Thang Pi - TP Construction Group

Thang Pi - TP Construction Group လူနေအိမ်၊ဆိုင်ခန်း၊ဂိုဒေါင် မည်သည့်အဆောက်အဦများမဆို တာဝန်ယူ၊တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးပါသည်။

13/05/2026

TP-33 Site Plinth Beam Concrete Casting
#ဆောက်လုပ်ရေး #ကလေးမြို့ #အိမ်ဆောက်ချင်သူများ

08/05/2026

Contemporary Design Collection
#အိမ်ဒီဇီုင်း #အဆောက်အဦ #အိမ်ဆောက်ချင်သူများ #ကလေးမြို့ #ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း

TP-20 Site မီးလိုင်းစမ်းသပ်ခြင်းအနုပညာ😊😊🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟   #အိမ်ဆောက်ချင်သူများ  #အိမ်ဒီဇိုင်း    #အိမ်ပုံစံ  #ကလေးမြို...
06/05/2026

TP-20 Site မီးလိုင်းစမ်းသပ်ခြင်းအနုပညာ😊😊
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

#အိမ်ဆောက်ချင်သူများ #အိမ်ဒီဇိုင်း #အိမ်ပုံစံ #ကလေးမြို့ #အိမ် #ဒီဇိုင်း #ဆောက်လုပ်ရေး

📌ဆေးသုတ်ဖို့ ဆေးအရောင် ဘယ်လိုရွေးချယ်ပေးရမလဲ  (ဆေးအရောင်တွေရဲ့အဓိပ္ပါယ်)  #ပြန်လည်ကူးယူဖော်ပြပါသည် အိမ်ဆေးသုတ်ဖို့ အရောင...
02/05/2026

📌ဆေးသုတ်ဖို့ ဆေးအရောင် ဘယ်လိုရွေးချယ်ပေးရမလဲ (ဆေးအရောင်တွေရဲ့အဓိပ္ပါယ်)
#ပြန်လည်ကူးယူဖော်ပြပါသည်

အိမ်ဆေးသုတ်ဖို့ အရောင်တွေကို ဆေးအရောင်တွေရဲ့ အဓိပ္ပာယ်အခြေခံပြီး အသင့်တော်ဆုံး ဆေးအရောင် ( Paint ) ကို ရွေးချယ်ပေးရပါတယ်။

ဆေးလောကမှာ လူကြိုက်များပြီး အသုံးများတဲ့ ဆေးအရောင်တွေရဲ့ အဓိပ္ပါယ် ကို မျှဝေပေးချင်ပါတယ်။

1.အပြာရောင်
အပြာရောင် ဆိုတာ ငြိမ်သက်ခြင်းနှင့် အေးမြမှုတို့ကို ကိုယ်စားပြုထားတဲ့အရောင်လေးဖြစ်ပါတယ်။ အပြာရောင်ကတော့ ယုံကြည်ကိုးစားမှုနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်။ သစ္စာရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းလို့ ပြောနိုင်သလို ရှေးရိုးစွဲအားကြီးမှုနဲ့ စိမ်းကားအေးစက်မှုလို့လဲ အဓိပ္ပါယ် ကိုဖော်ပြသလို၊ အေးဆေးသော စွမ်းအားတို့ကို ကိုယ်စားပြုတဲ့ အပြာရောင်လေးကို အိပ်ခန်းထဲမှာ သုတ်ထားမယ်ဆိုရင်တော့ ကောင်းစွာအိပ်ပျော်ဖို့ အတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။

2.အဝါရောင်
အဝါရောင်လေးကတော့ ပျော်ရွှင်မှုရှိစေမယ့်အရောင် လှုံဆော်မှု၊ အကောင်းမြင်မှုတို့ကို ကိုယ်စားပြုထားတဲ့ နွေရာသီအရောင်လေးဖြစ်ပါတယ်။အဝါရောင်ကြိုက်နှစ်သက်သူတွေက အသစ်သစ်တွေနဲ့ ခေတ်ဆန်မှုတွေကို အလိုရှိသူလေးတွေဖြစ်ပါတယ်။အဝါရောင်ဖျော့ သုတ်ထားတဲ့နေရာလေးက နွေရာသီရဲ့ အငွေ့အသက်လေးတွေကို ဆောင်ကြဉ်းပေးနိုင်ပြီး အမြင်အာရုံမှတဆင့် တက်ကြွပျော်ရွှင်စေမှုတို့ကို ဖြစ်ပေါ်စေပါတယ်။

