေးနိုင်မယ့် 𝗿𝗲𝗰𝗲𝗽𝘁𝗶𝗼𝗻 𝗮𝗿𝗲𝗮 𝗹𝗼𝘂𝗻𝗴𝗲 စတဲ့ နေရာတွေကိုပါ 𝗕𝗿𝗮𝗻𝗱 𝗶𝗺𝗮𝗴𝗲 ပေါ်လွင်အောင် အကောင်းဆုံး ရေးဆွဲဖန်တီးပေးနေပါတယ်။ စာသင်ခန်းသုံး ပရိဘောဂများ ( 𝗱𝗲𝘀𝗸𝘀 & 𝗰𝗵𝗮𝗶𝗿𝘀) ကိုလည်း ရေရှည်အသုံးပြုနိုင်ပြီး ထိုင်ရသက်တောင့်သက်သာရှိမယ့် 𝗘𝗿𝗴𝗼𝗻𝗼𝗺𝗶𝗰 𝗗𝗲𝘀𝗶𝗴𝗻 များဖြင့် ဦးစားပေး ရွေးချယ်ပေးထားပါတယ်။

🔖လူကြီးမင်းတို့ရဲ့ သင်တန်း/ကျောင်းများကို ခေတ်မီပြီး ယုံကြည်စိတ်ချရတဲ့ သင်ယူမှုဝန်းကျင်တခုအဖြစ် ပြောင်းလဲဖန်တီးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ 𝗔+ 𝗗𝗘𝗖𝗢 ကို ဆက်သွယ်လိုက်ပါ။ လူကြီးမင်းတို့ရဲ့ခန့်မှန်းဘတ်ဂျက်နဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အကောင်းဆုံး အကြံဉာဏ်များနဲ့အတူ 𝗽𝗲𝗿𝗳𝗲𝗰𝘁 𝗱𝗲𝘀𝗶𝗴𝗻 များကို ဖန်တီးပေးဖို့ 𝗔+ 𝗗𝗲𝗰𝗼 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 က အဆင်သင့် ရှိနေပါတယ်ခင်ဗျာ💁

𝗠𝗼𝗿𝗲 𝗶𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻:
☎️𝟬𝟵𝟰𝟯𝟬𝟮𝟬𝟲𝟲𝟬
📧𝗔𝗽𝗹𝘂𝘀𝗱𝗲𝗰𝗼𝗿.𝗰𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

A+ Deco Construction Myanmar
#ဆောက်လုပ်ရေးဗဟုသုတ #ဆောက်လုပ်ရေး

Interior Design hacks ✌️Photo credit A+ Deco Construction Myanmar
21/07/2026

Interior Design hacks ✌️

Photo credit
A+ Deco Construction Myanmar

20/07/2026

New Technology 😅
Video credit
A+ Deco Construction Myanmar

(၇၉)ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 🇲🇲🇲🇲🇲🇲A+ Deco Construction Myanmar
19/07/2026

(၇၉)ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 🇲🇲🇲🇲🇲🇲

A+ Deco Construction Myanmar

Small Living room Decoration Ideas ❤️ Photo credit A+ Deco Construction Myanmar
16/07/2026

Small Living room Decoration Ideas ❤️

Photo credit
A+ Deco Construction Myanmar

⛈️  မြန်မာနိုင်ငံရဲ့ မိုးရာသီဟာ ရက်ဆက်မိုးရွာသွန်းမှုတွေ၊ စိုထိုင်းဆ မြင့်မားမှုတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ...
14/07/2026

⛈️ မြန်မာနိုင်ငံရဲ့ မိုးရာသီဟာ ရက်ဆက်မိုးရွာသွန်းမှုတွေ၊ စိုထိုင်းဆ မြင့်မားမှုတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်တာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် မိုးရာသီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုံးဝရပ်နားထားရမယ်လို့ မဆိုလိုပါဘူး။ ခိုင်မာတဲ့ ကြိုတင်ပြင်ဆင်မှု၊ စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေရှိရင် မိုးရာသီမှာလည်း လုပ်ငန်းခွင်အရှိန်မပျက်ဘဲ ဘေးကင်းအောင်မြင်စွာ လည်ပတ်နိုင်ပါတယ်။

⛈️ ​ဒီကာလမှာ အဓိက သတိပြုရမှာကတော့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဖြစ်ပါတယ်။ မိုးရွာသွန်းမှုကြောင့် မြေပြင်ချော်လဲနိုင်တာ၊ လျှပ်စစ်ပစ္စည်းတွေ ဓာတ်လိုက်နိုင်တာတွေကြောင့် ကေဘယ်ကြိုးတွေကို စနစ်တကျ သီးသန့်သွယ်တန်းတာ၊ ဝါယာရှော့မဖြစ်အောင် ကြိုတင်စစ်ဆေးတာတွေကို အထူးဂရုစိုက်ရပါမယ်။ ဒါ့အပြင် ဆောက်လုပ်ရေးသုံးပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ သံချောင်းနဲ့ သစ်သားတွေကို မိုးရေမစိုစေဘဲ အရည်အသွေး မပျက်စီးအောင် မိုးကာအမိုးအကာအောက်မှာ သေသေချာချာ သိုလှောင်ဖို့ လိုအပ်ပါတယ်။

⛈️ ​မိုးရာသီဟာ လုပ်ငန်းခွင်ပြင်ပ (Outdoor) လုပ်ငန်းတွေဖြစ်တဲ့ ဖောင်ဒေးရှင်းချတာ၊ မြေတူးတာနဲ့ အပြင်ဘက် ဆေးသုတ်တာမျိုးတွေအတွက် အခက်အခဲရှိနိုင်ပေမယ့် အိမ်တွင်းအလှဆင်ခြင်း (Interior Design)၊ မျက်နှာကြက်တပ်ဆင်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနဲ့ အုတ်စီခြင်းစတဲ့ ရွှံ့နွံဒဏ်မခံရတဲ့ အထဲပိုင်းအလုပ်တွေကိုတော့ အရှိန်အဟုန်မပျက် အာရုံစိုက် လုပ်ဆောင်နိုင်တဲ့ အချိန်ကောင်း ဖြစ်ပါတယ်။ စိုထိုင်းဆကြောင့် ကွန်ကရစ်ခြောက်သွေ့မှု ကြာရှည်နိုင်တာကို တွက်ချက်ပြီး လုပ်ငန်းစဉ်တွေကို အလှည့်ကျ စနစ်တကျ ပြောင်းလဲလုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

⛈️ ​ဒါကြောင့် မိုးရာသီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အောင်မြင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာများ၊ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ပြီး ရာသီဥတုနဲ့ ကိုက်ညီမယ့် လုပ်ငန်းခွင် အစီအစဉ် (Project Timeline) ကို သေသေချာချာ ရေးဆွဲဖို့ တိုက်တွန်းချင်ပါတယ်။ ရာသီဥတုကို အခွင့်ကောင်းအဖြစ် ပြောင်းလဲပြီး စံချိန်စံညွှန်းပြည့်မီတဲ့ အဆောက်အအုံတွေကို ဖန်တီးလိုက်ပါ။

#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

Address


Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when A+ Deco Construction Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Contractor?

Share