SMART P2

Website

SMART P2 သင့်ရဲ့ အနာဂတ်အိမ်လေး ခိုင်ခံ့ပြီး
Designလေး လှနေဖို့ဆို
Smart P2 နဲ့သာ အလုပ်အပ်နှံလိုက်ပါ...

သဲ ဝယ်ရင် မြစ်သဲနဲ့ ကျောက်သဲ ဘယ်ဟာ ရွေးရမလဲ? အလုပ်အလိုက် ကွာပါတယ် 🏗️၁။ မြစ်သဲ — အလုံးချော၊ အမှုန့် နူးညံ့ပါတယ်။ အင်္ဂတေ ...
30/10/2026

သဲ ဝယ်ရင် မြစ်သဲနဲ့ ကျောက်သဲ ဘယ်ဟာ ရွေးရမလဲ? အလုပ်အလိုက် ကွာပါတယ် 🏗️

၁။ မြစ်သဲ — အလုံးချော၊ အမှုန့် နူးညံ့ပါတယ်။ အင်္ဂတေ (plaster)၊ အုတ်စီတဲ့ အလုပ်တွေမှာ မျက်နှာပြင် ချောဖို့ သင့်တော်ပါတယ်။
၂။ ကျောက်သဲ (crushed sand) — အလုံး ထောင့်ချွန်း၊ မျက်နှာပြင် ကြမ်းပါတယ်။ ကွန်ကရစ်မှာ ဘိလပ်မြေနဲ့ ပို တွယ်ကပ်လို့ အား ပိုကောင်းပါတယ်။
၃။ အညစ်အကြေး စစ်နည်း — သဲ တစ်ဆုပ် ရေနဲ့ ဆေးကြည့်ပါ။ ရေ နောက်ကျိပြီး ရွှံ့အနည် များနေရင် ဆေးဖို့ လိုပါတယ်။ ရွှံ့များတဲ့ သဲက ကွန်ကရစ် အား လျော့စေပါတယ်။
၄။ အရွယ်အစား — ကွန်ကရစ် အတွက် 4.75 mm အောက် သဲ (fine aggregate) ကို သုံးပါတယ်။ အလုံး အရမ်း ကြီး/သေး မညီရင် အချိုး လွဲတတ်ပါတယ်။
၅။ သိုလှောင်နည်း — သဲကို မြေကြီး တိုက်ရိုက် မထားဘဲ ခင်း/ကာထားပါ။ မြေက ရွှံ့ ရောသွားရင် သဲ အရည်အသွေး ကျပါတယ်။

သဲ ဝယ်တုန်းက ဘယ်လို စစ်ခဲ့လဲ? မြစ်သဲနဲ့ ကျောက်သဲ ဘယ်ဟာ ပို ကြိုက်လဲ မျှဝေပေးပါဦး...


#အိမ်ဆောက် #သဲ

မဖြစ်မနေရွတ်ဖြစ်အောင်ရွတ်ပါ2026 ခုနှစ်  ဒီပို့စ်လေးကိုတွေ့တာနှင့် မဖြစ်မနေ ရွတ်ပေးပါ(နမောတဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ...
29/10/2026

မဖြစ်မနေရွတ်ဖြစ်အောင်ရွတ်ပါ

2026 ခုနှစ် ဒီပို့စ်လေးကိုတွေ့တာနှင့် မဖြစ်မနေ ရွတ်ပေးပါ

(နမောတဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ)၃

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သဃံ သရဏံ ဂစ္ဆာမိ

ဥုံ ဗုဒ္ဓစက္ခုံ ကိုယ်လုံးခြုံ လုံပါစေသား လုံစေသား
ဥုံ ဓမ္မစက္ခုံ ကိုယ်လုံးခြုံ လုံပါစေသား လုံစေသား
ဥုံ သံဃစက္ခုံ ကိုယ်လုံးခြုံ လုံပါစေသား လုံစေသား
ဥုံ အနန္တဂုဏ်ကိုယ်လုံးခြုံ လုံပါစေသား လုံစေသား

ဦးခေါင်းထက်၌
ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူသော
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း