3.ခရမ်းနုရောင်
ခရမ်းနုရောင်ကတော့ စိတ်ကူးနိုင်စွမ်းရဲ့ အရောင်ပါ။ သူဟာ ဖန်တီးနိုင်စွမ်းနဲ့ သီးသန့်ဆန်မှု အပြင် မရင့်ကျက်မှုနဲ့ လက်တွေ့မဆန်မှုလဲ ဖြစ်နိုင်ပါတယ်။

4.ခရမ်းရောင်
ခရမ်းရောင်လေးကတော့ စိတ်ကူးစိတ်သန်းတို့ကို လှုံဆော်ပေးတဲ့အရောင်လေးဖြစ်ပါတယ်။ဒါဟာ နန်းဆန်မှုနဲ့ အတူ စည်းစိမ်ရှိရှိနေခြင်းရဲ့ အရောင်လေးလဲဖြစ်ပါတယ်။ခရမ်းရောင် ကြိုက်နှစ်သက်သူတွေက ဖန်းတီးမှုရှိသူ အမြော်မြင်ရှိမှု နဲ့ Romantics ဆန်တဲ့သူတွေဖြစ်ကျပါတယ်။အခန်းတခန်းထဲမှာ အနားယူပြီး သောကကင်းဝေအောင် ဖန်တီးချင်ပါလား။အိမ်ကနံရံကို ခရမ်းဖျော့ရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

5.အနီရောင်
အနီရောင်ဆိုတာ ယုံကြည်မှုရှိမှု ၊ စိတ်လှုပ်ရှားမှု ၊ စွမ်းအားရှိမှုတို့ကိုဖြစ်ပေါ်စေပြီး စိတ်ပိုင်းဆိုင်ရာ အလှုံ့ဆော်နိုင်ဆုံးသော အရောင်ဖြစ်ပါတယ်။အနီရောင်ကြိုက်နှစ်သက်သူတွေဆိုတာ စိတ်ဓာတ်ပြင်းပြခွန်အားပြည့်ဝပြီးစိတ်မြန်ရဲရင့်သူတွေ ဖြစ်ကျပါတယ်။သင်ရဲ့ အိမ်ခန်းနေရာလေးကို ရွှင်လန်းတက်ကြွပြီး စိတ်ဓာတ်ပြင်းတဲ့ နေရာလေးဖြစ်စေချင်တယ်ဆိုရင်တော့
အနီရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

6.နီညိုရောင်
နီညိုရောင်ကတော့ တည်ကြည်လေးနက်ခြင်းရဲ့ အရောင် ဖြစ်ပါတယ်။ လုံခြုံမှုရှိခြင်း၊ ကာကွယ်မှုပေးခြင်းနဲ့ ပေါများကြွယ်ဝခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။

7.အစိမ်းရောင်
ဟန်ချက်ညီမှုနဲ့ ရှင်သန်ကြီးထွားခြင်းတို့ရဲ့ အရောင်ပါပဲ။ အစိမ်းရောင်ဆိုတာ သဘာဝရဲ့အရောင်လေးဖြစ်ပြီး ငြိမ်သက်မှုနှင့်အတူ သက်သောင့်သက်သာရှိစေပါတယ်။ဘဝမှာ ဝမ်းမြောက်မှုကိုဖြစ်ပေါ်စေ၍ သဟာဇာတဖြစ်မှု နှင့် သွက်လက်မှု ရှိစေအောင် အစိမ်းရောင်က အမြဲဖော်ကြူးပေးမှာပါ။အစိမ်းရောင်ကို ကြိုက်နှစ်သက်သူတွေဆိုတာ မျှတ၍ တည်ငြိမ်မှုရှိပြီး ဇွဲကောင်းသူလေးတွေ ဖြစ်ကျပါတယ်။အဲ့ဒီလို စွမ်းအားတွေရရှိနေအောင် အိမ်ကအခန်းကို အစိမ်းရောင်လေး သုတ်ထားရင်ပိုအဆင်ပြေပါတယ်နော်။

