Housing NOW

Housing NOW Social enterprise based in Myanmar / Prefabricated low-cost bamboo housing / MIT Solve 2022 winner / UNICEF Innovation30

The construction of a 200sqm bamboo preschool is making great progress !!www.housing-now.org
03/08/2026

The construction of a 200sqm bamboo preschool is making great progress !!

www.housing-now.org

အာခီတက် အလုပ်ခေါ်စာ။ ရန်ကုန်။
30/07/2026

အာခီတက် အလုပ်ခေါ်စာ။ ရန်ကုန်။

Architecture ကို သမားရိုးကျနည်းလမ်းတွေထက် ကျော်ပြီး အသစ်တွေ စမ်းသပ်ကြည့်ချင်တဲ့ Architect တစ်ယောက်ကို ရှာနေပါတယ်။

Blue Temple က ရန်ကုန် အခြေစိုက် Architecture Design Studio တစ်ခုဖြစ်ပြီး Computational Design၊ Bamboo Architecture နဲ့ အများပြည်သူ အကျိုးပြု လုပ်ငန်း Project တွေကို သုတေသန၊ ဒီဇိုင်း နဲ့ လက်တွေ့တည်ဆောက်မှုတွေ ပေါင်းစပ်ပြီး လုပ်ကိုင်နေပါတယ်။

Blue Temple ရဲ့ design process က university studio တစ်ခုလိုဖြစ်ပြီး လုပ်ငန်း work flow မှာ Sketch ဆွဲတာ၊ physical model လုပ်တာ၊ digital design စမ်းသပ်တာကနေ တကယ်တည်ဆောက်တဲ့အဆင့်အထိ ပါဝင်ပါတယ်။

ဘယ်လိုလူကို ရှာနေလဲ

• Architecture background ရှိသူ
• Fresh Graduate ဖြစ်ဖြစ်၊ အတွေ့အကြုံရှိသူဖြစ်ဖြစ် လျှောက်ထားနိုင်ပါတယ်
• Yangon မှာ အလုပ်လုပ်နိုင်သူ
• Computational Design နဲ့ Bamboo Architecture ကို စိတ်ဝင်စားသူ
• ကိုယ်တိုင်လေ့လာနိုင်ပြီး အတွေးအခေါ်အသစ်တွေ စမ်းကြည့်ချင်သူ
• Rhino / Grasshopper ကျွမ်းကျင်ပြီးသား မဖြစ်လည်းရပါတယ်။ သင်ယူချင်စိတ်ရှိဖို့ ပဲလိုပါတယ်။

ဘာတွေလုပ်ရမလဲ

• Concept Design နဲ့ Architectural Drawings
• Rhino / Grasshopper အသုံးပြုတဲ့ Computational Design
• Renderings, Physical Models, Prototypes နဲ့ Fabrication
• Bamboo Structure နဲ့ Design-and-Build Project တွေ
• Project အဆင့်အမျိုးမျိုးမှာ Team နဲ့အတူ ပါဝင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

အလုပ်ချိန် ကတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီ၊ တနင်္လာ ကနေ သောကြာအထိ တစ်ပတ် ၅ ရက်ပါ။

လစာကို အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ညှိနှိုင်းပေးသွားပါမယ်။

လျှောက်ထားရန်

Email: [email protected]
Subject: Architect / Computational Designer Application

သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမယ့်အရာတွေကတော့

• CV
• Portfolio PDF သို့မဟုတ် Portfolio Link
• ဒီအလုပ်ကို ဘာကြောင့် စိတ်ဝင်စားလဲဆိုတဲ့ စာပိုဒ်တိုတစ်ပိုဒ်
• LinkedIn Profile ရှိရင် ထည့်ပေးပါ

Software skills နဲ့ အလုပ်အတွေ့အကြုံတစ်ခုတည်းထက် စူးစမ်းချင်စိတ်၊ သင်ယူချင်စိတ်နဲ့ အသစ်အသစ်တွေ စမ်းလုပ်ချင်စိတ်ကို ပိုအလေးထားပါတယ်။

www.blue-temple.com

🔼

We are excited to see this project moving from design into reality.Housing NOW has officially started on-site work for t...
11/07/2026

We are excited to see this project moving from design into reality.

Housing NOW has officially started on-site work for the new 200 m² bamboo pre-school in Thanlyin , Yangon.

Our team is currently carrying out site clearing, land measurements, setting out, and excavation works, the first steps toward bringing this bamboo structure to life.

Developed in collaboration with Blue Temple, this project reflects our continued commitment to practical, low-carbon, and resilient bamboo construction for communities in Myanmar.

A long journey is ahead, and we look forward to sharing the construction process, challenges, and progress along the way.

