MLG Lift Spare Parts & Service

MLG Lift Spare Parts & Service Elevator Spare Parts & Service

အဆောက်အဦတစ်ခုမှာ ဓာတ်လှေကားဆိုတာ စီးနင်းသူတွေရဲ့ အသက်ဘေးကင်းလုံခြုံမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတာမို့ လစဉ် Service ပုံမှန...
08/08/2026

အဆောက်အဦတစ်ခုမှာ ဓာတ်လှေကားဆိုတာ စီးနင်းသူတွေရဲ့ အသက်ဘေးကင်းလုံခြုံမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတာမို့ လစဉ် Service ပုံမှန်အပ်နှံထားရုံတင် မကဘဲ စနစ်ကျတဲ့ အဖွဲ့အစည်းကို ရွေးချယ်တတ်ဖို့ဆိုတာလည်း လိုအပ်ပါတယ်။

ဒါကြောင့် လစဉ် Service အပ်တော့မယ်ဆိုရင် ဒီအချက် ၃ ချက်ကို သေချာစစ်ဆေးဆောင်ရွက်ပေးနိုင်ရဲ့လားဆိုတာကအရေးကြီးပါတယ်။

၁။ Mechanical အစိတ်အပိုင်းတွေရဲ့ ကြံ့ခိုင်မှုကို လစဉ်ပုံမှန် ထိန်းသိမ်းပေးနိုင်ရဲ့လား (Preventive Maintenance):
ဓာတ်လှေကားတွေမှာ တံခါးစနစ် (Door Systems)၊ Guide Rails၊ စတီးကြိုး/ Steel Belt ကြိုး၊ ဘရိတ်စနစ် အပါအဝင် ကားအိမ်၊ လျှောက်လမ်းတွေမှာရှိတဲ့ Mechanical အစိတ်အပိုင်းတွေဟာ ပုံမှန်အမြဲအတက်အဆင်းအဖွင့်အပိတ်တွေ လုပ်နေရတာကြောင့် အစိတ်အပိုင်းတွေရေရှည်ကြံ့ခိုင်ဖို့အတွက် လစဉ်စစ်ဆေးပေးဖို့လိုအပ်ပါတယ်။ စနစ်တကျရှိတဲ့ Service အဖွဲ့ဟာ စက်အစိတ်အပိုင်း Mechanical ပိုင်းဆိုင်ရာတွေရဲ့ ရေရှည်ကြံ့ခိုင်မှုကို လစဉ် ကြိုတင်စစ်ဆေးထိန်းသိမ်းပေးခြင်းဖြင့် ကြီးကြီးမားမား ပျက်စီးသွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ရပါမယ်။

၂။ အရေးပေါ်အခြေအနေဆို ချက်ချင်းရောက်လာနိုင်လား (24/7 Rapid Response):
ဓာတ်လှေကား Breakdown ဖြစ်တာမျိုး၊ လူပိတ်မိတာမျိုး အရေးပေါ်ကြုံလာရင် အချိန်မဆိုင်းဘဲ ချက်ချင်းလာရောက်ဖြေရှင်းပေးနိုင်မယ့် Standby Technical Team ရှိဖို့ ကလွန်စွာ အရေးကြီးပါတယ်။

၃။ ကျွမ်းကျင်မှုနဲ့ စိတ်ချရမှု စံချိန်စံညွှန်း မှန်ရဲ့လား
လုပ်ငန်းအတွေ့အကြုံရှိပြီး စက်ပစ္စည်းများကို စနစ်တကျ စစ်ဆေးပေးနိုင်မယ့် ဝါရင့် အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းထားမှု ရှိရပါမယ်။ အဆောက်အဦက နေထိုင်သူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဓာတ်လှေကား Service အပ်တဲ့အခါ အတွေ့အကြုံရှိ ဝါရင့်ကျွမ်းကျင် Engineer များဖြင့်စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ကလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