8.စိမ်းနုရောင်
အစိမ်းနုရောင်ကတော့ လူမှုဆက်ဆံရေးနဲ့ စိတ်ကြည်လင်ပြတ်သားခြင်းကို ဆိုလိုပါတယ်။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့မဆန်မှုလို့လဲ အဓိပ္ပါယ် ကိုဖော်ပြပါတယ်။

9.ပန်းရောင်
အချစ်စစ်နဲ့ စောင့်ရှောက်ဖေးမခြင်းတို့ရဲ့ အရောင်ဖြစ်ပါတယ်။ ပန်းရောင်ဆိုတာ နှုးညံ့မှုကို ကိုယ်စားပြုထားတဲ့ အနီရောင်ရဲ့ မိသားစုဝင် အရောင်လေးဖြစ်ပါတယ်။ဗျာဆန်မှု၊ မရင့်ကျက်မှုနဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်းမရှိမှုတို့ကိုလဲ ကိုယ်စားပြုပါတယ်။ပန်းရောင်ကိုကြိုက်နှစ်သက်သူတွေကတော့ အမျိုးသမီး လေးတွေက အများစုဖြစ်ပြီးအပြစ်ကင်းသူ၊ Romantic ဆန်သူလေးတွေ ဖြစ်ကျပါတယ်။အနီရောင်နဲ့ ယှဉ်ရင်တော့ ပန်းရောင်က ငြိမ်သက်အေးချမ်းတဲ့အရောင်လေးဖြစ်လို့အိပ်ခန်းထဲမှာသုတ်မယ်ဆိုရင် ပိုအဆင်ပြေမယ့် အရောင်လေးဖြစ်ပါတယ်။

10.ရွှေရောင်
ရွှေရောင်ကတော့ အောင်မြင်မှုရဲ့ အရောင်ပါ။ ဖြစ်ထွန်းမှုနဲ့ အောင်ပွဲရဲ့ အဓိပ်ပါယျလဲ ဖြစ်ပါတယ်။ ပေါကြွယ်ဝမှုနဲ့ ကြီးပွားတိုးတက်မှု၊ စည်းစိမ်နဲ့ အရည်အသွေး၊ ရိုသေလေးစားမှုနဲ့ အတွေ့အကြုံများခြင်း၊ တန်ဖိုးရှိမှုနဲ့ ရည်မွန်ကြော့ရှင်းမှု စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ ဓနငွေကြေးပေါကြွယ်ဝခြင်း၊ ပစ္စည်းဥစ္စာချမ်းသာခြင်းနဲ့ သုံးမကုန်၊ဖြုန်းမကုန်ခြင်းတို့ကိုလဲ ကိုယ်စားပြုပါတယ်။

11.အညိုရောင်
အညိုရောင်လေးကတော့ ကမ္ဘာကြီးရဲ့ သင်္ကေတဖြစ်ပြီး..လုံခြုံမှု၊ ရောင့်ရဲနိုင်မှု နှင့် အားရကျေနပ်မှု တို့ကို ကိုယ်စားပြုထားတဲ့ အရောင်လေးဖြစ်ပါတယ်။အညိုရောင်ကြိုက်နှစ်သက်သူတွေကတော့ သဘာဝကို ချစ်မြတ်နိုးသူလေးတွေဖြစ်ပြီး ရိုးသားခြင်းရှိသော စိတ်ချမ်းသာမှုကို အလိုရှိတဲ့ သူလေးတွေ ဖြစ်ပါတယ်။

12.လိမ္မော်ရောင်
လိမ္မောရောင်လေးကတော့ ကျန်းမာရေးကိုမြင့်တင်ပေးပြီးစဉ်းစားဉာဏ်ရှိမှု၊ ကောင်းမွန်သည့်အကျိုးကျေးဇူးရရှိမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။မျှတမှုရှိပြီး နွေးထွေးခြင်း၊ မြူးကြွခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း ၊ အာရုံစူးစိုက်မှုရှိခြင်းတို့နဲ့ ပြည့်စုံစေတဲ့ အရောင်လေးဖြစ်ပါတယ်။လိမ္မော်ရောင်ကြိုက်တတ်တဲ့ သူလေးတွေကတော့ လူတိုင်းနှင့် ခင်မင်တတ်တဲ့သူလေးတွေ ဖြစ်ပါတယ်နော်။
လိမ္မော်ရောင်ဟာ စားချင်သောက်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့အရောင်လေးဖြစ်ပြီးထမင်းစားခန်းမှာ ထပ်ဖြည့်ဖို့လိုတဲ့ ဟင်းခတ်အမွေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။