ညာပုခုံးထက်၌
ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည် လည်းကောင်း

ဘယ်ပုခုံးထက်၌
အဂ္ဂသာဝကကြီးများသည်လည်းကောင်း

ရင်ထက်၌ ရဟန္တာအရှင်သူမြတ်တို့သည်လည်းကောင်း


ကျောပြင်၌ လောကပါလနတ်မြတ်တို့သည်လည်းကောင်း

ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက် ပေးတော်မူကြပါ ဘုရား🙏🙏🙏

ရွက်ဆိုပူဇော်ကြသူတိုင်း

🙏ကျရောက်ဆဲ ကျရောက်လတ္တံသော ဘေးဥပါဒ်အန္တရာယ် အစခပ်သိမ်းမှလွတ်မြောက်ပါစေ
🙏ဘေးရန်ကြောင့်ကြကင်းပါစေ၊
🙏အေးချမ်းကြပါစေ ၊
🙏စားနိုင်၊ ဝတ်နိုင်၊ လှူနိုင်၊ တန်းနိုင်ကြပါစေ
🙏ကပ်ကြီးသုံးပါးဘေးကျော်လွှားနိုင်ပါ‌စေ။

26/10/2026

🏗​Smart P2 Design & Construction ၏

တန်ဖိုးထားရပါသော မိတ်ဟောင်း မိတ်သစ် ဖောက်သည်များ၊ မိတ်ဆွေများအားလုံး သီတင်းကျွတ်လပြည့်နေ့မှစ၍ ဘေးဥပဒ်အပေါင်း ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် မိမိတို့မျှော်မှန်းထားသော အိမ်မက်အိမ်ရာများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Smart P2 မိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။

​🪔 ​မီးထွန်းပွဲတော်လို့ တင်စားကြတဲ့ ဤမင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ မိမိတို့ချစ်ရတဲ့ မိသားစုဝင်တွေနဲ့အတူ နွေးထွေးပျော်ရွှင်စရာ အချိန်တွေကို ဖန်တီးနိုင်ကြပါစေရှင်။

​🏡 "ကိုယ့်ရဲ့ ရွှေလက်ရာ၊ မိသားစုရဲ့ အိမ်မက်အိမ်ရာ"
​ယခုလို မင်္ဂလာရှိတဲ့ အချိန်အခါမှာ မိမိတို့ရဲ့ မြေနေရာပေါ်မှာ ခိုင်ခန့်လှပပြီး ဇိမ်ကျတဲ့ နေအိမ်သစ်ကြီးများ၊

Commercial ဆောက်လုပ်ရေးလုပ်ငန်းများကို စိတ်ချယုံကြည်စွာနဲ့ အကောင်အထည်ဖော် တည်ဆောက်လိုပါက Smart P2 Design & Construction ရဲ့ အရည်အသွေးမြင့် ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး ဝန်ဆောင်မှုများကို အမြဲတမ်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

​📲 ဆက်သွယ်စုံစမ်းရန် -
​ဖုန်းနံပါတ် - [09 799 695 989]
​Viber / - [09 799 695 989]

​ #သီတင်းကျွတ်

 #ပန်းရံဆရာလုပ်မဲ့လူများ သိထားသင့်သော အရာများ...ပန်းရံပညာသည်တစ်ဦးတွင် လိုအပ်သောပစွည်းများမှာ-1။ ရေချိန် 2။ ချိန်သီး 3။ ...
23/10/2026

#ပန်းရံဆရာလုပ်မဲ့လူများ
သိထားသင့်သော အရာများ...

ပန်းရံပညာသည်တစ်ဦးတွင် လိုအပ်သောပစွည်းများမှာ-
1။ ရေချိန် 2။ ချိန်သီး 3။ သံလျက် 4။ အုတ်ခုတ်တူ 5။ မျဥ်းကြိုး 6။ လက်ပွတ် 7။ ခေါက်ပေတံ 8။ ကျင်တွယ် 9။ ပေကြိုး 10။ 2''x1''x4''ညှိမျဥ်းတံ 11။ နှာသပ်ကိရိယာ 12။ တံမျက်စည်းငယ်တို့ ဖြစ်ပါသည်။

''သရိုး သို့မဟုတ် သရွတ်''
အုတ်နံရံများ အုတ်စီသောအခါ အုတ်များအကြား တစ်ခုနှင့်တစ်ခု ဆက်စပ်ခိုင်မြဲစေရန်၊အုတ်နံရံအပေါ် ကျရောက်သော အလေးဝန်မျှတစေရန်၊သရိုးကို အသုံးပြု၍ အုတ်နံရံ မျက်နှာပြင်ကို ချောမွတ်စေရနိ သရွတ်ကို အသုံးပြုသည်။
သရိုး သို့မဟုတ် သရွတ်သည် ထုံးနှင့်သဲ၊ဘိလပ်မြေနှင့်သဲ၊ သို့မဟုတ် ထုံး၊ဘိလပ်မြေနှင့်သဲတို့ကို လိုအပ်သည့်အချိုးစားအတိုင်း ရောလျက် ရေမျှတရုံဖြင့် ရောစပ်ထည့်ရသော ပစွည်းဖြစ်သည်။

