19/08/2022
✍ plastering ( အုတ်နံရံ အချောကိုင်မယ် ဆိုရင်ပေါ့) -----
အတွင်းနံရံ ချောခြင်းကို Plastering လို့ ခေါ်ပြီးးး အပြင်နံရံ ချောခြင်းကို Rendering လို့ ခေါ်ပါတယ်။
ချောတာခြင်း တူပေမယ့် ဘိလပ်မြေ အချိုးအစား ရောစပ်ပုံ မတူညီရပါဖူးးး။အတွင်းနံရံကတော့ နူးညံ့ရမှာ ဖြစ်လို့ သဲနုကို သုံးရမှာ ဖြစ်ပြီးးးအချိုးကတော့ (1:5) စပ်လို့ရပါတယ် ။အပြင်နံရံကတော့ လေဒဏ်၊မိုးဒဏ်၊နေဒဏ် ခံနှိုင်ရန် သဲကြမ်းကိုသုံး၍ ဘိလပ်မြေကို ပိုကဲ ထည့်ရမှာ ဖြစ်တဲ့ အတွက် (1:4) အချိုး စပ်ရပါ့မယ် ။
နှစ်များစွာ ကောင်းမွန်ခိုင်ခံတဲ့ ချောသားနံရံဖြစ်ဖို့ သဲ အသန့်ကို သုံးရပါ့မယ်။ ကိုယ်ဝယ်ယူတဲ့ သဲ သန့် မသန့်ကို လက်မှာ ပွတ်ကြည့် သိနှိုင်ပါတယ်။ သဲ အနည်းငယ်ကို လက်ထဲ ထည့်ပွတ်ကြည့်ပါ။ ပေကျံပြီး ကျန်ခဲ့လျှင် သဲ မသန့်ပါ ။ တစ်နည်းး ပုလင်းထဲ ရေထည့်ပါ ။ သဲ တစ်ဝက်ထည့်ပြီး ခေါက်ကြည့်ပါ ။ ရေ နှောက်ပြီးး ကျန်ခဲ့လျှင် သဲ မသန့်ပါ ။ ဒါဆို ရေဆေးရပါ့မယ် ။ မသန့်ရှင်းသောသဲ အမှိုက်စများ ပါသောသဲ လုံးဝ မသုံးရပါ ။
မချောခင် အုတ်တွေမှာ ရှိတက်တဲ့ ရေညှိ ၊ ရွှံ့၊ ဖုန်မှုန့် စတာတွေ သေချာ သန့်ရှင်းရေး လုပ်ရပါ့မယ်။ ရေဝအောင် ကြိမ်းသေလောင်းပေးရပါ့မယ် ။ ရေမလောင်းပဲ ချောရင် မဆလာအက်ကြောင်း( crack) ပေါ်ပါ့မယ်။ အုတ်တွေ ရေဓာတ်ရှိနေရင်တော့ တစ်မျိုး ပေါ့ ။
စချောမယ်ဆိုရင် ချိန်ကျ မျှဉ်းကျ ပါရာ (pier) ထောင်ရပါ့မယ် ။ မျှဉ်းတံ တမှီစာ ပါရာ နှစ်ချောင်း ထောင်ရပါ့မယ်။ ပြီးမှ မဆလာကို နံရံကို ကပ်ရပါ့မယ် ။ နံရံ အပြည့်ကပ်ပြီးမှ မျှဉ်းကြမ်းတိုက်ရပါ့မယ်(ပါရာ အတိုင်းပေါ့) ။ ပြီးရင် လိုအပ်တဲ့နေရာ အစာဖြည့် မျှဉ်းချောချ အားလုံး သေချာပြီဆိုရင် လက်ပွက်ဝိုက်လို့ ရပါပြီ ။ဝိုက်တဲ့ နေရာမှာလဲ ဝှိက်တက်ဖို့ အရေးကြီးပါတယ် ၊ မဝှိက်တက်ရင် ကွဲတက်ပါတယ် ။ ( မဆာလာ စိုပျော့နေရင် မဝိုက်ရဘူးး ပြောတာပါ ၊ ကွဲအက်တက်လို့ပါ ဗျာ😁)
အားလုံး ချောပြီးး ဝိုက်ပြီးရင် တံမျက်စည်း ခတ်ရပါ့မယ် ၊ တံမျက်စည်းခတ်တဲ့ နေရာမှာလဲ အထက်အောက် လှန် မခတ်ရပါ ။ အောက်ကြီးပဲ ခတ်ချရပါ့မယ် ။ ကျည်းဘောင်တွေ ပလိန်းချောထားရင် အသားနှုတ်ခမ်းတွေမှာ မျော့ကြောင်းထိုးပေးထားရပါ့မယ် ။ မထိုးထားရင် အက်ကြောင်းပေါ်လိမ့်ပါ့မယ်။
မျက်နှာပြင်တစ်ခုတည်းကို တစ်ရက်တည်းနဲ့ ချောလို့မပြီးဘူးဆိုရင် နောက်ရင် ဆက်ချောရမယ့်အဆုံးသတ်နေရာမှာ တဲ့ (90 ဒီဂရီ) မဖြတ်ဘဲ စောင်းပြီး ဖြတ်ထားရပါ့မယ် (ဒါမှ အဲ့ဒီအဆက်နေရာမှာ ကြည့်လို့လှမှာပါ။ မဟုတ်ရင် အဲ့ဒီအဆက်နေရာက ကြည့်ရရုပ်ဆိုးပါတယ်။)
- ချောပြီးနောက်ရက်က စလို့ curing အနေနဲ့ မနက်၊ နေ့လည်၊ ညနေ တစ်ကြိမ်စီ ရေပုံမှန်လောင်းရ ပါ့မယ် ။
ဒါပါပဲ ၊ လိုအပ်တာ ထပ်ဖြည့်ကျပါ ။ ကောင်းမွန်တဲ့ ချောသားနံရံတစ်ခု ပိုင်ဆိုင်ကြပါစေ ။
အိမ် ဆိုသည်မှာ
#ဆောက်လုပ်ရေးဝန်ဆောင်မှု့