Ei Htar Quantity Surveying Service

Ei Htar Quantity Surveying Service Freelance Quantity Surveying and Estimation Services

🔍 Freelance Quantity Surveying Service 📊 QS ဌာနသီးသန့် မထားချင်သေးပဲ Project Estimate တွေ လိုချင်ရင်…ရရှိနိုင်မည့် ဝန်ဆေ...
29/08/2026

🔍 Freelance Quantity Surveying Service

📊 QS ဌာနသီးသန့် မထားချင်သေးပဲ Project Estimate တွေ လိုချင်ရင်…

ရရှိနိုင်မည့် ဝန်ဆောင်မှုများ 🛠️
✅ Quantity Take-off: ဆိုဒ်လုပ်ငန်းခွင်သုံး ပစ္စည်းပမာဏများကို တိကျစွာ တွက်ချက်ပေးခြင်း
✅ Cost Estimation: စီမံကိန်း တစ်ခုလုံးအတွက် ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ခြင်း (BOQ)
✅ Material List: အလေအလွင့်မရှိစေရန် လိုအပ်မည့် ကုန်ကြမ်းစာရင်းများ ပြုစုပေးခြင်း
✅ Cost Control: Budget အတွင်း လုပ်ငန်းပြီးစီးစေရန် အကြံပြု ဆွေးနွေးပေးခြင်း
ဝန်ဆောင်မှု စည်းကမ်းချက်များ 🛡️
📍 Fixed Scope: အလုပ်ပမာဏကို ကြိုတင်ညှိနှိုင်းပြီး သတ်မှတ်ချက်အတွင်း တိကျစွာ ဆောင်ရွက်ပေးပါမည်။
📍 Accuracy Focus: စာရင်းဇယား တိကျမှုကို ဦးစားပေးသဖြင့် Project တစ်ခုချင်းစီကို စေ့စပ်သေချာစွာ အချိန်ပေး ဆောင်ရွက်ပါသည်။
📍 On-Call Support: အလုပ်အပ်ထားသော ကာလအတွင်း ကုန်ကျစရိတ်နှင့် စာရင်းဇယားပိုင်းများကို အချိန်မရွေး တိုင်ပင်နိုင်ပါသည်။
စနစ်ကျပြီး တိကျတဲ့ BOQ & Estimation တွေကို Fixed Budget တစ်ခုတည်းနဲ့ ရယူချင်ရင်တော့...
📩 Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်များသို့ အခုပဲ ဆက်သွယ်လိုက်ပါ!

✔ တိကျမှု၊ အချိန်မီ တင်ဆက်မှု ✅
✔ အတွေ့အကြုံရှိ QS မှ တိုက်ရိုက် သင့်ဆီဝန်ဆောင်မှုပေးနေပါသည်

📲 09-400472841 (Viber)

ဆောက်လုပ်ရေးပစ္စည်း ပါမစ်များ ပိတ်ထားသဖြင့် ပစ္စည်းဈေးနှုန်းများ မြင့်တက်လာချိန်တွင် ကန်ထရိုက်တာများအနေဖြင့် လုပ်ငန်းထိခ...
17/08/2026