Thank you World Habitat for sharing our work and journey.

From design to site. From bamboo to community.

Construction Starts on Bamboo School🏫

Blue Temple the organisation behind the 2026 World Habitat Award winning project 'Housing NOW' has started work on a 200m² pre-school in an informal settlement south of Yangon, Myanmar.

The structure, which uses a sequence of bamboo frames placed one after another along two edges of the site, is low cost and resilient to climate crisis disasters.

Learn more 🔗 https://www.blue-temple.com/project/eccd

Blue Temple https://www.facebook.com/BlueTempleDesigns/
Housing NOW

ဝါး ဆိုတာ အိမ်ဆောက်တဲ့ပစ္စည်းတစ်ခုတည်း မဟုတ်ဘဲ ဒေသခံတွေအတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်[English below]ရွှေမန္တလ...
08/06/2026

ဝါး ဆိုတာ အိမ်ဆောက်တဲ့ပစ္စည်းတစ်ခုတည်း မဟုတ်ဘဲ ဒေသခံတွေအတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်[English below]

ရွှေမန္တလေးမြို့ရဲ့ အမရပူရမြို့နယ်မှာ ဒေသခံတွေနဲ့အတူ အခြေခံဝါးဆောက်လုပ်ရေးသင်တန်းလေး ပြုလုပ်ခဲ့ပါတယ်။

ဒီသင်တန်းမှာ မြန်မာနိုင်ငံမှာ မြင်တွေ့ရတဲ့ ဆောက်လုပ်ရေးအတွက် အသုံးများတဲ့၊ အသုံးဝင်တဲ့ ဝါးမျိုးစိတ်တွေ၊ ဝါးရဲ့ အားသာချက်တွေနဲ့ အသုံးဝင်ပုံတွေကို မျှဝေခဲ့သလို Housing NOW ရဲ့ ကုန်ကျစရိတ်သက်သာတဲ့ ဝါးအိမ်စီမံကိန်းတွေနဲ့ Low-Cost Bamboo House Construction Manual ကိုလည်း ရှင်းပြပြီး မျှဝေပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အခြေခံဝါးဆောက်လုပ်ရေးနည်းပညာတွေကို လက်တွေ့အတူတူ လုပ်ကြည့်ရင်း သင်ယူခဲ့ကြပါတယ်။ ကိုယ်တိုင်ကိုယ်ကျ လုပ်ကြည့်ရတာဖြစ်လို့ အားလုံး စိတ်ဝင်တစား ပါဝင်ပေးကြတာကို တွေ့ရပြီး တကယ်အားတက်စရာကောင်းခဲ့ပါတယ်။

ဝါးဆိုတာ သဘာဝနဲ့လိုက်လျောညီထွေရှိတဲ့ ပစ္စည်းတစ်ခုသာမက ကုန်ကျစရိတ်သက်သာပြီး ဒေသခံတွေ ကိုယ်တိုင်ဆောက်လုပ်နိုင်တဲ့ အိမ်ရာတွေအတွက်
လည်း အဖြေတစ်ခု ဖြစ်နိုင်တယ်ဆိုတာကို သေချာရှင်းလင်းပြောပြခဲ့ပါတယ်။

ဒီသင်တန်းလေး ဖြစ်မြောက်အောင် ကူညီပြီး အတူတကွ ကြိုးစားပေးခဲ့ကြတဲ့ IOM နဲ့ Ma Khaing Phyo၊ Ma Eaint Po နဲ့ team တစ်ခုလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 🙏

Bamboo is more than just a building material, it can also create opportunities for local communities.

We recently held a basic bamboo construction training with local people in Amarapura Township, the historic city of Mandalay.

During the training, we shared knowledge about the bamboo species commonly found and used for construction in Myanmar, as well as the many benefits and practical uses of bamboo. We also introduced Housing NOW’s low-cost bamboo housing projects and shared the Low-Cost Bamboo House Construction Manual with the participants.

The session continued with a hands on workshop where everyone had the chance to learn and practice basic bamboo construction techniques together. Seeing the participants actively engaged and eager to learn was truly encouraging.

We also emphasized that bamboo is not only a sustainable and environmentally friendly material, but it can also be a practical and affordable solution for communities to build their own homes.