အတက်အဆင်းတိုင်းမှာ စိတ်အေးချမ်းစွာနဲ့ ဘေးကင်းစွာ အသုံးပြုနိုင်ဖို့ Myanmar Lift Group ရဲ့ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့မှ လူကြီးမင်းတို့ရဲ့ ဓာတ်လှေကားတွေကို တာဝန်ယူပေးဖို့အတွက် အမြဲတမ်း အဆင်သင့် ရှိနေပါတယ်။

သင့်ဓာတ်လှေကားအတွက် အကောင်းဆုံး ဝန်ဆောင်မှုနဲ့ လုံခြုံစိတ်ချရမှုကို ရွေးချယ်ဖို့ အခုပဲ ကျွန်ုပ်တို့ထံ ဆက်သွယ်လိုက်ပါ။

Making Life Comfortable & Safe ✨

📍 ရုံးချုပ်လိပ်စာ - အမှတ် 33/L၊ ပျော်ဘွယ်လေးကြိုးဆက်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်း - 09-457877771, 09-457877772, 09-457877773, 09-457877774

Audit Executive-  Female ( 2 ) postsCash book များအား Audit Standard နှင့် အညီစစ်ဆေးရပါမည်။Stock များအား On Ground နှင့်...
28/07/2026

Audit Executive- Female ( 2 ) posts

Cash book များအား Audit Standard နှင့် အညီစစ်ဆေးရပါမည်။
Stock များအား On Ground နှင့် စာရင်းဇယား ညီ/မညီ လစဥ် စစ်ဆေးပေးရခြင်းများပြုလုပ်ပေးရမည်။
လစာ နှင့် OT များအား လကုန်ရက်တွင် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးရခြင်းများ ပြုလုပ်ပေးနိုင်ရမည်။
Senior Audit မှ လိုအပ်သည်များ ကူပေးရပါမည်။
Audit နှင့် ပတ်သက်သော နည်းစနစ်များကို ကောင်းစွာနားလည်သူဖြစ်ရမည်။
Audit field ကိုအမှန်တကယ် စိတ်ဝင်စားသူ ဖြစ်ရမည်။
မည်သည့် အလုပ်ဌာနများနှင့်မဆို ကောင်းစွာပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
Team Work ဖြင့် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။
ကုမ္ပဏီ နှင့် ရေရှည်လက်တွဲလုပ်ကိုင်နိုင်ရမည်။

Requirement Skills
B .Com, B.Act, CPA, ACCA, LCCI သိုမဟုတ် Accounting/Finance နှင့် သက်ဆိုင်သောဘွဲ့ /ဒီပလိုမာ ရရှိပြီးသူဖြစ်ရမည်။
Microsoft Excel, Word အသုံးပြုနိုင်သူဖြစ်ရပါမည်။
Internal Control နှင့် Risk Management ကို နားလည်သူဖြစ်ရပါမည်။
Internal Audit သိုမဟုတ် External Audit အတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိသူ ဦးစားပေးမည်။

Working Hours – 8:30 AM to 4:30 PM ( Monday – Friday)
Saturday – 8:30 AM to 12:30 PM
Off day - Saturday half day , Sunday & Public Holidays
Salary - 700,000 – 800,000

Position: Elevator& Escalator Installation LeaderJob Requirements✅Elevator& Escalator Installation Experience (၃) နှစ်နှ...
25/07/2026

Position: Elevator& Escalator Installation Leader
Job Requirements
✅Elevator& Escalator Installation Experience (၃) နှစ်နှင့်အထက်ရှိရမည် ။
✅Team Leader သို့မဟုတ် Site Supervisor အဖြစ် အတွေ့အကြုံရှိသူဖြစ်ရမည်။
✅Passenger Lift, Home Lift, Freight Lift, Escalator တပ်ဆင်ဖူးသူဖြစ်ရမည်။
✅Installation Drawing နှင့် Layout Drawing ဖတ်နိုင်ရမည်။
✅Installation Process ကို အစမှ Commissioning အထိ စီမံနိုင်ရမည်။
✅Installation Team ကို ဦးဆောင်နိုင်ရမည်။
✅Daily Work Plan ချမှတ်နိုင်ရပါမည်။
✅Quality Control နှင့် Safety ကို စောင့်ကြည့်နိုင်ရမည်။
✅Project Schedule ကို လိုက်နာအောင် စီမံနိုင်ရမည်။
✅Site Engineer Project Manager နှင့် Customer များနှင့် ကောင်းမွန်စွာ ဆက်သွယ်နိုင်ရမည်။