ဆောက်လုပ်ရေးပစ္စည်း ပါမစ်များ ပိတ်ထားသဖြင့် ပစ္စည်းဈေးနှုန်းများ မြင့်တက်လာချိန်တွင် ကန်ထရိုက်တာများအနေဖြင့် လုပ်ငန်းထိခိုက်မှု နည်းနိုင်သမျှနည်းအောင် အောက်ပါနည်းလမ်းများကို ဆောင်ရွက်သင့်ပါသည်။
၁။ စာချုပ်ပါ အချက်အလက်များ ပြန်လည်စစ်ဆေးခြင်း (Contract Review)
* Force Majeure & Price Escalation Clause: စာချုပ်တွင် ကုန်ဈေးနှုန်း ရုတ်တရက်တက်သွားပါက ဈေးနှုန်းပြန်လည်ညှိနှိုင်းနိုင်သည့် ပုဒ်မများ ပါမပါ ပြန်လည်စစ်ဆေးပါ။
* အိမ်ရှင်/အပ်နှံသူနှင့် ညှိနှိုင်းခြင်း: ပစ္စည်းပါမစ်ပိတ်ထားသည့် အခြေအနေကို ပွင့်လင်းစွာ ရှင်းပြပြီး ကုန်ကျစရိတ်တိုးလာမှုအား မည်သို့မျှဝေခံစားမည် သို့မဟုတ် လုပ်ငန်းပြီးစီးရမည့်ကာလ (Project Timeline) ကို တိုးမြှင့်ပေးရန် ညှိနှိုင်းပါ။
၂။ ပစ္စည်းနှင့် ဒီဇိုင်းပိုင်း ပြောင်းလဲအသုံးပြုခြင်း (Material Alternative & Value Engineering)
* အစားထိုးပစ္စည်းရှာဖွေခြင်း: ပြည်ပမှ တင်သွင်းရခက်ခဲသည့် ပစ္စည်းများအစား အသွင်တူ အရည်အသွေးမီ ပြည်တွင်းဖြစ် ပစ္စည်းများ သို့မဟုတ် ပါမစ်ရရှိရလွယ်ကူသည့် အခြားပစ္စည်းများဖြင့် အစားထိုးရန် အင်ဂျင်နီယာ/ဒီဇိုင်နာနှင့် တိုင်ပင်ပါ။
* Value Engineering: ခိုင်ခံ့မှုနှင့် အလှအပကို မထိခိုက်စေဘဲ ကုန်ကျစရိတ် သက်သာစေမည့် ဆောက်လုပ်ရေး နည်းလမ်းများကို ပြောင်းလဲအသုံးပြုပါ။
၃။ စတော့ခ်နှင့် ဝယ်ယူမှု စီမံခန့်ခွဲခြင်း (Inventory & Procurement)
* ကြိုတင်ဝယ်ယူခြင်း: ဈေးနှုန်း ပိုမိုမတက်မီ မဖြစ်မနေလိုအပ်သည့် မရှိမဖြစ် ပစ္စည်းများကို ဘတ်ဂျက်နိုင်သလောက် ကြိုတင်ဝယ်ယူ သိုလှောင်ပါ။
* ရောင်းချသူများနှင့် ရေရှည်ချိတ်ဆက်ခြင်း: ပစ္စည်းရောင်းချသူ (Suppliers) မျိုးစုံနှင့် ချိတ်ဆက်ထားပြီး ဈေးနှုန်း အသက်သာဆုံးနှင့် ပစ္စည်းပုံမှန်ရရှိနိုင်မည့် လမ်းကြောင်းများကို ရှာဖွေပါ။
၄။ လုပ်ငန်းခွင် လေလွင့်ပြုန်းတီးမှု လျှော့ချခြင်း (Waste Reduction & Management)
* ပစ္စည်းလေလွင့်မှု ထိန်းချုပ်ခြင်း: လုပ်ငန်းခွင်အတွင်း ပစ္စည်းများ အလဟဿမဖြစ်စေရန်၊ ထိခိုက်ပျက်စီးမှု မရှိစေရန် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပါ။
* လုပ်အားခနှင့် အချိန်ကို စီမံခြင်း: ပစ္စည်းမရှိ၍ လုပ်ငန်းခွင် ရပ်ဆိုင်းရမှုကြောင့် လုပ်အားခ စရိတ်မတက်စေရန် လုပ်ငန်းစဉ်များ (Work Schedule) ကို စနစ်တကျ ပြန်လည်စီစဉ်ပါ။

13/08/2026

သံ တစ်တန် သိန်း ၅၀ တဲ့
ထိုင်း မှာပဲ အိမ်ဆောက်ကြမလား
မြန်မာပြည် မှာ ဘယ်လို တွေ တောင်လား

09/08/2026

တံခါးပေါက် ရည်နေရတာလေ

တည်ဆောက်ရေးလုပ်ငန်းမှာ “Cost Control” ဆိုတာကတော့—အသုံးစရိတ်ကို ထိန်းချုပ်ခြင်းကို ဆိုလိုပါတယ်။ ဒါဆိုဘယ်လိုထိန်းချုပ်မလဲ၁...
06/08/2026

