JHDE Construction

JHDE Construction Construction & Home Decor

🏡 အိမ်ခြံမြေဝယ်မယ်ဆိုရင် “ဈေးနှုန်း” တစ်ခုတည်းကို မကြည့်ပါနဲ့အိမ်ခြံမြေတစ်ခုဝယ်ယူတဲ့အခါ“ဈေးဘယ်လောက်လဲ?” ဆိုတာထက်“ဒီမြေက ...
25/08/2026

🏡 အိမ်ခြံမြေဝယ်မယ်ဆိုရင်
“ဈေးနှုန်း” တစ်ခုတည်းကို မကြည့်ပါနဲ့
အိမ်ခြံမြေတစ်ခုဝယ်ယူတဲ့အခါ
“ဈေးဘယ်လောက်လဲ?” ဆိုတာထက်
“ဒီမြေက တကယ်တန်ရဲ့လား?” ဆိုတာကို
ပိုပြီးစဉ်းစားသင့်ပါတယ်။ 💰
📍 တည်နေရာကောင်းလား?
🚗 လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလား?
📈 အနာဂတ်တန်ဖိုး တက်နိုင်ခြေရှိလား?
📑 စာရွက်စာတမ်းတွေ မှန်ကန်ပြည့်စုံလား?
🏘️ ပတ်ဝန်းကျင်နဲ့ အနီးအနားဖွံ့ဖြိုးတိုးတက်မှု
ဘယ်လိုရှိလဲ?
အိမ်ခြံမြေဆိုတာ
ဒီနေ့ဝယ်ပြီး မနက်ဖြန်ပြန်ရောင်းတဲ့
ပစ္စည်းတစ်ခုမဟုတ်ပါဘူး။
ကိုယ့်ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု
ဖြစ်နိုင်တာကြောင့်
ဝယ်ယူမယ့်အိမ်ခြံမြေကို သေချာစွာစစ်ဆေးပြီးမှ
ဆုံးဖြတ်သင့်ပါတယ်။ 🔑
“ဈေးသက်သာတာထက် တန်ဖိုးရှိတာကို ရွေးချယ်ပါ။” ✨
🏠 Convenient Real Estate
သင့်ရဲ့ အိမ်ခြံမြေရွေးချယ်မှုတိုင်းအတွက်
မှန်ကန်တဲ့အချက်အလက် + ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှု နဲ့ အကောင်းဆုံးရွေးချယ်နိုင်အောင် ကူညီပေးပါမယ်။
📩 အိမ်၊ ခြံ၊ မြေ ဝယ်/ရောင်း/ငှားလိုပါက
Inbox မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။



