ConsultPro Project Management Services

ConsultPro Project Management Services Project Management & Consultation Services

08/21/2024

Project Management Softwares

🖍construction project တွေကို manage လုပ်တဲ့အခါမှာ နိုင်ငံတကာမှာ project management softwares တွေကို အသုံးပြုကြပါတယ်၊ Procore, Fieldwire, Buildertrend, Wrike အစရှိသဖြင့် ရှိပါတယ်။
🖍ဒီထဲမှာ Procore project management software အကြောင်းကို ပြောပြချင်ပါတယ်။ Procore ကတော့ US အခြေစိုက် ကုမ္ပဏီဖြစ်ပြီး software ကို ဝယ်သုံးရပါတယ်။ Software က အင်မတန်ကျယ်ပြန့်ပြီး project အစကနေ အဆုံး tools and functions တွေ အကုန်ပါပါတယ်။
ပုံမှန် ကျွန်တော်တို့ sites တွေမှာ project စတဲ့ချိန်မှာ Materials submissions (Submittals), Request for Information (RFIs) တွေ တင်ရ clear လုပ်ရပါတယ်။ ယေဘူယအားဖြင့် Submittals တွေကို project အစပိုင်းကနေ အလယ်လောက်ထိ အကုန် clear လုပ်ရပါတယ်။ Submittals အကြောင်းကို အရင်ပြောပါမယ်။
🖍အရင်က Submittals တွေကို paper print ထုတ်၊ consultants (Architects and Engineers) တွေကို လိုက်တွေ့၊ ပြီးတော့ သူတို့ကို clear လုပ် လက်မှတ်ထိုးပြီးပြီဆိုရင် client approval ရအောင် လက်မှတ်ထိုးခိုင်းရပါသေးတယ်။ ခု Procore management tool ထဲမှာ အဲ့တာတွေ အကုန်ပါပါတယ်။ Main contractor or Specialist contractor ကနေ system ထဲမှ initiate စလုပ်ပါတယ်။ အဲ့လိုလုပ်ဖို့အတွက် သူတို့ကို permit level ပေးဖို့လိုပါတယ်။ Admin level, Standard level အစရှိသဖြင့် ရှိပါတယ်။ ပုံမှန်ဆိုရင် Admin level က အဲ့ဒီ project ကို manage လုပ်တဲ့ Project Manager က ကိုင်ပါတယ်။ ပြီးမှ Main contractor နဲ့ လိုအပ်မယ့် Specialist contractor တွေကို Standards level ပေးပါတယ်၊ သူတို့ကတော့ setting တွေကို ဘာမှထိလို့ ပြင်လို့မရပါဘူး။
🖍ပထမဆုံး Main contractor or Specialist contractor ကနေ Procore system ထဲမှာ လိုအပ်တဲ့ document ကို upload လုပ်ပြီး initiate လုပ်ပါတယ်။ တင်တဲ့ အချိန်မှာ computer ကနေ တင်ပါတယ်၊ phone ကနေလည်း procore apps ကို download ဆွဲလို့ရပါတယ်။ ပြီးရင် consultants တွေက သူတို့ဆီမှာ submittals နဲ့ ဆိုင်တဲ့ noti တက်ပါတယ်၊ သူတို့ကနေ system ထဲမှာ approve or reject လုပ်နိုင်ပါတယ်။ Architects or Engineers က approve လုပ်ပြီးရင် project ကို manage လုပ်တဲ့ consultant PM ဆီကို approval လုပ်ဖို့ noti ဝင်ပါတယ်။ ပြီးရင် နောက်ဆုံး client ဆီကို noti တက်ပြီး client က approval လုပ်ရင် အဲ့ဒီ submittals က roughly approved ဖြစ်ပါပြီ။ အရင်က document circulation လုပ်ဖို့ တစ်ရက် ဒါမဟုတ် ရက်အနည်းငယ် ကြာနိုင်တဲ့ အခြေအနေမှာ ဒီ Procore လို software သုံးလိုက်ရင် one click ပါပဲ approval process က။ အရင်ကထက်စာရင် အချိန်ကုန် အရမ်း သက်သာပြီး productive အရမ်းဖြစ်ပါတယ် တကယ်သာ သေချာသုံးရင်။ တခြားအသုံးဝင်တဲ့ tool လေးတွေလည်း ဆက်​ရေးပါဦးမယ်။

07/01/2024

ConsultPro Project Management Services မှ ဝန်ဆောင်မှုပေးသော Service များ
၁။ Microsoft Project software အသုံးပြု၍ Master Schedules / Work Programs များရေးဆွဲပေးခြင်း
၂။ Project Management consultation လုပ်ပေးခြင်း
၃။ Contracts requirements များအတွက် consultation လုပ်ပေးခြင်း
၄။ Projects များအတွက် လိုအပ်သော work scopes ၊ Specifications များအတွက် consultation လုပ်ပေးခြင်း
၅။ Drafting drawings / plans များရေးဆွဲပေးခြင်း

Services from ConsultPro Project Management Services
1. Preparing Master Schedules / Work Programs using Microsoft Project software
2. Project Management consultation
3. Consultation for contracts requirements
4. Consultation for work scopes / specifications for projects
5. Preparing drafting drawings / plans

Address

Toronto, ON

Website

Alerts

Be the first to know and let us send you an email when ConsultPro Project Management Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category