SNP Construction , Engineering Supervision & Inspection Group

SNP Construction , Engineering Supervision & Inspection  Group One Stop Service For All Engineering Service,Contact Us Now!!

အဆောက်အဦးတွေကို structure တွက်ပေးခြင်း/Structure Drawing /Arc Drawing /ကုန်ကျစရိတ် များကိုစျေးနှုန်းသင့်တင့်ချိုသာသော နှ...
10/10/2023

အဆောက်အဦးတွေကို structure တွက်ပေးခြင်း/Structure Drawing /Arc Drawing /ကုန်ကျစရိတ် များကိုစျေးနှုန်းသင့်တင့်ချိုသာသော နှုန်းထားဖြင့်ဝန်ဆောင်မူ့ပေးပါသည်

ပေါ်လစ်အကြောင်း တစေ့တစောင်း~~~~~~~~~~~~~ ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူ...
28/08/2023

ပေါ်လစ်အကြောင်း တစေ့တစောင်း
~~~~~~~~~~~~~

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။

1 ဖီလာ (Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။

2 ဆီလာ (Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။

(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================

ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။

NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။

ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။

(၂) AC ဆီလာ
==========

AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။

AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။

(၃)PU ဆီလာ
==========
PU ဆီလာက သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။

PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။

3 Lacquer နဲ့ Topcoat

တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

Lacquer လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။

သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။

ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။

Topcoat ကိုတော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။

NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။


Crd: MDEnginnering & Construction

🏡လူတိုင်းမှာ တူညီတဲ့အိမ်မက်တစ်ခုရှိကြပါတယ် ဒါက​တော့ မိမိစိတ်ကြိုက်ဖန်တီးထားတဲ့ ချစ်စရာ​ကောင်းတဲ့ ကိုယ်ပိုင်အိမ်က​လေးတစ်လ...
25/07/2023

🏡လူတိုင်းမှာ တူညီတဲ့အိမ်မက်တစ်ခုရှိကြပါတယ် ဒါက​တော့ မိမိစိတ်ကြိုက်ဖန်တီးထားတဲ့ ချစ်စရာ​ကောင်းတဲ့ ကိုယ်ပိုင်အိမ်က​လေးတစ်လုံး ပိုင်ဆိုင်ဖို့ပါပဲ

🏡ဘယ််အခန်းက​တော့ အ​ဖေနဲ့အ​မေအခန်း ဒီအခန်းက​တော့ ​​မောင်နှမတ​တွေအိပ်ခန်း ဘယ်နား​လေး​တော့ မိသားစု​တွေ ထမင်းလက်စုံစားကြဖို့​နေရာ အိမ်​ရှေ့ကွက်လပ်မှာ​တော့ ​မေ​မေကြီး ပန်းပင်​လေး​တွေစိုက်ဖို့​နေရာ စသဖြင့် စိတ်ကူးထဲမှာ​တောင် ​ပျော်စရာ အိမ်က​လေး​ပေါ့

🏡ဒါ​​ကြောင့် သုံးချင်တဲ့ budget ​လေးလျာပြီး အိမ်က​လေး​ဆောက်ဖို့လိုပြီဆို ကျွန်​တော်တို့ကို သတိရလိုက်ပါ​နော် မိသားစု​တွေ သက်​​တောင့်သက်သာ​​ တစ်သက်လုံး​နေထိုင်နိုင်မယ့် အိမ်က​လေး ဖန်တီးဖို့ ကျွန်​တော်တို့တည်​ဆောက်​ရေးအင်ဂျင်နီယာများမှ ကူညီတည်​ဆောက်​ပေးသွားပါရ​စေ အတွင်းခန်းဖွဲ့စည်းမူ နဲ့ အိမ်design​​လေး အမြဲလှပ​နေဖို့ကို​တော့ ကျွန်​တော်တို့ ဗိသုကာအင်ဂျင်နီယာများမှ တာဝန်ယူ​ပေးသွားမှာပါခင်ဗျ