#အိမ်ခြံမြေ
#အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု

22/08/2026

🚨 စက်တင်ဘာ (၁) ရက်နေ့မှစ၍ အိမ်ခြံမြေ အရောင်းအဝယ်လုပ်မယ့်သူတိုင်း မဖြစ်မနေ သိထားရမယ့် အခွန်ဆိုင်ရာ အချက်များ
အိမ် 🏠 | ခြံ 🌳 | မြေ 🏞️ | တိုက်ခန်း 🏢
အရောင်းအဝယ်ပြုလုပ်တော့မယ်ဆိုရင် “အခွန်ကိစ္စကို နောက်မှရှင်းမယ်” ဆိုပြီး မထားသင့်တော့ပါဘူး။
စက်တင်ဘာ (၁) ရက်နေ့မှစတင်၍ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း စသည့် အိမ်ခြံမြေများ အရောင်းအဝယ်ပြုလုပ်ရာတွင် အခွန်ဆိုင်ရာ အထောက်အထားများ ပြည့်စုံစွာ တင်ပြနိုင်မှသာ သက်ဆိုင်ရာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းနှင့် အမည်ပေါက်ပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည့်အခြေအနေ ဖြစ်လာနိုင်သောကြောင့် အရောင်းအဝယ်မပြုလုပ်မီ ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးပါတယ်။
🔹 ၁။ ဝယ်ယူသူများအနေဖြင့် သိထားရန်
ဝယ်ယူသူဘက်မှ မိမိ၏ ဝင်ငွေခွန်စည်းကြပ်/ပေးဆောင်ထားကြောင်း အထောက်အထားများ အပြင်—
👉 ရောင်းချသူဘက်မှ အခြေပစ္စည်းရောင်းချခြင်းမှ မြတ်စွန်းငွေအပေါ် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် စသည့် သက်ဆိုင်ရာ အထောက်အထားများကိုလည်း တင်ပြနိုင်ရန် လိုအပ်လာနိုင်ပါတယ်။
ဒါကြောင့် စာချုပ်မချုပ်ဆိုမီ ရောင်းသူဘက်က အခွန်ကင်းရှင်းရေး အခြေအနေကို ကြိုတင်စစ်ဆေးထားခြင်း က အရေးကြီးပါတယ်။
🔹 ၂။ ရောင်းချသူများအနေဖြင့် သိထားရန်
အိမ်ခြံမြေ ရောင်းချရာမှ အမြတ်အစွန်းရရှိပါက အခြေပစ္စည်းမှ မြတ်စွန်းငွေခွန် နှင့် သက်ဆိုင်နိုင်ပါတယ်။
📌 တစ်နှစ်အတွင်း ရောင်းချသည့် အခြေပစ္စည်းများ၏ တန်ဖိုးနှင့် အမြတ်အစွန်းအခြေအနေအပေါ် မူတည်၍ အခွန်ပေးဆောင်ရန် တာဝန်ရှိနိုင်ပါတယ်။
📌 အရောင်းအဝယ်ပြုလုပ်ပြီးနောက် သတ်မှတ်ထားသည့်ကာလအတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနရုံး တွင် လိုအပ်သော ကြေညာလွှာနှင့် အထောက်အထားများ တင်ပြဆောင်ရွက်ရပါမယ်။
🔹 ၃။ အခွန်တွက်ချက်ရာမှာ ဘယ်လိုတွက်မလဲ?
အခြေခံအားဖြင့်—
ရောင်းရငွေ
➖ မူလဝယ်ယူခဲ့သည့် တန်ဖိုး
➖ သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုနိုင်သော ပြင်ဆင်စရိတ်/အရောင်းအဝယ်ကုန်ကျစရိတ်များ
= မြတ်စွန်းငွေ (Profit)
ထိုမြတ်စွန်းငွေအပေါ် သက်ဆိုင်ရာ အခွန်နှုန်းထားနှင့်အညီ အခွန်ပေးဆောင်ရမည် ဖြစ်ပါတယ်။
⚠️ အရေးကြီး: အခွန်တွက်ချက်မှုမှာ ပစ္စည်းတန်ဖိုး၊ ဝယ်ယူထားသည့်အထောက်အထား၊ ကုန်ကျစရိတ်များနှင့် သက်ဆိုင်ရာ အခွန်စည်းမျဉ်းများအပေါ် မူတည်နိုင်သဖြင့် အရောင်းအဝယ်မပြုလုပ်မီ သက်ဆိုင်ရာ အခွန်ရုံး/အခွန်ကျွမ်းကျင်သူထံမှ လက်ရှိသတ်မှတ်ချက်များကို အတည်ပြုစစ်ဆေးပါ။
✅ အရောင်းအဝယ်မလုပ်ခင် ဒီအချက်တွေကို ကြိုတင်စစ်ဆေးပါ
☑️ ဝယ်သူဘက်မှ အခွန်ဆိုင်ရာ အထောက်အထား
☑️ ရောင်းသူဘက်မှ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်
☑️ မူလဝယ်ယူခဲ့သည့် စာချုပ်/အထောက်အထား
☑️ ရောင်းချမှုနှင့် သက်ဆိုင်သော ကုန်ကျစရိတ် အထောက်အထားများ
☑️ အမည်ပေါက်ပြောင်းလဲခြင်းနှင့် စာချုပ်မှတ်ပုံတင်ခြင်းအတွက် လိုအပ်ချက်များ
အိမ်ခြံမြေဆိုတာ ငွေပမာဏကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်တာကြောင့် “အရင်ဝယ်ပြီးမှ အခွန်ရှင်းမယ်” မလုပ်ဘဲ “အခွန်အခြေအနေကို အရင်စစ်ပြီးမှ အရောင်းအဝယ်လုပ်ပါ” လို့ အကြံပြုချင်ပါတယ်။

