Plan A Design & Construction

Plan A Design & Construction We’re a construction company that’s specifically catered to your needs and your likes for your n

Gong Xi Fa Chai! Wishing You a Prosperous Chinese New Year 2022, may the divine blessings, good health, prosperity, and ...
01/02/2022

Gong Xi Fa Chai!

Wishing You a Prosperous Chinese New Year 2022, may the divine blessings, good health, prosperity, and virtues never cease for you.

2 Storeyed RCC Residential BuildingLocation-MandalayTotal Area - 48’ x 32’ 4 Master Bedrooms4 Bathrooms1 Office Room1 Ki...
06/01/2022

2 Storeyed RCC Residential Building
Location-Mandalay

Total Area - 48’ x 32’
4 Master Bedrooms
4 Bathrooms
1 Office Room
1 Kitchen
1 Dining Room
1 Shrine Room
1 Family Living Room
1 Living Hall

Designed and constructed by
Plan A Design & Construction x Myanmar Aung Pann Taing Construction

(Plan A is the residential division of MAPT)

Plan A design and construction group wishes your 2022 to be filled with great fortune and exceptional success! May this ...
01/01/2022

Plan A design and construction group wishes your 2022 to be filled with great fortune and exceptional success! May this year be YOUR YEAR!

Happy New Year 2022!!!

🏡မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။✨ကျွန်တော်တို့ Plan A မှ လူကြီးမင်းတို့ အလိုရှိသလို ...
07/07/2021

🏡မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆို
လိုက်ပါတယ်ခင်ဗျာ။

✨ကျွန်တော်တို့ Plan A မှ လူကြီးမင်းတို့ အလိုရှိသလို ရွေးချယ်ရလွယ်ကူပြီး ပွင့်လင်းမြင်သာစေဖို့ အတွက် ကျွန်တော်တို့ PAE စျေးနှုန်းများကို အောက်ပါအတိုင်း ၂၅၀၀၀ ၊ ၃၃၀၀၀ ၊ ၃၇၀၀၀ ဟူ၍ ယေဘုယျအားဖြင့် ခွဲထားရာမှာ ပါဝင်သောလုပ်ငန်းများကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက် ယခု Post တွင် တစ်ပုံချင်းစီ ခွဲပြီး တင်ပေးလိုက်ပါတယ်ခင်ဗျာ။

💯စျေးနှုန်းများကွာခြားချက်မှာ အဆောက်အဦးတွင်ပါဝင်သော အလှအပ Design များနှင့် Additional Add-on (ထပ်ဆောင်းထည့်သွင်းမှုများ) ပေါ်တွင်သာ မူတည်ပြီး အဆောက်အဦ၏ ခိုင်ခံမှုနှင့် အရည်အသွေးပေါ်တွင် “လုံးဝ” သက်ရောက်မှု မရှိကြောင်းကို အာမခံပါတယ်ခင်ဗျာ။
——

လူကြီးမင်းတို့မိသားစုအတွက် နွေးထွေးလုံခြုံတဲ့နေအိမ်အသိုက်အမြုံလေးဖြစ်အောင်ဖန်တီးပေးဖို့ Plan A မှတာဝန်ယူပါတယ်ခင်ဗျ။ အသေးစိတ်ကို

📞 092033665
📞09444024846
📞09965563618

💌[email protected]

📍C(8), 60st, Between 32st & 33st, Chan Aye Tharzan Township, Mandalay

မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေလို့ Plan A မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။

INTEGRATED SHOP-HOUSE —🏡မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ ဒီတစ်ခါမှာတော့ အိမ်အောက်ထပ်တ...
05/07/2021

INTEGRATED SHOP-HOUSE

🏡မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆို
လိုက်ပါတယ်ခင်ဗျာ။ ဒီတစ်ခါမှာတော့ အိမ်အောက်ထပ်တွေမှာ ဆိုင်ခန်းအတွက်နေရာလေးတွေထည့်ထားတဲ့ Design လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျာ။
——
⭐️အခုခေတ်မှာ တစ်နိုင်တစ်ပိုင် စီးပွါးရေးတွေလုပ်လာတာများလာတာနဲ့အမျှ မိမိတို့ရဲ့ လုပ်ငန်းအတွက်ိကို ဆိုင်ခန်း/ရုံးခန်း/စားသောက်ဆိုင်အသေးလေးတွေ ထားသင့်ပါတယ်။

⭐️ကိုယ်ပ်ိုင်လုပ်ငန်းမရှိရင်တောင်မှ နေရာရှိနေတယ်ဆိုရင် ဆိုင်ခန်းကို အငှါးအနေနဲ့ အပိုဝင်ငွေ Passive Income အနေနဲ့လည်းစုဆောင်းနိုင်ပါတယ်ဗျ။

⭐️ကျွန်တော်တို့ PlanA မှဆောက်လုပ်ပေးခဲ့တဲ့ အိမ်အများစုကိုလည်း အောက်ထပ်ဆိုရင် နေရာလွတ်ကို ချန်ပေးပြီး ဆိုင်ခန်း/ရုံးခန်း (သို့) ကားဂိုထောင် အနေနဲ့ ထားပေးတာများပြီး လူကြိုက်များကြပါတယ်ခင်ဗျာ။
——

