Royal Genius Myanmar - RGM

Royal Genius Myanmar - RGM Construction Services

မြေကွက် ကျဥ်းကျဥ်းပေါ်မှာdesign ဆန်းဆန်း နဲ့အပန်းဖြေအိမ် လှလှလေးဆောက်ကြမယ်
11/07/2023

မြေကွက် ကျဥ်းကျဥ်းပေါ်မှာ
design ဆန်းဆန်း နဲ့
အပန်းဖြေအိမ် လှလှလေး
ဆောက်ကြမယ်

Goteik Viaduct ဂုတ်ထိပ်တံတားကြီး ။မြန်မာပြည်မှာ သံဘောင်တံတားတစ်စင်းကို Welding တွေမပါ Bolt နဲ့ Nut တွေမပါပဲ ဘယ်လိုတည်ဆော...
08/07/2023

Goteik Viaduct ဂုတ်ထိပ်တံတားကြီး ။

မြန်မာပြည်မှာ သံဘောင်တံတားတစ်စင်းကို Welding တွေမပါ Bolt နဲ့ Nut တွေမပါပဲ ဘယ်လိုတည်ဆောက်ကြမည်နည်း ???

၁၉ ရာစုနှောင်းပိုင်းအထိ welding နည်းပညာတွေကမတိုးတက်သေးပါဘူး။ အဲဒီခေတ်က forge welding တွေလောက်ပဲရှိပါသေးတယ်။(မီးအပူပေးပြီးတူနဲ့ထုပြီးဆက်တဲ့နည်း)။ ၂၀ရာစုအစပိုင်းလောက်ကြမှ welding နည်းပညာတွေတိုးတက်ခဲ့ပါတယ်။

High strength bolt တွေကလည်း 1960 နောက်ပိုင်းကြမှပေါ်လာတာဆိုတော့ အဲဒီအရင်က သံဘောင်တံတားတွေကိုဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။ Structural steel လို့စပြီးအသုံးပြုတာက 1870-80 ဝန်းကျင်လောက်မှစတင်အသုံးပြုခဲ့ကြပါတယ်။

ASTM( American Society for Testing and Material) စတင်ပေါ်ပေါက်လာတာကလည်း 1898ခုနှစ်တွင်ဖြစ်ပါသည်။ 1898 မတိုင်ခင်က steel တွေရဲ့Quality တွေကိုထိမ်းချုပ်တဲ့အဖွဲ့အစည်းတွေလည်း မရှိသေးပါဘူး။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်လက်ထက်1899 ခုနှစ်တွင် ဂုတ်ထိပ်တံတား တည်ဆောက်ခဲ့ပါသည်။ Bolt ,Net တွေ Welding တွေလုံးဝမသုံးခဲ့ဘူးလို့ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနည်းပညာတွေ မရှိသေးလို့ပဲဖြစ်ပါတယ်။

ဘာတွေသုံးခဲ့သလဲဆိုတော့ Rivet (သံမှို) တွေမြောက်များစွာအသုံးပြုခဲ့ကြရပါတယ်။ Rivet တွေကိုမီးအပူပေးရပါတယ်၊ပြီးတော့မှသုံးမဲ့အပေါက်ထဲထည့်ပြီး မအေးခင် တူနဲမြန်မြန်ထုရပါတယ်။(Rivet gun နဲ့လည်းဖြစ်နိုင်သည်)။ကျွမ်းကျင်တဲ့လုပ်သားတွေလိုပါတယ်။

မြန်မာနိုင်ငံမှာ ဟိုးအရင်က သံပေါင် တံတားဟောင်းတွေကိုလည်းဒီ Rivet တွေသုံးပြီးဆောက်လုပ်ခဲ့ကြရသောကြောင့် တံတားတစီးပြီးဖို့ အချိန်တော်တော်ကြာပါတယ်။

ဂုတ်ထိပ်တံတား (Goteik Viaduct)ကိုစတင်ဆောက်လုပ်ခဲ့တာက 28-04-1899 မှာဖြစ်ပြီး 01-01-1900 မှစတင်အသုံးပြုခဲ့ပါတယ်။

တည်ဆောက်ချိန်ကာလ ၈လသာကြာခဲ့ပါတယ်။ အတော်လေးမြန်တယ်လို့ပြောရပါမယ် ။Pennsylvania and Maryland Bridge Construction Company ကတည်ဆောက်ခဲ့ပါတယ်။ လိုအပ်တဲ့သံဘောင်တွေကိုတော့ Pennsylvania Steel Company(USA) ကနေထုတ်ပြီး မြန်မာပြည်အရောက်သင်္ဘောနဲ့သယ်ခဲ့ကြပါတယ်။