''နှာ''
အုတ်နံရံတစ်ခု၌ အုတ်တစ်ချပ်နှင့်တစ်ချပ်ကြားရှိ သရိုးကြောင်းကို ''နှာ''ဟု ခေါ်သည်

''အုတ်စီအုတ်နင်း''
အုတ်တစ်လွှာပေါ်တစ်လွှာ ထပ်စီသော အုတ်တစ်လွှာရှိ ဒေါင်နှာသည် ယင်းအုတ်လွှာ၏ အပေါ်လွှာ သို့မဟုတ် အောက်လွှာရှိ ဒေါင်နှာများနှင့် တစ်တန်းထည်းမနေစေပဲ နေရာလွှဲ၍ အုတ်ချပ်များစီခင်းခြင်းကို အုတ်စီအုတ်နင်းဟု ခေါ်သည်

'အုတ်ထိပ် သို့မဟုတ် ဒန်''
အုတ်နံရံတစ်ခု၏ မျက်နှာပြင်၌ အလျား 4.5'' နှင့် အနံ 3'' ရှိ အုတ်မျက်နှာပြင်ကို အုတ်ထိပ် သို့မဟုတ် ဒန်ဟု ခေါ်သည်

''ညှပ်အုတ်''
အုတ်စီရာတွင် အုတ်စီအုတ်နင်း မှန်ကန်စေရန် အုတ်ကို အလျားလိုက် ထက်ဝက်ခွဲ၍ ထည့်သွင်းသော အုတ်ကို ညှပ်အုတ်ဟု ခေါ်သည်

အုတ်မစီခင်မှာ...
အုတ်စီမဲ့နေရာအား သန့်ရှင်းရေးလုပ်ခြင်း
တစ်ရက်ကြိုပြီး အုတ်ကို ရေဖျန်းပေးထားခြင်း
သဲများတွင် အမိူက်များ၊သစ်စ သစ်ရွက်များ မရှိအောင် ပြုလုပ်ထားခြင်း
အုတ်စီရမည့် အလွှာအရေအတွက်အား ဝေပေး
နေရာမှတ်ထားခြင်း
အုတ်စီတဲ့အခါ...နှာသပ်ပါ၊နှာပိတ်ပါ
နှာသည် ငါးမူးထုထက် မနည်းရပါ
ထိပ်နှစ်ဖက်ကို မျဥ်းကြိုးဆွဲစီပါ၊
အုတ်စီပြီး ချိန်ချ စစ်ပါ၊စီနေတုန်းလဲ ပြန်ကြည့် ပြန်စစ်ပါ
အုတ်စီပြီးလဲ အုတ်နံရံအား ရေဖျန်းပေးပါ
လေးလွှာ၊ငါးလွှာတိုင်း ဂျာလီထည့်ပါ
အမြင့်ငါးပေ အုတ်စီပြီးတိုင်း (Horizontal Stiffer)
သံချောင်း နှစ်ချောင်း၊စတားကွင်းအသေးဖြင့်
ထည့်ပေးရပါမည်
အမြင့်ငါးပေထက် မကျော်သင့်ပါ
လိုအပ်သူများ အတွက်သာ
သိပြီးသားသူများက ကျော်သွားပါ

(ဦကျော်နိူင်စာအုပ်)







🏗️ ခေါင်မိုးလုပ်ငန်းသုံး အခေါ်အဝေါ်များနှင့် ဗဟုသုတများ​ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မကြာခဏ အသုံးပြုကြတဲ့ ခေါင်မိုးဆို...
19/10/2026

🏗️ ခေါင်မိုးလုပ်ငန်းသုံး အခေါ်အဝေါ်များနှင့် ဗဟုသုတများ

​ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မကြာခဏ အသုံးပြုကြတဲ့ ခေါင်မိုးဆိုင်ရာ အခေါ်အဝေါ်များနှင့် သိသင့်သည်များကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