13.အဖြူရောင်
အဖြူရောင်ကတော့ သန့်ရှင်းစင်ကြယ်မှုနဲ့ ပြီးပြည့်စုံမှုကို ဖော်ဆောင်ပါတယ်။ ဖြူစင်ခြင်း၊ အပြစ်ကင်းခြင်း၊ ကြီးမြတ်ခြင်း၊ ပြည့်စုံခြင်းလို့လဲ အဓိပျပါယဖြောနြိုငပြါတယြ။အဖှူရောငဟြာ ငယ်ရွယ်မှု၊ သန့်ရှင်းမှုနဲ့အတူ အေးမြအောင်ဖန်တီးပေးတဲ့ အရောင်လေးဖြစ်ပြီး လန်းဆန်းတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်လို့ ရွေးချယ်သင့်တဲ့ အရောင်လေးဖြစ်ပါတယ်နော်။အဖြူရောင်ကြိုက်တဲ့သူတွေက ခေတ်ပေါ်စတိုင်လေးတွေကို ကြိုက်နှစ်သက်မှုရှိတဲ့ သူလေးတွေလဲ ဖြစ်ပါတယ်။ပူနွေးပြီး အရိပ်ကျနေတဲ့နေရာတွေမှာ အဖြူရောင်ဟာ အေးမြမှုကိုရရှိအောင် အကူညီပေးပြီးအအေးရိပ်ကျနေတဲ့ နေရာလေးတွေမှာ ဆိုရင်တော့ အေးမြမှုကို ပိုမိုခံစားရအောင်ပြုလုပ်ပေးပါတယ်။

14.အမဲရောင်
အမဲရောင်ကတော့ လှပတင့်တယ်မှု ၊ လျိုဝှက်ဆန်းကြယ်မှု နဲ့ စွမ်းအားရှိမှုတို့ကို ကိုယ်စားပြုတဲ့ အရောင်လေးဖြစ်ပါတယ်။အမဲရောင်ကြိုက်တဲ့ သူတွေက ရည်မှန်းချက်ကြီးသူတွေ ၊ ခေတ်မှီဆန်းပြားတဲ့သူတွေ ဖြစ်ကျပါတယ်။တစ်ဖက်မှာတော့ စိတ်မချမ်းသာမှုဖြစ်ခြင်း ရဲ့ အရောင်လေးလဲဖြစ်ပြီးDrama ဆန်ဆန် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အလေးပေးအရောင် အဖြစ် ရွေးချယ်သင့်ပါတယ်။

15.မီးခိုးရောင်
မီးခိုးရောင်လေးကတော့ လှပကြော့ရှင်းတဲ့ အရောင်လေးဖြစ်ပြီး အခြားသောအရောင်တွေနဲ့ အံဝင်ခွင်ကျအဖြစ်ဆုံးသော အရောင်လေးလဲဖြစ်ပါတယ်နော်။မီးခိုးရောင်ကြိုက်သူတွေက လိမ္မာပါးနပ်ပြီး စည်းကမ်းရှိသော သူတွေဖြစ်ပါတယ်။အခြားသောနွေးထွေးမှုရှိတဲ့ အရောင်လေးတွေနဲ့ တွဲဖက်ပြီး သုတ်ထားမယ်ဆိုရင်တော့ ဖျတ်လတ်တက်ကြွတဲ့နေရာလေးတစ်ခုဖြစ်စေမှာ အသေအချာပါပဲနော်။

လှပတဲ့ ရောင်စုံကမ္ဘာကို ပိုင်ဆိုင်နိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Credit to Original
#အိမ်ဆောက်ချင်သူများအတွက်

Work Progress 📊📈 of (May 2.2026)🏫🏛️ အဆောက်အဦနဲ့ပါတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်TP Construction & Consul...
02/05/2026

