04/12/2025
Civil Site Engineer တိုင်း သိဖို့
#ဆောက်လုပ်ရေး ဗဟုသုတ အနေဖြင့်သာ ပြန်လည်မျှဝေပါသည်။
1️⃣ (1:2:4) ကွန်ကရစ် 100 ကုဗပေမှာ -
➡️ ဘိလပ်မြေ - 18.48 အိတ်ကုန်တယ်
➡️ အလုပ်မား - 10ယောက်
➡️ ပန်းရံဆရာ - 1ယောက်
2️⃣ (1:3:6 ) ကွန်ကရစ် 100 ကုဗပေမှာ
➡️ ဘိလပ်မြေ - 12.85 အိတ်
➡️ အလုပ်သမား - 8 ယောက်
➡️ ပန်းရံဆရာ - 1ယောက်
➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️
42.5 Class ဘိလပ်မြေ နဲ့ 52.5 Class ဘိလပ်မြေ အမျိုးအစားများအလိုက် ဘယ်လိုကွာခြားသလဲ ?
▪️ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့်
32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နှင့်
52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ် မှတ်ထားပါတယ်။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေကို အများဆုံး အသုံးပြုနေကြပါတယ်။
▪️အဆောက်အဦးများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေ အမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်။
✳️ 42.5 Class ဘိလပ်မြေ
▪️42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး (၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား)
စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့် ညီမျှသော
ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
▪️42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင် မာခဲချိန် နဲ့ နောက်ဆုံး မာခဲချိန် နှေးတတ်သော သဘာဝ ရှိပါသည်။
▪️42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။
✳️ 52.5 Class ဘိလပ်မြေ
▪️52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
▪️52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။
▪️ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။
➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️
🪵 သစ်တွက်နည်း
သစ်လုံးကို ကုဗပေတွက်နည်း > သစ်တန်တွက်နည်း > သစ် ၁ တန် စျေးနှုန်းတွက်နည်း
သစ်လုံးကို ကုဗပေနှင့် တန်ဖွဲ့ရာတွင် လက်မကို တည် ၄ နှင့်စား ရလဒ်သည် ဒု ဗြက် လက်မ ဖြစ်ပါသည်။ ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံး အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင် အဖြေသည် သစ်တန် ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။
ဥပမာ - သစ်လုံးပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို တန်ဖွဲ့လိုလျှင် -
တွက်နည်း (1) - 15 x 15 x 32 = 7200 = 50 ကုဗပေ
-------------------- = -------- = 1 တန်
