09/08/2026
လက်တွေ့ နှင့် Theory
(Minimum bending radius)
11KV 3 core cableတွေကို bending လုပ်တဲ့အခါ 12Dထက် ပို မကွေးသင့်ပါဘူးလို့ လေ့လာခဲ့ဘူးတယ်။
ဥပမာ ၊ 70mm2cableဆိုရင် outer diameter 60mmလောက်ရှိမယ်။
12D= 12x 60= 720mm
=0.72m
0.72meterဆိုတာ bendingလုပ်မဲ့ အချင်းဝက်ဖြစ်တယ်။
တနည်းအားဖြင့် အချင်း 1.44mရှိသင့်တယ်လို့ ယူဆတယ်။
လက်တွေ့မှာတော့ အောက်ပါပုံအတိုင်း သွယ်တန်းထားတာတွေ့ရပါတယ်။
အခုတော့ ဘာမှမဖြစ်သေးဘူး လမ်းသွားရင်း သတိထားမိတာ ၂ နှစ်လောက်ရှိပြီ နောက်တော့ ------.
(မည်သို့ပင်ဆိုစေကာမူ manufactureရဲ့ instructionကိုတော့ လိုက်နာသင့်ပါတယ်)
Engr, Zaw Win Maw