🏡အိမ်​ဆောက်ချင်တဲ့အခါ အိမ်Design​လေး​တွေ အလွယ်တကူ​ရွေးခြယ်နိုင်ဖို့ Shareပြီး သိမ်းထားဖို့လဲ မ​မေ့နဲ့​ဦးနော်

☎️Contact Ph - 09 788 489 258
09-758 308 188
🖇🖇Fb Page - SNP Construction , Engineering Supervision & Inspection Group





#အိမ်
#အိမ်ဒီဇိုင်း

🏠🏰အိမ်ပုံစံ စဥ်းစားရခက်​နေသူ​တွေအတွက်  လူတကာ​ငေးမယ့် ၂ထပ်ခွဲ ၃ထပ်အိမ်ဒီဇိုင်း​လေး​တွေတင်​ပေးလိုက်ပါတယ်​နော်🏘 #အိမ်
23/07/2023

🏠🏰အိမ်ပုံစံ စဥ်းစားရခက်​နေသူ​တွေအတွက် လူတကာ​ငေးမယ့် ၂ထပ်ခွဲ ၃ထပ်အိမ်ဒီဇိုင်း​လေး​တွေတင်​ပေးလိုက်ပါတယ်​နော်🏘

#အိမ်



🏡ဗန်း​မော်မြို့နယ်တွင် SNP Engineering Group မှတာဝန်ယူ တည်​ဆောက်​​ပေး​​နေ​​သော 3 Storeyed RC အ​ဆောက်အဦးရဲ့ Site Progres...
22/07/2023

🏡ဗန်း​မော်မြို့နယ်တွင် SNP Engineering Group မှတာဝန်ယူ တည်​ဆောက်​​ပေး​​နေ​​သော 3 Storeyed RC အ​ဆောက်အဦးရဲ့ Site Progress မှတ်တမ်းပုံ​​များ ဖြစ်ပါတယ်ခင်ဗျာ🏡

Project - 1

📌​Footing Rebar Installation Work
📌Short Column Rebar Installation Work
📌1:2:4 Mat Footing Concrete Casting Work
📌Short Column Formwork
📌Short Column Concrete Casting Work
📌Earth Filling & Compaction Work
📌1:2:4 Lean Concrete Work

🏗Project Detail🏗

🏡Building Type - 3 Storeyed Rc Building
📐Area - 30 ft x 48 ft = 1440 Sft
🏘Foundation Type - Mat Footing
🏰Archi Design - Modern Type
🏢Structure Design - Earthquake Resistance Design
⏰️Duration - 8 Months

☎️Contact Ph - 09 788 489 258
09-758 308 188
🖇🖇Fb Page - SNP Construction , Engineering Supervision & Inspection Group





#အိမ်

🏡ဗန်း​မော်မြို့နယ်မှာ SNP Group မှတာဝန်ယူ တည်​ဆောက်​​ပေး​​နေ​​သော 3 Storeyed RC အ​ဆောက်အဦးရဲ့ Site Progress မှတ်တမ်းပုံ...
16/07/2023

🏡ဗန်း​မော်မြို့နယ်မှာ SNP Group မှတာဝန်ယူ တည်​ဆောက်​​ပေး​​နေ​​သော 3 Storeyed RC အ​ဆောက်အဦးရဲ့ Site Progress မှတ်တမ်းပုံ​​များ🏡

📌​Excavation Work
📌Sand Filling Work
📌1:2:4 Lean Concrete Work
📌Septic Tank Brick Work

🏗Project Detail🏗
🏡Building Type - 3 Storeyed Rc Building
📐Area - 30 ft x 48 ft = 1440 Sft
🏘Foundation Type - Mat Footing
🏰Archi Design - Modern Type
⏰️Duration - 8 Months

Contact Ph - 09 788 489 258
Fb Page - SNP Construction , Engineering Supervision & Inspection Group


    idea
11/07/2023


idea

 #ဘုရားခန်း
10/07/2023

#ဘုရားခန်း

09/07/2023


08/07/2023

"မြန်မာ့ရိုးရာ အိမ်ဆောက်လ နှင့် အိမ်ဆောက်ရက်
၊ကြိုးကိုင်ပန္နက်ချနေ့သား ရွေးနည်း"

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"အိမ်ဆောက် လ ရွေးနည်း"
*************************
"လင်္ကာ"
~~~~~
လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။
လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။
ဝါခေါင်လမှာ၊အိမ်ဆောက်ခါ၊ဥစ္စာတိုးပွားရ။
နတ်တော်လတွင်၊အိမ်ဆောက်လျှင်၊ပေါ်ထင်ကျော်စောစွ။
ပြာသိုလမှာ၊လူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်ဖွယ်ဤခြောက်လ။ လို့ဆိုပါတယ်။