144 144
သစ် တစ်တန်တွက်နည်း = ၁'' × ၁'' ပတ်လည် ၇၂၀၀' ပေ
သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍
ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ အဖြေ ဖြစ်သည်။
တွက်နည်း - ၄''×၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင် - ၄''×၂'' = ၈, ၇၂၀၀ ÷ ၈ = ၉၀၀'ပေ (၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် = ၉၀၀ပေ
__________________________________________________
🪵 သစ်တန်တွက်နည်း
ဗျက် ၄''×၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့။
ဗျက်ရယ်၊ ဒုရယ်၊ ပေရှည် ရယ်၊ ချောင်းရေရယ် မြှောက် ၁၄၄ နဲ့ စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။
ဗျက် × ဒု × ပေရှည် × အချောင်းရေ
၄'' × ၂'' × ၂၀' × ၃၀ ÷ ၁၄၄ = ၃၃.၃၃ ကုဗပေ
၃၃.၃၃ ကုဗပေ ÷ ၅၀ ကုဗပေ = ၀.၆၆၆ တန် = ၀.၆၇တန်
__________________________________________________
⏩️ အမြန်ဆုံး သစ်စျေးနှုန်း တွက်နည်း
ဥပမာ - သစ်တစ်တန် ၆၅၀,၀၀၀ စျေးဖြင့် ၄" x ၂ '' (လေးနှစ်) ၁၈ ပေ တစ်ချောင်း တန်ဖိုးကို တွက်ကြည့်မယ်။
▶️ စျေးနှုန်းကို တည် ဒသမ သုညသုည နှစ်ငါးဖြင့်မြှောက် - (၆၅၀,၀၀၀ × ၀•၀၀၂၅) ရလဒ်ကို သစ်ချောင်း ၏ ဒု × ဗျက် (၄'' × ၂'') ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ။ ဒါဆို ၄" × ၂" ၁၈ပေ တစ်ချောင်း၏ တန်ဖိုးရပါပြီ။
▪️၆၅၀,၀၀၀ × ၀•၀၀၂၅ = ၁၆၂၅ × (4 × 2) = ၁၃,၀၀၀
လေးနှစ် တစ်ချောင်းတန်ဖိုး = ၁၃,၀၀၀ ဖြစ်ပါသည်။
▪️မည်သည့် ဒု ဗျက် မည်သည့် စျေးနှုန်း မဆို တွက်ကြည့်နိုင်ပါသည်။
➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️
🪄 သံချောင်း တွက်နည်း
🔻 1 ချောင်း = 12 m = 40 ft (39' 4'')
⏩️ 1 Ton မှာရှိသော အချောင်းရေ -
▪️10 mm = 3/8''= 3မူး = 135 ချောင်း
▪️12 mm = 1/2 '' = 5မူး = 88ချောင်း
▪️14 mm = 9/16'' = 5မူး1ပဲ = 70ချောင်း
▪️16 mm = 5/8'' = 6မူး = 53ချောင်း
▪️18 mm = 3/4'' = 3မတ် = 41ချောင်း
▪️20 mm = 3/4'' = 3မတ် = 33ချောင်း
▪️22 mm = 7/8'' = 1လက်မမူးတင်း = 27ချောင်း
▪️25 mm = 1ကျပ်လုံး =1'' = 21ချောင်း
__________________________________________________
★ diameter (mm) = 1000/ 0.006167 d² × 12m (or)
13517 ÷ d ÷ d (12 mm diameter မှ လွဲ၍)
★ diameter (in) = 2204.62/ 2.67 d² × 39.37 ft
__________________________________________________
✳️ သံချောင်း( Rebar ) အလေးချိန် တွက်ရန်ပုံသေနည်း
★ diameter (mm)
0.006167 d² × သံချောင်း အရှည် (m 😞 Kg)
★ diameter (in)
2.67 d² × သံချောင်းအရှည် (ft) = Lb