​၁။ အခြေခံ တည်ဆောက်ပုံ အခေါ်အဝေါ်များ
​၁။ ခေါင်အချိုး (Pitch): မျဉ်းပြေး (သို့မဟုတ်) ရေပြင်ညီမျဉ်းနှင့် အမိုး၏ မျက်နှာပြင်အစောင်း နှစ်ခုတို့ဆုံရာမှ ဖြစ်ပေါ်သည့် ထောင့်ကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် (အမြင့်/အဖွင့်) ၁/၃ (သုံးချိုးတစ်ချိုး) ကို အသုံးများသည်။
​၂။ ခေါင်ရိုး (Ridge): ခေါင်မိုး၏ မျက်နှာပြင်အစောင်းနှစ်ခု ထိပ်ချင်းဆုံရာတွင် ခေါင်မိုး၏ အမြင့်ဆုံးသော အပိုင်းဖြစ်သည်။
​၃။ ခေါင်အုပ် (Ridge Covering): ခေါင်ရိုးကို ဖုံးအုပ်ထားသော အပိုင်းဖြစ်သည်။
​၄။ ခေါင်ချုပ် (Ridge Piece): ခေါင်အုပ်နှင့် တန်းနေသော ဟော်လို၊ သစ်သား၊ ဝါးတို့ကို ခေါ်သည်။
​၅။ ဒိုင်း (Rafter): အမိုးအစောင်းနှင့် တစ်ပြေးတည်းတန်းနေသော ဟော်လို၊ သစ်သားများကို ခေါ်သည်။
​၆။ မြှား (Purlin): ဒိုင်းနှင့် ထောင့်မှန်ကျအောင် ဖြတ်တန်းထားသော ဟော်လို၊ သစ်သားများကို ခေါ်သည်။
​၇။ လျှောက် (Plate): တိုင်၏ ထိပ်ပေါ်တွင်ရှိ၍ ဒိုင်းများကို လက်ခံသော တန်းကို ခေါ်သည်။
​၈။ ထုပ် (Tie Beam): လျှောက်တန်းနှစ်ခုကို ချုပ်နှောင်ထားသော တန်းကို ခေါ်သည်။

#​၂။ အမိုးအစောင်းနှင့် ရေစစ်ဆေးခြင်းဆိုင်ရာ အခေါ်အဝေါ်များ
​၉။ တံစက်မြိတ် (Eave): ခေါင်မိုး၏ အောက်ဆုံးအနားကို ဆိုလိုသည်။ (အစွန်းမထွက်သော တံစက်မြိတ်၊ အစွန်းထွက်သော တံစက်မြိတ်၊ အစွန်းထုတ်မျက်နှာကျက်ခံ တံစက်မြိတ်ဟူ၍ သုံးမျိုးရှိသည်)။
​၁၀။ ပန်းဆွဲ (Eave Board): တံစက်မြိတ်တွင် ဒိုင်းအစွန်းများကို ဖုံးအုပ်ထားသော ပျဉ်ပြားကို ခေါ်သည်။ (အပြားကြီးလွန်းသော ပန်းဆွဲများ တပ်ဆင်ခြင်းကို ရှောင်သင့်သည်)။
​၁၁။ အုန်းလက် (Hip Rafter): စောင်းနေသော ခေါင်ရိုးကို အုန်းလက်မိုးဟုခေါ်ပြီး ၎င်းတစ်လျှောက် သုံးသော ဟော်လို၊ သစ်သားများကို ခေါ်သည်။
