16/05/2026
ဘဝမှာ စောင့်လို့ရတဲ့ “အချိန်ကောင်း” ဆိုတာ မရှိဘူးတဲ့…🍀
ကိုယ့်စိတ်ကို ကိုယ်အေးချမ်းအောင်ထားနိုင်တဲ့ နေ့ရက်တွေကပဲ အကောင်းဆုံးအချိန်တွေ ဖြစ်လာတာပါ
ဘဝက အရာအားလုံး အဆင်ပြေသွားတဲ့နေ့ကို စောင့်မနေပါဘူး
အချိန်ကလည်း ကိုယ့်အတွက် ခဏလေးတောင် ရပ်ထားပေးမနေပါဘူး
ရက် လ တွေဟာ တိတ်တဆိတ်ရွေ့နေတယ်…
နေဝင်နေထွက်ချိန်တွေဟာ နေ့တိုင်းပြောင်းလဲနေတယ်…
ကိုယ်တွေလည်း အဲဒီအချိန်တွေနဲ့အတူ တဖြည်းဖြည်း အသက်ကြီးလာကြတာ
ဒီတော့
“ဘယ်အချိန်မှာ ပျော်မှာလဲ” ဆိုတာထက်
“ဘယ်လိုစိတ်နဲ့ ရှင်သန်မလဲ” ဆိုတာက ပိုအရေးကြီးပါတယ်
တချို့နေ့တွေမှာ ပင်ပန်းမယ်…
တချို့အချိန်တွေမှာ အထီးကျန်နေလိမ့်မယ်…
တချို့အခြေအနေတွေက ကိုယ်မလိုချင်တာတွေ ဖြစ်လာလိမ့်မယ်…
ဒါပေမယ့်လည်း
အဲဒီ အရာတွေ အားလုံးကြားထဲမှာတောင်
ကိုယ့်စိတ်ကိုယ် မပျောက်မပျက်သွားအောင် ထိန်းကျောင်းထားနိုင်တာဟာ
အကောင်းဆုံးဖြစ်တဲ့ ဘဝတစ်ခုကို ရှင်သန်နေတာက mental resilience ပါ
ဘဝဆိုတာ Perfect ဖြစ်တဲ့ အချိန်ကို စောင့်နေရတာမှမဟုတ်ဘူးလေ…
နေ့ရက်တိုင်းကို ကိုယ်နှစ်သက်တဲ့ ပုံစံလေးတွေနဲ့
တတ်နိုင်သလောက် လှလှပပ ဖြတ်သန်းနေရတာချည်းပါပဲ…
အချိန်ကောင်းတစ်ခုကိုမျှော်လင့်နေတာထက်
အချိန်တိုင်းကို လှနိုင်တဲ့အား ကောင်းနိုင်တဲ့အခြေအနေအထိ
အေးချမ်းနိုင်သလောက်အေးချမ်းအောင်
ဖြတ်သန်းနေဖို့ပဲ ဖြစ်နေသင့်တယ်လို့
ကြာလေပိုပြီး သိလာရလေ သုံးသပ်မိလေပါပဲ.. 🌿