__________________________________________________
✳️ Binding Wire
6.5 mm > 8 mm coil
1 m = 0.26 kg > 0.395 kg
1 ton = 3834 m > 2531 m
1 Viss = 20'3" >13'4"
__________________________________________________
✳️ Rebar 1Ton = 1000 Kg
Metric ton >>> 2204.62 lb
UK ( long ton ) >>> 2240 lb
US ( short ton ) >>> 2000 lb
Steel unit weight = 490 lb per cu ft
__________________________________________________
✳️ ACI code
Main steel = 25 to 32 mm
Ties & stirrups = 10mm (min)
18 G Binding wire 40 coils
__________________________________________________
1 Kg = 2.2 Lb
1Lb = 0.22 kg
1 in = 25.4 mm
➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️
💦 Site တစ်ခု အတွတ် Overhead Tank အကြောင်း
ရေဝင်ဆန့် တွက်ပုံလေး ချရေးကြည့်တာ
1 ကုဗပေ = 6.25 ဂါလံ (အလျား × အနံ × အမြင့် = ကုဗပေ)
⏩️ 4' × 4' × 2' = 32, 32 × 6.25 = 200 ဂါလံ ဝင်ဆန့်မယ်။
လီတာ နဲ့ သိချင်ရင်တော့ 1 ဂါလံ = 3.785 နဲ့ ညီမျှတယ်။
⏩️ 200 ဂါလံ ဆိုတော့ 200 × 3.785 = 757 လီတာ
▪️ဒါကြောင့် 4 × 4 × 2 ရှိတဲ့ Tank တစ်လုံးမှာ ဂါလံ 200 (သို့) လီတာ 757 ဝင်ဆန့် မယ်။
➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️➖️
🚽 SEPTIC TANK
▪️Septic Tank (မိလ္လာ ပိုးစားကန်) ဆိုတာ လူကစွန့်ပစ်တဲ့ မိလ္လာ (Sewage) ကို Bacteria ပေါက်ပွါးစေပြီး ဓါတ်ပြုတဲ့စနစ် (Septic Action) ဖြစ်ပေါ်စေတဲ့ကန် ဖြစ်ပါတယ်။
▪️Inlet pipe က ဝင်လာတဲ့ မိလ္လာ (Sewage) ဟာ Chamber 1 ထဲကို ကျရောက်ပြီး ၃ ရက်မှ ၇ ရက်ခန့်အတွင်း Anaerobic လို့ခေါ်တဲ့ Bacteria တစ်မျိုး ပေါက်ပွါးလာပါတယ်။ Anaerobic Bacteria ဟာ "လေမလို အလင်းမလိုပိုး" ဖြစ်ပြီး Oxygen နဲ့ အလင်းရောင် မရှိမှ ရှင်သန်နိုင်ပါတယ်။ Anaerobic Bacteria က Sewage ကို ချေဖျက် (စားသုံး) ပြီးနောက် သူတို့က စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်
ပစ္စည်းဟာ Inlet pipe က ဝင်ရောက်လာတဲ့ ရေအရှိန်နဲ့
တရွေ့ရွေ့ Chamber 2 ဘက်ကို ရောက်ရှိသွားပြီး Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုး ထပ်မံ ပေါက်ပွါးလာပါတယ်။ Aerobic Bacteria ဟာ "လေလို အလင်းလိုပိုး" ဖြစ်တဲ့အတွက် Oxygen နဲ့ Light ရရှိမှ ရှင်သန်နိုင်ပါတယ်။
▪️Aerobic Bacteria ဟာ AnaerobicBacteria က
စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းကို ဓါတ်ပြု (စားသုံး)ပြီး