တန်ခူး လ မှာအိမ်ဆောက်လျှင်ချမ်းသာကြွယ်ဝမည်။

ကဆုန် လ မှာအိမ်ဆောက်လျှင်ဆန်ရေစပါးပေါကြွယ်ဝမည်။

ဝါခေါင် လ မှာအိမ်ဆောက်လျှင်ပစ္စည်းဥစ္စာပေါကြွယ်ဝမည်။

နတ်တော် လ မှာအိမ်ဆောက်လျှင်ပေါ်လွင်ထင်ရှားကျော်ကြားမည်။

ပြာသို လ မှာအိမ်ဆောက်လျှင်လူအများ၏ချီးမွမ်းခြင်းခံရမည်။

တပေါင်း လ မှာအိမ်ဆောက်လျှင်ကြွယ်ဝချမ်းသာမည်။

တချို့ကျမ်းတွေမှာ"ကဆုန်၊ဝါဆို၊ပြာသို၊တပေါင်း၊လေးလကောင်း၊အိမ်ကျောင်းဆောက်ကုန်ကြ၊ကြွင်းရှစ်လတွင်၊ဆောက်ခဲ့လျှင်၊မရွှင်စိတ်သောက"။လို့ဆိုပါတယ်။
~~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"အိမ်ဆောက် ရက် ရွေးနည်း"
***************************

တနင်္ဂနွေ နေ့မှာအိမ်ဆောက်လျှင် ဆင်းရဲဒုက္ခကြုံရတက်သည်၊စိတ်သောကရောက်တက်သည်။

တနင်္လာ နေ့မှာအိမ်ဆောက်လျှင် ( ၂ )လကျော်ရင်ချမ်းသာသုခရရှိမည်။

အင်္ဂါ နေ့မှာအိမ်ဆောက်လျှင်ပျက်စီးတက်သည်။

ဗုဒ္ဓဟူး နေ့မှာအိမ်ဆောက်လျှင်ရတနာတိုးပွားမည်။

ကြာသပတေး နေ့မှာအိမ်ဆောက်လျှင်အနာရောဂါကင်းပြီးစီးပွားရေးတိုးတက်မည်။

သောကြာ နေ့မှာအိမ်ဆောက်လျှင်ချမ်းသာသုခပြည့်စုံမည်။

စနေ နေ့မှာအိမ်ဆောက်လျှင်အနာရောဂါများ၍စီးပွားရေးအဆင်မပြေဖြစ်တက်သည်။

ရက်၏စင်ကြယ်မှုကိုအိမ်ဆောက်မည့် လ တွင် သေချာရွေးချယ်ရန်လိုပေမည်။
~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ကြိုးကိုင်ပန္နက်ချနေ့သားရွေးနည်း"
**********************************
တနင်္ဂနွေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ကြာသပတေးသားနှင့်သောကြာသားကို ကြိုးကိုင်စေပါ၊စနေသားကိုပန္နက်နှက်စေပါ။

တနင်္လာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက သောကြာသားနှင့်စနေသားကို ကြိုးကိုင်စေပါ၊တနင်္ဂနွေသားကိုပန္နက်နှက်စေပါ။

အင်္ဂါသားသမီးတို့အိမ်ဆောက်မည်ဆိုပါက စနေသားနှင့်တနင်္ဂနွေသားကို ကြိုးကိုင်စေပါ၊တနင်္လာသားကိုပန္နက်နှက်စေပါ။

ဗုဒ္ဓဟူးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္ဂနွေသားနှင့်တနင်္လာသားကို ကြိုးကိုင်စေပါ၊အင်္ဂါသားကိုပန္နက်နှက်စေပါ။

ကြာသပတေးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္လာသားနှင့်အင်္ဂါသားကို ကြိုးကိုင်စေပါ၊ဗုဒ္ဓဟူးသားကိုပန္နက်နှက်စေပါ။

သောကြာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက အင်္ဂါသားနှင့်ဗုဒ္ဓဟူးသားကို ကြိုးကိုင်စေပါ၊ကြာသပတေးသားကိုပန္နက်နှက်စေပါ။

စနေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ဗုဒ္ဓဟူးသားနှင့်ကြာသပတေးသားကို ကြိုးကိုင်စေပါ၊သောကြာသားကိုပန္နက်နှက်စေပါ။

အထက်ပါနေ့သားသမီးအလိုက် ကြိုးကိုင်ပန္နက် နှက်ပါက စည်းစိမ်ချမ်းသာရခြင်း၊အနာရောဂါကင်းခြင်း၊အသက်ရှည်ခြင်း၊မျက်နှာပွင့်လန်းခြင်းစသည့်ကောင်းကျိုးချမ်းသာများရရှိပါမည်။
~~

မိမိတို့အိုးအိမ်တိုက်တာများဆောက်လုပ်ရာတွင် လ နှင့်ရက်များ သေချာစီစစ်ရွေးချယ်၍ဆောက်လုပ်နေထိုင်ခြင်းဖြင့် စီးပွားဥစ္စာများဖြစ်ထွန်းပြီး အနာရောဂါကင်း၍သက်ရှည်ကျမ်းမာစွာမိသားစုများအေးချမ်းစွာနေထိုင်ရမည်ဖြစ်ပေသည်။

