Golden Hexagon Group

Golden Hexagon Group We value mutual respect relationships and deliver the best services to customer

✨" 𝗪𝗵𝗲𝗿𝗲 𝗟𝘂𝘅𝘂𝗿𝘆 𝗠𝗲𝗲𝘁𝘀 𝗣𝗲𝗿𝗳𝗲𝗰𝘁𝗶𝗼𝗻."( ပြီးပြည့်စုံမှုနဲ့ ဇိမ်ခံမှု ဆုံဆည်းရာ ) 👑✨ဇိမ်ခံမှုဆိုတာ တန်ဖိုးကြီးတဲ့ပစ္စည်းတွေထည...
27/08/2026

✨" 𝗪𝗵𝗲𝗿𝗲 𝗟𝘂𝘅𝘂𝗿𝘆 𝗠𝗲𝗲𝘁𝘀 𝗣𝗲𝗿𝗳𝗲𝗰𝘁𝗶𝗼𝗻."( ပြီးပြည့်စုံမှုနဲ့ ဇိမ်ခံမှု ဆုံဆည်းရာ ) 👑✨

ဇိမ်ခံမှုဆိုတာ တန်ဖိုးကြီးတဲ့ပစ္စည်းတွေထည့်ထားရုံနဲ့ ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။ အဆောက်အအုံတစ်ခုကို မြင်ရတာက မိနစ်အနည်းငယ်ပဲ ကြာနိုင်ပေမယ့် အဲဒီအလှတရားနောက်ကွယ်မှာ စဉ်းစားထားတဲ့ 𝗗𝗲𝘀𝗶𝗴𝗻၊ တိကျတဲ့ 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴 နဲ့ ကျွမ်းကျင်စွာ အကောင်အထည်ဖော်ထားတဲ့ 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 အဆင့်ဆင့်၊ နေရာတစ်ခုလုံးရဲ့ အချိုးအစား၊ အလင်းအရောင်၊ အသေးစိတ်ဒီဇိုင်းနဲ့ သင့်ဘဝပုံစံအထိ ကိုက်ညီနေတဲ့အခါမှ ဇိမ်ခံမှုက တကယ်အသက်ဝင်လာတာပါ။

𝗚𝗼𝗹𝗱𝗲𝗻 𝗛𝗲𝘅𝗮𝗴𝗼𝗻 𝗚𝗿𝗼𝘂𝗽 က 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 မှ 𝗗𝗲𝘀𝗶𝗴𝗻 & 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴၊ 𝗥𝗲𝗻𝗼𝘃𝗮𝘁𝗶𝗼𝗻 & 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻 အထိ အသေးစိတ်တိုင်းကို ဂရုတစိုက်ဖန်တီးပေးရန် ရည်ရွယ်ထားပါတယ်။ လူကြီးမင်းတို့ရဲ့ 𝗟𝘂𝘅𝘂𝗿𝘆 𝗗𝗿𝗲𝗮𝗺 ကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်ချင်ပါသလဲ?

𝗚𝗼𝗹𝗱𝗲𝗻 𝗛𝗲𝘅𝗮𝗴𝗼𝗻 𝗚𝗿𝗼𝘂𝗽 နှင့် လူကြီးမင်းတို့ရဲ့စိတ်ကူးကို ဆွေးနွေးရန် 📞 +𝟵𝟱 𝟵 𝟵𝟱𝟱 𝟱𝟵𝟵𝟬𝟬𝟮 သို့အခုပဲ ဆက်သွယ်ပါ။

အကောင်းဆုံးထဲကမှ အကောင်းဆုံး ( 𝐓𝐡𝐞 𝐁𝐞𝐬𝐭 𝐨𝐟 𝐓𝐡𝐞 𝐁𝐞𝐬𝐭 ) ကိုပဲ ရွေးချယ်တတ်သူများအတွက်။... 🚀🏢ကမ္ဘာကြီးက အမြဲတမ်း ပြောင်းလဲတိ...
13/08/2026

အကောင်းဆုံးထဲကမှ အကောင်းဆုံး ( 𝐓𝐡𝐞 𝐁𝐞𝐬𝐭 𝐨𝐟 𝐓𝐡𝐞 𝐁𝐞𝐬𝐭 ) ကိုပဲ ရွေးချယ်တတ်သူများအတွက်။... 🚀🏢

