Logistics Force Mandalay - LFM

Logistics Force Mandalay - LFM Logistics Force Mandalay - LFM (ထောက်ပို့အင်အားစု - မန္တလေး)
(1)

09/12/2025

❝ တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံးသော ဟစ်ကြွေးသံ ❞

မနက်ဖြန် ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်မယ့် "အပြင်မထွက် အသံတိတ်" သပိတ် (Silent Strike) မှာ ပါကြဖို့ ပြည်သူလူထုတရပ်လုံးကို အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ငါတို့ မြို့ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်။


#အသံတိတ်သပိတ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး စစ်သင်တန်းဆင်းပွဲ အပတ်စဉ်(၁၇)
19/09/2025

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး စစ်သင်တန်းဆင်းပွဲ

အပတ်စဉ်(၁၇)

19/06/2025

Happy 80th Birthday🎂 အမေစု 🎂 အမြန်ဆုံး အချုပ်အနှောင်က လွတ်မြောက်ဖို့ LFM မှ ဆုတောင်းပေးပါတယ်🙏🙏🙏

သဝဏ်လွှာပေးပို့ခြင်း
13/06/2025

သဝဏ်လွှာပေးပို့ခြင်း

သဝဏ်လွှာပေးပို့ခြင်း

တအာင်းပြည်ကောင်စီ (Ta’ang Land Council) ဖွဲ့စည်းခြင်းအား ထောက်ခံဂုဏ်ပြုကြိုဆိုခြင်းသဝဏ်လွှာ
ရက်စွဲ။ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ရက်

၁။ ၂၀၂၅ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိကာလအတွင်း တအာင်းအမျိုးသားပါတီ (TNP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) တို့၏ နိုင်ငံရေးထိပ်သီးအစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး တအာင်းပြည်တော်လှန်ရေးကာလ အစိုးရအစီအမံကို လက်ခံအတည်ပြုကာ တအာင်းပြည်ကောင်စီ (Ta’ang Land Council) ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းအတွက် ကျန်းမာရေးမိသားစု (မန္တလေး) (Medical Family Mandalay) က များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
၂။ တအာင်းပြည်ကောင်စီ (Ta’ang Land Council) သည် တအာင်းပြည်၏ တော်လှန်ရေးကာလ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းအဖြစ်ဖြင့် ဦးဆောင်ဦးရွက်ပြုကာ တအာင်းပြည်သူလူထုက မျှော်မှန်းထားသည့် ဆက်လက်လုပ်ဆောင် အကောင်အထည်ဖော်ရမည့် နိုင်ငံရေး၊စစ်ရေးရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟုလည်း ကျန်းမာရေးမိသားစု (မန္တလေး) က အပြည့်အဝ အခိုင်အမာ ယုံကြည်ပါသည်။
၃။ တအာင်းပြည်ကောင်စီ ဖွဲ့စည်းခြင်းဟူသည့် အရေးပါသော နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုအရွေ့အား အခြေခံကာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် နယ်မြေများတွင် ပြည်သူ့အစိုးရတစ်ရပ်ပေါ်ပေါက်ရေးနှင့် အခြားသော မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုသည့် ကြေညာချက်ကို ဝမ်းမြောက်ဝမ်းသာ ထောက်ခံကြိုဆိုပါကြောင်းနှင့် ကျန်းမာရေးမိသားစု (မန္တလေး) အနေဖြင့်လည်း နွေဦးတော်လှန်ရေး ပြီးဆုံးအောင်မြင်သည်အထိ ကျရာအခန်းကဏ္ဍမှ အတူပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကျန်းမာရေးမိသားစု-မန္တလေး(MFM)

26/05/2025

Safe Hospital, Safe Healthcare Fundraising Campaign အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၏ တိုက်တွန်းနှိုးဆော်ချက်

OFP Fund Raiser များ၊ GoFundMe (Brighter Future Foundation နှင့် HDFM) နှင့် Spring Crowd Fund (SCF) တို့မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ နိုင်ငံအလိုက် လှူဒါန်းနိုင်သည့် Fund Raiser များစာရင်းကို NUG ကျန်းမာရေးဝန်ကြီးဌာနက မကြာမီ ဆက်လက်ထုတ်ပြန်ပေးပါမည်။

Safe Hospital, Safe Healthcare

ရည်မှန်းချက် (Target) - အမေရိကန်ဒေါ်လာ ၄ သိန်း
Campaign ကာလ (Duration) - မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ

မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန် ပါဝင်ကူညီလှူဒါန်းကြဖို့ ဖိတ်ခေါ်ပါသည်။