သူက စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းဟာ Sludge (အနှစ်) အဖြစ် ထွက်ပေါ် လာပါတယ်။ Sludge ဟာ ကတ္တရာစေးလို မည်းနက်တဲ့ အစေး ဖြစ်ပါတယ်။ Bacteria ပေါက်ပွါးဖို့ ဖန်တီးပေးရန် မလိုပါ။ သူ့အလိုလို ပေါက်ပွါးပါတယ်။
▪️Chamber 1 ထဲ ဝင်ရောက်လာတဲ့ Sewage ဟာ
တဖြည်း ဖြည်း အဆီများထွက်လာပြီး Chamber 1 ထဲရှိ
ရေမျက်နှာပြင် အပေါ်ကို တက်လာပြီး မိလ္လာဆီအလွှာ (Scum Layer) အဖြစ် ဖုံးပိတ်သွားပါတယ်။ ဒီ Scum Layer ဟာ အပေါ်မှာ ရှိတဲ့နေရာလွတ် (Free Board) မှ Oxygen ကို ရေထဲပျော်ဝင်မသွားစေရန် ကာကွယ်ပေးထားတဲ့အတွက် Anaerobic Bacteria များကို ပေါက်ပွါးရှင်သန်စေပါတယ်။
▪️ဒါကြောင့် Scum Layer မပျက်စီးစေရန်အတွက် Chamber 1 အတွင်း InletPipe အဝင်မှာ Tee ခံပြီး အောက်မှ 1'~1'6" အရှည်ရှိ Pipe ကိုဆက်ပေးပြီး Sewage ကိုကျစေရပါတယ်။ Tee ခံထားခြင်းဖြင့် မိလ္လာ အတုံးအခဲများဟာ Tee အတွင်းမျက်နှာပြင်ကို ရိုက်ပြီး အပိုင်းအစများ အဖြစ်ကျေပျက်ကာ ဓါတ်ပြုမှု လျင်မြန်စေမှာ ဖြစ်ပါတယ်။ အောက်မှာ Pipe ရှည်ကို ဆက်ထားတဲ့အတွက် ကျလာတဲ့ ရေအရှိန်ဟာ Scum Layer ကို ငြိမ့်ငြိမ့်လေးသာ လှုပ်ရှားစေမှာဖြစ်ပါတယ်။ Tee နှင့် Pipe မခံဘဲ Inlet မှ Directly ကျစေလျှင် Scum Layer ကွဲအက်ပြီး Oxygen ဝင်ရောက်တဲ့အတွက် Anaerobic Bacteria များ မရှင်သန်နိုင်သဖြင့် Septic Action မရရှိနိုင်ပါ။
▪️Chamber1 မှ Sewage များ Chamber 2 ဘက်
မရောက်သွားစေရန် အောက်ခံ အခင်းမျက်နှာပြင်ကို Chamber 1 ဘက်တွင် နှိမ့်၍ Slope 1:10 to 1:20 အချိုးဖြင့် စောင်းပေးထားရပါတယ်။
▪️Chamber2 ထဲရောက်လာတဲ့ AnaerobicBacteria ရဲ့
စွန့်ပစ်ပစ္စည်းတွေကို Aerobic Bacteria တွေက ဆက်လက်စားသုံး ဓါတ်ပြုပြီး စွန့်ပစ်ပစ္စည်းအဖြစ် Sludge တွေ ဖြစ်ပေါ်လာပါတယ်။
▪️ဒီလို Complete Seption Action ဖြစ်ဖို့ Baffle Wall ဟာ အောက်ပိုင်းမှာ တိုးလျှိုပေါက်ဖြစ်နေဖို့ လိုပါတယ်။ရေကူးပေါက်ကို အမြင့်မှာထားပြီး အောက်ခြေ ပိတ်ထားရင် Septic Action အပြည့် မဖြစ်နိုင်ပါ။
▪️Aerobic Bacteria တွေ ရှင်သန်နိုင်ဖို့ Oxygen နဲ့ Light လိုတဲ့အတွက် Chamber2 အပေါ် Cover Slab မှာ Swan Neck ကိုတပ်ဆင်ထားရပါမယ်။ Swan Neck ဟာ လေနဲ့အလင်း ဝင်ရောက်စေရန် အကျိုးပြုပါတယ်။ Chamber 2 မှာ Scum Layer မရှိတဲ့အတွက် ရေမှာ Oxygen ပျော်ဝင်ပြီး Aerobic Bacteria တွေကို ရှင်သန်စေပါတယ်။
▪️Chamber 1 မှ Sewage တချို့ဟာ Chamber 2 ဘက်ပါလာပြီး ရေထက် ပေါ့တဲ့အတွက် Chamber 2 ရေမျက်နှာ ပြင်ပေါ်မှာ ပေါ်နေတာတွေ ရှိနိုင်ပါတယ်။ ဒါတွေ အပြင်ကို
ပါမသွားစေဖို့ Outlet Pipe အဝမှာ Tee ခံထားဖို့ လိုပါတယ်။