တံတားအရှည်က689m(2260ft)ရှိပြီးအမြင့်ကတော့ 102m (335ft)ရှိပါတယ်။ 12m အရှည်ရှိတဲ့ Steel Frame Tower 15 ခုနဲ့ထောက်ပံ့ထားပါတယ်။ Double tower (24m)တခုပါရှိပါတယ်။ ဒီ Tower တွေက 37m အရှည်ရှိတဲ့ Steel Truss 10ခု ကို support လုပ်ထားပါတယ်။ ကျန်တာတွေက Plate girder 6ခုရှိပါသေးတယ်။

အဲဒီခေတ်အခါကတော့ သုံးထားတဲ့
technical and natural condition အရ World standard Masterpiece တံတားတစင်းဖြစ်ခဲ့ပါတယ်။ အခုတော့ ကမ္ဘာ့အမြင့်ဆုံးတံတားစာရင်းမှာ No.94 နေရာမှာရှိနေပါသေးတယ်။(ပုံကြည့်ရန်)။

သုံးထားတဲ့ steel grade တွေက ASTM Table အရ A7(bridge) ဖြစ်ဖို့များပြီး Tensile strength 55ksi (380MPa) ရှိမယ်လို့ယူဆရပါတယ်။ ပြောရရင်တော့ Tensile strength က Eurocode အရ S355 လောက်ရှိမယ်ထင်ပါတယ်။ အဲဒါကြောင့်လဲအခုအချိန်ထိသံချေးသိပ်မတက်ပဲ အကောင်းအတိုင်းမြင်တွေ့နေရခြင်းဖြစ်ပါတယ်။

1960 နောက်ပိုင်း High strength friction bolt တွေပေါ်လာပြီး သံဘောင်တံတားတွေတည်ဆောက်ရတာ မြန်ဆန်လာပါတယ်။ Rivet တွေကိုတော့အသုံးမပြုတော့ပါဘူး။ ဒါပေမဲ့ Rivet တွေကိုအထင်မသေးလိုက်ပါနဲ့။ ယနေ့ခေတ်လေယဉ်အသေးအကြီးတွေအစ တိုက်လေယဉ်တွေအဆုံး ဒီ Solid rivet တွေကိုအသုံးပြုနေကြစဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ vibration ကြောင့်ပါ။ Bolt and nut တွေက vibration ရှိရင်ပြုတ်ထွက်လာနိုင်ခြင်းကြောင့်ဖြစ်ပါသည်။

မြန်မာပြည်မှာတော့ သံလျင်တံတားအမှတ် ၁ (1985-1993)အထိ Rivet တွေကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။

ဗဟုသုတအဖြစ်ရေးခြင်းဖြစ်ပါသည်။

KSL

Knowledge share

Reference: Handbook of Steel Construction, 8th Edition, CISC, 2004.


Page
https://www.facebook.com/profile.php?id=100077450802364

အိမ်ရှင်များ အိမ်ဆောက်တဲ့အခါ သိထားရအောင် ပါခဗျစည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦ ဆောက်တော့မယ်ဆိုရင်ပထမဆုံး ဆောက်လုပ်ခွင့်တင...
07/07/2023

အိမ်ရှင်များ အိမ်ဆောက်တဲ့အခါ သိထားရအောင် ပါခဗျ
စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦ ဆောက်တော့မယ်ဆိုရင်

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ
အဝဝ ပြီးမြောက်၏။

------------------------------------------------

မင်္ဂလာပါအထပ်နိမ့်အထပ်မြင့်များကိုပစ္စည်းလက်ခအပြီး နယ်မြေဒေသမရွေးတာဝန်ယူတည်ဆောက်ပေးပါသည်။အလျှားအနံ အခန်းဖွဲ့ ပစ္စည်းအရည်...
02/06/2023

မင်္ဂလာပါ
အထပ်နိမ့်အထပ်မြင့်များကိုပစ္စည်း
လက်ခအပြီး နယ်မြေဒေသမရွေး
တာဝန်ယူတည်ဆောက်ပေးပါသည်။
အလျှားအနံ
အခန်းဖွဲ့
ပစ္စည်းအရည်အသွေး
ကုန်ကျစရိတ်အသေးစိပ်ကို
Messenger chat box
နှင့်
09 771171981
သို့ ခင်မင်းရင်းနှီးစွာဖြင့်ဆက်သွယ်
ဆွေးနွေးလေ့လာနိုင်ပါသည်။

