15/08/2021
#မီတာ
မိမိတို့ အိမ်ရှိ မီတာပေါ်မှ အမှတ်သင်္ကေတများအကြောင်း
မိမိတို အိမ်သုံးမီတာတွေသည် အမှန်တော့ Watt မီတာများပင်ဖြစ်ပါတယ်Volt နှင့် Ampere ကိုမြှောက်ခြင်းဖြင့် Watt ကိုရရှိလာမှာဖြစ်ပါတယ် မီတာတွင် ပြသော ကိန်းဂဏန်းများကို Unit ဟုခေါ်ပြီး နောက်ဆုံး အနီရောင်အကွက်ရှိ အမှတ်ကို တွက်ယူခြင်း မပြုပါ
၁ ယူနစ် ဆိုသည်မှာ ၁ နာရီ အတွင်း ဝပ် ၁၀၀၀ ကိုဆက်တိုက်အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ် အကယ်၍ ၁ နာရီအတွင်း ဝမ် ၂၀၀၀ ကိုဆက်တိုက်အသုံးပြုမည် ဆိုပါက ၂ ယူနစ် အဖြစ်သတ်မှတ်ပါတယ်
1 Unit = 1000 WH
အိမ်သုံး မီတာအတွင်းထဲတွင် အလူမီနီယံအဝိုင်းပြားတချပ်ကို လည်နေနိုင်အောင်ဖန်တီးထားပါတယ် ယင်း အလူမီနီယံအဝိုင်းပြားလည်နေပုံမှာ
အလူမီနီ အပြားကို ကျိုင် ၂ ခုဖြင့် ညှပ်ထားပါတယ် တခုသည် Voltage ဗို့ကျိုင်ဖြစ်ပြီး အခြား တခုမှ Ampere ဖြစ်ပါတယ် နေအိမ်မှ မီးသုံးစွဲသောအခါ ၄င်း ကျိုင်နှစ်ခုသည် သံလိုက်ဖြစ်သွားပြီး အလူမီနီယံပြားကို ညှို့ခြင်းဖြင့် လည်စေပါတယ် အလူမီနီယံပြားလည်သောအခါ ၄င်းနှင့်ဆက်ထားသော ဂီယာသွားမှ နံပါတ်များကိုတက်လာစေပါတယ်
အပါတ်ရည် မည်မျှလည်လျှင် ၁ ယူနစ်တက်ပါမည်ဆိုခြင်းကို မီတာပေါ်တွင် ထင်ရှားစွာမြင်ရမှာဖြစ်ပြီး အခြား သော သင်္ကေတများကိုလည်း ဖတ်နိုင်ပါသေးတယ် ပုံတွေမှာ စာတွေရှိပါတယ် ထောက်၍ ဖတ်ကြည့်ပါဦးခင်ဗျာ
ကျမ်းမာကြပါစေ
Credit- လျှပ်စစ်ကျောင်းသား