Personal Requirements
✅အသက် (25–40) နှစ် အတွင်းရှိရပါမည်။
✅ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ၊ နယ်ခရီးသွားနိုင်သူ နှင့် အချိန်ပိုအလုပ်လုပ်နိုင်သူ ဖြစ်ရပါမည်။
✅ရိုးသား၍ တာ၀န်ယူမှုရှိသူ ဖြစ်ပြီး ကုမ္ပဏီ နှင့်ရေရှည် လက်တွဲ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
✅Installation Team ကို ဦးဆောင်နိုင်ပြီး ၊ Installation Quality ကို စစ် ဆေးခြင်းလုပ်ဆောင်နိုင်ရမည်။
✅Safety Rules များ လိုက်နာပြီး ၊ Project Timeline အတိုင်း အလုပ်ပြီးစီးအောင် စီမံနိုင်ရပါမည်။
✅Daily Progress Report ကို Project Manager နှင့် တိုင်ပင်ပြီး ပြီးစီးအောင် လုပ်ဆောင်နိုင်ရမည်။
✅Installation ပြီးဆုံးပါက Testing နှင့် Handover အတွက် ပြင်ဆင်လုပ်ဆောင်နိုင်ရမည်။

Salary – 800,000-1,000,000 +++
အလုပ်ချိန် - 8:30 AM to 4:30 PM ( Monday to Friday)
Saturday half day (Off)
Sunday & Public Holidays (Off)

Address : အမှတ်(33/L)၊ ပျော်ဘွယ်လေးကြိုးစက်လမ်း၊ ကျိုက်ဝိုင်းမီးပွိုင့်အနီး၊ မရမ်းကုန်းမြို့နယ်။

Phone : 09-977355022
Email : [email protected]





Sales Assistant - 3 Posts (Female)Job Descriptions- Customer များနှင့် ဈေးကွက်အသစ်များ ရှာဖွေ နိုင်ရမည် ။- Customer များ...
24/07/2026

Sales Assistant - 3 Posts (Female)

Job Descriptions
- Customer များနှင့် ဈေးကွက်အသစ်များ ရှာဖွေ နိုင်ရမည် ။
- Customer များအား Follow up လုပ်ဆောင်ရပါမည် ။
- မိမိ Team နှင့် အတူ သတ်မှတ်ထားသော Sale Target အား ပြည့်မှီအောင် အတူတကွ ရောင်းချနိုင်ရပါမည်။
- Team Work ဖြင့် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်ဖြစ်ပြီး ၊ ကုမ္ပဏီနှင့် ရေရှည် လက်တွဲ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
- Communication Skills ကောင်းမွန်ပြီး ၊ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
- လုပ်ငန်းလိုအပ်ချက်အရ လိုအပ်ပါက နယ် ခရီးသွားလာနိုင်ရပါမည်။

စိတ်ဝင်စားလို့လျှောက်ထားလိုသူများအတွက် Page Cb, Viber (or) Email မှတစ်ဆင့် CV များဆက်သွယ်ပေးပို့၍လျှောက်ထားနိုင်ပါသည်။

Phone : 09-977355022
Email : [email protected]

MLG နှင့်လက်တွဲလုပ်ကိုင်ရန်အတွက် Technician များခေါ်ကိုယူလျက်ရှိနေပါပြီ....✅ မိမိ၏ဌာနမှုးနှင့် ဆိုဒ်တာ၀န်ခံ၏ ညွန်ကြားချက...
14/07/2026

MLG နှင့်လက်တွဲလုပ်ကိုင်ရန်အတွက် Technician များခေါ်ကိုယူလျက်ရှိနေပါပြီ....