-RGM

ကွန်ကရစ်ကို ကွန်ကရစ်လို့ မြင်နှိုင်မှ RC ဆောက်ပါလို့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ဆူဘူးပါတယ်။ ကွန်ကရစ်ဟာ RC အဆောက် အဦးတ...
28/05/2023

ကွန်ကရစ်ကို ကွန်ကရစ်လို့ မြင်နှိုင်မှ RC ဆောက်ပါလို့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ဆူဘူးပါတယ်။ ကွန်ကရစ်ဟာ RC အဆောက် အဦးတွေရဲ့ အသက်ပါပဲတဲ့ ။

" ကွန်ကရစ် ဘယ်လိုဖျော်မလဲ "

ကွန်ကရစ် မဖျော်ခင် သုံးမယ့် သဲ၊ကျောက်၊ရေတွေကို စစ်ရပါ့မယ်။ သဲမှာ နှုန်းပါဝင်မှု့ ရှိနေရင်မသုံးရပါ။ ကျောက်မှာ ဖုန်မှုန့်တွေ များနေရင် ရေဆေးခိုင်းရပါ့မယ်။ကွန်ကရစ်ဖျော်မယ့်ရေကလည်း chemical ဓါတ်တွေ ကင်းရှင်းနေရပါမယ်။ ကြည်လင်သန့်ရှင်းရပါမယ်။ (လူသောက်လို့ရနိုင်တဲ့ ရေနဲ့ ဖျော်နိုင်ရင် အကောင်းဆုံးပါ။) တိုင်တွေ၊ဘင့်တွေ၊စလပ်တွေ (structure con:) အတွက် လက်ဖျော် ဖျော်ခြင်းကို လုံးဝ မသုံးရပါဘူးး ။
mixer နဲ့ ဖျော်တဲ့ အချိန် သဲ၊ကျောက်၊ ဘိလပ်မြေတွေ အရင်ထည့် နှံအောင် မွေပြီးမှ ရေထည့်ရပါတယ်။ (site တော်တော်များများမှာတော့ ရေအရင်ထည့်ကျပါတယ်)
ရေဘယ်လို ထည့်ရမလဲ။ ကွန်ကရစ်ထဲ ရေပါ၀င်များရင် လုပ်ငန်းခွင်( workability) ကောင်းမယ်။ သို့သော် ခွန်အား( strength) ကျမယ်။ ကွန်ကရစ်ထဲ ရေပါ၀င်မှုနည်းရင် strength ကောင်းမယ်။ သို့သော် သွန်းလောင်းတဲ့ချိန် ကိုင်ရသွယ်ရ သွန်းလောင်းရတာမကောင်းဘူး။ ကန်ထရိုက်တာတွေနဲ့ ကာယလုပ်သားများက မကြိုက်ကြဘူးး။ ဒါကြောင့် strength လည်းကောင်းအောင်၊ workability လည်းအဆင်ပြေအောင်လောက်သာ ရေကိုသုံးသင့်တယ်(site ခေါ် ခပ်ထွေးထွေးလေးပေါ့)။ w/c ratio 0.35 ဆိုတာ ဘိလပ်မြေ ပေါင် 100 တိုင်းမှာ ရေက 35 ပေါင်ထည့်တယ်ဆိုတာကို ပြောတာပါ။ ကွန်ကရစ်ထဲ ရေဘယ်လောက်ရောရမယ်ဆိုတာက သဲနဲ့ကျောက်ရဲ့ ရေပါ၀င်မှုပေါ် အများကြီးမူတည်ပါတယ်။ ဘိလပ်မြေဘယ်လောက်မှာ ရေဘယ်လီတာထည့်ရတယ်ဆိုတာမျိုးအတည်မှတ်လို့ အဆင်မပြေနိုင်ပါ။mixer ထဲရေထည့်ပြီးပြီဆိုတာနဲ့ 2 မိနစ်ထက် ပိုမမွှေသင့်ပါဘူး။ segregation ဖြစ်မှာဆိုးတာကြောင့်ပါ။ ( w/c အဆင်ပြေမပြေ slump test လုပ်ကြည့်ပြီး သိနိုင်တယ်။)