တည်ဆောက်ရေးလုပ်ငန်းမှာ “Cost Control” ဆိုတာကတော့—အသုံးစရိတ်ကို ထိန်းချုပ်ခြင်းကို ဆိုလိုပါတယ်။ ဒါဆိုဘယ်လိုထိန်းချုပ်မလဲ

၁။ ဘတ်ဂျက် (အသုံးစရိတ်) တစ်ခု စီစဉ်ပါ
• လုပ်ငန်းစလုပ်မည့်အချိန်မှာ BOQ ဆိုတာတွက်ပါ။
• ပစ္စည်းတွေ၊ အလုပ်သမားခ၊ စက်ကိရိယာ၊ ခွင့်ပြုချက်တွေ စတဲ့ အကုန်လုံးကို ထည့်တွက်ပါ။

၂။ ကုန်သွားတဲ့ စရိတ်ကို မှတ်တမ်းတင်ပြီးစောင့်ကြည့်ပါ
• မည်သည့်အသုံးစရိတ်မဆို မှန်မှန်ကန်ကန် မှတ်တမ်းတင်ပါ။
• Excel ဒါမှမဟုတ် software အသုံးပြုပြီး စောင့်ကြည့်နိုင်ပါတယ်။

၃။ စီစဉ်ထားတဲ့ဘတ်ဂျက်နဲ့ တကယ်အသုံးပြုမှုကို နှိုင်းယှဉ်ပါ
• တကယ်ကုန်ကျသွားတဲ့ငွေက မူလစီစဉ်ထားတာနဲ့ မတူရင် အကြောင်းအရင်းကိုရှာပါ။

၄။ ပြောင်းလဲမှုတွေ(VO) ထပ်တိုး/Design Change စတာတွေကို ထိန်းချုပ်ပါ
• အစီအစဉ်ပြောင်းတာတွေ VO များရင် ကုန်ကျစရိတ်တက်ပါတယ်။

၅။ ပစ္စည်းဝယ်တာကို စနစ်တကျလုပ်ပါ
• အရည်အသွေးကောင်းပြီး တန်ဖိုးရှိတဲ့ ပေးသွင်းသူ Supplier ကို ရွေးပါ။

၆။ Construction ကာလ ကိုကောင်းကောင်း စီမံပါ
• အချိန်လွန်ရင် ငွေပိုကုန်သွားနိုင်ပါတယ်
• အချိန်မလွန်အောင် ကြိုးစားလုပ်ဆောင်
ပါ။

Ei Htar
မအိထား 09-400472841 (Myanmar)
09-44926676 (Thailand)

🏗️ ဆောက်လုပ်ရေးစီမံကိန်းများတွင် Direct နှင့် Indirect Costs များကို နားလည်သဘောပေါက်ခြင်းဆောက်လုပ်ရေး စီမံကိန်းတိုင်းတွင...
04/08/2026