အရောင်းအဝယ်မပြုလုပ်မီ အခွန်နှင့် စာချုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကြိုတင်စစ်ဆေးပြီး စိတ်ချရတဲ့ အရောင်းအဝယ်ဖြစ်အောင် ဆောင်ရွက်ကြပါစို့။
#အိမ်ခြံမြေ
#အိမ်ခြံမြေအရောင်းအဝယ်
#အခွန်ဥပဒေ
#အိမ်ခြံမြေအခွန်

09/08/2026

✨ Build with Quality.
Build with Confidence.
Build with JHDE.
သင့်အိမ်၊ သင့်လုပ်ငန်းခွင်နဲ့ သင့်အနာဂတ်အတွက်
ယုံကြည်စိတ်ချရတဲ့ ဆောက်လုပ်ရေးမိတ်ဖက်တစ်ဦးကို ရွေးချယ်ဖို့
အခုပဲ!!!
📩 JHDE ကို ယနေ့ပဲ ဆက်သွယ်လိုက်ပါ။
👇👇👇
+959440700450
[email protected]





🎉 အထူးသတင်းကောင်း! 🎉🏡 အင်းစိန်ခရိုင် အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် အိမ်ခြံမြေအကျိုးဆောင်များအတွက်မိမိ၏ အိမ်ခြံမြေလုပ်င...
03/08/2026

🎉 အထူးသတင်းကောင်း! 🎉
🏡 အင်းစိန်ခရိုင် အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် အိမ်ခြံမြေအကျိုးဆောင်များအတွက်
မိမိ၏ အိမ်ခြံမြေလုပ်ငန်းကို ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ။
မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA - Myanmar Real Property Development Association) မှ ကြီးမှူးကျင်းပမည့်
📚 နိုင်ငံတော်အဆင့် အိမ်ခြံမြေအကျိုးဆောင် အသိပညာပေး အထူးမွမ်းမံသင်တန်း
ကို အင်းစိန်ခရိုင်အတွက် များမကြာမီ ကာလတွင်
ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။
✅ အိမ်ခြံမြေအကျိုးဆောင်လိုင်စင် ရရှိရန် စိတ်ဝင်စားသူများ
✅ အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့လိုသူများ
✅ အိမ်ခြံမြေလုပ်ငန်းတွင် အသိပညာနှင့် ကျွမ်းကျင်မှု မြှင့်တင်လိုသူများ
အားလုံး တက်ရောက်သင့်သည့် အထူးသင်တန်း ဖြစ်ပါသည်။
📩 စာရင်းပေးသွင်းလိုပါက Messenger (Chat Box) မှ တိုက်ရိုက်စာရင်းပေးနိုင်သလို၊ အောက်ပါတာဝန်ရှိသူများထံသို့ ဖုန်း (သို့မဟုတ်) Viber မှတစ်ဆင့်လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။
📞 ဆက်သွယ်ရန် • ဦးကျော်သူနိုင် (ဥက္ကဋ္ဌ – အင်းစိန်ခရိုင်) – 09 881 336167
• ဒေါ်ခင်မိုးနှင်း (ဒုဥက္ကဋ္ဌ) – 09 45256 8062
• ဒေါ်အိအိသိန်း (အတွင်းရေးမှူး) – 09 777 350535
• ဦးဂျာနော် (ဘဏ္ဍာရေးမှူး) – 09 440 700 450
• ဒေါ်ဧကရီကျော် (စာရင်းစစ်) – 09 42103 4940
• ဦးအောင်ကျော်မြင့် (စည်းရုံးရေးမှူး) – 09 44042 1710
• ဒေါ်အေးအေးသော် (တွဲဖက်အတွင်းရေးမှူး) – 09 42027 3500
• ဒေါ်ဖြူဖြူဦး (တွဲဖက်ဘဏ္ဍာရေးမှူး) – 09 263 329 991
• ဒေါ်သန်းသန်းဝင်း (တွဲဖက်စာရင်းစစ်) – 09 421 002 256
✨ အခွင့်အရေးကို လက်မလွတ်စေနဲ့! ယနေ့ပဲ စာရင်းပေးသွင်းပြီး ပရော်ဖက်ရှင်နယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအဖြစ် ရှေ့တိုးလိုက်ပါ။
#အိမ်ခြံမြေအကျိုးဆောင် :::

