18/08/2026
Plate Bearing Test ဖြင့် မြေကြီးရဲ့ခံနိုင်ရည်နှင့် ကျွံကျနိုင်မှုကို တွက်ထုတ်ခြင်း
Plate Bearing ဖြင့် လုပ်ငန်းခွင်အတွင်းမှာတွေ့ရတတ်တဲ့ ဖောင်ဒီးရှင်းမြေသား သဲဆန်တဲ့မြေ ရွံ့ဆန်တဲ့မြေစတာတွေအတွက် အဆုံးစွန်၊အများဆုံးခံနိုင်ရည်(အား)နှင့် ကျွံကျနိုင်မှုတို့ကို စမ်းသပ်သိရှိနိုင်ပါတယ်။ ဒါကြောင့် ဒီစမ်းသပ်မှုဟာ ဖောင်ဒီးရှင်းကို ဒီဇိုင်းလုပ်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ဒီစမ်းသပ်မှုကနေရလာတဲ့ အဆုံးစွန်ခံနိုင်ရည်(အား)ကို သင့်တော်တဲ့ safety of factor တန်ဖိုးတစ်ခုကို သတ်မှတ်ပြီး safe bearing capacity ကို ရနိုင်မည်ဖြစ်သည်။
စမ်းသပ်မှုအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
(၁) Mild Steel Plate
(၂) Hydraulic Jack
(၃) Reaction Beam or Reaction Truss
(၄) Dial Gauges
(၅) Excavating Tools
စမ်းသပ်ပုံအဆင့်ဆင့်
++++++++++++
ပထမဦးဆုံး အဆောက်အဦတည်ဆောက်မည့်နေရာ၊ ကိုယ်စမ်းသပ်ချင်တဲ့ ဖောင်ဒီးရှင်းမြေနေရာတွင် ကျင်းတူးရပါတယ်။ အဲ့လိုကျင်းတူးတဲ့နေရာမှာ အသုံးပြုမည့် ပလိတ်ပြားအရွယ်အစားရဲ့ ငါးဆလောက်ရှိသင့်ပါတယ်။ ကျင်းအနက်ကို ကိုယ်ရည်ရွယ်ထားတဲ့ ဖောင်ဒီးရှင်းရဲ့အနက်အတိုင်း တူးရပါမယ်။
အသုံးပြုတဲ့ ပလိတ်ပြားက mild steel သတ္တုဖြင့်ပြုလုပ်ထားပြီး စတုရန်းပုံဖြစ်ရင် (၁’ပေ)ပတ်လည်နှင့် စက်ဝိုင်းပုံဖြစ်ရင် အချင်း(၁’ပေ)ခန့်ရှိတတ်ပါတယ်။ ပလိတ်ပြားရဲ့အထူ(ထု)က (၁)လက်မလောက်ရှိပါတယ်။ ဒါတွေက အရွယ်အစားအမျိုးမျိုးလည်း ရှိနိုင်ပါတယ်။
ကျင်းတူးပြီးတာနဲ့ ကျင်းရဲ့အလယ်မှာ ပလိတ်ပြားတွေကို နေရာချပြီး ပလိတ်ပြားတွေကို တဆင့်ပြီးတဆင့် ထပ်ပေးရပါတယ်။ အဲ့ဒီမှာ ပလိတ်ပြားဘယ်နှစ်ခုကို ထပ်ရမယ်၊ဘယ်လောက်ထုရှိရမယ်ဆိုတဲ့ Dp ကို တွက်ရပါတယ်။
ဘယ်လိုတွက်ရလဲဆိုရင်
(Thickness of central hole,Dp) / (Size of plate,Bp) = (depth of foundation,Df) / (width of pit,Bf)
အဲ့ကနေ ထပ်ရမယ့် ပလိတ်ပြားရဲ့ ထုကို ရရှိမှာဖြစ်ပါတယ်။