▪️Chamber1 အတွင်းရှိ Scum Layer ရဲ့ levelကို ထိန်းထားရန် Chambers1 & 2 ဟာ ရေလုံရပါမယ်။ Wall ချင်းဆုံရာ (or) Wall & Floor ဆုံရာ Corner တွေမှာ ဖြစ်စေ Wall & Pipe ထိနေတဲ့ အဆက်တဝိုက်မှာဖြစ်စေ 1:2 Cement Mortar နဲ့ ထောင့်ချုပ်ထားမှသာ ရေလုံမှာ ဖြစ်ပါတယ်။
▪️Septic Tank အတွင်းသို့ အပြင်ရေ ဝင်လျှင် Inlet မှ
မဝင်နိုင်တော့သလို အတွင်းရေ ထွက်သွားလျှင် Scum Layer နိမ့်ကျ/အက်ကွဲပြီး Septic Action ပျက်စီးမှာ ဖြစ်ပါတယ်။
▪️Septic Action ဖြစ်နေစဉ်မှာ ဓါတ်ပြုပြီး Gas တွေထွက်ပါတယ်။ ထွက်တဲ့ Gasတွေဟာ Toxicဖြစ်ပြီး လေထက်ပေါ့ပါတယ်။ ဒီ Gas တွေဟာ Free Board မှာ အောင်းနေရင် Inlet မှ Sewage နဲ့ Waste Water တွေ မဝင်နိုင်တော့ပါဘူး။ (အရပ်အခေါ် လေတင်းတယ်/လေခံတယ် လို့ခေါ်ပါတယ်) Air Circulation ဖြစ်အောင် Air Outlet Pipe (About 2"or1 1/2" Dia) ကို Scum Layer အထက်နံရံ (or) အဖုံး Cover Slab မှာ တပ်ဆင်ပေးပြီး အဆောက်အဦးမှာရှိတဲ့ AirVentPipe နဲ့ ဆက်သွယ်ရပါတယ်။
▪️လေဟာ အနိမ့်မှာရှိတဲ့ Swan Neckမှ ဝင်ပြီး Baffle Wall ကိုဖြတ်၍ Air Outlet Pipe မှတဆင့် Vent Pipe အတွင်းသို့ Gas တွေနဲ့အတူ ရောက်ရှိပြီး အမြင့်မှာ ထွက်သွားအောင် လုပ်ရပါမယ်။ ဒါကြောင့် Baffle Wall ကို အထက် (Slab အောက်) မှာ 6" ခန့် လွှတ်ထားပေးရပါမယ်။
▪️စတင်အသုံးပြုတဲ့ အချိန်မှာ ကန်တွင်းရှိရေ Level ဟာ Inlet မှ ချထားတဲ့ Pipe နှုတ်ခမ်း အထက် 3" ခန့်အထိ ရေ
ဖြည့်ထားပြီးသုံးမှသာ Septic Action ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ Cover Slab မဖုံးမီမှာ ကန်ရေ လုံ/မလုံ စစ်ဆေးဖို့ လိုပါမယ်။ Septic Action မဖြစ်ရင် အဲဒီကန်ဟာ Septic Tank မဟုတ်ဘဲ Sewage Storage Tank သာ ဖြစ်နေပါ
လိမ့်မယ်။
▪️Manhole အပေါက်ကို ပိုက်ဆက်များရှိသည့် နေရာအနီးတွင် ထားမှသာ အဖုံးဖွင့်ပြီး ပိုက်ဆက်များ ပြုပြင်ရန် လွယ်ကူမှာ ဖြစ်ပါတယ်။
▪️Septic Tank ကို Black Cotton Soil (ဆားနယ်ဖွတ်ချေး မြေ) တွင် တည်ဆောက်ရပါက Tank ၏ အပြင်ပတ်လည်မှာ သဲဖြင့် Back Filling လုပ်ရပါမယ်။ Black Cotton Soil ဟာ ရေအစိုဓါတ်ရှိတဲ့ အချိန်မှာ ပွလာပြီး ဘေးနံရံ အပေါ် Compressive Force (ဖိအား) သက်ရောက်ပြီး ခြောက်သွေ့ချိန် ကျုံ့သွားပါက Tensile Force (ဆွဲအား) သက်ရောက်စေနိုင်သဖြင့် Septic Tank နံရံများ အက်ကွဲနိုင်ပါသည်။ ထိုအခါ Water level ကို မထိန်းနိုင်ဘဲ Septic Action ပျက်သွားမှာ ဖြစ်ပါတယ်။ နံရံနှင့် မြေအကြား Sand ဖြင့် ပိုင်းခြားထားခြင်းဖြင့် Compression ခံရသော်လည်း Tensionမခံရသဖြင့် နံရံအက်ကွဲခြင်းမှ ထိုက်သင့်သလောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
