Myanmar Survey Group

Myanmar Survey Group Myanmar Survey Group

ပြင်ဦးလွင် တောင်ပုလတောင်တော်တွင် တတိယအကြိမ် ဒူးရင်းသီးစတုဒိသာပွဲတော် မေ ၂၄ ရက် ကျင်းပမည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင...
21/05/2026

ပြင်ဦးလွင် တောင်ပုလတောင်တော်တွင် တတိယအကြိမ် ဒူးရင်းသီးစတုဒိသာပွဲတော် မေ ၂၄ ရက် ကျင်းပမည်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး တောင်ပုလတောင်တော်တွင် တတိယအကြိမ်မြောက် ဒူးရင်းသီးစတုဒိသာပွဲတော်ကို လာမည့် မေ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး တောင်ပေါ်သို့ ဘုရားဖူးလာရောက်သူများအား လတ်ဆတ်ချိုမြိန်သည့် ဒူးရင်းသီး အလုံး ၅,၀၀၀ ဝန်းကျင်ဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။
ထို့အပြင် စတုဒိသာထမင်းနှင့် ဟင်းလျာများကိုလည်း အခမဲ့ သုံးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်နှင့်ပတ်သက်၍ တောင်ပုလဆရာတော်က လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားရာတွင် ဒူးရင်းသီးကို နှစ်သက်စွာ သုံးဆောင်သူများအနေဖြင့် အခြားသူများလည်း ထပ်တူခံစားနိုင်ရန် အလှူငွေများဖြင့် ပါဝင်ကုသိုလ်ပြုနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
သို့ရာတွင် ဒူးရင်းသီးများကို အဝသုံးဆောင်ခွင့်ရှိသော်လည်း ပါဆယ်ယူဆောင်ခွင့်မပြုကြောင်းလည်း ပွဲစီစဉ်သူများက သတ်မှတ်ထားသည်။
လက်ရှိအချိန်တွင် တောင်ပုလတောင်တော်သည် ပြင်ဦးလွင်မြို့၏ ခရီးသွားနှင့် ဘုရားဖူးနေရာတစ်ခုအဖြစ် လူသိများလာပြီး တောင်ထိပ်ရှိ ရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်နှင့် ရှုခင်းကြည့် View Point များကြောင့် နေ့စဉ်လာရောက်လည်ပတ်သူများရှိကာ အခါကြီးရက်ကြီးများတွင် ပိုမိုစည်ကားလေ့ရှိကြောင်း သိရသည်။

မြိတ်ကျွန်းစုရှိ "ဝါးအလယ်ကျွန်း" သို့ ဥရောပခရီးသွားများ အများဆုံးဝင်ရောက်၊ ဂျာမနီနှင့် ရုရှားဧည့်သည် အများဆုံးဖြစ်ဟုဆိုမ...
13/05/2026