ကမ္ဘာကြီးက အမြဲတမ်း ပြောင်းလဲတိုးတက်နေပါတယ်။ ဆောက်လုပ်ရေးလောကမှာလည်း ဒီနေ့ခေတ်ရဲ့ စံနှုန်းတွေဟာ မနေ့ကထက် ပိုမိုမြင့်မားလာပါပြီ။ ဒီလို အပြောင်းအလဲတွေကြားမှာ ခေတ်နောက်ကျမကျန်ခဲ့ပဲ အနာဂတ်နဲ့အညီ ဆန်းသစ်နေမယ့် အဆောက်အအုံတွေကို ပိုင်ဆိုင်ဖို့ဆိုရင် 𝗚𝗼𝗹𝗱𝗲𝗻 𝗛𝗲𝘅𝗮𝗴𝗼𝗻 𝗚𝗿𝗼𝘂𝗽 ရဲ့ ဝန်ဆောင်မှုတွေက မရှိမဖြစ်ပါပဲ။
ကျွန်တော်တို့ဟာ ရိုးရာဆောက်လုပ်ရေး နည်းစနစ်တွေမှာတင် ရပ်တန့်မနေပဲ ခေတ်မီဗိသုကာပညာ၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ စနစ်တွေနဲ့ အဆင့်မြင့်နည်းပညာတွေကို ပေါင်းစပ်အသုံးပြုထားပါတယ်။ အကောင်းဆုံးထဲကမှ အကောင်းဆုံးကိုပဲ ရွေးချယ်တတ်သူတွေဟာ ရေရှည်တန်ဖိုး ( 𝗟𝗼𝗻𝗴-𝘁𝗲𝗿𝗺 𝗩𝗮𝗹𝘂𝗲 ) ကို ကြိုတင်မြင်နိုင်စွမ်း ရှိကြပါတယ်။
𝐆𝐨𝐥𝐝𝐞𝐧 𝐇𝐞𝐱𝐚𝐠𝐨𝐧 က တည်ဆောက်ပေးတဲ့ အဆောက်အအုံတိုင်းဟာ -
🔹𝗠𝗼𝗱𝗲𝗿𝗻 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰𝘀 : မြင်သူတိုင်း ငေးမောရမယ့် ခေတ်မီအလှတရား။
🔹𝗦𝘂𝘀𝘁𝗮𝗶𝗻𝗮𝗯𝗶𝗹𝗶𝘁𝘆 : ရေရှည်ခိုင်မာပြီး ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်သက်သာခြင်း။
🔹𝗙𝘂𝗻𝗰𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗲𝘀𝗶𝗴𝗻: နေရာလပ်မကျန် အသုံးဝင်ပြီး ထိရောက်တဲ့ အခင်းအကျင်း။

အနာဂတ်ကို ကြိုတင်ပိုင်ဆိုင်လိုတဲ့ လူကြီးမင်းတို့အတွက် 𝗚𝗼𝗹𝗱𝗲𝗻 𝗛𝗲𝘅𝗮𝗴𝗼𝗻 𝗚𝗿𝗼𝘂𝗽 ဟာ အမှန်ကန်ဆုံးသော ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

📞 +𝟵𝟱 𝟵 𝟵𝟱𝟱 𝟱𝟵𝟵𝟬𝟬𝟮

🙏သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တန်ခိုးပြာဋိဟာ ဆိုတဲ့အတိုင်း🙏 မြတ်စွာဘုရားရှင် (၁) ပဋိသန္ဓေနေတော်မူခြင်း (၂) တောထွက်တော်မူခြင်...
28/07/2026

🙏သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တန်ခိုးပြာဋိဟာ ဆိုတဲ့အတိုင်း🙏
မြတ်စွာဘုရားရှင်
(၁) ပဋိသန္ဓေနေတော်မူခြင်း
(၂) တောထွက်တော်မူခြင်း
(၃) တရားဦးဓမ္မစကြာ ဟောကြားတော်မူခြင်း
(၄) ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြသတော်မူခြင်း အစရှိတဲ့ ထူးခြားသောနေ့ ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဝါဆိုလပြည့်နေ့မှာ ကျောင်းကန်ဘုရားများသို သွား၍ ဝါဆိုပန်းများကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဥပုသ်သီတင်းသီလစောင့်တည်ခြင်း များကို ပြုလုပ်လေ့ရှိပါတယ်။ ထိုနေ့လေးမှာ ကုသိုလ်ရှင်အပေါင်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများ ပြည့်စုံပြီး စီးပွားလာဘ်လာဘများလည်း ဒီရေအလားတိုးပွားကြစေဖို့ “ 𝗚𝗼𝗹𝗱𝗲𝗻 𝗛𝗲𝘅𝗮𝗴𝗼𝗻 𝗚𝗿𝗼𝘂𝗽 ” မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