🏗️ ဆောက်လုပ်ရေးစီမံကိန်းများတွင် Direct နှင့် Indirect Costs များကို နားလည်သဘောပေါက်ခြင်း
ဆောက်လုပ်ရေး စီမံကိန်းတိုင်းတွင် ကုန်ကျစရိတ် ထိန်းချုပ်ခြင်း (Cost Control) သည် လုပ်ငန်းခွင်အတွင်း အရေးကြီးဆုံး တာဝန်တစ်ခု ဖြစ်ပါတယ်။ Quantity Surveyor (QS) များ၊ အင်ဂျင်နီယာများနှင့် စီမံကိန်းမန်နေဂျာများအနေဖြင့် တိုက်ရိုက်ကုန်ကျစရိတ် (Direct Costs) နှင့် သွယ်ဝိုက်ကုန်ကျစရိတ် (Indirect Costs) များကို စနစ်တကျ ခွဲခြားတတ်ခြင်းက ဘတ်ဂျက်တွက်ချက်မှု၊ တင်ဒါခေါ်ယူမှုနှင့် စရိတ်အစီရင်ခံစာ ရေးသားမှုများကို တိကျမှန်ကန်စေပါတယ်။
🔹 Direct Costs (တိုက်ရိုက်ကုန်ကျစရိတ်များ)
ဒီစရိတ်တွေကတော့ သီးသန့်လုပ်ငန်းစဉ် သို့မဟုတ် လုပ်ငန်းခွင်တစ်ခုစီနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ကုန်ကျစရိတ်များ ဖြစ်ပါတယ်။
ဥပမာအားဖြင့် -
1. ပစ္စည်းစရိတ်များ (ဘိလပ်မြေ၊ သံမဏိ၊ ကွန်ကရစ် စသည်)
2. လုပ်အားခများ (ဆိုဒ်လုပ်သားများ၊ ပန်းရံ၊ သစ်လက်သမား စသည်)
3. စက်ကိရိယာနှင့် ယန္တရားများ (စီမံကိန်းအတွက် တိုက်ရိုက်အသုံးပြုသည့် စက်ပစ္စည်းစရိတ်)
👉 Direct Costs များကို အလွယ်တကူ စာရင်းလိုက်ကြည့်၍ ရနိုင်ပြီး လုပ်ငန်းပမာဏ (Scope) သို့မဟုတ် အတိုင်းအတာပေါ် မူတည်၍ ပြောင်းလဲမှု ရှိပါတယ်။
🔹 Indirect Costs (သွယ်ဝိုက်ကုန်ကျစရိတ်များ)
ဒီစရိတ်တွေကတော့ စီမံကိန်းတစ်ခုလုံး လည်ပတ်နိုင်ဖို့ အထောက်အကူပြုပေးပေမယ့် သီးသန့် လုပ်ငန်းဆောင်ရွက်မှုတစ်ခုတည်းနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိတဲ့ စရိတ်များ ဖြစ်ပါတယ်။
ဥပမာအားဖြင့် -
1. ဆိုဒ်ရုံးခန်း ငှားရမ်းခ နှင့် မီး၊ ရေ အသုံးစရိတ်များ
2. စီမံကိန်း မန်နေဂျာနှင့် ဝန်ထမ်းများ၏ လစာများ
3. ဘေးအန္တရာယ်ကင်းရှင်းရေး ကိရိယာများနှင့် ဆိုဒ်လုံခြုံရေး စရိတ်များ
4. ရုံးပိုင်းဆိုင်ရာ အထွေထွေစရိတ်များ နှင့် အာမခံစရိတ်များ
👉 Indirect Costs များကို မတူညီသော လုပ်ငန်းဆောင်ရွက်မှုများအကြား ခွဲဝေကျခံလေ့ရှိပြီး စီမံကိန်းတစ်ခုလုံး စနစ်တကျ လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
📊 အကျဉ်းချုပ်အားဖြင့် -
Direct costs = "အလုပ်ကို တိုက်ရိုက် လုပ်ဆောင်ခြင်း"
Indirect costs = "စီမံကိန်းတစ်ခုလုံးကို လည်ပတ်စေခြင်း"
ကုန်ကျစရိတ် သက်သာထိရောက်စေရေးနှင့် စီမံကိန်း အောင်မြင်စွာ ပြီးမြောက်ရေးတို့အတွက် နှစ်မျိုးလုံးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

🔍 Freelance Quantity Surveying Service 📊 QS ဌာနသီးသန့် မထားချင်သေးပဲ Project Estimate တွေ လိုချင်ရင်…ရရှိနိုင်မည့် ဝန်ဆေ...
01/08/2026

