27/01/2021
ဒီနေ့ ကျွန်တော်တို့ Share ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ခုလို Covid ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း မိမိအိမ်မှာရှိတဲ့ ရေကူးကန်အတွက် အပြင်လူကိုလည်း စိတ်မချဘူး။ ပိုက်ဆံလည်း ကုန်ကျသက်သာချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့ရေကူးကန်လေးကို အမြဲသန့်ရှင်း ကြည်လင်နေစေဖို့ ကိုယ်ကိုယ်တိုင် ဘယ်လိုထိန်းသိမ်းမလဲဆိုတာလေးကို တင်ပြပေးချင်ပါတယ်ဗျ။
နိုင်ငံတကာမှ Professional Pool Maintenance တွေဆိုရင်တော့ ရေကူးကန်တစ်ကန်ရဲ့ PH, Total Alkalinity, Bromine, Chlorine, Cyanuric Acid, Calcium Hardness, Total Dissolved Solids (TDS) အစရှိတဲ့ Level များအား Ideal Level ရောက်အောင် ထိန်းသိမ်းထားလေ့ရှိပါတယ်။ ဒါပေမယ့် ရေကူးကန်ရဲ့ Main Source က ကောင်းမွန်မယ် RO ဖြတ်ပြီးသား ဖြစ်တယ်ဆိုရင်တော့ အဓိက အခြေခံအချက်ဖြစ်တဲ့ PH & Chlorine Level နှစ်ခုကို Ideal Level ရောက်အောင် ချိန်ညှိထားနိုင်ရုံနဲ့ ကြည်လင်သန့်ရှင်းတဲ့ ရေကူးကန်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ မိမိရေကူးကန်ရဲ့ PH & Chlorine Level မှန်/မမှန် သိဖို့အတွက် Manual or Digital test kit ဖြင့် တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်ပုံမှန်တိုင်းပေးဖို့ လိုအပ်ပါတယ်။ တိုင်းတာရမယ့် အကြိမ် အရေအတွက်က ရေကူးတဲ့သူ အရေအတွက်ပေါ်မူတည်ပါတယ်။ ရေကူးတဲသူနေ့တိုင်းရှိတဲ့ Hotel လိုကန်မျိုးဆိုရင်တော့ နေ့တိုင်းတိုင်းပေးဖို့ လိုအပ်ပါတယ်ဗျ။
မိမိရေကူးကန်ရဲ့ PH & Chlorine level ကို သိရပြီဆိုရင်တော့ Ideal Level ရောက်အောင် ချိန်ညှိပေးရမှာ ဖြစ်ပါတယ်။ အဲ့မှာသိထားဖို့လိုတာကတော့ PH & Cl ရဲ့ Ideal Level ပါ။ PH ရဲ့ Ideal Level က 7.2 to 7.8 ဖြစ်ပြီး Cl ရဲ့ Ideal Level ကတော့ 1.0 to 2.0 ppm ဖြစ်ပါတယ်။ PH Level တိုင်းကြည့်လို့ ကျနေတယ်ဆိုရင်တော့ မြင့်ဖို့အတွက် Soda Ash ကို အသုံးပြုရမှာ ဖြစ်ပြီး မြင့်နေတယ်ဆိုရင်တော့ ကျဖို့အတွက် HCL (Hydrochloric acid) အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ Chemicals ပမာဏကတော့ ရေကူးကန်ရဲ့ Volume ပေါ်မူတည်ပြီး လိုအပ်သလောက်ပဲ ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ- ရေကူးကန်က ရေဂါလံ တစ်သောင်းလောက်ရှိမယ်ဆိုရင် PH Level မြင့်တက်ဖို့တွက် Soda Ash 1 lb လောက်ထည့်ဖို့လိုအပ်ပြီး PH Level ကျဖို့တွက်တော့ HCL 1 Liter ပျမ်းမျှအားဖြင့် ထည့်ပေးဖို့ရန် လိုအပ်ပါသည်။ CL level ကျနေတယ်ဆိုရင်တော့ ကလိုရင်း 1 lb ခန့်ထည့်ပေးရမှာ ဖြစ်ပါတယ်။ Cl Level တက်နေတယ်ဆိုရင်တော့ စက်ကို ထပ်ပြီးမောင်းထားပေးရင် တဖြည်းဖြည့်း ပြန်ကျသွားမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချက်က ဘယ် Chemicals ပဲထည့်ထည့် (ကျောက်ချဉ် မှ လွဲပြီး) ထည့်ပြီးတာနဲ့ စက်မောင်းပေးထားဖို့ လိုပါတယ်။ နောက်တစ်ချက်ကတော့ Chemicals ထည့်ပြီးရင်တော့ လေး/ငါးနာရီခန့်ခြားပြီးမှသာ ရေကူးလို့ရမှာ ဖြစ်ပါတယ်။