Work Progress 📊📈 of (May 2.2026)

🏫🏛️ အဆောက်အဦနဲ့ပါတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်
TP Construction & Consultant Group Company Limited👷👷🏗️
🏢🏬Kalay Myo, Sagaing Division, Myanmar
Viber,Whatapps
☎️☎️0️⃣9️⃣9️⃣7️⃣0️⃣0️⃣6️⃣5️⃣5️⃣2️⃣1️⃣
☎️☎️0️⃣9️⃣8️⃣9️⃣5️⃣8️⃣1️⃣3️⃣2️⃣7️⃣6️⃣
📧[email protected]
https://www.facebook.com/thangpinayhein92/
#အိမ်

#ဒီဇိုင်း
#အိမ်ပုံစံ



#ဒီဇိုင်း
#အိမ်

27/04/2026

😁😁😁

Vent Pipe အရေးကြီးပုံ
26/04/2026

Vent Pipe အရေးကြီးပုံ

April 25.2026... Work Progress 📊📈🏫🏛️ အဆောက်အဦနဲ့ပါတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်TP Construction & Consu...
25/04/2026

April 25.2026... Work Progress 📊📈

🏫🏛️ အဆောက်အဦနဲ့ပါတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်
TP Construction & Consultant Group Company Limited👷👷🏗️
🏢🏬Kalay Myo, Sagaing Division, Myanmar
Viber,Whatapps
☎️☎️0️⃣9️⃣9️⃣7️⃣0️⃣0️⃣6️⃣5️⃣5️⃣2️⃣1️⃣
☎️☎️0️⃣9️⃣8️⃣9️⃣5️⃣8️⃣1️⃣3️⃣2️⃣7️⃣6️⃣
📧[email protected]
https://www.facebook.com/thangpinayhein92/
#အိမ်

#ဒီဇိုင်း
#အိမ်ပုံစံ



#ဒီဇိုင်း
#အိမ်

TP-22 Site Solar System တပ်ဆင်ခြင်းနှင့် မီးလိုင်းစမ်းသပ်ခြင်း🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟   #အိမ်ဆောက်ချင်သူများ  #အိမ်ဒီဇိုင်း   ...
25/04/2026

TP-22 Site Solar System တပ်ဆင်ခြင်းနှင့် မီးလိုင်းစမ်းသပ်ခြင်း
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

#အိမ်ဆောက်ချင်သူများ #အိမ်ဒီဇိုင်း #အိမ်ပုံစံ #ကလေးမြို့ #အိမ် #ဒီဇိုင်း #ဆောက်လုပ်ရေး

သင်္ကြန်အကျနေ့ ပန္နက်ရိုက်မင်္ဂလာ🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟27'×40' R.C ထပ်ထပ်တိုက်အဆောက်အဦမိသားစုအိပ်ခန်း-(၁)ခန်းအိပ်ခန်း-(2)ခန်းဘုံသု...
14/04/2026

သင်္ကြန်အကျနေ့ ပန္နက်ရိုက်မင်္ဂလာ
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

27'×40' R.C ထပ်ထပ်တိုက်အဆောက်အဦ
မိသားစုအိပ်ခန်း-(၁)ခန်း
အိပ်ခန်း-(2)ခန်း
ဘုံသုံးရေချိုးခန်း၊အိမ်သာ
ဧည့်ခန်း
မီးဖို၊ထမင်းစားခန်းတို့ပါဝင်မှာပဲဖြစ်ပါတယ်။
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

ကျွနုပ်တို့ TP-CONSTRUCTION Co.,Ltd နဲ့ တည်ဆောက်ရေးလုပ်ငန်း အပ်နှံချင်ရင်

🏕️🏕️အဆောက်အဦးတည်ဆောက်မည့် မြေနေရာအား ကွင်း ဆင်းစစ်ဆေးပေးပြီး Survey Data ကောက်ယူခြင်း{အခကြေး(ငွေ) ပေးစရာမလိုပါ}

🧑‍💻🧑‍💻 Survey Data အရ မြေနေရာနဲ့ကိုက်ညီသော အခန်းဖွဲ့စည်းပုံနဲ့အတိုင်းအတာ 2D Plan ဆွဲ၍ အိမ်ရှင်ထံ ဦးစွာ ပြပေးသပြီး စိတ်ကြိုက်ပြုပြင်ခြင်း။(အခကြေး(ငွေ) ပေးရန်မလိုပါ)