A big thank you to IOM, Ma Khaing Phyo, Ma Eaint Po, and the entire team for their support and hard work in making this training possible. 🙏

Very proud of this new milestone for our construction company, building large-scale public-use infrastructure in bamboo ...
07/06/2026

Very proud of this new milestone for our construction company, building large-scale public-use infrastructure in bamboo in Myanmar !

www.housing-now.org

မြန်မာနိုင်ငံမှ Housing NOW ကို ကမ္ဘာ့ စင်မြင့်ပေါ်တွင် ကိုယ်စားပြုခြင်း [English below]အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့တွ...
29/05/2026

မြန်မာနိုင်ငံမှ Housing NOW ကို ကမ္ဘာ့ စင်မြင့်ပေါ်တွင် ကိုယ်စားပြုခြင်း [English below]

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့တွင် ကျင်းပခဲ့သော World Urban Forum 13 တွင် Housing NOW ကို ကိုယ်စားပြုနိုင်ခြင်းသည် ကျွန်တော်တို့အတွက် ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။

WUF13 Business and Innovation Hub တွင် မြန်မာနိုင်ငံအတွင်း ဝါးကို အသုံးပြုပြီး လုပ်ဆောင်နေသော ဝါးစည်းဖရိန်စနစ်၊ ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေးစနစ်နှင့် ဝါးပင်ထိန်းသိမ်းရေးနှင့် ဆောက်လုပ်ရေးလမ်းညွှန် လက်ကမ်းစာဆောင်တို့ကို တင်ပြခဲ့ပါတယ်။ ထိုနည်းလမ်း ၃ မျိုးမှတစ်ဆင့် လူနေအိမ်ရာများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ကစားကွင်းများနှင့် အခြားလိုအပ်သော အဆောက်အအုံများ ဆောက်လုပ်ရေးကို လက်တွေ့ကျကျ ပံ့ပိုးနိုင်ပုံများကိုလည်း မျှဝေခဲ့ပါတယ်။

နိုင်ငံပေါင်းများစွာမှ လူများနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး အမြင်များ ဖလှယ်နိုင်ခဲ့သလို ဝါးကို ရေရှည်တည်တံ့သော ပြန်လည်ပြည့်ဖြိုးမြဲ ဆောက်လုပ်ရေးပစ္စည်းတစ်ခုအဖြစ် စိတ်ဝင်စားမှု မြင့်မားစွာ ရှိနေကြောင်းလည်း သိရှိရခဲ့ပါတယ်။

Housing NOW သည် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေပြီး ကမ္ဘာနှင့် ချိတ်ဆက်ရန် အမြဲတမ်း လမ်းဖွင့်ထားလျက်ရှိပါတယ်။

Representing Housing NOW from Myanmar on the global stage

Representing Housing NOW at the Thirteenth Session of the World Urban Forum, held in Baku, Azerbaijan, was a proud moment for us.

At the WUF13 Business and Innovation Hub, we presented three bamboo-based approaches currently being developed and applied in Myanmar: prefabricated bundled bamboo frame systems, community-led reconstruction, and a practical bamboo maintenance and construction manual. Through these three approaches, we also shared how they can realistically support the construction of homes, clinics, schools, playgrounds, and other essential community spaces.

We had the opportunity to meet people from many different countries, exchange ideas, and see a strong interest in bamboo as a sustainable construction material.

Housing NOW is working in Myanmar and remains open to connecting with the world.

www.housing-now.org

🌿မဂ်လာပါ။ 🌿ပဲခူးမြို့မှာ တည်ရှိတဲ့ Housing NOW ရဲ့ အလုပ်ရုံမှာ ဝါးများကို ဆေးပေါင်းနေခြင်းလုပ်ငန်းခွင် မှ ပုံရိပ်များပဲဖ...
11/12/2025

🌿မဂ်လာပါ။

🌿ပဲခူးမြို့မှာ တည်ရှိတဲ့ Housing NOW ရဲ့ အလုပ်ရုံမှာ ဝါးများကို ဆေးပေါင်းနေခြင်းလုပ်ငန်းခွင် မှ ပုံရိပ်များပဲဖြစ်ပါတယ်။
ဒီအချိန်က တော့ ဝါးခုတ်ချိန် ပဲဖြစ်ပါတယ်။
ဒီရာသီဟာ ဝါးအတွင်းမှာ အချိုဓါတ်ပါဝင်မှု အနည်းဆုံးကာလဖြစ်လို့ ဒီအချိန်မှာ ဝါးခုတ်ယူမယ်ဆိုရင် ပိုးစားဖို့ ရာခိုင်နှုန်းပိုနည်းသွားမှာဖြစ်ပါတယ်။ စနစ်တကျဆေးသွင်းပေါင်းခံခြင်းလုပ်ငန်းစဉ်အပြီးမှာတော့ အရည်အသွေးကောင်းပြီး ရာသက်ပန်ပိုးမထိုးနိုင်တဲ့ ဝါးများကို ရရှိမှာဖြစ်ပါတယ်။