မြိတ်ကျွန်းစုရှိ "ဝါးအလယ်ကျွန်း" သို့ ဥရောပခရီးသွားများ အများဆုံးဝင်ရောက်၊ ဂျာမနီနှင့် ရုရှားဧည့်သည် အများဆုံးဖြစ်ဟုဆို
မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးသွားဒေသတစ်ခုဖြစ်သည့် မြိတ်ကျွန်းစုအတွင်းရှိ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းမှ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ယခုခရီးသွားရာသီအတွင်း ဥရောပနိုင်ငံများမှ နိုင်ငံခြားသားခရီးသွားများ အများအပြား လာရောက်အပန်းဖြေခဲ့ကြကြောင်း သိရသည်။
နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားမှု
ယခုနှစ် ခရီးသွားရာသီအတွင်း ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနှင့် ချက်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်ခဲ့ကြပြီး၊ ၎င်းတို့အနက် ဂျာမနီနိုင်ငံသားများမှာ အများဆုံးဖြစ်ကာ ရုရှားနှင့် အမေရိကန်နိုင်ငံသားများမှာ ဒုတိယနှင့် တတိယအများဆုံး ဖြစ်ကြသည်။ ခရီးသွားများသည် မြိတ်ကျွန်းစု၏ ပင်လယ်ပြင်သဘာဝအလှအပများ၊ ရှားပါးဇီဝမျိုးစိတ်များ၊ သဘာဝအတိုင်း ထိန်းသိမ်းထားသည့် သန္တာကျောက်တန်းများနှင့် ဒီရေရောက်တောများကို စိတ်ဝင်တစား လာရောက်လေ့လာကြခြင်း ဖြစ်သည်။
ဝန်ဆောင်မှုနှင့် ကုန်ကျစရိတ်
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသောအားဖြင့် တစ်ရက်လျှင် ဧည့်သည် (၄၀) ကျော်အထိသာ ကန့်သတ်လက်ခံလေ့ရှိပြီး သဘာဝသစ်သားအိမ်များ၊ ပင်လယ်အစားအစာများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ဝန်ဆောင်ခနှုန်းထားများမှာ -
ဒီဇင်ဘာနှင့် ဇန်နဝါရီ: တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၈၅၀)။
ကျန်လများ: တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၈၀၀) ခန့် သတ်မှတ်ထားသည်။
ကြိုတင်စာရင်းပေးသွင်းမှု
ပုံမှန်အားဖြင့် နိုဝင်ဘာလမှ ဧပြီလကုန်အထိ ခရီးသွားများ လာရောက်လေ့ရှိပြီး လာမည့်ခရီးသွားရာသီအတွက် ယခုမေလမှစတင်ကာ ကြိုတင်စာရင်းများ (Booking) လက်ခံနေပြီဖြစ်ကြောင်း အပန်းဖြေစခန်း တာဝန်ရှိသူများထံမှ သိရသည်။
သမိုင်းဝင် လန်ပိကျွန်း
ဝါးအလယ်ကျွန်း တည်ရှိရာ လန်ပိကျွန်းကို ၁၉၉၆ ခုနှစ်တွင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသောကြောင့် ကမ္ဘာလှည့်ခရီးသွားများအကြားတွင် ထင်ရှားကျော်ကြားသော ဒေသတစ်ခု ဖြစ်လာခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၃ ရက်မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင်ဝင်ရောက်မည်၊ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ဟု ...
11/05/2026

မေလ ၁၃ ရက်မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင်ဝင်ရောက်မည်၊ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ဟု ခန့်မှန်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ဒုတိယ (၁၀) ရက်ပတ် ခန့်မှန်းချက်အရ မြန်မာ့စိုက်ပျိုးရေးနှင့် ရာသီဥတုအတွက် အရေးပါသော အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းသို့ အောက်ပါအတိုင်း အဆင့်ဆင့် ဝင်ရောက်လာနိုင်ကြောင်း သိရသည် -
မုတ်သုံလေဝင်ရောက်မည့် ကာလများ
မေ ၁၃ ရက်မှ မေ ၁၇ ရက်အတွင်း
မြန်မာနိုင်ငံတောင်ပိုင်းဒေသများ။
မေ ၁၈ ရက်မှ မေ ၂၂ ရက်အတွင်း
မြစ်ဝကျွန်းပေါ်ဒေသများ။
လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းအခြေအနေ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ထိုအထဲမှ (၁) ကြိမ်သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ယင်းအချိန်တွင် အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။
မိုးရွာသွန်းမှု ခန့်မှန်းချက်
ရွာသွန်းမြဲထက် ပိုနိုင်သည့်ဒေသများ
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး။
ရွာသွန်းမြဲခန့် ရွာနိုင်သည့်ဒေသများ
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မိုးရွာသွန်းမည့် ရက်အရေအတွက်
၆ ရက်မှ ၈ ရက်ခန့်
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း (အထက်ပိုင်း)၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း (မြောက်ပိုင်း/အရှေ့ပိုင်း)။
၃ ရက်မှ ၅ ရက်ခန့်
နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း (အောက်ပိုင်း)၊ ကယားနှင့် ရှမ်း (တောင်ပိုင်း)။
အနောက်တောင်မုတ်သုံလေနှင့် မြန်မာ့မိုးရာသီ
မြန်မာနိုင်ငံသို့ မုတ်သုံလေသည် ပုံမှန်အားဖြင့် တောင်ဘက်မှ မြောက်ဘက်သို့ အဆင့်ဆင့် တိုးဝင်လာလေ့ရှိသည်
၁။ ကပ္ပလီပင်လယ်ပြင်နှင့် တောင်ပိုင်းဒေသ
မေလလယ်တွင် စတင်ဝင်ရောက်သည်။ (ယခုသတင်းအရ မေ ၁၃)
၂။ မြစ်ဝကျွန်းပေါ်ဒေသ
မေလ တတိယပတ်ခန့်။
၃။ မြန်မာနိုင်ငံအလယ်ပိုင်း
မေလကုန်ခန့်။
၄။ မြန်မာနိုင်ငံတစ်ဝန်းလုံး:ဇွန်လဆန်းခန့်တွင် မုတ်သုံလေ အပြည့်အဝဝင်ရောက်ပြီး မိုးရာသီအစစ်အမှန်သို့ ရောက်ရှိလေ့ရှိပါသည်။