The Curse of Competence  “တတ်မြောက်မှု၊ ကျွမ်းကျင်မှု၊ အရည်အချင်းများလွန်းခြင်းကြောင့် ဖြစ်လာနိုင်သော မမြင်ရသည့် အန္တရာယ...
19/07/2026

The Curse of Competence
“တတ်မြောက်မှု၊ ကျွမ်းကျင်မှု၊
အရည်အချင်းများလွန်းခြင်းကြောင့်
ဖြစ်လာနိုင်သော မမြင်ရသည့် အန္တရာယ်”
ကျွမ်းကျင်မှုက ကောင်းမြတ်သောအရာဖြစ်ပေမယ့်
နှိမ့်ချမှု၊ မျှဝေတတ်မှု၊
အခြားသူများကို တိုးတက်စေမှု မရှိရင်
အဲဒီကျွမ်းကျင်မှုက
“ကျိန်စာ” တစ်ခုလို ဖြစ်လာနိုင်ပါတယ်။

ရှင်ယာကုပ် 4:6

ထိုဝိညာဉ်တော်သည်
သာ၍များသော ကျေးဇူးကို ပြုတော်မူ၏။
ထိုသို့နှင့်အညီ
ကျမ်းစာလာသည်ကား၊
ထောင်လွှားစော်ကားသောသူတို့ကို
ဘုရားသခင် ဆီးတားတော်မူ၏။
စိတ်နှိမ့်ချသော သူတို့အား
ကျေးဇူးပြုတော်မူ၏ဟု လာသတည်း။
*
အရည်အချင်းများလာတဲ့အခါ —
မိမိကိုယ်ကို အားကိုးလာနိုင်တယ်။
မာန်တက်လာနိုင်တယ်။
ဘုရားကို အားကိုးခြင်း
လျော့နည်းလာနိုင်တယ်။
နှိမ့်ချမှု ပျောက်ဆုံးလာနိုင်တယ်။

**
ခေါင်းဆောင်မှုမှာ
ခေါင်းဆောင်တစ်ယောက်က
အရာအားလုံးကို ကိုယ်တိုင်လုပ်နိုင်တယ်။
ဒါကြောင့် အခြားသူတွေကို မလွှဲအပ်ဘဲ
ကိုယ်တိုင်ပဲ လုပ်နေတတ်တယ်။
အဲဒါက
အဖွဲ့သားတွေကို မတိုးတက်‌စေတော့ဘူး။

***
အလုပ်ခွင်တစ်ခုမှာ
လူတစ်ယောက်က အလုပ်အရမ်းတော်မယ်။
အားလုံးက သူ့ကိုပဲ အားကိုးလာမယ်။
အစမှာဟုတ်သလိုနဲ့
အလုပ်အသစ်တွေ၊
တာဝန်တွေ အမြဲသူ့ဆီပဲ ရောက်လာမယ်။
နောက်ဆုံးမှာ ‌အဲဒီက
ရုန်းထွက်ဖို့/ တိုးတက်ဖို့
အချိန်မရတော့ဘူး။

Vital Spirit (JHDE)

16/07/2026

2026 FIFA World Cup
Final Tournament


16/07/2026

JHDECONSTRUCTION
[email protected]
+959440700450
+959763273045

#အိမ်ဆောက်ခြင်း




11/07/2026

TYC B3





10/07/2026

"မဟေရရှာလလဟာရှဗတ်”

Address

Kaytumati Street
Insein
11011

Alerts

Be the first to know and let us send you an email when JHDE Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JHDE Construction:

Shortcuts

Share