✅ မိမိ၏ဌာနမှုးနှင့် ဆိုဒ်တာ၀န်ခံ၏ ညွန်ကြားချက်များကို ကောင်းမွန်စွာ လိုက်နာပြီး ချမှတ်ပေးထားသည့် တာ၀န်များကို လုပ်ဆောင်နိုင်ရမည်။
✅မိမိအဖွဲ့အစည်း အဆင်ပြေစွာ လည်ပတ်နိုင်ရန် အတွက် အခြားဌာနများနှင့်သော်လည်းကောင်း ၊ Customer များနှင့် သော်လည်းကောင်း ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅ကုမ္ပဏီမှပြုလုပ်ပေးသည့် Training များတွင် ပါဝင်ပြီး မိမိ၏ အရည်အသွေးပိုင်းကို တိုးတက်အောင် လေ့လာသင်ယူနိုင်သူဖြစ်ရမည်။
✅Team Work ဖြင့် အလုပ်လုပ်နိုင်သူဖြစ်ရမည်။
✅လုပ်ငန်းလိုအပ်ချက်အရ နယ်ခရီးသွားလာနိုင်သူဖြစ်ရမည်။
✅Communication Skill ကောင်းမွန်ပြီး ကုမ္ပဏီနှင့် ရေရှည် လက်တွဲလုပ်ကိုင်နိုင်ရမည်။
✅အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
✅Customer နှင့် ပြောဆိုရာတွင် ပြေပြစ်စွာ ပြောဆိုနိုင်သူဖြစ်ရမည်။
✅ Safety ကိုကောင်းမွန်စွာ လိုက်နာပြီး လုပ်ဆောင်နိုင်သူဖြစ်ရမည်။
✅ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဥ်း စည်းကမ်းများ လိုက်နာနိုင်သူဖြစ်ရမည်။
✅ပညာအရည်အချင်း အနိမ့်ဆုံး (10) တန်းအောင်ရမည်။ အခြားဘွဲရများလည်း လျှောက်ထားနိုင်ပါသည်။
✅Elevator & Escalator ၏ Installation, Mechanical & Control ပိုင်းတို့အား စိတ်ပါ၀င်စားသူဖြစ်ရမည်။
✅လိုအပ်ပါက နယ် ဆိုဒ်များသို လည်း သွားရောက်လုပ်ကိုင် နိုင်ရမည်။

CV ပေးပို့ရန်အတွက်
Viber Phone : 099772721, 099777772721
Mail : [email protected]

ဓာတ်လှေကား မကြာခဏ Breakdown ဖြစ်နေခြင်းဟာ စက်ပစ္စည်း ပြဿနာတစ်ခုတည်း မဟုတ်ပါဘူး... သင့်အဆောက်အဦရဲ့ တန်ဖိုး (Building Valu...
25/06/2026

ဓာတ်လှေကား မကြာခဏ Breakdown ဖြစ်နေခြင်းဟာ စက်ပစ္စည်း ပြဿနာတစ်ခုတည်း မဟုတ်ပါဘူး... သင့်အဆောက်အဦရဲ့ တန်ဖိုး (Building Value) ကိုပါ ထိခိုက်နေတာပါ။

"အလုပ်သွားခါနီး အရေးကြီးချိန်တိုင်း ဓာတ်လှေကား စောင့်ရတာ ကြာလွန်းလို့ စိတ်ပျက်ရတယ်..." ❌
"ဧည့်သည်လာတဲ့အချိန်မှ ဓာတ်လှေကားက အသံတွေမြည်ပြီး ရပ်သွားတယ်..."❌

ဒါတွေဟာ သင့်တိုက်မှာ နေထိုင်သူတွေ နေ့တိုင်း ရင်ဆိုင်နေရတဲ့ သေးသေးလေးမဟုတ်တဲ့ စိတ်ဒုက္ခတွေပါ။ ဓာတ်လှေကားကို မယုံကြည်ရတော့ဘူးလို့ ခံစားရတဲ့အခါ နေထိုင်သူတွေဟာ အဆောက်အဦတစ်ခုလုံးအပေါ်ပါ ယုံကြည်မှု လျော့နည်းလာတတ်ပါတယ်…