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ ကျင်းပမည်မကွေးမြို့...
24/04/2026

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ ကျင်းပမည်
မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်​ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီမှ ကြီးမှူးကာ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်များနှင့် အလှူရှင်များ ပူးပေါင်းပါဝင်မည်ဖြစ်သည်။
ယင်းလှူဒါန်းပွဲတွင် မကွေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ညနေပိုင်းတွင် နှစ်စဉ် ရိုးရာမပျက် ကျင်းပလေ့ရှိသော ကဆုန်ညောင်ရေသွန်းပွဲကိုလည်း စေတီတော် ရင်ပြင်တော်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
ဂေါပကအဖွဲ့ကလည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ယင်းပွဲတော်တွင် ပါဝင်ကုသိုလ်ယူကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းအား  လျှပ်စစ်ဓာတ်အား ၁၈ နာရီမှ နာရီ ၂၀ အထိတိုးမြှင့်ဖြန့်ဖြူးပေးမည်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၂...
23/04/2026

ရန်ကုန်တိုင်းအား လျှပ်စစ်ဓာတ်အား ၁၈ နာရီမှ နာရီ ၂၀ အထိတိုးမြှင့်ဖြန့်ဖြူးပေးမည်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၂၂ ရက်နေ့လည် ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ လျှပ်စစ်ဓာတ်အားများကို အချိန်တိုးမြှင့်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း ၁၆ နာရီမှ ၁၈ နာရီဓာတ်အားဖြန့် ဖြူးနေရာမှ ၁၈ နာရီမှ နာရီ ၂၀ အထိ၊ မန္တလေးတိုင်းအတွင်း ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ၊ အခြား တိုင်းနှင့် ပြည်နယ်များ၌ ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေရာမှ အနည်းဆုံး ၁၄ နာရီအထိတိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်များကိုတွက်ချက်ပြီးနောက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတို့မှ လက်ရှိဓာတ်အားထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာသောသဘာဝဓာတ်ငွေ့ဖြင့် ထိရောက်မှုရှိသော ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အစီအမံများကိုချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲ၌ ဘုရားဖူးပြည်သူ ၁၈၀၀၀၀ ကျော် လာရောက်ဖူးမြော်
06/04/2026

မန်းရွှေစက်တော်ဘုရားပွဲ၌ ဘုရားဖူးပြည်သူ ၁၈၀၀၀၀ ကျော် လာရောက်ဖူးမြော်

အဖြေမှန်လေးကဘာလဲ
26/03/2026

အဖြေမှန်လေးကဘာလဲ

မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များအား သုံးစွဲခွင့်တားမြစ် ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e...
20/02/2026

မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များအား သုံးစွဲခွင့်တားမြစ်
ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များအား သုံးစွဲခွင့်တားမြစ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် အီးစီးကရက် (V**e) များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းအားလုံးကို ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများသည် ပြည်သူ့ကျန်းမာရေးအတွက် ထိခိုက်နိုင်ခြေ မြင့်မားကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များအကြား သုံးစွဲမှု တိုးပွားလာခြင်းကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။
ထို့အပြင် တားမြစ်ချက်ကို ချိုးဖေ-ာက်သူများအား သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
လက်ရှိအချိန်တွင် အီးစီးကရက်များကို အွန်လိုင်းနှင့် အော့ဖ်လိုင်းဈေးကွက်များတွင် ရောင်းချနေမှုများ ရှိနေသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
အီးစီးကရက်အသုံးပြုမှုသည် နီကိုတင်းအလွန်အကျွံ သုံးစွဲမှုနှင့် အဆုတ်နှင့် နှလုံးရောဂါဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားပြီး ပြည်သူများအနေဖြင့် ဥပဒေများကို လိုက်နာရန် ကျန်းမာရေးကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) တွင်အနိုင်ရရှိခဲ့သည့် ကိုယ်စားလှ...
04/02/2026

အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) တွင်အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်လောင်းများ
အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ကယားပြည်နယ်မှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) နှင့် အမှတ်(၆)၊ ချင်းပြည်နယ်မှ မဲဆန္ဒနယ်အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄) နှင့် အမှတ် (၅)၊ ရခိုင်ပြည်နယ်မှ မဲဆန္ဒနယ် အမှတ် (၄)၊ အမှတ် (၅) နှင့် အမှတ်(၆)၊ ရှမ်းပြည်နယ်မှ မဲဆန္ဒနယ် အမှတ် (၄) နှင့် အမှတ် (၅) တို့တွင် ကိုယ်စားလှယ်လောင်းများ မရွေးချယ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) တွင် UEC မှထုတ်ပြန်ထားသည့် မဲဆန္ဒနယ် (၇၃) နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများက ၆၃ နေရာနှင့် ကျန်သော ၁၀ နေရာတွင် တိုင်းရင်းသားပါတီများက အနိုင်ရရှိထားတာကို တွေ့ရပါတယ်။
အချိုးကျကိုယ်စားပြုစနစ် (PR) တွင် မဲဆန္ဒနယ် ၂၆ ခု၌ ကိုယ်စားလှယ်လောင်း ၈၄ ဦးအထိ ရွေးချယ်ထားပြီး ပါတီ ၁၇ ခုမှ ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိထားတာကို တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ်တွင် မဲဆန္ဒနယ် ၃ ခုရှိသည့်အနက် ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦး အသီးသီးအနိုင်ရရှိထားတာကို တွေ့ရပါတယ်။
Ref: www.uec.gov.mm

ပြည်သူ့လွှတ်တော်တွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်လောင်းများရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းစလုံးအပြီးတွင် ပြည်သူ့လွှတ်တော...
04/02/2026

ပြည်သူ့လွှတ်တော်တွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်လောင်းများ
ရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းစလုံးအပြီးတွင် ပြည်သူ့လွှတ်တော်၌ ဆန္ဒမဲပေးနိုင်သူ ၂၄,၂၆၁,၂၉၃ (၂၄ သန်း) ရှိသည့်အနက် ဆန္ဒမဲပေးခဲ့သူ ၁၂,၉၆၆,၅၇၅ (၁၂.၉ သန်း) ကျော် ၅၃.၄၅ ရာခိုင်နှုန်းအထိ ဆန္ဒမဲပေးခဲ့တာကိုတွေ့ရပါတယ်။
တစ်နိင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီကြီး (၆) ခုအနက် ပြည်သူ့လွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ၂၃၁ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း ၇ ဦးနှင့် တိုင်းရင်းသားစည်လုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ၄ ဦး အထိအနိုင်ရရှိထားပြီး ကျန်ရှိသော မဲဆန္ဒနယ် ၂၁ ခုတွင် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း ၁ ဦးနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်လောင်း ၂၀ ဦးအထိ အနိုင်ရရှိထားတာကို တွေ့ရပါတယ်။
လွှတ်တော်အတွင်းသို့ရောက်ရှိနိုင်သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် အမျိုးသားကိုယ်စားလှယ်လောင်း ၂၃၀ ဦး နှင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၃ ဦးအထိ အနိုင်ရရှိခဲ့တာကိုတွေ့ရပါတယ်။
ref: www.uec.gov.mm

ဘယ်ပါတီကို မဲပေးသွားမှာလဲ 😍
27/12/2025

ဘယ်ပါတီကို မဲပေးသွားမှာလဲ 😍

Address

Yangon
11041

Alerts

Be the first to know and let us send you an email when Myanmar Survey Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category