#သန္ဓေ # တောထွက် #ဓမ္မစက် # တန်ခိုးပြာဋိဟာ #ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့ # ဗုဒ္ဓဘာသာ #

“မျက်ရည်သွန်လို့ ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး”ယနေ့ကျရောက်သော ( ၇၉ )နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင...
19/07/2026

“မျက်ရည်သွန်လို့ ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး”

ယနေ့ကျရောက်သော ( ၇၉ )နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား “Golden Hexagon Group” မိသားစုမှ လေးစားစွာဖြင့် ဉီးညွှတ်ဂါရဝပြုလိုက်ပါတယ်။

#အာဇာနည်နေ့ #ဂါရဝတရား #ဉီးညွှတ်

သင့်ရဲ့  အိမ်ခြံမြေပရောဂျက် အောင်မြင်ဖို့ 𝐆𝐨𝐥𝐝𝐞𝐧 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐆𝐫𝐨𝐮𝐩 နဲ့ လက်တွဲလိုက်ပါ! 🤝✨လူကြီးမင်းတို့ရဲ့ အိမ်ခြံမြေအိပ်မက်တ...
15/07/2026

သင့်ရဲ့ အိမ်ခြံမြေပရောဂျက် အောင်မြင်ဖို့ 𝐆𝐨𝐥𝐝𝐞𝐧 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐆𝐫𝐨𝐮𝐩 နဲ့ လက်တွဲလိုက်ပါ! 🤝

✨လူကြီးမင်းတို့ရဲ့ အိမ်ခြံမြေအိပ်မက်တွေကို လက်တွေ့အဖြစ် အကောင်အထည်ဖော်ဖို့ အသင့်ဖြစ်နေပြီလား။ ✨

အရေးကြီးဆုံးက အိမ်ခြံမြေစီမံကိန်းတိုင်းဟာ ယုံကြည်စိတ်ချရမှုနဲ့ တိကျသေချာမှု လိုအပ်ပါတယ်။ 𝐆𝐨𝐥𝐝𝐞𝐧 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐆𝐫𝐨𝐮𝐩 ဟာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့နဲ့အတူ လူကြီးမင်းတို့ရဲ့ စိတ်ကူး အိပ်မက်တွေကို အသေးစိတ်နားထောင်ပြီး အကောင်းဆုံး အကြံဉာဏ်တွေ၊ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်ကာ လူကြီးမင်းတို့ရဲ့ ပရောဂျက်တိုင်းမှာ အသေးစိတ်ကျတဲ့ လက်ရာမြောက်မှု၊ အရည်အသွေးပြည့်မှီပြီး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေအပြင် ဘတ်ဂျက်နဲ့ အချိန်ကို အမြဲဦးစားပေးတာကြောင့် လူကြီးမင်းတို့အနေနဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိစေမှာ သေချာပါတယ်။

အသေးစိတ် ဆွေးနွေးမေးမြန်းလိုပါက ကျွန်တော်တို့ရဲ့ Messenger မှတစ်ဆင့်ဖြစ်စေ၊ ဖုန်းနံပါတ် +𝟗𝟓 𝟗 𝟗𝟓𝟓 𝟓𝟗𝟗𝟎𝟎𝟐 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဒီပုံလေးကို ကြည့်လိုက်တဲ့အခါ ရင်ထဲမှာ ဘယ်လိုခံစားရလဲ?မြို့ပြရဲ့ မွန်းကျပ်မှုတွေထဲကနေ ရုန်းထွက်ပြီး သဘာဝတရားရဲ့ ရင်ခွင်ကျ...
01/07/2026

ဒီပုံလေးကို ကြည့်လိုက်တဲ့အခါ ရင်ထဲမှာ ဘယ်လိုခံစားရလဲ?