ပြဿနာတစ်ခုခုဖြစ်ပေါ်လာမှ လိုက်လံပြုပြင်ပေးရတဲ့ ဝန်ဆောင်မှုမျိုးဟာ အချိန်ကုန်၊ လူပင်ပန်းစေတဲ့အပြင် လုပ်ငန်းခွင် စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု၊ မီးအားအတက်အကျနဲ့ အသုံးပြုသူတွေရဲ့ ကိုင်တွယ်မှုပုံစံအမျိုးမျိုးကြောင့် ဓာတ်လှေကား Breakdown/ Error တက်ခြင်းကို ရာနှုန်းပြည့် ရှောင်လွှဲရခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ Myanmar Lift Group ရဲ့ လစဉ်ပုံမှန်စစ်ဆေးခြင်းစနစ်ကတော့ မလိုလားအပ်တဲ့ ကြီးကြီးမားမား ပျက်စီးမှုတွေကို မဖြစ်ခင် ကြိုတင်ကာကွယ်ပေးနိုင်ပြီး Breakdown/ Error ဖြစ်ပွားမှုကို အနည်းဆုံးအဆင့်အထိ လျှော့ချပေးမှာဖြစ်ပါတယ်…

ကျွန်တော်တို့ရဲ့ လစဉ်ပုံမှန် Service အစီအစဉ်မှာ ဓာတ်လှေကားရဲ့ Mechanical နှင့် Electrical ပိုင်းများကို အသေးစိတ် တစ်လှည့်စီ စစ်ဆေးပေးရုံတင်မကဘဲ... တိကျသေချာတဲ့ Service Record များဖြင့် လူကြီးမင်းတို့ကိုစနစ်တကျ တင်ပြပေးသွားမှာပါ။ ဒါကြောင့် ဓာတ်လှေကား Error ကြီးကြီးမားမား မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ပြီး မလိုအပ်တဲ့ ပြုပြင်စရိတ်တွေ ကုန်ကျခြင်းမှ ကင်းဝေးစေမှာ ဖြစ်ပါတယ်...

သင့်အဆောက်အဦက ဓာတ်လှေကား အခြေအနေ စိတ်ချရရဲ့လား?
ယုံကြည်စိတ်ချရတဲ့ နည်းပညာ၊ စိတ်အေးရတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ သင့် Building Value ကို မြှင့်တင်ဖို့ MLG ကို အခုပဲ ဆက်သွယ်လိုက်ပါ။

👉 Making Life Comfort & Safe
🏢 Head Office : အမှတ်(33/L)၊ ပျော်ဘွယ်လေးကြိုးစက်လမ်း၊ ကျိုက်ဝိုင်းမီးပွိုင့်အနီး၊ မရမ်းကုန်းမြို့နယ်။

📞 အသေးစိတ် ဆက်သွယ်မေးမြန်းရန်
09-457877771, 09-457877772, 09-457877773, 09-457877774








"အသက်အရွယ် ရလာတဲ့ မိဘတွေ အပေါ်ထပ်၊ အောက်ထပ် လှေကားအတက်အဆင်း ခြေလှမ်းတိုင်းအတွက် စိတ်ပူနေရပြီလား?" 🤔အိမ်ကြီး တိုက်ကြီးနဲ့...
14/06/2026

"အသက်အရွယ် ရလာတဲ့ မိဘတွေ အပေါ်ထပ်၊ အောက်ထပ် လှေကားအတက်အဆင်း ခြေလှမ်းတိုင်းအတွက် စိတ်ပူနေရပြီလား?" 🤔

အိမ်ကြီး တိုက်ကြီးနဲ့ ခန့်ညားထည်ဝါနေပါစေ... ကိုယ်တိုင်ပြန်လည် ကျေးဇူးပြု စောင့်ရှောက်ထားရတဲ့ မိဘဘိုးဘွားတွေ အသက်အရွယ်ကြောင့်ဖြစ်စေ၊ ကျန်းမာရေးကြောင့်ဖြစ်စေ အိမ်ရဲ့ အပေါ်ထပ်တွေကို မတက်နိုင်ဘဲ အောက်ထပ်မှာပဲ သီးသန့် အထီးကျန်နေရတာမျိုး မဖြစ်စေချင်ပါဘူး။

သားသမီးတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ပေးပြီး မိဘဘိုးဘွားတွေ အိမ်တွင်းမှာ စိတ်လွတ်လပ်ပေါ့ပါးစွာ သွားလာနိုင်ဖို့ Myanmar Lift Group (MLG) မှ တရားဝင် ဖြန့်ချိပေးနေတဲ့ Tebo Hydraulic Home Lift (လူနေအိမ်သုံး ဓာတ်လှေကား) အမျိုးအစားနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။
Tebo ရဲ့ Hydraulic စနစ်က အသက်ကြီးသူတွေအတွက် ဘာကြောင့် အကောင်းဆုံး ဖြစ်ရတာလဲ?

✅ အစအဆုံး ငြိမ့်ညောင်းပြီး ဆူညံ့မှုမရှိခြင်း (Smooth & Silent Call) အသက်ကြီးသူတွေဟာ ရုတ်တရက် တုန်ခါတာမျိုး၊ ဆူညံသံ ထွက်တာမျိုးဆိုရင် လန့်တတ်ကြပါတယ်။ Tebo ကတော့ စတင်မောင်းနှင်ချိန်ကအစ ရပ်တန့်တဲ့အဆုံး လုံးဝ ငြိမ့်ညောင်းလွန်းလို့ ဝှီးချဲလ် (Wheelchair) နဲ့ပဲ စီးစီး၊ သက်ကြီးရွယ်အိုတွေပဲ စီးစီး ဘာတုန်ခါမှုမှမရှိဘဲ သက်သောင့်သက်သာ ရှိစေပါတယ်…

✅ နေရာအသုံးပြုမှုဧရိယာသက်သာပြီး အိမ်တွင်းအလှကို မပျက်စေခြင်း (Space-Saving) အိမ်မှာ သီးသန့် တွင်းနက်ကြီးတွေ တူးစရာမလို တပ်ဆင်နိုင်သလို၊ လှေကားအလယ်က နေရာလွတ် (သို့မဟုတ်) အိမ်တွင်းအဆင်ပြေမယ့် နေရာကျဉ်းကျဉ်းလေးမှာတင် လေးထောင့်မှန်အကြည်ပုံစံ Luxury ဆန်ဆန် သပ်ရပ်စွာ တပ်ဆင်နိုင်လို့ အိမ်ရဲ့ အပြင်အဆင်ကို ပိုမိုခန့်ညားသွားစေပါတယ်…

✅ ၁၀၀% စိတ်ချရသော Safety Features များ ဓာတ်လှေကားအသုံးပြုနေစဉ် ရုတ်တရက် မီးပျက်သွားခဲ့လျင်လည်း Hydraulic ဆီဘားကိုလျှော့ချပြီး အောက်ဆုံးအထပ်ကိုပြန်ပို့ပေးနိုင်သလို၊ အရည်အသွေးမြင့် Sensor စနစ်များ ပါဝင်လို့ မိဘတွေ တစ်ယောက်တည်း စီးရင်တောင် သားသမီးတွေဘက်က ရာနှုန်းပြည့် စိတ်အေးရပါတယ်….

💡 Myanmar Lift Group (MLG) ရဲ့ နွေးထွေးသော ဝန်ဆောင်မှု ကျွန်တော်တို့ MLG အနေနဲ့ လူကြီးမင်းတို့ မိသားစုရဲ့ အဆင်ပြေမှုအတွက် အိမ်ရဲ့ Layout ပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မယ့် နေရာကို ကျွမ်းကျင်အင်ဂျင်နီယာများက Drawing ဖြင့် စနစ်တကျ ရေးဆွဲ အကြံပြုပေးသွားမှာ ဖြစ်ပါတယ်….