🔍 Freelance Quantity Surveying Service

📊 QS ဌာနသီးသန့် မထားချင်သေးပဲ Project Estimate တွေ လိုချင်ရင်…

ရရှိနိုင်မည့် ဝန်ဆောင်မှုများ 🛠️
✅ Quantity Take-off: ဆိုဒ်လုပ်ငန်းခွင်သုံး ပစ္စည်းပမာဏများကို တိကျစွာ တွက်ချက်ပေးခြင်း
✅ Cost Estimation: စီမံကိန်း တစ်ခုလုံးအတွက် ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ခြင်း (BOQ)
✅ Material List: အလေအလွင့်မရှိစေရန် လိုအပ်မည့် ကုန်ကြမ်းစာရင်းများ ပြုစုပေးခြင်း
✅ Cost Control: Budget အတွင်း လုပ်ငန်းပြီးစီးစေရန် အကြံပြု ဆွေးနွေးပေးခြင်း
ဝန်ဆောင်မှု စည်းကမ်းချက်များ 🛡️
📍 Fixed Scope: အလုပ်ပမာဏကို ကြိုတင်ညှိနှိုင်းပြီး သတ်မှတ်ချက်အတွင်း တိကျစွာ ဆောင်ရွက်ပေးပါမည်။
📍 Accuracy Focus: စာရင်းဇယား တိကျမှုကို ဦးစားပေးသဖြင့် Project တစ်ခုချင်းစီကို စေ့စပ်သေချာစွာ အချိန်ပေး ဆောင်ရွက်ပါသည်။
📍 On-Call Support: အလုပ်အပ်ထားသော ကာလအတွင်း ကုန်ကျစရိတ်နှင့် စာရင်းဇယားပိုင်းများကို အချိန်မရွေး တိုင်ပင်နိုင်ပါသည်။
စနစ်ကျပြီး တိကျတဲ့ BOQ & Estimation တွေကို Fixed Budget တစ်ခုတည်းနဲ့ ရယူချင်ရင်တော့...
📩 Messenger သို့မဟုတ် အောက်ပါဖုန်းနံပါတ်များသို့ အခုပဲ ဆက်သွယ်လိုက်ပါ!

✔ တိကျမှု၊ အချိန်မီ တင်ဆက်မှု ✅
✔ အတွေ့အကြုံရှိ QS မှ တိုက်ရိုက် သင့်ဆီဝန်ဆောင်မှုပေးနေပါသည် ✅

📞 ဆက်သွယ်ရန်
📲 09-400472841 (Viber)

30/07/2026

စိတ်ကုန် သွားပီ ဆိုတဲ့ သဘော

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မှန်ကန်သော စာရင်းရေးသွင်း မှတ်နည်းဆောက်လုပ်ရေးလုပ်ငန်းရဲ့ စာရင်းရေးသွင်းပုံဟာ အခြား Tradin...
25/07/2026

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မှန်ကန်သော စာရင်းရေးသွင်း မှတ်နည်း

ဆောက်လုပ်ရေးလုပ်ငန်းရဲ့ စာရင်းရေးသွင်းပုံဟာ အခြား Trading သို့မဟုတ် Production လုပ်ငန်းတွေနဲ့ မတူညီပါဘူး။

၁။ ဝင်ငွေ သတ်မှတ်ခြင်း
• ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ငွေကို (လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်း) ပေါ်မူတည်ပြီး ဖော်ပြရပါတယ်။
• လုပ်ငန်းရှင်အများစု မှားတတ်တာကတော့ ကောက်ခံလိုက်တဲ့ Claim Amount (တောင်းခံလွှာပမာဏ) ကို ဝင်ငွေအဖြစ် တိုက်ရိုက်မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်။
• အကယ်၍ Claim Amount ဟာ ကြိုတင်ရရှိထားတာမျိုးဆိုရင် ဝင်ငွေအဖြစ် မဖော်ပြဘဲ Deferred Income သို့မဟုတ် Advance Receipt (Liability) အဖြစ် အရင်မှတ်တမ်းတင်ရပါမယ်။
၂။ အမြတ်အစွန်း (Profit & Loss) တွက်ချက်ခြင်း
• ကာလအလိုက် လုပ်ငန်းစွမ်းဆောင်ရည်ကို သိရှိနိုင်ဖို့ ဝင်ငွေနဲ့အတူ သက်ဆိုင်ရာ Cost of Sales (ကုန်ကျစရိတ်) ကိုလည်း တိုက်ဆိုင်ဖော်ပြရပါမယ်။
• ဥပမာ- လုပ်ငန်း ၁၀% ပြီးစီးရင် ၁၀% Revenue ဖော်ပြပြီး၊ အဲ့ဒီအတွက် ကုန်ကျစရိတ် (Cost) ကိုလည်း ဖော်ပြရပါမယ်။
• ကြိုတင်ဝယ်ယူထားတဲ့ ပစ္စည်းတွေရှိရင် Closing Stock အဖြစ် ဖယ်ထုတ်ထားပြီးမှ Cost ကို တွက်ချက်ရပါမယ်။ ဒါမှသာ ကာလအလိုက် အရှုံးအမြတ်ကို အမှန်အတိုင်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
၃။ QS (Quantity Surveyor) နှင့် Accountant တို့၏ အခန်းကဏ္ဍ
• ဆောက်လုပ်ရေးလုပ်ငန်းမှာ QS ရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ QS က ကုန်ကျစရိတ်တွေကို အမြဲမပြတ် Control လုပ်ရပါတယ်။
• Accountant (စာရင်းကိုင်) အနေနဲ့ QS ဆီက အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှသာ စာရင်းသွင်းသင့်ပါတယ်။
• ဒါမှသာ လုပ်ငန်းရှင်တွေအနေနဲ့ ပရောဂျက်ပြီးမှ အရှုံးအမြတ်ကို သိရတာမျိုးမဟုတ်ဘဲ၊ လုပ်ငန်းခွင်အတွင်းမှာတင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် အများစု က ဆိုဒ် ၁၀၀% ပီးသွားမှ ငါ ရှုံးလား မြတ်လား သိနေကြတယ်မလား