မြို့ပြရဲ့ မွန်းကျပ်မှုတွေထဲကနေ ရုန်းထွက်ပြီး သဘာဝတရားရဲ့ ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်လိုက်ချင်တဲ့စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာမိတာ အမှန်ပဲမဟုတ်လား?

စိမ်းစိုနေတဲ့ ထင်းရှူးပင်တွေကြားက တိုက်ခတ်လာတဲ့ လေအေးအေးလေးတွေရယ်၊ ချစ်စရာအိမ်လေးက ပေးစွမ်းတဲ့ နွေးထွေးမှုရယ်... ပြီးတော့ လှေကားထစ်လေးတွေပေါ် အတူတူလျှောက်လှမ်းရင်း ဖန်တီးကြမယ့် အ မှတ်တရလေးတွေက ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်လဲ။ ဒီလိုအေးချမ်းတဲ့ သဘာဝတရားကြီးဆီ လှမ်းဝင်သွားမယ့် ခြေလှမ်းတိုင်းမှာ စိတ်အပန်းပြေမှု၊ လန်းဆန်းမှုနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေစေဖို့... 𝐆𝐨𝐥𝐝𝐞𝐧 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐆𝐫𝐨𝐮𝐩 က အနုပညာဆန်ဆန် ဖန်တီးပေးနေပါတယ်။

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်အတွက် -
လူကြီးမင်းတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခုပဲ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် ဖြစ်စေ၊ 𝟎𝟗𝟗𝟓𝟓𝟓𝟗𝟗𝟎𝟎𝟐 ကနေတစ်ဆင့်ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

Luxury အိမ်ရာစီမံကိန်းကြီးတစ်ခု အကောင်အထည်မဖော်မီ ဘာတွေကို မဖြစ်မနေ ကြိုတင်ပြင်ဆင်ထားရမလဲ? ✨🏢 ယနေ့ခေတ် အိမ်ခြံမြေဈေးကွက်...
25/06/2026

Luxury အိမ်ရာစီမံကိန်းကြီးတစ်ခု အကောင်အထည်မဖော်မီ ဘာတွေကို မဖြစ်မနေ ကြိုတင်ပြင်ဆင်ထားရမလဲ? ✨🏢

ယနေ့ခေတ် အိမ်ခြံမြေဈေးကွက်မှာ ကြီးမားတဲ့ High-End အိမ်ရာစီမံကိန်းကြီးတွေကို အကောင်အထည်ဖော်တော့မယ့် Developer တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်မစတင်မီ Strategy ကျကျ ကြိုတင်ပြင်ဆင်ရမယ့် အဓိကအခန်းကဏ္ဍ (၄) ခု ရှိပါတယ်။

၁။ Pre-Construction Consulting (စီမံကိန်းအကြို ဆွေးနွေးတိုင်ပင်ခြင်း)
စီမံကိန်းတစ်ခုကို အပေါ်ယံ Drawings လောက်နဲ့တင် စတင်လိုက်ခြင်းဟာ နောက်ပိုင်းမှာ ကြုံတွေ့ရမယ့် ရုတ်တရက်ကုန်ကျစရိတ်တွေနဲ့ အခက်အခဲတွေကို ဖိတ်ခေါ်လိုက်တာနဲ့ တူပါတယ်။
ရင်းနှီးမြုပ်နှံမယ့်ငွေတွေ အလေအလွင့်မရှိစေပဲ တကယ်ကုန်ကျမယ့် ကုန်ကျစရိတ်နဲ့ ရရှိမယ့် အကျိုးအမြတ် တွေကို အတိကျဆုံး ခန့်မှန်းနိုင်ဖို့အတွက် အကောင်အထည်ဖော်ဆောက်လုပ်မယ့် အိမ်ရာစီမံကိန်းရဲ့တည်နေရာ၊ မြေပြင်အခြေအနေ နဲ့ ထည့်သွင်းရလာနိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဖြစ်နိုင်ခြေတွေကို ကျွမ်းကျင်တဲ့ အင်ဂျင်နီယာအဖွဲ့အစည်းနဲ့ စနစ်တကျ ကြိုတင်တွက်ချက်ထားဖို့ လိုအပ်ပါတယ်။