​၁၂။ ရေလိမ် (Valley): ခေါင်မိုးမျက်နှာပြင် အစောင်းနှစ်ခု နံဘေးချင်းဆုံ၍ ဖြစ်ပေါ်လာသော ခေါင်ရိုးအတွင်း (သို့မဟုတ်) အမိုးမျက်နှာပြင်မှ ရေများစီးဝင်ရာလမ်းကြောင်း ဖြစ်သည်။ ၎င်းအပြေးတစ်လျှောက် သုံးသော ဟော်လို၊ သစ်သားများကို ရေလိမ်ဒိုင်း (Valley Rafter) ဟု ခေါ်သည်။
​၁၃။ ရေတံလျှောက် (Gutter): အသုံးပြုသည့်နေရာအလိုက် အခေါ်အဝေါ် ကွဲပြားသည် -
​နံရံကပ် ရေတံလျှောက် (Parapet Gutter) - အုတ်နံရံနှင့်ကပ်ထားသော ရေတံလျှောက်
​ရေလိမ် ရေတံလျှောက် (Valley Gutter) - ရေလိမ်နေရာရှိ ရေတံလျှောက်
​တံစက်မြိတ် ရေတံလျှောက် (Eave Gutter) - တံစက်မြိတ်ရှိ ရေတံလျှောက်
​၁၄။ ရေပိတ် (Flashing): တစ်ဖက်ရပ်အမိုးတွင် အမိုးနှင့် အုတ်နံရံဆုံရာအကြား၊ လည်ပေါ်မုတ်များ၊ မီးခိုးခေါင်းတိုင်များနှင့် အမိုးမျက်နှာပြင်ဆုံရာတို့တွင် ရေမဝင်နိုင်စေရန် ခဲပြား၊ သပ်ပြားတို့ဖြင့် ပိတ်ဆို့ခြင်း ဖြစ်သည်။
​နည်းစနစ်: ရေပိတ်ခဲပြား/သွပ်ပြားကို ထောင့်အချိုးအလိုက်ချိုး၍ အုတ်နံရံသို့ တည့်မတ်စွာ အနည်းဆုံး ကိုးလက်မ ထိ တက်ရမည်။ အုတ်နံရံအတွင်း မြောင်းတွင်းသို့ တစ်လက်မမှ နှစ်လက်မထိ နက်အောင်သွင်း၍ ဘိလပ်မြေအင်္ဂတေနှင့် နှာသပ်ပေးရမည်။ ခေါင်မိုးပေါ်တင်သော အလွှမ်းမှာ ရှစ်လက်မမှ ဆယ့်နှစ်လက်မထိ ရှိရမည်။
​၁၅။ မြင့်မိုရ် (Gable): ခေါင်မိုးများ အဆုံးသတ်ရာတွင် ထိပ်၌ တြိဂံပုံဖြစ်နေသောအခါ ၎င်းတြိဂံကို ခေါ်ပြီး၊ တြိဂံကို ပိတ်ထားသောနံရံကို မြင့်မိုရ်ပိတ် ဟု ခေါ်သည်။
​💡 အထူးသတိပြုရန် အချက် (အင်ဂျင်နီယာ အကြံပြုချက်)
​ခေါင်အချိုး (22.5) ဒီဂရီ ထက် စောင်းသော အမိုးများတွင် သွပ်ပြားများကို တစ်ချပ်နှင့် တစ်ချပ် ခြောက်လက်မ ထိပ်ချင်း ထပ်ပေးရပါမည်။ နံဘေးချင်း ထပ်သည့်အခါ နှစ်တွန့်တိတိ ထပ်ရပါမည်။
​အပြင်လက်တွေ့လုပ်ငန်းခွင်များတွင် တစ်တွန့်သာ ထပ်နေကြသည်ကို တွေ့ရတတ်는데၊ ဒါဟာ မှားယွင်းတဲ့အယူအဆကြောင့်လား၊ စရိတ်ချွေတာကြတာပဲလားဆိုတာတော့ စဉ်းစားစရာပါပဲ ခင်ဗျာ။