Credit: ဆရာအောင်စေဗေဒင်သုတေသီ

ဟူနန်ပြည်နယ် ရှန်းရှီး - အကွေ့အကောက်များသောချောက်ကမ်းပါးလမ်းကတောင်ပေါ်ရွာနှင့် လူနေအိမ်များကိုချိတ်ဆက်ပေး---------------...
01/07/2023

ဟူနန်ပြည်နယ် ရှန်းရှီး - အကွေ့အကောက်များသောချောက်ကမ်းပါးလမ်းကတောင်ပေါ်ရွာနှင့် လူနေအိမ်များကိုချိတ်ဆက်ပေး
---------------------
ဟူနန်ပြည်နယ်တွင်လီရဲ့ရှေးဟောင်းမြို့လေးနှင့် ယွင်တိန်ကျေးရွာကိုချိတ်ဆက်ပေးနေသောချောက်ကမ်းပါးလမ်းသည် အကွေ့အကောက်များလှပြီးကျောက်စိမ်းခါးပတ်ကဲ့သို့ တောင်ပေါ်ရွာနှင့် လူနေအိမ်များကိုချိတ်ဆက်ပေးထားပါသည်။ မကြာသေးမီနှစ်များအတွင်းအဆိုပါခရိုင်တွင် ကျေးလက်လမ်းတည်ဆောက်ရေးလုပ်ငန်းကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လာပြီးတောင်ပေါ်ဒေသနေပြည်သူများ၏ “သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲမှု” ပြဿနာကိုဖြေရှင်းပေးကာလယ်ယာထွက်ကုန်များပြင်ပသို့ ရောင်းချနိုင်ရေးနှင့် ကျေးလက်ခရီးသွားလုပ်ငန်းအတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့လာစေပါသည်။

29/06/2023

စက်ရေတွင်းတူးက မှတ်ထားကြ

စက်ရေတွင်းတူးရာ၌ ရေ-ရွိ,မရွိ၊ ရေ-နည်း,ရေများ
ခန့်မှန်းသိရှိနိုင်ပုံလေးကို ဗဟုသုတ
အနေဖြင့် မျှဝေပေးပါမည်။

ရေ-ရှိ/မရှိ

၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊
မယ်ဇလီပင်၊ မြက် စသည့်အပင်များ
စိုစိုပြေပြေ လန်းလန်းဆန်းဆန်းရှိနေပါက
ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍
ဖော်ပြပါလက္ခဏာများနှင့် ဆန့်ကျင်နေပါက
ရေ-မရွိဟု ခန့်မှန်း သိနိုင်ပါသည်။

ရေချို/ရေငန်
၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည်
အပင်အမျိုးအစားခြင်းတူပါလျက်
အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက်
အနာအဆာမ်ား၍ အစိုဓာတ်ခြောက်ခန်းလျင်
ရေငန်ဟု ခန့်မှန်းနိုင်ပြီး၊
သစ်ပင်မှ သစ်ရွက်များ
စိုပြေစိန်းလန်းနေပါက
ရေချို-ဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေတိမ်/ရေနက်


၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည်
အပင်ချင်းတူပါလျက် အဆစ်တိုနေသည်ကို
တွေ့ရပါက ရေတိမ်-ရေနီးသည်ဟု
ခန့်မှန်းသိရှိနိုင်ပါသည်။

သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်-
ရေဝေးသော သေဘာဟု ခန့်မှန်းသိရှိနိုင်၏။

ကျောက်ဆောင်- ရွိ/မရွိ

၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်
တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်,
ကွေ့ကောက်နေပါက အောက်၌
ကျောက်ဆောင်ရှိကြောင်း
ခန့်မှန်း
သိရှိနိုင်ပါသည်။

သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်း
အနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု
ခန့်မှန်းသိရှိနိုင်ပါသည်။

ရေချို/ရေငန်

၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည်
တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းက
ချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီ
ရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။

(တနည်းစမ်းသပ်ပုံမှာ)

ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို
စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး
မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ၊
နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ
ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည်
ရေနူး၍ကွာကျနေလျင် ရေတိမ်-ရေနည်းသည်
ဟု ခန့်မှန်းသိရှိနိုင်ပြီး
အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင်က
ရေဝေး-ရေနက်သည်ဟု
ခန့်မှန်သိနိုင်ပါသည်။

ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင်
ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါက
ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။

Credit
#စက်​ရေတွင်း

Address

Ingine Street
Yangon

Telephone

+959788489258

Website

Alerts

Be the first to know and let us send you an email when SNP Construction , Engineering Supervision & Inspection Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SNP Construction , Engineering Supervision & Inspection Group:

Share