၂။ Integration of Design & Structure (ဒီဇိုင်းနှင့် ခိုင်ခံ့မှုကို ဟန်ချက်ညီညီ ပေါင်းစပ်ခြင်း)
Luxury Project တွေရဲ့ ထူးခြားချက်က ဆန်းသစ်ပြီး ခေတ်ရှေ့ပြေးတဲ့ ဗိသုကာလက်ရာ (Architecture) တွေ ပါဝင်တတ်ခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ Drawing လှပနေရုံနဲ့ မလုံလောက်ပါဘူး။ အဆိုပါဆန်းသစ်တဲ့ ဒီဇိုင်းတွေဟာ မြေပြင်မှာ တကယ်တည်ဆောက်တဲ့အခါ အဆောက်အအုံရဲ့ ခိုင်ခံ့မှု (Structural Integrity) နဲ့ တစ်ထပ်တည်းကျရဲ့လားဆိုတာကို သေချာရပါမယ်။ Architects နဲ့ Structural Engineers တို့ စနစ်တကျ ပေါင်းစပ်တွက်ချက်မှသာ အမြင်လည်းလှ၊ ရေရှည်လည်း ရာသက်ပန်စိတ်ချရတဲ့ စံပြအဆောက်အအုံတစ်ခု ဖြစ်လာမှာပါ။

၃။ Smart & Advanced M&E Systems (ခေတ်မီဆန်းသစ်၍ အဆင့်မြင့်မားသော M&E စနစ်များ)
အဆင့်မြင့်စီမံကိန်းတစ်ခုရဲ့ စစ်မှန်တဲ့ သက်တောင့်သက်သာရှိမှုဟာ "M&E System" လို့ခေါ်တဲ့ (ရေ၊ မီး၊ လေဝင်လေထွက်နှင့် အဲကွန်းစနစ်) တွေအပေါ်မှာ များစွာမူတည်နေပါတယ်။
နောင်တစ်ချိန်မှာ နေထိုင်သူတွေက Smart Home နည်းပညာတွေ ပြောင်းလဲအသုံးပြုလာတဲ့အခါ အဆောက်အအုံကို ထပ်မံဖြိုဖျက်ပြင်ဆင်စရာမလိုဘဲ အဆင့်သင့် ချိတ်ဆက်သုံးနိုင်မယ့် အခြေခံစနစ်မျိုးကို အစကတည်းက စနစ်တကျ ထည့်သွင်းစဉ်းစားရပါမယ်။ ရေပိုက်လိုင်း၊ လျှပ်စစ်နဲ့ လုံခြုံရေးစနစ်တွေကို တစ်နေရာထဲကနေ တစ်စုတစ်စည်းတည်း ထိန်းချုပ်နိုင်မယ့် (All-in-One System) ဖြစ်ဖို့ ကြိုတင်ပြင်ဆင်မှသာ စီမံကိန်းရဲ့ တန်ဖိုး (Property Value) က ရေရှည်မှာ ပိုမိုမြင့်မားနေမှာ ဖြစ်ပါတယ်။

၄။ Choosing the Right Construction Partner (ယုံကြည်စိတ်ချရသည့် ဆောက်လုပ်ရေးလက်တွဲဖော်ကို ရွေးချယ်ခြင်း)
Luxury Project ကြီးတွေကို အကောင်အထည်ဖော်တဲ့အခါ ကန်ထရိုက်တာ အဆင့်ဆင့်၊ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ သီးခြားစီ ခွဲခြားလုပ်ကိုင်ခြင်းဟာ လုပ်ငန်းကြန့်ကြာမှုနဲ့ စံနှုန်းမမီမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီဇိုင်းပိုင်း၊ ဆောက်လုပ်ရေးပိုင်းကနေစလို့ အတွင်းပိုင်း M&E စနစ်တွေအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူပေးနိုင်မယ့်၊ ဆယ်စုနှစ်ကျော် အတွေ့အကြုံရှိတဲ့ ဝါရင့်အင်ဂျင်နီယာတွေက အနီးကပ်အမြဲ ကြီးကြပ်ပေးမယ့် အဖွဲ့အစည်းမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်နိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။

စီမံကိန်းတစ်ခုရဲ့ အောင်မြင်မှု၊ Developer တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ဈေးကွက်ထဲက ယုံကြည်မှုဆိုတာ စနစ်ကျတဲ့ "ကြိုတင်ပြင်ဆင်မှု" ကနေပဲ စတင်တာ ဖြစ်ပါတယ်။