​(ကိုးကား - ဦးကျော်နိုင် အင်ဂျင်နီယာလက်စွဲ)

​💬 Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အသေးစိတ် မေးမြန်းတိုင်ပင်နိုင်ပါတယ်။

📞 09 799 695 989
📱 Viber - 09 799 695 989






3ထပ်နှင့်အထက်အဆောက်အဦးများတွင်ပြောင်းလဲသွားသောမိလ္လာကန် (septic tank)ပြုလုပ်သောနည်းစနစ်သစ်များ=======================   ...
17/10/2026

3ထပ်နှင့်အထက်အဆောက်အဦးများတွင်ပြောင်းလဲသွားသောမိလ္လာကန် (septic tank)ပြုလုပ်သောနည်းစနစ်သစ်များ
=======================

မိလ္လာကန်(septic tank)ပြုလုပ်ရန် အတွက်မြေကြီးတူးခြင်း
လုပ်ငန်းအား သတ်မှတ်Levelထိရောက်အောင်တူးရန်။ဘေးပတ်ပတ်လည်တွင်
Wall R.C ဖြစ်သွား၍ concreteလောင်းရန်အတွက် သံချောင်းများကို ဆင်၍ သတ်မှတ်ထားသော ပေများအတိုင်းအကန့်များခွဲ၍ form work ရိုက်၍ ရေလုံအောင်သေချာစွာ concrete လောင်းရပါမည်။ပုံတွင်ပြထားသည့်အတိုင်း အရည်ကန်၊အဖတ်ကန်၊အနှစ်ကန်မှ ပိုက်များအားသတ်မှတ်Level အတိုင်းဖြစ်အောင်ပြုလုပ်ပေးရပါမည်။ဘေးနံရံ Wall R.Cအား6"ထုပြည့်စွာလောင်းရပါမည်။ဘေးဘက်မှရေများမဝင်အောင် အထူးဂရုစိူက်ရပါမည်။အတွင်းခန်းအကန့်များကို၊သတ်မှတ်Level
အတိုင်းပိုက်များထည့်ပေးရပါမည်။အတွင်းခန်းအကန့်များကို အုတ်စီ၍ချောလို့လည်းရပါသည်။အပြင်ပတ်ပတ်လည်အားလက်ရှိ
law အရ အုတ်စီချောခြင်း (လုံးဝ)ခွင့်မပြုပါ၊မိလ္လာကန်(septic tank)အပေါ်အဖုံးအားပုံတွင်ပြထားသည့်အတိုင်း Gas pipe များ
ထည့်ရန် 4"ထုရေဆင်းကောင်းစွာဖြင့် Slabလောင်းပြီး သေချာသွာချောရန်၊ Auto ရေစုပ်ပန့်အတွက် Breaker တခုအားအဆင်သင့်တပ်ဆင်ထားရန် breaker ကိုအမြဲတမ်းတင်ထားရန် ။ရေစုပ်ပန့်အထွက် 2"ပိုက်အားနောက်ဖေး ရေမြောင်းထဲသို့လွှဲပေးရန် အကယ်၍
နောက်ဖေးရေမြောင်းမရှိပါက ဘေးရေမြောင်းထဲလို့ လွှဲပေးရပါမည်။ Media ကန် အဖုံးအား ပုံတွင်ပြထားသည့်၊သတ်မှတ် ပေအတိုင်း ဖောက်ပြီး၊အဖုံးအား အရှင်လုပ်ပေးထားရမည်။ Mediaကန်အတွက်ထည့်သွင်းသည့်၊Bio Media များအားပုံတွင်ပြထားပါသည်။ကန်ထရိုက်တိုက် များအတွက် ဖြစ်နိုင်လျှင် ပတ်ပတ်လည် ပုံတွင်ပြထားသည့် အတိုင်း
ရေလုံစွာဖြင့် Wall R.Cအားသတ်မှတ် ထုအတိုင်း လောင်းပြီ၊အတွင်းပိုင်း ဖွဲ့စည်းပုံနှင့်Bio Media ပစ္စည်းများအား
ရေသန့်/မိလ္လာဌာန ကျွမ်းကျင်အဖွဲ့အစည်းမှ တာဝန်ယူပြုလုပ်ပေး
ထားခြင်းဖြင့် မိမိတို့ လူနေထိုင်ခွင့်(B.c.c)တင်ခြင်းအတွက် ရေသန့်
မိလ္လာဌာန၏ စစ်ဆေးမှု အဆင်ပြေနိုင်ပါသည်။
နောက်ဖေးလမ်းကြား (B.D.S)12'ထက် မကျော်ပါက မိလ္လာကန်
(Septic tank)အား မိမိ၏ခြံဝင်းအတွင်းပြုလုပ်ရပါမည်။
မြေကွက်အကျယ်အဝန်း(20'×60')ရှိသော ဂရမ် မြေပေါ်တွင်
နောက်ဖေးလမ်းကြား(B.D.S)12'ကျော်ထက်ရှိပါက အလျား17'အနံ 3'6"အနက်6'10"ပုံတွင်ပြထားသည့် အတိုင်းပြုလုပ်ပေးရပါမည် ။မြေကွက်အကျယ်အဝန်း(40'×60')ရှိသော ဂရမ်မြေပေါ်တွင် နောက်ဖေးလမ်းကြား (B.D.S)12'ကျော်ရှိပါက အလျား32'အနံ5'6" အနက်6'10"မိမိ၏ မိလ္လာကန်(septic tank)ပုံစံပါအတိုင်းပြုလုပ်ပေးရပါမည်။မိလ္လာကန်(septic tank)
၏ အပေါ်ချောပြီးLevelမှာအဆောက်အဦး၏Ground beam
Level မှ 6"အောက်သို့ Levelချထားရပါမည်။မိလ္လာကန်(septic tank)လုပ်ငန်းစတင်ချိန်တွင် မိမိ၏ မြို့နယ်စည်ပင်သာယာရေသန့်/
မိလ္လာဌာနမှသက်ဆိုင်သူတာဝန်ခံအားခေါ်ပြပြီး မိမိ၏ သတ်မှတ်နေရာ ခေါ်ပြခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်ကိုခေါ်ပြ၍
ဓာတ်ပုံဖြင့်ပြုလုပ်ပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ထားရှိပါမှ ရေသန့်
နှင့်မိလ္လာကန်စစ်ဆေးရေးဌာနမှ ကောင်းမွန်သော ထောက်ခံချက်
ရရှိပြီး (B.c.c)လူနေထိုင်ခွင့် အတွက် အဆင်ပြေနိုင်ပါမည်။
လိုအပ်ချက်များကို မိမိတို့၏ အသိပညာဖြင့် ထပ်မံဖြည့်စွက်ပြီး မိတ်ဆွေအားလုံး အဆင်ပြေစေရန်ရည်ရွယ်လျှက်.....




ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ထပ်ဖတ်ချင်တယ်ဆိုရင်တော့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်🙋‍♀️🙋‍♂️

​💬 Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အသေးစိတ် မေးမြန်းတိုင်ပင်နိုင်ပါတယ်။

📞 09 799 695 989
📱 Viber - 09 799 695 989

🏠🏠
လူကြီးမင်းတို့အတွက် အကောင်းဆုံးဝန်ဆောင်မှု🙋‍♂️
သက်ဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာများ👷👷‍♀️
အရည်အသွေးပြည့်ဝ ကောင်းမွန်သောပစ္စည်းများကိုသာ
အသုံးပြုပြီး စျေးနှုန်းတိကျမှန်ကန်စွာ ဆောက်လုပ်ပေးနေတာဖြစ်သည့်အတွက် အိမ်ဆောက်ရန်အတွက်စုံစမ်းလိုပါက

🙏🙏🙏 ချစ်မိတ်ဆွေများအားလုံး သာယာပျော်ရွှင်ဖွယ်ကောင်းသော နေ့သစ်များပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏





🏮✨ သီတင်းကျွတ်ရာသီ ရောက်တော့မှာမို့... ✨🏮မိသားစုတွေ စုစည်းပြီး ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းရမယ့် ဒီလိုအခါသမယမှာကို...
07/10/2026

🏮✨ သီတင်းကျွတ်ရာသီ ရောက်တော့မှာမို့... ✨🏮

မိသားစုတွေ စုစည်းပြီး ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းရမယ့် ဒီလိုအခါသမယမှာကိုယ်ပိုင်အိမ်လေးတစ်လုံး ပိုင်ဆိုင်ဖို့ စိတ်ကူးထားသူတွေလည်း ရှိကြမယ်ထင်ပါတယ်။ 🏡❤️

💭 “တစ်နေ့မှာ ကိုယ်ပိုင်အိမ်လေး ဆောက်မယ်” ဆိုတဲ့ အိပ်မက်ရှိနေတယ်ဆိုရင်
ဒီသီတင်းကျွတ်ကနေ အိပ်မက်ကို စတင်အကောင်အထည်ဖော်လိုက်ပါ။ ✨

Smart P2 Design & Construction မှာ
🏠 Architectural Design
📐 Structural Design
🧱 Construction Work
🔨 Quality Control
👷 Professional Engineering Service
တို့ကို စနစ်တကျ စီမံကိန်းချပြီး အရည်အသွေး၊ ခိုင်ခံ့မှုနဲ့ စိတ်ချယုံကြည်ရမှု ကို ဦးစားပေးကာ ဆောင်ရွက်ပေးနေပါတယ်။

✨ အိမ်ကောင်းတစ်လုံးဆိုတာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတစ်ခုသာမက မိသားစုတစ်စုရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒီသီတင်းကျွတ်မှာ
🏮 အလင်းရောင်တွေထွန်းညှိသလို
🏡 ကိုယ့်မိသားစုအတွက် အိပ်မက်အိမ်လေးကိုလည်း စတင်တည်ဆောက်လိုက်ပါ။

📩 အိမ်ဆောက်ရန် စိတ်ကူးရှိနေပါက Smart P2 Design & Construction သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Smart P2 Design & Construction
Design • Build • Trust 🏡✨

📞 09 799 695989
📱 Viber - 09 799 695989


#သီတင်းကျွတ်
#အိပ်မက်အိမ်လေး



🏡 Smart P2 Design & Construction ​🍂 Good-bye September | Welcome October 🏗️​အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ Smart P2 Des...
01/10/2026

🏡 Smart P2 Design & Construction

​🍂 Good-bye September | Welcome October 🏗️

​အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ Smart P2 Design & Construction ရဲ့ ဖန်တီးမှုတွေ၊ လက်ရာတွေကလည်း တိုးတက်ခိုင်မာဆဲ ဖြစ်ပါတယ်။

​အောက်တိုဘာလသစ်မှာ...
✨ အိမ်မက်အိမ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ၊
✨ လုပ်ငန်းခွင်တွေ အရာရာ အဆင်ပြေချောမွေ့ကြပါစေ၊
ဆိုတဲ့ ဆုမွန်ကောင်းတောင်းရင်း ဒီလအတွက် လိုအပ်မယ့် Design & Construction ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီခင်ဗျာ။