🌿Housing NOW ရဲ့ ဝန်ထမ်းများအတွက်တော့ အလွန်အလုပ်များတဲ့ ကာလပဲဖြစ်ပါတယ်။
လာမယ့် တစ်နှစ်လုံးစာအတွက် ဝါးများခုတ်ယူခြင်း၊ ဆေးကြောသန့်ရှင်းခြင်း၊ ပိုးမထိုးစေရန် ဆေးပေါင်းခြင်း၊ အခြောက်ခံခြင်း၊ ဝါးအတွင်းအစိုဓါတ်ပါဝင်မှုကို တိုင်းတာခြင်း၊ ဝါးအကြီး/အသေး၊ အထူ/အပါး၊ အနု/အရင့် တို့ကို အဆင့်(grade)ခွဲခြင်း၊ သိုလှောင်သိမ်းဆည်းခြင်းတို့ကို အဆင့်ဆင့် စနစ်တကျလုပ်ကြရပါတယ်။

🌿ဝါးဆောက်လုပ်ရေး လုပ်ငန်းရဲ့ ကွင်းဆက်တစ်ခုလုံးမှာ အဆင့်ဆင့် အရည်အသွေးကောင်းမွန်ဖို့ဟာ ဒီအဆင့်က စတင်တာဖြစ်လို့ ဒီအဆင့်မှာ စနစ်တကျ မလုပ်ခဲ့ပါက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အခက်အခဲ နဲ့ အကျိုးဆက်တွေ အများကြီး သက်ရောက်နိုင်ပါတယ်။

🌿Housing NOW အဖွဲ့သားများဟာ ဝါးခုတ်ယူခြင်းမှ စတင်၍ အဆောက်အဦးတစ်ခု ပြီးစီးအောင်မြင်တဲ့ အထိ အဆင့်တိုင်းမှာ အရည်အသွေးကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ အမြဲဂရုပြုလုပ်ဆောင်လျက်ရှိပါတယ်။

🌿Greetings from Housing NOW in Bago!

🌿These photos were taken at our workshop, where we are currently processing bamboo with preservation treatments. This season is the ideal time for cutting bamboo because the sugar content inside is at its lowest. Harvesting during this period greatly reduces the chance of insect infestation. After going through our systematic treatment process, we are able to produce high-quality, long-lasting bamboo that is resistant to insects.

🌿For the Housing NOW team, this is one of the busiest times of the year.
We have to carefully manage the entire annual cycle: cutting the bamboo, washing and cleaning it, applying treatments to prevent insect damage, drying the bamboo, measuring internal moisture content, grading by size, thickness, and age, and finally storing it properly.

🌿In bamboo construction, maintaining quality at every stage is essential — and this first stage is the foundation. If not done properly, it can create many challenges and complications later when the bamboo is used in construction projects.

🌿From harvesting the bamboo all the way to the successful completion of a construction project, the Housing NOW team is committed to ensuring quality results at every single step.

🌳ဒီဇင်ဘာလ မှာ စတင် ဆောက်လုပ်မယ့် ပရောဂျက် မှာ demolishing လုပ်ဆောင်နေမှု ၊ သွားရောက်ကြည့်ရှုစစ်ဆေး။ 🌳ရန်ကုန်၊ လှိုင်သာယာ...
15/11/2025

🌳ဒီဇင်ဘာလ မှာ စတင် ဆောက်လုပ်မယ့် ပရောဂျက် မှာ demolishing လုပ်ဆောင်နေမှု ၊ သွားရောက်ကြည့်ရှုစစ်ဆေး။

🌳ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ
ဝါး၊ သစ်သား၊ အုတ်၊ ကွန်ကရစ်တို့ ပေါင်းစပ်၍ ဆေးခန်းတစ်ခု ကို လာမယ့် ဒီဇင်ဘာလ မှာ Housing NOW မှ တာဝန်ယူ၍ စတင်ဆောက်လုပ်မှာပါ။

🌳ဒီဆေးခန်းဟာ ငှက်ဖျား၊ တီဘီ နဲ့ HIV လူနာများကို အဓိက ထား၍ (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု နဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးမှု အကြံဉာဏ်များ ပေးနေတဲ့ ဆေးခန်းတစ်ခုဖြစ်ပြီး နှစ်စဉ် လူနာ ထောင်ပေါင်းများစွာကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မှာဖြစ်ပါတယ်။

🌳 Ongoing demolition work and site inspection for the project starting this December.

🌳 In Hlaing Tharyar Township, Yangon, Housing NOW will begin construction this coming December on a clinic built with a combination of bamboo, timber, brick, and concrete.

🌳 This clinic primarily provides free healthcare services and free counselling to patients with malaria, TB, and HIV, and it will continue to serve thousands of patients every year with essential medical care.

Address

Bago

Alerts

Be the first to know and let us send you an email when Housing NOW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share