ရေကူးကန်ဟာ Indoor မဟုတ်ဘဲ Outdoor မှာ ဖြစ်မယ်ဆိုရင်တော့ သန့်ရှင်းရေးလည်း နေ့တိုင်းလုပ်ပေးဖို့က အရေးကြီးပါတယ်။ ရေကူးကန်ဘေးမှာ အပင်လေးတွေရှိမယ်ဆိုရင်တော့ သစ်ရွက်ကလေးတွေကို နေ့တိုင်း ဆယ်ယူပေးဖို့လိုပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ မိမိရေအမျိုးအစားက ရေညှိတက်လွယ်မယ်ဆိုရင်တော့ ရေညှိကို သတ်ပေးနိုင်မယ့် Algaecide ကို မရှိမဖြစ်သုံးဖို့ အရေးကြီးပါတယ်။
ရေကူးကန်တွင်း ဂျီးစုပ်တဲ့လုပ်ငန်း (Vacuuming) ကိုလည်း တစ်ပတ်ကို နှစ်ခါလောက် အနည်းဆုံးပြုလုပ်ပေးရပါမယ်။ ဂျီးစုပ်ပြီးတာနဲ့ မလုပ်မဖြစ်လုပ်ပေးရမှာကတော့ Pool filter ကို Backwash & Rinse ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Backwash & Rinse ကို ဘာကြောင့် မဖြစ်မနေပြုလုပ်ခိုင်းတယ်ဆိုတာ နောက်အပတ် Swimming Pool Sand Filter အကြောင်းရှင်းပြရင်းနဲ့ အသေးစိတ် ထပ်မံရှင်းပြပေးသွားပါမယ်။
ကဲ..ဒီလောက်ဆိုရင်တော့ ရေကူးကန်ချစ်သူများအနေနဲ့ မိမိရဲ့ အိမ်ကန်လေးကို အမြဲ ကြည်လင်သန့်ရှင်းအောင် ဘယ်လိုနည်းလမ်းတွေသုံးရမလဲဆိုတာ သိသွားမယ်လို့ထင်ပါတယ်ဗျ။
လူကြီးမင်းတို့အနေဖြင့် မေးချင်တာများရှိရင်လည်း Comment or Message Box မှ မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျ။
ဒီလိုနေ့စဉ် ရေကူးကန်နဲ့ ပတ်သက်ပြီး ထိန်းသိမ်းဖို့ အချိန်မပေးနိုင်ဘူး၊ အလုပ်ရှုပ်မခံချင်ဘူးဆိုရင်တော့ ကျွန်တော်တို့ Pool & Spa Myanmar နဲ့သာ အမြန်ဆုံး ဆက်သွယ်လိုက်ပါဗျ။ ရေကူးကန်ချစ်သူများ စိတ်တိုင်းကျ ၀န်ဆောင်မှုများ ပေးနေပါပြီဗျာ။
Hot Line: 01-381608, 01-374848, 09-405777025, 09-778959368
# #သင့်ရေကူးကန်အတွက်ဆို အမြဲအသင့်ရှိနေတာ Pool & Spa Myanmar
# # ဆက်သွယ်ရန်လိပ်စာကတော့
Pool & Spa Myanmar Yangon Office & Showroom Address
MWEA Tower # 1-06, 288/290, Shwedagon Pagoda Road, Dagon Township, Yangon
Phone: 01-381608, 01-374848, 09-405777025, 09-778959368
Pool & Spa Myanmar Mandalay Office & Showroom Address
No-(578), 31st St., Bet: 84th x 85th, Chan Aye Tharsan Township, Mandalay
Phone: 09-977182181, 09-897490976
Yangon Warehouse Address
No-8/1, Thirimingalar (16) Street, Insein Township, Yangon
E-mail: [email protected]
Website: www.myanmarpoolspa.com
page: Pool & Spa Myanmar