​📞 အိမ်ဆောက်လုပ်ရေးနှင့် ဒီဇိုင်းပိုင်းဆိုင်ရာများအတွက်
ဆက်သွယ်ရန်:

📞 09 799 695989
📱 Viber - 09 799 695989

​

23/09/2026

🏡 Smart P2 Design & Construction မှ ကျက်သရေရှိလှပသော နေပြည်တော်နေအိမ်သစ်ကြီးအား အိမ်ရှင်လက်ဝယ်သို့ အောင်မြင်စွာ အပ်နှံနိုင်ခဲ့ပါပြီ ✨

​အိမ်မက်ထဲက ကိုယ်ပိုင်အိမ်လေးကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် Smart P2 Design & Construction ရဲ့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာနှင့် ဒီဇိုင်းပညာရှင်များက မြေနေရာတိုင်း၊ အခန်းတိုင်းကို စိတ်တိုင်းကျ ဒီဇိုင်းဆွဲကာ အချိန်မီ၊ အရည်အသွေးပြည့်မီစွာနဲ့ သေသပ်လှပစွာ တည်ဆောက်အပ်နှံပေးခဲ့ပါပြီ။

🛠️📐​ယခုလို တည်ဆောက်ရေးလုပ်ငန်းစဉ်တစ်လျှောက်လုံး အစစအရာရာ ယုံကြည်အားကိုးပေးခဲ့ကြတဲ့ အိမ်ရှင်မိသားစုကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

​ယခု တည်ဆောက်ပြီးစီးသွားတဲ့ နေအိမ်သစ်ကြီးထဲမှာ နွေးထွေးပျော်ရွှင်စရာ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Smart P2 Design & Construction မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏❤️

​📞 အိမ်ဆောက်လုပ်ရေးနှင့် ဒီဇိုင်းပိုင်းဆိုင်ရာများအတွက်
ဆက်သွယ်ရန်:

📞 09 799 695989
📱 Viber - 09 799 695989

​

☀️ Happy Sunday!​တနင်္ဂနွေပိတ်ရက်လေးမှာ နွေးထွေးတဲ့ နေရောင်ခြည်လေးနဲ့အတူ ကိုယ်ပိုင်အိမ်မက်လေးထဲမှာ အနားယူခွင့်ရတာထက် ဘာက...
13/09/2026

☀️ Happy Sunday!

​တနင်္ဂနွေပိတ်ရက်လေးမှာ နွေးထွေးတဲ့ နေရောင်ခြည်လေးနဲ့အတူ ကိုယ်ပိုင်အိမ်မက်လေးထဲမှာ အနားယူခွင့်ရတာထက် ဘာကပိုသာမလားရှင်။ ☕️🏡

​ကိုယ်ပိုင်မြေပေါ်မှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် အလှပဆုံးနဲ့ အခိုင်အမာဆုံးအိမ်လေး ဆောက်ဖို့ စဉ်းစားထားတယ်ဆိုရင် ဒီပိတ်ရက်လေးမှာ စိတ်ကူးထဲက ဒီဇိုင်းလေးတွေ စတင်တွေးတောရင်း အားမွေးလိုက်ကြရအောင်နော်။

​✨ Smart P2 Design & Construction က မိတ်ဆွေတို့ရဲ့ စိတ်ကူးထဲက ပုံစံငယ်လေးကနေ လက်တွေ့အိမ်မက်အထိ စိတ်ချလက်ချ အပ်နှံနိုင်ဖို့ အမြဲတမ်း အဆင်သင့်ရှိပါတယ်။

​ဒီဇိုင်းဆွေးနွေးချင်တာပဲဖြစ်ဖြစ်၊ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး သိချင်တာပဲဖြစ်ဖြစ် Page Messenger မှာ လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။ 💬

​တနင်္ဂနွေပိတ်ရက်လေးမှာ စိတ်လက်အေးချမ်းစွာ အနားယူနိုင်ကြပါစေ။ 🤍

​ယုံကြည်စိတ်ချရတဲ့ အရည်အသွေး၊ အချိန်မီပြီးစီးမှုနဲ့ တန်ဖိုးနှင့်အမျှ အကောင်းဆုံး ဝန်ဆောင်မှုတွေအတွက် Smart P2 ကို ယုံကြည်စွာ ဆက်သွယ်လိုက်ပါ။ 🤝

📞 09 799 695989
📱 Viber - 09 799 695989

​

Address

Yangon
1104

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Alerts

Be the first to know and let us send you an email when SMART P2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share