အဲ့ဒီလို ပလိတ်ပြားကို လိုအပ်တဲ့ ထုအတိုင်းထပ်ပြီးတဲ့နောက်မှာ ပလိတ်ပြားအပေါ်မှာ hydraulic jack ကို တင်ရပါတယ်။ အဲ့ဒီ ဂျိုက်ပေါ်မှာ ၀န်အားသက်ရောက်စေဖို့အတွက် Reaction beam ဖြစ်ဖြစ် Reaction trusses ဖြစ်ဖြစ် တင်ရပါတယ်။ Reaction သက်ရောက်စေဖို့က အဆင်ပြေသလိုအသုံးပြုနိုင်ပါတယ်။ အဓိက ဂျိုက်ပေါ်ကို ၀န်(အား)တွေ စုပြီး တသမတ်တည်း သက်ရောက်စေဖို့ပဲဖြစ်ပါတယ်။ အဲ့လို Reaction beam, trusses တွေသုံးတဲ့အခါ သူတို့အပေါ်မှာ အလေးချိန်ရှိ၀န်တွေကို ထပ်ဆင့် တင်ဖို့အဆင်ပြေစေပါတယ်။ ဥပမာ သဲအိတ်တွေကို တင်ပြီး ၀န်ကို သက်ရောက်စေရပါတယ်။ ပထမဦးဆုံး ချက်ချင်း ၀န်အများကြီးကို မတင်ရပါဘူး။ 1.5 lb/ft2 နှင့် စပြီး ၀န်တင်ပြီးနောက် ပြန်ဖယ်ရပါတယ်။ ပြီးတာနဲ့ safe load ရဲ့ ၂၀%တိုးပြီး ၀န်ကို ပြန်တင်ရပါတယ်။
အဲ့လို ၀န်တွေတင်ရင်းနဲ့ ကျွံကျနိုင်မှုကို မှတ်တမ်းတင်ထားဖို့အတွက် Dial Guage ကို အခြေမှာ တပ်ဆင်ထားရါတယ်။ တစ်မိနစ်၊ငါးမိနစ်၊ ၁၀မိနစ်၊ ၂၀မိနစ်၊၄၀မိနစ်နှင့် တစ်နာရီအကြာမှာ ကျွံကျမှုအသီးသီးကို မှတ်သားထားရပြီး နောက်ပိုင်း တနာရီခြား ကျွံကျမှုကို မှတ်သားထားရပါတယ်။ အဲ့ဒီကျွံကျမှုနှုန်းကို တိုင်းတာတဲ့နေရာမှာ (၁”)လက်မကျွံကျတဲ့အထိ တိုင်းတာရပါတယ်။ ဆိုလိုတာကတော့ အုတ်မြစ်တိမ် shallow foundation ရဲ့အများဆုံးခွင့်ပြုနိုင်တဲ့ကျွံကျမှုက အများအားဖြင့် ၁”လက်မအထိ စံသတ်မှတ်ထားကြလို့ပဲဖြစ်ပါတယ်။
Reaction Truss ကို အသုံးပြုတဲ့နေရာမှာ truss အလယ်ကို ဂျိုက်ပေါ်မှာတင်ထားပြီး အဆုံးနှစ်ဖက်ကို ဖောင်ဒီးရှင်းအပေါ်ယံမြေပေါ်မှာ တောင့်တင်းခိုင်မာစွာ တင်ထားရပါတယ်။ ပြီးနောက်မှာ အဲ့ဒီ truss အဆုံးနှစ်ဖက်ဆီကနေ ညီတူညီမျှ ၀န်သက်ရောက်စေတဲ့အခါမှာ ပလိတ်ပြား မြေအောက်ကျွံ့ကျမှုပေါ်လာမှာဖြစ်ပါတယ်။ ၀န်အနေဖြင့် ၄၅၀ပေါင်ခန့်စီ ခြားပြီး သက်ရောက်စေရမှာဖြစ်ပြီးတော့ အပေါ်က အချိန်အလိုက် ကျွံကျမှုကို မှတ်သားသလိုပဲ ၄၅၀ပေါင်တိုးပြီး သက်ရောက်စေတိုင်း ကျွံကျမှုကို မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။ အကယ်၍ ရွံ့ဆန်တဲ့မြေအမျိုးအစားဖြစ်နေရင် တနာရီ ၀.၂မီလီမီတာနှုန်းနဲ့ ကျွံကျတဲ့အထိ တိုင်းတာမှုကို ဆောင်ရွက်ရပါတယ်။
Plate bearing test ရလဒ်ကနေ မြေကြီးခံနိုင်ရည်အားကို တွက်ချက်ခြင်း