Fundraising Campaign: Building Safe Hospitals for Safe Healthcare in Myanmar

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Safe Hospital, Safe Healthcare ရည်မှန်းချက် (Target) - အမေရိကန်ဒေါ်လာ ၄ သိန်းCampaign ကာလ (Duration) - မေလ ၂၄ ရက်နေ့မှ ဇ...
24/05/2025

Safe Hospital, Safe Healthcare

ရည်မှန်းချက် (Target) - အမေရိကန်ဒေါ်လာ ၄ သိန်း
Campaign ကာလ (Duration) - မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ

မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန် ပါဝင်ကူညီလှူဒါန်းကြဖို့ ဖိတ်ခေါ်ပါသည်။

Fundraising Campaign: Building Safe Hospitals for Safe Healthcare in Myanmar

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

ဖိတ်ခေါ်ပါသည်
10/11/2024

ဖိတ်ခေါ်ပါသည်

ကျန်းမာရေးတတ်သိပညာရှင်များ ဖိတ်ကြားခြင်း

တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) သည် တအာင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ကျန်းမာရေးမိသားစု - မန္တလေး (MFM)၊ နွေဦးတော်လှန်ရေး၏ မိတ်ရင်းကျန်းမာရေး တတ်သိပညာရှင်များ၊ ကျန်းမာရေး CDMers များနှင့်အတူ လက်တွဲ၍ တအာင်းပြည်နယ်၏ ကျန်းမာရေးယန္တရားကို လည်ပတ်လျက်ရှိပါသည်။

သို့သော်လည်း တအာင်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေးယန္တရားကို တည်ဆောက်နိုင်ရန်အတွက် တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) အနေဖြင့် ကျန်းမာရေးဝန်ထမ်းအင်အားများ များစွာ လိုအပ်လျက် ရှိနေပါသေးသည်။

သို့ဖြစ်ပါ၍ တအာင်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကျန်းမာရေးယန္တရား တည်ဆောက်နိုင်ရန်အတွက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) နှင့်လက်တွဲ၍ တအာင်းပြည်နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများ၌ တာဝန်ထမ်းဆောင်လိုသော ကျန်းမာရေး CDMers များ၊ Non-CDM မဟုတ်သော ကျန်းမာရေးတတ်သိပညာရှင်များအား တအာင်းပြည်နယ်ကျန်းမာရေးကောင်စီ (THC) နှင့် ကျန်းမာရေးမိသားစု - မန္တလေး (MFM) တို့မှ ဂုဏ်ယူလှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။

တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) နှင့်အတူ လက်တွဲ၍ တအာင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ကျန်းမာရေးလိုအင်များကို ဖြည့်တင်းမြှင့်တင်ပေးလိုသော ကျန်းမာရေးတတ်သိပညာရှင်များအနေဖြင့် ပေးထားသော google form ကို ဖြည့်သွင်း၍သော်လည်းကောင်း၊ Telegram Channel ကို ချိတ်ဆက်မေးမြန်း၍လည်းကောင်း၊ THC Email ကို ဆက်သွယ်၍သော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

21/08/2024
19/08/2024
အထူးကျေးဇူးတင် ဂုဏ်ပြုခြင်း၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း နောင်ချိုမြို့၊ စဉ့်ကူးမြို့နှ...
27/07/2024

အထူးကျေးဇူးတင် ဂုဏ်ပြုခြင်း

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း နောင်ချိုမြို့၊ စဉ့်ကူးမြို့နှင့် မိုးကုတ်မြို့တို့ကို အောင်မြင်စွာ သိမ်းပိုက်ပြီး စစ်ကောင်စီတပ်များကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအား မြို့နေ ပြည်သူများ၊ တော်လှန်ပြည်သူများနှင့်ထပ်တူ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲတိုင်း အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ကျန်းမာရေးမိသားစု - မန္တလေး (MFM)

အထူးကျေးဇူးတင် ဂုဏ်ပြုခြင်း၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း သံတွဲမြို့ အပါအဝင် ရက္ခိုင်ပြည...
27/07/2024

အထူးကျေးဇူးတင် ဂုဏ်ပြုခြင်း

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း သံတွဲမြို့ အပါအဝင် ရက္ခိုင်ပြည်၏ မြို့များကို အောင်မြင်စွာ သိမ်းပိုက်ပြီး စစ်ကောင်စီတပ်များကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည့် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအား ရက္ခိုင်သားများ၊ တော်လှန်ပြည်သူများနှင့်ထပ်တူ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲတိုင်း အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ကျန်းမာရေးမိသားစု - မန္တလေး (MFM)

Address

Mandalay
05021

Alerts

Be the first to know and let us send you an email when Logistics Force Mandalay - LFM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Logistics Force Mandalay - LFM:

Share

Category