03/12/2022
M&E အပိုင်းကို ပေါ့သေးသေးထင်ကြသူများ
_______________________________
ကျွန်တော်နေတဲ့ တိုက်ခန်းမှာ block တခုမှာ တလွှာ ၂ခန်း / ၄ လွှာ ၈ခန်း ရှိပါတယ် ။
ပြသာနာက မီးမမှန်တော့ ရေပြသာနာက စလာပါပြီး
ခုဆိုတိုက်ခန်းပြောင်းလာတဲ့ ၂လအတွင်း တချို့ရက်တွေဆို ၂ ရက်ဆက်တိုက်ထိ ရေပြတ်လွန်းလို့ ကျောင်းသားတွေများ အပေါ့/အလေး သွားချင်ရင် ငါတော့ အားနာစရာကောင်းလိုက်တာဆိုပြီး စိတ်တောင် ဖိစီးရပါတယ် ။
ကိုယ်လဲ mechanical engineer ဆိုတော့ အကုန် ရေပန့်တွေ ရေလှောင်ကန်တွေ အကုန် မွှေလှန်စစ်လိုက်တော့ ပြသာနာက တွက်ချက်ပြရရင် ....
Block တလုံးကို ၄ လွှာ/ တလွှာ -၂ ခန်း / တခန်း- အိမ်ထောင် တစု / အိမ်ထောင်တစု - လူ ၅ယောက် / လူတယောက် - အထွေအထွေသုံးရေ တနေ့ ဂါလံ ၄၀ / မှန်းခြေတွက်ရင်တောင် အိမ်ထောင်တစု သုံးရေဟာ ဂါလံ တနေ့ ၂၀၀ ပါ …။
တခန်း ရေဂါလံ ၂၀၀ သုံးရင် ၄လွှာ - ၈ခန်း တွက်ဟာ ဂါလံ 1,600 ကုန်မှာပါ ....။
ခု ထည့်ထားတဲ့ ရေကန် (ground tank)က ဂါလံ 1,000 ဆန့်ကန်သာသာဘဲ ထည့်ပေးထားတယ်ဗျာ ။
ပုံမှန် မီး အမြဲ လာနေချိန်ကတော့ ကုန်ရင် ရေပြန်တင်တော့ ပြသာနာ မဖြစ်ဘူး။
ခုဟာ မီးမလာတော့ အောက်ရေကန်ကိုပင် ရေမှန်အောင် မဖြည့်နိုင်တော့ အပေါ် အိမ်သုံး tank တွေလဲ မီးစက်ရှိလို့ စက်နိုးရေတင်ချင်တောင် အောက်ကန်ထဲ ရေမရှိ ။
အောက်ရေကန် storage ကို လူဦးရေနဲ့ ပျမ်းမျှ သေချာ design မတွက်ဘဲ back up မထားဘဲ ဆောက်ခဲ့ပုံရပါတယ်။
အတော်တော့ ဆိုးပါတယ် ဗျာ ...။
ဒါဘာလဲဆ်ိုရင် M&E ပိုင်းကို မကျွမ်းကျင်တာလား / အရေးမပါဘူး ဆိုပြီး facilities ကို လျော့တွက်တာလား ဆိုတာတော့ ဒီ အဆောက်အဦးကို ဆောက်တဲ့ ကုမ္ပဏီဘဲ သိမှာပါ။
နောက်နောင် အဆောက်အဦး ဆောက်ချင်ရင် အသေးအဖွဲ့ Design တွက်တာနဲ့ လက်တန်းတွက်လို့တောင်ရတဲ့ အဆောက်အဦးဆို ကျွန်တော်ဆီသာ လာမေးပါ free consultant လုပ်ပေးပါ့မယ်ဗျာ ။
ဒါမျိုးတွေ မြင်ရ ကြုံရတာ တကယ် အသဲယားပြီး နေထိုင်ရတာ အသင့်အတင့်တောာင် smart မဖြစ်ဘူးဗျာ ။ 😂
ပိုင်ရှင်ပြောတဲ့ ရေ၊ မီး အစုံပါတယ် ဆိုတဲ့ စကားလဲ အပြုသဘောပါဘဲ။ တကယ် အဆင်ပြေနေခြင်းမရှိ။
ရေဆိုတာ တနေ့တာ လူ့ဘဝ နေထိုင်မှုရဲ့ ၆၀% အရေးပါမှုကို မတွက်ချက်တဲ့ construction ကုမ္ပဏီကိုလဲ တကယ် ဩချရပါတယ် ။
ခုတော့ တိုက်ခန်းငှားနေမိလို့ အနီးနားကရှိတဲ့ စည်ပင် ၂၀၀ ပေးရတဲ့ toilet ပြေးရတဲ့ အလုပ်တခုပိုလာပါတယ် 🤣🤣🤣