14/06/2018
Mediatek Device အများစုမှာဖြစ်တတ်တဲ့ Firmware ရေးပြီး LCD ဖွေးသွားတာကို ဖြေရှင်းကြမယ်
=========================================
ဒီနည်းလမ်းကိုတော့ MTK Device အကုန်လုံးနီးနီးမှာသုံးလို့ရပါတယ်။
ဒီဟာနဲ့ Fix လုပ်တော့မယ်ဆိုရင် တင်မယ့် Firmware လေးကို အရင်ဆွဲထားလိုက်ပါဦး။
ဒီပြသနာကြုံလာရရင် အများစုက
၁။ အကောင်းတစ်လုံးက Readback ထုတ်ပြီး ပြန်ရေးတာ
၂။ ကိုက်တဲ့ Firmware ကို ပိုက်ပိုက်ပေးပြီး လိုက်ဝယ်တာ
၃။ LCD လဲကြည့်ပြီးတော့ ဖြေရှင်းတာ မျိုးကိုပဲ လုပ်တတ်ကြပါတယ်။
ဒီပြသနာက ဘာကြောင့်ဖြစ်ရသလဲ လေ့လာကြည့်လိုက်တော့ Linux Kernel က LCD Driver မကိုက်တာကြောင့်လို့ဆိုပါတယ်။ Kernel လား MTK ဖုန်းတွေမှာ uboot ပေါ့ဗျာ။ တစ်ခါတစ်လေမှာလည်း driver ရှိပါလျက်နဲ့ အဲဒီ Driver ကို load လုပ်မယ့် configuration ဖိုင်တွေဒုက္ခပေးတာကြောင့်လည်း ဒီပြသနာ ပေါ်ရပါတယ်။
ဒီ Post ကိုမရေးခင် Internet မှာလျှောက်ရှာကြည့်တော့ တိကျတဲ့နည်းလမ်း မတွေ့ဘူးဗျ။ ဒီနည်းလမ်းကတော့ ကျွန်တော်ကိုယ်တိုင် စမ်းလုပ်ကြည့်လို့ OK နေတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
ဒီနည်းလမ်းကတော့ Firmware အပြင် ဘာမှမလိုပါဘူး။
Box လည်းသုံးစရာမလိုပါဘူး။ စဉ်းစားတတ်တဲ့ စိတ်လေးနည်းနည်းနဲ့
အပင်ပန်းခံနိုင်ဖို့ပဲလိုပါတယ်။
လိုအပ်ရင်တော့ bootloader unlock လုပ်ထားပါ။
မလုပ်ထားရင် Power သေတတ်တယ်။
ပြီးရင်စမယ်။
၁။ Firmware မရေးခင်မှာ Phone ကို Readback ထုတ်ပြီး Backup အရင်လုပ်ပေးလိုက်ပါ။
ဖုန်းပွင့်သေးတဲ့ အနေအထားမှာ Root ရှိခဲ့မယ်ဆိုရင် MTKDroidTools နဲ့ Backup လုပ်နိုင်ပါတယ်။ တကယ်လို့ Root မရှိရင်လည်း SP FlashTool ကို သုံးပြီးတော့ Read Back ထုတ်နိုင်ပါတယ်၊ အဲတော့ မေးကြတော့မယ်ထင်တယ် ခင်ဗျားဗျာ။
Phone မပွင့်လို့ ScatterFile ထုတ်လို့မရတာကို ဘယ်လို Readback ထုတ် မတုန်း။ စောစောက Firmware ဆွဲထားတယ်လေ။ အဲဒီအထဲက ScatterFile ယူပေါ့။ Readback လုပ်မယ်ဆိုရင် Full Readback ဖြစ်ဖို့လိုပါတယ်။