ပလိတ်ပြားစမ်းသပ်မှုကနေရရှိလာတဲ့ ၀န်ပမာဏအလိုက် ကျွံကျမှုတန်ဖိုးများကို ဂရပ်ရေးဆွဲရမှာဖြစ်ပြီးတော့ အဲ့လိုဆွဲတဲ့အခါ သက်ရောက်စေခဲ့တဲ့ ၀န်(အား)ပမာဏကို x-၀င်ရိုးတွင်ထားပြီး ကျွံကျမှုတန်ဖိုးကို y-၀င်ရိုးမှာ ထားရမှာ ဖြစ်ပါတယ်။ အဲ့ဒီဂရပ်ကို ရေးဆွဲလိုက်ခြင်းဖြင့် ပလိတ်ပြားအကျယ်ရဲ့ငါးပုံတစ်ပုံ ကျွံကျမှုအတွက် လိုအပ်တဲ့ ပလိတ်ပြားရဲ့အများဆုံး ၀န်(အား)ပမာဏကို ရရှိလာမှာ ဖြစ်ပါတယ်။ အကယ်၍ ဂရပ်တွင် မျဉ်းကြောင်းသည် အမှတ်တစ်ခုတွင် ပြတ်တောက်သွားပါက အဲ့ဒါကို ပလိတ်ပြားရဲ့ အများဆုံး၀န်(အား)ပမာဏအဖြစ် သတ်မှတ်ပါတယ်။ အဲ့ဒီ ပလိတ်ပြားရဲ့ အများဆုံး၀န်(အား)ပမာဏကနေ ဖောင်ဒီးရှင်းမြေသားများ အတွက် အဆုံးစွန်ခံနိုင်ရည်(အား)နှင့် safe bearing capacity ကို သိရှိနိုင်မှာဖြစ်ပါတယ်။
Clayey soils များအတွက် ခံနိုင်ရည်(အား)တွက်ချက်ခြင်း
အဆုံးစွန်ခံနိုင်ရည်(အား) = ပလိတ်ပြား၏အဆုံးစွန်၀န်(အား)သက်ရောက်မှု
Ultimate bearing capacity = ultimate load for plate
qu(f) = qu(p)
Sandy soils များအတွက် ခံနိုင်ရည်(အား)တွက်ချက်ခြင်း
Ultimate bearing capacity = (ultimate load for plate) x ((width of pit,Bf) / (size of plate,Bp))
qu(f) = qu(p) x (Bf/Bp)
Finally, safe bearing capacity = (Ultimate bearing capacity) / (factor of safety)
Factor of safety = 2~3
Plate Bearing Test မှ Settlement ကို တွက်ထုတ်ခြင်း
××××××××××××××××××××××××××××××××××
Clayey Soils အတွက် settlement
Settlement of foundation (Sf) = Sp x Bf/Bp
Sandy Soils အတွက် settlement
Settlement of foundation(Sf) = Sp x ((Bf(Bp + 0.3)) / (Bp(Bf+0.3))^2
Where;
Bf = width of foundation
Bp = width of plate
အချုပ်အားဖြင့် ပြောရရင် ခုနောက်ပိုင်းတွေမှာ Plate bearing test နဲ့ စမ်းသပ်မှုအမျိုးမျိုးကို ဆောင်ရွက်နိုင်ပါတယ်။ လမ်းလုပ်ငန်းတွေအတွက်လည်း equivalent CBR တန်ဖိုးတွေကို စမ်းသပ်နိုင်ပါတယ်။ ၀န်တင်တဲ့နေရာမှာ ကိုယ်အဆင်ပြေသလို ရရှိနိုင်တဲ့ အလေးချိန်ရှိပြီး အလေးချိန်သိနိုင်တဲ့ ပစ္စည်း၊စက်ယန္တရားတွေကို အသုံးပြုနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မင်းဘကြီး
Thang Pi Construction and Consultant Group Company Limited #ထန်ပီး #အင်ဂျင်နီယာ
Photo;
Reference; The Constructor