♦️♦️ 2D plan အခန်း အဖွဲ့ အနေအထား စိတ်တိုင်းကျ ရရှိမှသာ 3D Design အား အိမ်ရှင်ကျေနပ်မှုရသည်ထိ စိတ်ရှည် လက်ရှည်ပြင်ပေးခြင်း။(အခကြေး(ငွေ) ပေးရန်မလိုပါ)

-(ငွေ)ပေးချေမှုအားလည်း လုပ်ငန်း ပြီးစီးမှုအလိုက် ၉ ရစ် အထိ ပေးချေ နိုင်ခြင်း။

-အသုံး ပြုမည့် ပစ္စည်း အမျိုးအစား၊အမှတ်တံဆိပ်များအား ပွင့်လင်းမြင်သာမှုရှိစွာ ချပြပေးခြင်း။

-စတင် ဆောင်ရွက်သည်မှ စ၍ ပစ္စည်း အင်အား၊လူအင်အား ၊စက်အင်အား အပြည့်အစုံဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း။

တည်ဆောက်ရေးလုပ်ငန်းများကို ကျွမ်းကျင် Site အင်ဂျင်နီယာများဖြင့် စနစ်တကျ ကြီးကြပ်ပြီး လုပ်ငန်း စ လယ် ဆုံး တာဝန်ယူမှု တာဝန်ခံမှုရှိစွာ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း။

♦️♦️လုပ်ငန်း စ လယ် ဆုံး အိမ်ရှင်စိတ်တိုင်းကျ ညှိနှိုင်း ဆောင်ရွက်လုပ်ဆောင်ပေးခြင်း။

စသည့်ဝန်ဆောင်မှုတို့ဖြင့် လုပ်ငန်းများအား ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါတယ်ဗျ။

𝗧𝗣 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 𝗖𝗼.,𝗟𝘁𝗱 မှ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ

🔶ဗိသုကာဒီဇိုင်း(Architecture Design)(အတွင်း/အပြင်)ခန်းဖွဲ့များ

🔶ခံနိုင်ရည်ဖွဲ့စည်းပုံဒီဇိုင်း(Structural Design)

🔶ခန့်မှန်းခြေစာရင်း/ခန့်မှန်းကုန်ကျငွေ(Estimate)

🔶အိမ်ရှင်များကိုယ်စား လုပ်ငန်းကြီးကြပ် နည်းပညာအကြံပေးခြင်း၊အရည်အသွေးစစ်ဆေးပေးခြင်း

🔶ကြီးကြပ်+လုပ်အား အပ်နှံခြင်း

🔶ပုတ်ပြတ်လုပ်ငန်း/ကန်ထရိုက်အပ်နှံခြင်း

✅✅ကြီးကြပ်+လုပ်အား အပ်နှံခြင်းနှင့် ပုတ်ပြတ်လုပ်ငန်း/ကန်ထရိုက်အပ်နှံခြင်းလုပ်ငန်းများအတွက် TP Construction Group အနေဖြင့် မြေပြင်ကွင်းဆင်းတိုင်းတာခြင်း၊ မြေသားစမ်းသပ်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း ဝန်ဆောင်မှုများကို မိတ်ဆွေအိမ်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶

အဆောက်အဦနဲ့ပါတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်
TP Construction & Consultant Group Company Limited👷👷🏗️

☎️☎️0️⃣9️⃣9️⃣7️⃣0️⃣0️⃣6️⃣5️⃣5️⃣2️⃣1️⃣
☎️☎️0️⃣9️⃣8️⃣9️⃣5️⃣8️⃣1️⃣3️⃣2️⃣7️⃣6️⃣

#အိမ်ဆောက်ချင်သူများ #ရန်ကုန် #ဆောက်လုပ်ရေး #အိမ်ဒီဇိုင်း #အိမ်ပုံစံ #အိမ် #ကလေးမြို့ #ဒီဇိုင်း

Address

Phu Dien Chau

Telephone

+84985197700

Website

Alerts

Be the first to know and let us send you an email when Thang Pi - TP Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share