၂။ Full Readback လုပ်ဖို့အတွက် Scatter File ကို Notepad ++ နဲ့ဖွင့်ပြီးတော့ file_name: NONE ဖြစ်နေတဲ့နေရာတိုင်းမှာ ကိုယ်ကြိုက်တဲ့နာမည်တစ်ခုခုထည့်ရေးပေးပါ။ ပြီးရင် is_download မှာ false ကို true ပြောင်းပြီး Save မှတ် OK။
ဒါပေမယ့် userdata အောက်က partition တွေကိုတော့ readback မှာယူဖို့မလိုဘူးဗျား။ ယူချင်ယူမယူချင်နေ။ OK ခင်ဗျားဗျာ မကောင်းတဲ့ ဖုန်းက Firmware ကို ဘာလုပ်ဖို့တုန်း၊ Power မလာဘူး။ Virus တွေနဲ့ Wifi မရတာနဲ့။ ဘာလုပ်ဖို့ Readback လုပ်ခိုင်းသလဲဆို လာပါလိမ့်မယ်။
၃။ အဲဒီလို Read back လုပ်ပြီးရင်တော့ ရလာတဲ့ Firmware ကို သေချာသိမ်းထား။ ပြီး အသစ်ဆွဲထားတဲ့ Firmware ကိုပြန်တင်ကြည့်ပေါ့ဗျ။ ဘာမှပြသနာမရှိဘူး။
အားလုံး OK တယ်ဆိုရင် ဘာမှ လုပ်ဖို့မလိုတော့ဘူး။ ပြီးပြီ။
၎။ ဟီး Firmware လည်းတင်လိုက်ရော ငါ့ Screen ကြီးဖွေးသွားပါလား။
အနက်ရောင်လေးဖြစ်သွားပါလား၊ အရောင်စုံတွေပေါ်လာပါလား။ အသံမထွက်တော့ပါလား။ စသဖြင့် လားတွေများလာပြီဆိုရင်
ဖြေရှင်းဖို့လိုအပ်လာမှာဖြစ်ပါတယ်။
၅။ ဒီတော့ Read back ထုတ်ထားတဲ့ Firmware နဲ့ Download လုပ်ထားတဲ့ Firmware နှစ်ခုလုံးရဲ့ Folder တွေကို ဖွင့်ဗျာ။ မှားမယ်ဗျနော။ သတိထား။ ပြီးရင် Download ဆွဲထားတဲ့ Firmware Folder
ထဲက system.img ရယ် boot.img ရယ်၊ recovery.img ရယ်ကို (လိုအပ်မှပါ မလိုအပ်ရင် system.img တစ်ဖိုင်တည်းနဲ့ ရတယ်) Readback လုပ်ထားတဲ့ Firmware ထဲကိုထည့်လိုက်။
မထည့်ခင် Readback လုပ်ထားတဲ့ Firmware ကို Copy တစ်ခုပွားထား။ လိုလိုမယ်မယ်။ file ရှိပြီးသားလို့ Prompt ပေးလာရင် Overwrite လုပ်လိုက်ပေါ့။ တကယ်လို့ Readback လုပ်ထားတဲ့
Firmware က ပါဝါမတက်တဲ့ ဖုန်းကယူထားတာဆိုရင် preloader.bin ကိုပဲထည့်ကူးလိုက်။
ပြီးရင် ရလာတဲ့ စုပေါင်းစပ်ပေါင်း Firmware လေးကို SP Flash Tool နဲ့ ပြန်ရေးပေါ့။ ပြန်ရေးတဲ့အခါ Read back ထုတ်ထားတဲ့ Firmware မှာပေါက်ကရ နာမည်တွေပေးထားခဲ့ရင် သတိထားဗျာ။ ဖိုင်စုံပါအောင်သတိထားပြီး ပြန်ရေးပါ။
၆။ ဒီတစ်ခါ OK လားကြည့်။ OK တယ်ဆိုရင်တော့ ပြီးပြီပေါ့။ မအိုကေဘူးဆိုရင် Download and Format တို့ ဘာတို့နဲ့ ပြန်ရေးကြည့် ရရင် ရသွားလိမ့်မယ်။