slump test လုပ်တယ်ဆိုတာ ခုဖျော်လိုက်တဲ့ ကွန်ကရစ်ရဲ့ consistency (အမြဲလိုလို တူညီအရာ၊ သတ်မှတ်ချက်) ကို စမ်းတာပါ။ ကွန်ကရစ်လောင်းပြီးနောက်မှ အရည်အသွေးမမှီလို့ ပြန်ပြင်၊ ပြန်ဖြိုရတယ်မဖြစ်အောင် မလောင်းခင် (လောင်းတော့မယ့်ဆဲဆဲ) မှာ ကွန်ကရစ်အရည်အသွေးသိရအောင်လို့ slump test လုပ်လေ့ရှိကြတယ်။ အလားတူဘဲ လောင်းရမယ့် ကွန်ကရစ်ထုထည်များတဲ့ချိန်မှာလည်း တူညီတဲ့ ကွန်ကရစ်အရည်အသွေး တစ်မျိုးတည်းရအောင် (ဖြစ်အောင်)လို့ slump test လုပ်ကြတယ်။Batching plant ကနေ AG မှာတဲ့ချိန်မှာလည်း batching operator ဖျော်တာ မှန်မမှန် (လက်ခံနိုင်မခံနိုင်) slump စမ်းပြီးမှ ငြင်းပယ်၊ လက်ခံကြလေ့ရှိပါတယ်။structure concrete မှန်မမျှ slump test လုပ်ပြီးမှ သုံးလေ့ရှိကြပါတယ်။ recommend ပေးကြပါတယ်။ (နယ်ဘက်တွေမှာ slump test လုပ်လေ့မရှိကြပါဘူး။)(ဒီနေရာမှာ တစ်ခုရှိတာက slump အောင်တိုင်း ကွန်ကရစ်အရည်အသွေးကောင်းတယ်လို့ သတ်မှတ်လို့မရပါ။ လောင်းတဲ့ပေါ်မူတည်ပြီး လောင်းတဲ့ချိန် compaction (ကျစ်လစ်အောင် လုပ်ပေးမပေး၊ vi****or ထိုးပေးမပေး) သေချာလုပ်ပေးမပေးနဲ့ လောင်းပြီးတဲ့ချိန် curing သေချာလုပ်ပေးမပေးပေါ်မူတည်ပြီးလည်း concrete strength ပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။)
အရပ်ထဲက ကန်ထရိုပ်တာ တိုက်တွေ slump test မလုပ်ပါဘူးး ။ အဲ့ကြရင် 1:2:4 အချိုးကို ခပ်ထွေးထွေးဖျော်ပါ ။ ရေပါဝင်မှု့ကို ချိန်တွယ်ထားပါ ။ ရေအချိုးကို ပုံမှန်ထည့်ပါ ။ မများသွားရ မနည်းရ ။ လောင်းပြီဆိုတာနဲ့ compaction(သိပ်သည်းမှု့) ရအောင် လုပ်ပေးရပါ့မယ်။
compaction (vi****or ထိုးတယ်) လုပ်တယ်ဆိုတာ ကွန်ကရစ်ထဲပါတဲ့ လေကိုထုတ်ပြီး ကွန်ကရစ်သား ကျစ်လစ်သိပ်သည်းအောင်လုပ်တာပါ။compaction သေချာမလုပ်ပေးရင် ကွန်ကရစ်ထဲ void(ပျက်ပြယ်)တာ တွေ honeycomb(ကျောက်ပွင့်) တာ တွေ ဖြစ်ပြီး ကွန်ကရစ် strength ကျပါတယ်။ ပြီးတော့ အဲ့ဒီ void တွေကနေ သံချောင်းတွေရေဒဏ်၊လေဒဏ်ထိပြီး သံချေးတက်လေ့ရှိကြတောင့် ကွန်ကရစ် durability (ကြာရှည်ခံမှု့ကို) အများကြီးထိခိုက်နိုင်ပါတယ်။


