02/07/2026
🌧️ မိုးများလို့ စိုက်ခင်းထဲ ရေဝပ်နေပြီလား? သီးနှံတွေမပုပ်ခင် LEO နဲ့ အမြန်ဆုံး ရေထုတ်လိုက်ပါ!
စိုက်ပျိုးရေးလုပ်ငန်းမှာ ရေရရှိဖို့ အရေးကြီးသလိုပဲ... မိုးသည်းထန်စွာရွာသွန်းတဲ့အခါ စိုက်ခင်းထဲ ရေလျှံ၊ ရေဝပ်ပြီး စပါးနဲ့ သီးနှံပင်တွေ ရေနစ်ပုပ်သိုးပျက်စီးရတဲ့ ဒုက္ခကလည်း တောင်သူဦးကြီးတိုင်း ရင်ဆိုင်ရလေ့ရှိတဲ့ စိန်ခေါ်မှုတစ်ခုပါ။
အချိန်မီ ရေမထုတ်နိုင်ရင် တစ်ရာသီလုံး ပင်ပန်းသမျှ သဲထဲရေသွန်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် စိုက်ခင်းထဲက ရေလျှံမှုတွေကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်နဲ့ ထိရောက်စွာ ထုတ်ပစ်နိုင်ဖို့ မြင်းကောင်ရေ (HP) အားကောင်းတဲ့ LEO ရေပန့်များ ကို ဆောင်ထားဖို့ တိုက်တွန်းပါရစေနော် ။
🚜 စိုက်ခင်းရေထုတ်ဖို့ LEO Pump ကို ဘာကြောင့် ရွေးချယ်သင့်လဲ။
* LEO ရဲ့ အင်ဂျင်မော်တာတွေက မြင်းကောင်ရေအား ကောင်းမွန်တဲ့အတွက် စိုက်ခင်းကျယ်ကြီးတွေထဲမှာ အိုင်ထွန်းနေတဲ့ ရေအမြောက်အမြားကို အချိန်တိုအတွင်း အမြန်ဆုံး တွန်းထုတ်ပေးနိုင်ပါတယ်။
* စိုက်ခင်းထဲက ရေတွေဟာ ရေကြည်မဟုတ်ဘဲ ရွှံ့နွံတွေ၊ မြက်ခြောက်တွေ ပါတတ်ပါတယ်။ LEO ရဲ့ စိုက်ပျိုးရေးသုံး ရေပန့်အမျိုးအစားတွေဟာ အမှိုက်နဲ့ ရွှံ့နွံဒဏ်ကို ခံနိုင်ရည်ရှိအောင် အထူးထုတ်လုပ်ထားလို့ စက်ပိတ်ဆို့တာမျိုး မရှိဘဲ လည်ပတ်နိုင်ပါတယ်။
* တောင်သူဦးကြီးတို့ တွက်ခြေကိုက်စေဖို့အတွက် စက်သုံးဆီ/မီးအား စားသုံးမှုကို လျှော့ချပေးပြီး ရေရှည်အကြမ်းခံအောင် သေချာတည်ဆောက်ထားပါတယ်။
💡 တောင်သူဦးကြီးတို့ရဲ့ သီးနှံအထွက်နှုန်း မထိခိုက်စေဖို့ စိုက်ခင်းထဲက ရေဝပ်တဲ့ပြဿနာကို LEO ရေပန့်တွေနဲ့ အမြန်ဆုံး ဖြေရှင်းလိုက်ပါ။
LEO Group Myanmar Viber Channel မှာလည်း ရေပန့်တွေနဲ့ အသုံးပြုပုံတွေကို အမြဲ တင်ပေးနေမှာဖြစ်လို့ အောက်က Link လေးကို နှိပ်ပြီး Join ထားဖို့ မမေ့နဲ့နော်
https://invite.viber.com/?g2=AQBxXlxxcI8gUFWkLaPlSgSRUCWsc90ZTgPO4NOHIb8zxeVPkBs%2Fz%2Fkqvr7Avbxt