ဝယ်ယူပြီးနောက်ပိုင်းမှာလည်း ဓာတ်လှေကားအသုံးပြုသူလူကြီးမိဘတွေ အတွက် စိတ်အနှောင့်အယှက်မဖြစ်ရအောင် ပုံမှန် Maintenance စစ်ဆေးမှုပိုင်းနဲ့ အပိုပစ္စည်း (Spare Parts) များကိုလည်း ကျွန်တော်တို့ MLG မှာရရှိနိင်ပါသေးတယ်ခင်ဗျာ။

Tebo Home Lift ရဲ့ အိမ်တွင်းတပ်ဆင်နိုင်မယ့် ဒီဇိုင်းများနှင့် အသေးစိတ်ကို အခုပဲ လာရောက်ဆွေးနွေး မေးမြန်းလိုက်ပါခင်ဗျာ။

👉 Making Life Comfort & Safe
🏢 Head Office : အမှတ်(33/L)၊ ပျော်ဘွယ်လေးကြိုးစက်လမ်း၊ ကျိုက်ဝိုင်းမီးပွိုင့်အနီး၊ မရမ်းကုန်းမြို့နယ်။

📞 အသေးစိတ် ဆက်သွယ်မေးမြန်းရန်
09-457877771, 09-457877772, 09-457877773, 09-457877774










02/06/2026

ဓာတ်လှေကားဆိုသည်မှာ အဆောက်အအုံတစ်ခု၏ အရေးကြီးဆုံး အစိတ်အပိုင်းများထဲမှ တစ်ခု ဖြစ်သလို၊ အဆောက်အဦ၏ မျက်နှာစာ (ဂုဏ်သိက္ခာ) လည်းဖြစ်ပါတယ်။ ဓာတ်လှေကား ကောင်းမွန်စွာ လည်ပတ်နေခြင်းက ဓာတ်လှေကားအသုံးပြုသူတိုင်းအတွက် စိတ်ချမ်းသာမှုနှင့် ယုံကြည်မှုကို ပေးစွမ်းနိုင်တာဖြစ်လို ပုံမှန်ပြုပြင်ထိန်းသိမ်းမှု (Maintenance) အားနည်းပါက အသုံးပြုသူများအတွက်အန္တရာယ်ရှိနိုင်သည့်အပြင် အဆောက်အဦ၏ ပုံရိပ်ကိုပါ ထိခိုက်လာစေနိုင်ပါသည်။

နေ့စဥ်အကြိမ်ရေ ရာနှင့်ချီပြီး အတက်အဆင်း ပြုလုပ်နေရတဲ့ ဓာတ်လှေကားတွေဟာလည်း စက်ပစ္စည်းများဖြစ်တာကြောင့် ပုံမှန်စစ်ဆေးပြုပြင်မှုမရှိလျင် ရေရှည်တွင် အစိတ်အပိုင်းများ ယိုယွင်းပျက်စီးလာမှာ အသေအချာပါပဲခင်ဗျာ။✅

ဓာတ်လှေကား၏အစိတ်အပိုင်းများဖြစ်သည့် Guide Shoe, Door Shoe နှင့် Roller ကဲ့သိုသော အပိုပစ္စည်းလေးများဟာ သေးငယ်သည်ဟု ထင်ရသော်လည်း ၎င်းတို ပွတ်တိုက်မှုများ၍ ပါးလာခြင်း၊ ကွဲအက်လာခြင်းတိုကို အချိန်မီ မလဲလှယ်ပါက ဓာတ်လှေကား Breakdown များဖြစ်ပေါ်နိုင်ပြီး လိုက်ပါစီးနင်းတဲ့အခါမှာလည်း အန္တရာယ်ရှိတာကြောင့် စိတ်လုံခြုံမှုမရှိ ခံစားရစေမှာပါ။ 😓

ဓာတ်လှေကားအသုံးပြုသူများအနေဖြင့် မိမိတို၏ တန်ဖိုးကြီးလှသော အဆောက်အဦမှ ဓာတ်လှေကားများ သက်တမ်းကြာရှည်စေရန်နှင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် စနစ်ကျသော Maintenance ကို လစဥ် (၁) လတစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်….

Myanmar Lift Group (MLG) မှာဆိုရင် လူကြီးမင်းတို စိတ်ကျေနပ်မှုရရှိနိုင်စေဖိုအတွက် Spare Parts တွေအပြင် ဓာတ်လှေကား Maintenance Service များကိုပါ Package အမျိုးမျိုးဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ။
"စျေးနှုန်းထက် အရည်အသွေးနှင့် စိတ်ချရမှုကို ဦးစားပေးသော လူကြီးမင်းတိုအတွက် MLG က အသင့်ရှိနေပါပြီ။"✅

Making Life Comfort & Safe.