Golden Hexagon Group အနေနဲ့ လူကြီးမင်းတို့ရဲ့ ကြီးမားတဲ့ Luxury Project တိုင်းမှာ နည်းပညာပိုင်းဆိုင်ရာ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအတွက် စိတ်မပူရအောင် Drawings, Construction ကနေ M&E System အထိ အစအဆုံး တာဝန်ယူ ဖြေရှင်းပေးလျက်ရှိပါတယ်။

လူကြီးမင်းတို့ရဲ့ အောင်မြင်တဲ့ စီမံကိန်းတွေအတွက် ကျွန်တော်တို့ Golden Hexagon ရဲ့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာအဖွဲ့အစည်းနဲ့ စတင်ဆွေးနွေးတိုင်ပင်လိုပါက အခုပဲ 📞 Hotline No. 09 955599002 ကို ဆက်သွယ်လိုက်ပါ။ 👋 😊

အိမ်ရာစီမံကိန်းကြီးလေ စိန်ခေါ်မှုများလေဆိုပေမယ့် Golden Hexagon ရှိရင်တော့ ဘာမှ စိတ်ပူစရာ မလိုတော့ပါဘူး။အိမ်ရာစီမံကိန်းက...
15/06/2026

အိမ်ရာစီမံကိန်းကြီးလေ စိန်ခေါ်မှုများလေဆိုပေမယ့် Golden Hexagon ရှိရင်တော့ ဘာမှ စိတ်ပူစရာ မလိုတော့ပါဘူး။
အိမ်ရာစီမံကိန်းကြီးတွေနဲ့ အထပ်မြင့်အဆောက်အအုံတွေကို အကောင်အထည်ဖော်တဲ့အခါ Project ကြီးမားကျယ်ပြန့်လေလေ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေက ပိုပြီး နက်နဲရှုပ်ထွေးလာလေလေပါပဲ။
ကျွန်တော်တို့ Golden Hexagon ဟာ အိမ်ရာစီမံကိန်းဆိုင်ရာ Design တွေကနေစပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေအဆုံး လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဒီလို အိမ်ရာစီမံကိန်းတွေရဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ ကျွန်တာ်တို့ Golden Hexagon Group က Developer တိုင်းအတွက် အကောင်းဆုံး ဆောက်လုပ်ရေးလက်တွဲဖော်အဖြစ် ရှိနေပါတယ်။

ကျွန်တော်တို့ Golden Hexagon Group မှာဆိုရင် -
✅ စီမံကိန်းမစတင်မီ Developer တွေနဲ့အတူ အသေးစိတ်တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ Data အချက်အလက်များ၊ နည်းပညာပိုင်းနှင့် ဗိသုကာပိုင်းဆိုင်ရာ ဖြစ်နိုင်ခြေများကို Analysis လုပ်ပြီး တိကျမှန်ကန်စွာ တွက်ချက်ပံ့ပိုးပေးပါတယ်။
✅ ဆောက်လုပ်ရေး စတင်တဲ့အခါမှာလည်း ငွေကြေးအလေအလွင့်မရှိစေဖို့နဲ့ Developer တွေအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်အောင် ကုန်ကျစရိတ်များကို အတိကျဆုံး ခန့်မှန်းပေးပြီး အထိရောက်ဆုံးဖြစ်စေမယ့် အကြံဉာဏ်များကိုလည်း ပံ့ပိုးပေးပါတယ်။။
✅ အိမ်ရာဆောက်လုပ်တဲ့အခါမှာလည်း ဗိသုကာဒီဇိုင်း (Architecture)၊ အဆောက်အအုံခိုင်ခံ့မှု (Structural) နဲ့ အသက်သွေးကြောဖြစ်တဲ့ (M&E) စနစ်တွေကို တစ်နေရာတည်းမှာတင် ဟန်ချက်ညီညီ ပေါင်းစပ်တည်ဆောက်ပေးပါတယ်။
✅ Project တစ်ခုလုံးကို ကျွမ်းကျင်အင်ဂျင်နီယာတွေက အနီးကပ်ကြီးကြပ်တာကြောင့် Developer တွေအနေနဲ့ ကန်ထရိုက်တာအဆင့်ဆင့်ကို ဆက်သွယ်ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပြီးသား ဖြစ်သွားစေပါတယ်။
✅ Luxury Project တစ်ခုစီတိုင်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ဖို့အတွက် အရည်အသွေးမြင့် ပစ္စည်းတွေနဲ့ Engineering Standard အပြည့်အဝရှိတဲ့ တည်ဆောက်မှုတွေကိုပဲ အလေးထား ဆောင်ရွက်ပါတယ်။