ဘာလို့လဲ ⬇️⬇️⬇️⬇️⬇️

ဆောက်လုပ်ရေးလုပ်ငန်းရဲ့ စာရင်းရေးသွင်းပုံက
👉 ဆိုင်ဖွင့်ရောင်းတဲ့ လုပ်ငန်းတွေလို မဟုတ်ပါဘူး
👉 လုပ်ငန်းဘယ်လောက်ပြီးပြီလဲ ဆိုတာကို အခြေခံပြီး စာရင်းရေးရပါတယ်။

⸝

၁️⃣ ဝင်ငွေကို ဘယ်လိုတွက်မလဲ

ဆောက်လုပ်ရေးမှာ
❌ Client ဆီက ရတဲ့ ပမာဏ ဥပမာ (စာချုပ်ချုပ်ပီး ၂၅% ဆိုပီး ကြိုရတု့ငွေ) ကို ဝင်ငွေ လို့ မတွက်ရပါဘူး။

✔️ လုပ်ငန်းပြီးစီးမှုအတိုင်းသာ ဝင်ငွေသတ်မှတ်ရပါတယ်

ဥပမာ
• ပရောဂျက်တစ်ခု တန်ဖိုး = ၁၀၀ သိန်း
• လုပ်ငန်း = ၁၀% ပြီးသွားပြီ
➡️ ဝင်ငွေ = ၁၀ သိန်းပဲ စာရင်းထဲ ထည့်ရပါတယ်

👉 Ground beam ပီးပါက ဘယ်လောက်ဆိုပီး ငွေကြိုရထားရင်
• အဲ့ဒီငွေက ဝင်ငွေမဟုတ်သေးပါဘူး
• Advance / ကြိုပေးငွေ အဖြစ်ပဲ စာရင်းထားရပါတယ်

⸝

၂️⃣ အမြတ် / အရှုံး ကို ဘယ်လိုမြင်ရမလဲ

အမြတ်ကို မှန်အောင် သိချင်ရင်
👉 ဝင်ငွေနဲ့ ကုန်ကျစရိတ်ကို တူညီတဲ့ ကာလအတွင်းမှာပဲ ပြရပါတယ်

ဥပမာ

မြေပြင်မှာ ၁၀% ပီးသွားရင် အဲ့ ၁၀% အတွက်

• အဲ့ဒီ ၁၀% အတွက် သုံးထားတဲ့
• သံ
• ဘိလပ်မြေ
• လုပ်သားခ
• စက်ယန္တရား
➡️ အကုန်လုံးကို အဲ့ဒီကာလ Cost အဖြစ် ထည့်ရပါတယ်

⚠️ မသုံးရသေးတဲ့ ပစ္စည်းတွေရှိရင်
• အဲ့ဒီဟာတွေကို Stock (လက်ကျန်ပစ္စည်း) အဖြစ် ချန်ထားရပါတယ်
• မသုံးသေးပဲ Cost ထဲ ထည့်လိုက်ရင် အရှုံးပဲ ပြနေပါမယ်
⸝

