19/06/2025
ဒီနည်းက 1960 လောက်တုန်းက အုတ်နံရံ အထူကြီးတွေနဲ့ဆောက်တဲ့ အဆောက်ဦးတွေမှာ တကယ်သုံးဖူးပါတယ်။
ကော်လံမပါဘဲ အုတ်နံရံအထူကြီးတွေနဲ့ဆောက်ခဲ့တဲ့
တိုက်အိမ်တွေ အဆောက်ဦးတွေရဲ့ အတွင်းပိုင်းမှာ အဲ့လို ချိတ်ပီးတွယ်ထားကြတာ။ အခုမန္တလေးငလျင်မှာ အဲ့လိုချိတ်ခဲ့တာတွေ ပြန်ပေါ်လာတယ်။
အဲ့ဒီတုန်းကတော့ ချိတ်က ၂ ပေခွဲ- ၃ ပေချိတ်ကြီးတွေသုံးပြီး တွယ်အပ် တွယ်သလို ချိတ်ထားကြတာ။
ပြောချင်တာက ဒီနည်းက 1960 လောက်မှာ တကယ် သုံးခဲ့ကြဖူးတယ်။
အခုတော့ မလိုအပ်တော့ပါဘူး။ ဘာဖြစ်လို့ဆို အခုသုံးနေတဲ့ အုတ်ဆိုဒ်ကို ဟော်လန်အုတ်လို့ခေါ်တယ်။ မြမ္မာမှာ အတွေ့ရများတာက 6-9-3 သို့မဟုတ် 6-9-4 အုတ်တွေပေါ့။
အုတ်နံရံအထူက ၆ ရိုး (၆ လက်မအုတ်ရိုး)၊ ၉ ရိုး- ၁၂ ရိုး တွေများတယ်ပေါ့။ အဲ့လို အထူရှိတဲ့ အုတ်ရိုးတွေခုလို အက်ကွဲကြောင်းကြီးတွေပေါ်လာရင် ဖြိုချ-ဖြုတ်ချပီး ပြန်စီတာ အကောင်းဆုံးပါဘဲ။
အုတ်ရိုးကို အကုန်လုံးတော့ ဖြိုစရာမလိုပါဘူး။ တစ်ကျင်းစာ၊ ကျင်းဝက်စာ စသဖြင့် အပြိုပျက်-အကွဲ/အအက်ကို လိုက်ပီး ဖဲ့ချ/ဖြိုချ (dismantled) လုပ်ပါ။
ထားဝယ်ဘားဆိုတဲ့ (dowel bar) ထည့်ပါ။ အုတ်ပြန်စီပါ။ စီပြီးရင် စိတ်ချရအောင် ဖိုက်ဘာဂလပ်ဇာ (fiber glass) ကပ်ပြီး အချောကိုင်လိုက်ပါ။
အခုလို လုပ်ထားတာက ဒီအုတ်ရိုးနဲ့ အဆင်မပြေပါဘူး။ အချိန်ကုန်- ငွေကုန်- လူပန်းဖြစ်မှာပါ။
ဒီထက်ကောင်းတဲ့နည်းလမ်းတွေ ပေါ်နေပါပြီ။
တချို့အိမ်ရှင်တွေ အုတ်နံရံတွေပြင်မယ်ဆို ကျနော့ကို မေးနိုင်ပါတယ်။ အစ-ဆုံး ကူညီဖြေရှင်းပေးပါ့မယ်။
ပုံတွေအတွက် ကိုပြည့်ဖြိုးအောင်ကို credit ပေးပါတယ်ဗျ။