▪️များသောအားဖြင့် Free Board (h 2) ကို 0.3 metre
(1 ပေခန့်) ထားလေ့ရှိပါတယ်။ Septic Action ဖြစ်ရန် ကြာချိန် (DetentionPeriod) မှာ 12 hrs ခန့် ဖြစ်ပြီး Sludge
ထွက်ရှိမှုနှုန်းဟာ လူတစ်ဦး တစ်နှစ်လျှင် 10 litres နှုန်းဖြင့် တွက်လေ့ရှိပါတယ်။
▪️ဒါကြောင့် သုံးစွဲသူဦးရေနဲ့ လိုအပ်သော ကန်အရွယ်အစား တွက်ချက်မှုအတိုင်း မှန်ကန်စွာ တည်ဆောက်ပြီး Septic Action Fail မဖြစ်ပါက ထွက်ရှိမည့် Sludge ထုထည်ကို
တွက်ထုတ်နိုင်ပြီး မိမိတည်ဆောက်ထားတဲ့ ကန်အနက်ရဲ့ ဘယ်နေရာလောက်အထိ Sludge ဖြင့် ပြည့်နေပြီ ဆိုတာ
ခန့်မှန်းနိုင်ပြီး စုပ်ထုတ်ခြင်း (Withdrawal) လုပ်နိုင်မှာ ဖြစ်ပါ တယ်။
▪️Outlet Pipe ထားရမဲ့ Level ကိုတော့ တည်ဆောက်မဲ့နေရာရဲ့ မိုးရာသီရေဝပ်တဲ့ Level နှင့် မြေအောက်ရေ ရှိ/ မရှိ တို့ အပေါ်မူတည် တွက်ချက်ရမှာ ဖြစ်ပါတယ်။ InletPipe ဟာ Outlet ရဲ့ အထက် 3" မှ 6" ခန့် ပိုမြင့်နေမှသာ အဆင် ပြေပါမယ်။
▪️Sewer Pipe Line ရဲ့ Slope အချိုးနဲ့တွက်ချက်ပြီး အဆောက်အဦး အတွင်းရှိ W.C (Ground Floor) မှ ထွက်တဲ့ OutletLevel ကို ချိန်မှ ရာသီမရွေး သုံးလို့ အဆင်ပြေပါ့ မယ်။
Septic Tank for 50 users
-----------------------------------------
According to table
100 user = 240 lpm
150 user = 360 lpm
200 user = 480 lpm
300 user = 720 lpm
10 lpm = 0.92 M^2
Step (1) - 100 user = 240 lpm
for 50 user = ?
= 120 lpm
Step (2) - 10 lpm = 0.92 m^2
120 lpm = ?
= 11.04 m^2
1️⃣ အနည်ထိုင်မည့်စွန်ပစ်အနက်
(Sedimentation) = 0.3 m
2️⃣ အလိုထားကျင်းအမြင့်
(Free board) = 0.3 m
3️⃣ ကြေသွားမည့်အချိန်အတွက်အနက်
(Disgestion) = 0.032 m
4️⃣ အညစ်အကြေးစု့ကန်အနက်
(Storage volume) = 0.073 m
To fine total volume -
1️⃣ Sedimentation = Area × Depth
= 11.04 × 0.3 = 3.312 m^3
2️⃣ Free board = Area × Depth
= 11.04 × 0.3 = 3.312 m^3
3️⃣ Disgestion = Depth × User
= 0.032 × 50 = 1.6 m^3
4️⃣ Storage volume = Depth × User
= 0.073 × 50 = 3.65 m^3
Total volume = 11.874 m^3
Depth of Spetic Tank = Volume ÷ Area
= 11.874 ÷ 11.04
= 1.08 m
Assume = L/B = 2.5 ➡️ L = 2.5B
Area = L × B = 11.04
2.5B × B = 11.04
2.5 B^2 = 11.04
B^2 = 11.04/ 2.5
B = 2.1 m , L = 5.25 m
✅️ Depth = 1.08 m, Length = 5.25 m, Width = 2.1 m
🚩မှတ်ချက် ။ ။ အညစ်အကြေးများသာ ကန်ထဲ စုစေပြီး
ရေများကို မြေကြီးထဲ ပြန်စုတ်ဝင်စေပါသည်။
(Soil Absorption System)