၃️⃣ QS နဲ့ Accountant ရဲ့ အရေးကြီးမှု

🔹 QS (Quantity Surveyor)
• Site မှာ ကုန်ကျစရိတ်တွေကို ထိန်းချုပ်ပေးရတဲ့သူ
• ဘယ်အလုပ် ဘယ်လောက်ပြီး
• ဘယ်လောက်သုံးပြီးပြီဆိုတာ ကိုင်တွယ်ပေးရပါတယ်

🔹 Accountant (စာရင်းကိုင်)
• QS ပေးတဲ့ အချက်အလက်အပေါ်မူတည်ပြီး စာရင်းရေးရပါတယ်
• QS မပါပဲ စာရင်းရေးရင်
❌ အမြတ်မှား
❌ အရှုံးများ ဖြစ်တတ်ပါတယ်

👉 QS နဲ့ Accountant နှစ်ဦး ပူးပေါင်းမှ
• လုပ်ငန်းမပြီးသေးခင်မှာတင်
• အမြတ်ရှိလား / အရှုံးဝင်နေလား သိနိုင်မှာပါ

23/07/2026

လုပ်ငန်းရှင်များ ရေမြင့်ကြာတင့်တဲ့စံနစ်ကျင့်သုံးပါ။
PAE စံနစ်ဖျက်သိမ်းပါ။
Actual Cost Management ကို QS နှင့်သေချာလုပ်ပါ။
6လအထက် လုပ်ရမည့် Projects ‌တွေကို
Yellow book ကို အခြေခံတွက်ထားသည့်ဈေးနှူန်းအပေါ်
20% လုပ်ခတန်းဖိုး တင်၍ ‌အလုပ်ရှာပါ။
ပုံစံတခုနှင့်တခု မတူသည့်အတွက် Architect ကို
Owner ရဲ့ Requirements
Contractor ရဲ့ Requirements
နဲ့ပုံစံသေချာထုတ်ပါ။
ပုံစံ ရပြီးတာနဲ့ Government approval တင်ပါ
Government approval ရပြီးရင်
ငလျှင်ဒဏ်နဲ့ MNBC CODE 2025နဲ့အညီ
Soil test လုပ်ပါ။
ရလာတဲ့ Results ကိုသေချာတဲ့ Structure အပ်ပါ။
Structure ရရင် QS ကို The whole project cost
နှင့် အပိုင်းလိုက်Cost တွက်ခိုင်းပါ။
အိမ်ရှင်နဲ့စာချုပ်ချုပ်ရင် အပိုင်းအလ်ုက်အပေါ်
Contingency plan အရ နဂို Cost ရဲ့ 10%အထိ ကိုသာ
Contractor ကတာဝန်ယူပါ အဲ့ထက်ကျော်ရင် အိမ်ရှင်မှထပ်ဆောင်ပေးရန်ချုပ်ပါ။
အလာတူ Transportation cost 10%တင်တောင်းပါ
စာချုပ်ကိုဖြစ်သလိုမလုပ်ဘယ်သေချာလုပ်ပါ။
ရှေ့နေနဲ့ Contractor ပေါင်းရေးပါ ။
အိမ်ရှင်ကို Presentation ကောင်းကောင်းလုပ်ပါ။
အိမ်ရှင်ကလည်းနှစ်ပေါင်းများစွာနေမည့်အိမ်ကို
ရသည့်ကန်ထရိုတ်နှင့် ဖြစ်သလိုမလုပ်ဖို့အကြံပေးပါ။
အိမ်ရှင်ပေးသည့်ပိုက်ဆံကို အခြာနေရာတွင်လှည်မသုံးဖို့အရေးကြီးပါသည်။
Yellow book အရ 10%recover ရထားတာရယ်
30% လုပ်အားခရယ် Risk Management အရ
Contingency plan Transportation plan
အိမ်ရှင်ရော ကန်ထရိုတ်တာပါ အဆင်ပြေပါမည်။
Skillful Labor and အချိန်နဲ့အမျှ ကန်ထရိုတ်ကြိုးစာရင်‌
အောင်မြင်ခြင်းတွေအတိုင်းအဆမရှိရရှိပါမည်။
U Kyaw Naing Oo
Founder and Executive Chairman
Naing group Construction company

Address

Mandalay

Telephone

+959972574032

Website

Alerts

Be the first to know and let us send you an email when Ei Htar Quantity Surveying Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share