နေအုံးးး ကျန်သေးတယ် ။ ဖျော်ပြီးသား ကွန်ကရစ်ကို 15 မိနစ်နဲ့ မိနစ် 20 ကြား ကုန်အောင် သုံးသင့်ပါတယ်။

Crd Original Writer

23/05/2023

Morning ပါ ချစ်တို့ရေ

မင်္ဂလာနံနက်ခင်းပါ ချစ်သော ကာကာတို့ မာမားတို့ရေအိမ်လှလှလေးတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်ဖြစ်   ကို ဆက်သွယ်ပါ နော်
22/05/2023

မင်္ဂလာနံနက်ခင်းပါ ချစ်သော ကာကာတို့ မာမားတို့ရေ
အိမ်လှလှလေးတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်ဖြစ် ကို ဆက်သွယ်ပါ နော်

ချစ်သော ကာကာတို့ရေခေတ်မီချင်တာလားဘိုဆန်တာကို ကြိုက်တာလားယဥ်ကျေးမှုကို မြတ်နိုးတာလားဘယ်လို ပုံစံလေးကို နှစ်သက်ပါသလည်း ကာက...
21/05/2023

ချစ်သော ကာကာတို့ရေ
ခေတ်မီချင်တာလား
ဘိုဆန်တာကို ကြိုက်တာလား
ယဥ်ကျေးမှုကို မြတ်နိုးတာလား
ဘယ်လို ပုံစံလေးကို နှစ်သက်ပါသလည်း
ကာကာတို့ အကြိုက် စိတ်ကူးလေးကို အကောင်အထည်ဖော်ပေးမှာကတော့
-RGM ပဲ ဖြစ်ပါတယ်
RGM က အင်ဂျင်နီယာ များက
မြေကြီးစမ်းသပ်ခြင်း soil test မှ စလို့
အိမ်ပုံစံ design ရေးဆွဲခြင်း
အိမ်တွင်းအလှဆင်ခြင်းများကို
ကာကာတို့ မာမားတို့ အကြိုက် အကောင်ထည်ဖော်ဆောင်ရွက်ပေးမှာပဲ ဖြစ်ပါတယ်
လိုအပ်လို့ ဆက်သွယ်ချင်တယ် ဆိုရင်တော့
page cb သို့မဟုတ် 08771171981 ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါး ပါရစေ

မင်္ဂလာပါအထပ်နိမ့်အထပ်မြင့်များကိုပစ္စည်းလက်ခအပြီး နယ်မြေဒေသမရွေးတာဝန်ယူတည်ဆောက်ပေးပါသည်။အလျှားအနံ အခန်းဖွဲ့ ပစ္စည်းအရည်...
21/05/2023

မင်္ဂလာပါ
အထပ်နိမ့်အထပ်မြင့်များကိုပစ္စည်း
လက်ခအပြီး နယ်မြေဒေသမရွေး
တာဝန်ယူတည်ဆောက်ပေးပါသည်။
အလျှားအနံ
အခန်းဖွဲ့
ပစ္စည်းအရည်အသွေး
ကုန်ကျစရိတ်အသေးစိပ်ကို
Messenger chat box
နှင့်
09 771171981
သို့ ခင်မင်းရင်းနှီးစွာဖြင့်ဆက်သွယ်
ဆွေးနွေးလေ့လာနိုင်ပါသည်။

-RGM

20/05/2023

ဟယ်လို မင်္ဂလာပါ
မင်္ဂလာရှိသော အချိန်တွေကို ပိုင်ဆိုင်ကြပါစေ အချစ်တို့ရေ

ချစ်သော ကာကာတို့ မာမားတို့ရေ....💛💛💛💛ကာကာတို့ ရဲ့ စိတ်ကူးထဲက တိုက်အိမ်လေး ကို အကောင်အထည်ဖော်ဖို့အတွက်...... 😀😀😀ဘာတွေလိုအပ...
20/05/2023

ချစ်သော ကာကာတို့ မာမားတို့ရေ....💛💛💛💛
ကာကာတို့ ရဲ့ စိတ်ကူးထဲက တိုက်အိမ်လေး ကို အကောင်အထည်ဖော်ဖို့အတွက်...... 😀😀😀
ဘာတွေလိုအပ်နေပါသလည်း....🤔🤔🤔🤔
တိုက်အိမ် Design လား ...... 🏡🏘🏕⛺
မိသားစု အားလုံးနေဖို့ သပ်ရပ်လှပတဲ့ အခန်းလေးတွေ ဖွဲ့မှာလား....💑👪👬🕺👨‍👧‍👦
အားကစားအတွက် Gym လေးထည့်ဦးမှာလား....🏋️‍♀️🏋🏋
ညနေခင်း အပန်းဖြေဖို့ private bar လေး နဲ့ဆို အဆင်ပြေမလား.... 🍸🍸🍸☕☕☕
နေရေးအတွက် စိတ်မပူရလေအောင် မင်မင်တို့ RGM မှ ကူညီပါရစေ....
မြေသန့်ခြင်းမှစပြီး အဆင်သင့်နေထိုင်သည် အထိ
အားလုံး အားလုံး အားလုံး... one stop service ဖြစ်စေဖို့ မင်မင်တို့ RGM ကို ဆက်သွယ် ပေးပါလို့ ဖိတ်ခေါ်ရင်း နဲ့ပဲ....
[email protected]
09771171981

Address

No (77) First Floor„ DhammaSaitha Street„ KyaukMyaung„ Tamwe Township Yangon Region
Yangon

Website

Alerts

Be the first to know and let us send you an email when Royal Genius Myanmar - RGM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share