စီမံကိန်းတစ်ခုရဲ့ အောင်မြင်မှုဆိုတာ Drawing လှပနေရုံနဲ့ မလုံလောက်ပါဘူး။ အတွင်းပိုင်းစနစ်တွေကပါ ဘေးကင်းလုံခြုံပြီး စိတ်ချရမှသာ နေထိုင်သူတွေရဲ့ ယုံကြည်မှုကို ရရှိမှာဖြစ်သလို Developer တွေအတွက်လည်း ဂုဏ်သိက္ခာကို ရေရှည်ထိန်းသိမ်းနိုင်မှာပါ။
​Golden Hexagon အနေနဲ့ လူကြီးမင်းတို့ရဲ့ ကြီးမားတဲ့ Project တိုင်းမှာ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအတွက် စိတ်မပူရအောင် Drawings, Construction ကနေ M&E Systemတွေအထိ အစအဆုံး တာဝန်ယူ ဖြေရှင်းပေးနေပါတယ်။
လူကြီးမင်းတို့ရဲ့ အောင်မြင်တဲ့ စီမံကိန်းတွေအတွက် ကျွန်တော်တို့ Golden Hexagon ရဲ့ ကျွမ်းကျင်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ရယူနိုင်ဖို့ အခုပဲ ​📞 Hotline No. 09 955599002 သို့ ဆက်သွယ်လိုက်ပါခင်ဗျာ။ 👋 😊

​

အိမ်ရာစီမံကိန်းတိုင်းအတွက် ဂုဏ်သိက္ခာနှင့် ဘေးကင်းလုံခြုံမှုကို အင်ဂျင်နီယာအတတ်ပညာဖြင့် ပုံဖော်ခြင်း... ✨အိမ်ရာစီမံကိန်း...
30/05/2026

အိမ်ရာစီမံကိန်းတိုင်းအတွက် ဂုဏ်သိက္ခာနှင့် ဘေးကင်းလုံခြုံမှုကို အင်ဂျင်နီယာအတတ်ပညာဖြင့် ပုံဖော်ခြင်း... ✨

အိမ်ရာစီမံကိန်းတစ်ခုရဲ့ အောင်မြင်မှုဆိုတာ အပြင်ပန်းအလှအပတင်မကဘဲ နောက်ကွယ်က ကောင်းမွန်တဲ့ Engineering Standard တွေအပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။

Golden Hexagon Group အနေနဲ့ လူကြီးမင်းတို့ရဲ့ Luxury စီမံကိန်းတွေမှာ နေထိုင်သူတွေအတွက် စိတ်အေးချမ်းသာမှုအပြည့်ပေးနိုင်ဖို့ အင်ဂျင်နီယာပညာပိုင်းဆိုင်ရာ တိကျမှုကို အဓိကထားပါတယ်။

ကျွန်တော်တို့ဟာ Architecture ဒီဇိုင်းကစလို့ Structure ခိုင်ခံ့မှုနဲ့ စနစ်ကျတဲ့ M&E စနစ်တွေအထိ လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ စံချိန်စံနှုန်းကို အပြည့်အဝ တာဝန်ယူပေးနိုင်တာကြောင့်-

✅ Estate Developer များအတွက် မိမိ Project ရဲ့ ဂုဏ်သိက္ခာ ကို မြင့်မားစေပါတယ်။

✅ ဝယ်ယူနေထိုင်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးနိုင်ပါတယ်။

✅ ဝါရင့်အင်ဂျင်နီယာများ၏ ကျွမ်းကျင်မှုဖြင့် ရှုပ်ထွေးသော ဆောက်လုပ်ရေးအခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ပါတယ်။

Luxury အိမ်တွေကနေ အိမ်ရာစီမံကိန်းကြီးတွေအထိ လူကြီးမင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တန်ဖိုးရှိနေစေဖို့ Golden Hexagon က အကောင်းဆုံး ပုံဖော်ပေးသွားမှာပါ။

ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်အဖြစ် ကျွန်တော်တို့နဲ့အတူ အကောင်အထည်ဖော်နိုင်ဖို့ 📞 Hotline No. 09 955599002 ကို အခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။ 👋 😊

ခေတ်မီအိမ်ရာစီမံကိန်းတွေအတွက် Smart ဖြစ်တဲ့ M&E နည်းပညာများ... ✨🏢​ယနေ့ခေတ်မှာ Luxury ဆိုတာက အပြင်ပန်း ခမ်းနားလှပမှုသာမကပ...
16/05/2026

ခေတ်မီအိမ်ရာစီမံကိန်းတွေအတွက် Smart ဖြစ်တဲ့ M&E နည်းပညာများ... ✨🏢

​ယနေ့ခေတ်မှာ Luxury ဆိုတာက အပြင်ပန်း ခမ်းနားလှပမှုသာမကပဲ နေထိုင်ရတာ ဘယ်လောက်အထိ သက်တောင့်သက်သာရှိပြီး စမတ်ကျသလဲဆိုတာကိုပါ တိုင်းတာလာကြပါပြီ။ အထူးသဖြင့် အိမ်ရာစီမံကိန်းကြီးတွေမှာ အဆောက်အအုံခိုင်ခံ့မှုတွေအပြင် M&E (ရေ၊ မီး၊ လေအေးပေးစနစ်) တွေကို နည်းပညာနဲ့ စနစ်တကျ ပေါင်းစပ်ထားဖို့က အင်မတန် အရေးကြီးလာပါတယ်။

​ကျွန်တော်တို့ Golden Hexagon အနေနဲ့ ခေတ်သစ်စီမံကိန်းတွေမှာ ဘယ်လို Smart M&E နည်းပညာတွေကို အသုံးပြုပေးနေသလဲဆိုရင် -

​✅ အိမ်ရာအတွင်း နေထိုင်သူတွေအတွက် မီးဘေးအန္တရာယ် ကင်းရှင်းလုံခြုံရုံတင်မကပဲ စွမ်းအင်ကိုပါ ချွေတာနိုင်မယ့် လျှပ်စစ်စနစ်တွေကို ထည့်သွင်းတွက်ချက်ပေးထားနိုင်လို့ ရေရှည်ကုန်ကျစရိတ်ကို လျော့ကျစေပါတယ်။

✅ အဆောက်အအုံတစ်ခုလုံးရဲ့ ရေပိုက်လိုင်းလမ်းကြောင်း၊ လျှပ်စစ်မီးလမ်းကြောင်း၊ လေအေးပေးစက်စနစ် နဲ့ လုံခြုံရေးစနစ်တွေကို စနစ်တကျ ထိန်းချုပ်နိုင်အောင် ပုံဖော်ပေးနိုင်ပါတယ်။

✅ နောက်ပိုင်းမှာ ပိုမိုခေတ်မီလာမယ့် Smart Home စနစ်တွေနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်အောင် အခြေခံ Infrastructure ကို ကြိုတင်ပြင်ဆင် ဆောက်လုပ်ပေးနိုင်ပါတယ်။

​စနစ်ကျတဲ့ M&E နည်းပညာဟာ အိမ်ရာအဆောက်အအုံတွေရဲ့ တန်ဖိုးကို မြှင့်တင်ပေးရုံတင်မကပဲ နေထိုင်သူတွေအတွက်လည်း အဆင့်မြင့်ပြီး သက်တောင့်သက်သာရှိတဲ့ လူနေမှုပုံစံကို ဖန်တီးပေးနိုင်ပါတယ်။

​Golden Hexagon ဟာ လူကြီးမင်းတို့ရဲ့ အိမ်ရာစီမံကိန်းတွေကို ခေတ်မီနည်းပညာတွေနဲ့ အကောင်းဆုံး ပေါင်းစပ်ပုံဖော်ပေးနိုင်ဖို့ အသင့်ရှိနေပါတယ်။

​📞 Hotline No. 09 955599002
​
​

Address

Building No. 646, 5th Floor, Hlaing Sabel Street, Hlaing Sabel Yeik Mon Housing, 12 Ward, Hlaing Township
Yangon

Alerts

Be the first to know and let us send you an email when Golden Hexagon Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Hexagon Group:

Shortcuts

Share