🏢 Head Office : အမှတ်(33/L)၊ ပျော်ဘွယ်လေးကြိုးစက်လမ်း၊ ကျိုက်ဝိုင်းမီးပွိင့်အနီး၊ မရမ်းကုန်းမြိုနယ်။

📞 အသေးစိတ် ဆက်သွယ်မေးမြန်းရန်
09-457877771, 09-457877772, 09-457877773, 09-457877774







Elevator Spare Parts & Service

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ဖြစ်ပါစေကြောင်း  Myanmar Lift Group မိသားစုမှ ဆုမွန်ကောင်း...
28/05/2026

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ဖြစ်ပါစေကြောင်း Myanmar Lift Group မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

07/05/2026

သေးငယ်တဲ့ Guide Shoe လေးတစ်ခုကြောင့် ဓာတ်လှေကား ရပ်တန့်ထားရတာမျိုးမဖြစ်ပါစေနဲ့??

Guide Shoe ဆိုတာကတော့ ဓါတ်လှေကားအိမ်ရဲ့ ရွေ့လျားမှုတိုင်းကို တထောင့်တနေရာကနေ အားဖြည့်ပေးနေတဲ့ ပစ္စည်းလေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။

ဓါတ်လှေကားအိမ်နှင့် Guide Rail ကြားမှာတပ်ဆင်အသုံးပြုရတဲ့ Guide Shoe တွေဟာ ပွတ်တိုက်တဲ့ အကြိမ်ရေများလာသည်နှင့်အမျှ တဖြည်းဖြည်းပါးလာတတ်ပါတယ် …

ဒီလို တဖြည်းဖြည်းနဲ့ ပါးလွှာလာတဲ့ Guide Shoe တွေကိုပြုပြင်လဲလှယ်ခြင်းမပြုလုပ်ပါက Guide Rail ချောင်းတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ် …

လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးမားလှတဲ့ ဓါတ်လှေကားတွေကို သေးငယ်တဲ့ Guide Shoe လေးကြောင့် အလွယ်တကူ ပျက်စီးခြင်းမျိုး မဖြစ်ပေါ်စေဖို့အတွက် အချိန်မီ စစ်ဆေးလဲလှယ်နိုင်ရန် ကျွန်တော်တို့ MLG - Lift Spare Part & Service မှ ကျွမ်းကျင်ပညာရှင်များဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

နေ့စဥ် အတက်အဆင်း အသုံးပြုနေသည့် ဓါတ်လှေကားအတွက် Guide Shoe, Guide Rail, Guide Roller နှင့် အခြားလိုအပ်သည့် အပိုပစ္စည်းများကို ကျွန်တော်တို့ MLG မှ ဈေးနှုန်းချိုသာစွာနဲ့ တင်သွင်းရောင်းချပေးနေပါတယ်ခင်ဗျာ။

"Making Life Comfort & Safe"

🏢 Head Office : အမှတ်(33/L)၊ ပျော်ဘွယ်လေးကြိုးစက်လမ်း၊ ကျိုက်ဝိုင်းမီးပွိင့်အနီး၊ မရမ်းကုန်းမြိုနယ်။

🏬 Showroom : တိုက်အမှတ် (A1)၊ အခန်းနံပါတ် (101)၊ ရွှေကမ္ဘာအိမ်ယာ၊ မင်းဓမ္မလမ်း၊ KBZ ဘဏ်အနီး၊ မရမ်းကုန်းမြိုနယ်။

📞 အသေးစိတ် ဆက်သွယ်မေးမြန်းရန်
09-457877771, 09-457877772, 09-457877773, 09-457877774

Address

No. (33L), Pyaw Bwel Lay Kyoe Set Street, (4) Ward, Mayangone
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when MLG Lift Spare Parts & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MLG Lift Spare Parts & Service:

Shortcuts

Share