လူကြီးမင်းတို့မိသားစုအတွက် နွေးထွေးလုံခြုံတဲ့နေအိမ်အသိုက်အမြုံလေးဖြစ်အောင်ဖန်တီးပေးဖို့ Plan A မှတာဝန်ယူပါတယ်ခင်ဗျ။ အသေးစိတ်ကို

📞 092033665
📞09444024846
📞09965563618

💌[email protected]

📍C(8), 60st, Between 32st & 33st, Chan Aye Tharzan Township, Mandalay

မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေလို့ Plan A မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။

——

Credits respectfully goes to original creators.

🏡Minimalist ဆန်ဆန် ဘယ်လို Decorate လုပ်မလဲ🏡မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ ဒီတစ်ခါမှ...
29/06/2021

🏡Minimalist ဆန်ဆန် ဘယ်လို Decorate လုပ်မလဲ

🏡မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆို
လိုက်ပါတယ်ခင်ဗျာ။ ဒီတစ်ခါမှာတော့ လူကြီးမင်းတို့ရဲ့ အိမ်တွင်း Interior Design ကို Minimalist ဆန်ဆန်ဘယ်လို အလှဆင်မလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျ။

🤍Minimalism ဆိုတာ ၁၉၆၀ ခုနှစ်ပိုင်းလောက်ကပေါ်ထွက်လာတဲ့ Art Style တစ်ခုပဲဖြစ်ပါတယ်။ စစချင်းမှာ ပန်းချီအနုပညာ Art အနေနဲ့ စခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တော့ Architecture Design , Interior Design တွေသာမကပဲ လူနေမှု Lifestyle Trend တစ်ခုဖြစ်လာတဲ့အထိကို လူသိများလာတာဖြစ်ပါတယ်။
သူ့ရဲ့ အဓိပ္ပာယ်ကတော့ “Less is more” ဆိုတဲ့ သဘာဝအတိုင်း ရှုပ်ပွမနေပဲ နည်းနည်းလေးနဲ့ အဓိပ္ပာယ် ရှိရှိ လှပအောင် ဖန်တီးပြင်ဆင်မှုပဲဖြစ်ပါတယ်။

အဲ့တော့ ကိုယ့်အိမ်လေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ Minimalist ဆန်ဆန် ပြင်ဆင်မယ်ဆိုရင်သိထားသင့်တဲ့ အချက်လေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1. COLORS 🎨

Minimalism ရဲ့သဘာဝအရ ကိုယ့်အိမ်ရဲ့ Color Paletteကို တည်ငြိမ်ပြီး အမြင်မစူးတဲ့အရောင် တစ်ခုကိုရွေးပြီး ထိုအရောင်ရဲ့ ပုံစံတူ Shade လေးတွေကိုသာသုံးသင့်ပါတယ်။ ဥပမာ အပြာဖျော့ကိုကြိုက်ရင် သုံးမဲ့အရောင်တွေကို အပြာဖျော့၊ မီးခိုးဖျော့၊ အဖြူ၊ စသည်ဖြင့် ခပ်ဆင်ဆင်အရောင်တွေကိုပဲ သုံးတာမျိုးပေါ့။ မတူတဲ့ အရောင်တွေကို မျိုးစုံရောပြီး မသုံးသင့်ပါဘူး။

2. TEXTURES🪵

Minimalist Design ဟာအရမ်းရိုးရှင်းတာကြောင့် တစ်ခါတစ်လေမှာ အရမ်းကြီး ရှင်းပြီး ခြောက်ကပ်ကပ်ကြီးဖြစ်တတ်ပါတယ်။ အဲ့ဟာကြောင့် ကိုယ့် Decoration ထဲမှာ Texture လေးတွေနဲ့ ရောပြီး ပြင်ဆင်သင့်ပါတယ်။ ဥပမာ အခန်းနံရံတွေ မျက်နှာကြက်တွေက အကုန် အဖြူရောင်ဖြစ်ပြီး ရှင်းလင်းနေတယ်ဆို ထိုင်ခုံတွေ၊ စားပွဲတွေ၊ ဗီရိုတွေ၊ ကြမ်းခင်း ကို ပုံမှန်ဆေးသုတ်ထားတာမျိုးမဟုတ်တဲ့ သဘာဝဆန်ဆန် သစ်သားတို့ ကြေးတို့ စတဲ့ Material လေးတွေနဲ့ဟာမျိုးလေးတွေ သုံးပေးသင့်ပါတယ်။

3. QUALITY OVER QUANTITY 🤍

Minimalism ဆိုတာ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးသင့်တယ်ဆိုတဲ့ သဘောအတိုင်း မိမိအိမ်မှာရှိတဲ့ ပစ္စည်းတိုင်း ဟာ ကိုယ့်အတွက် တကယ်အသုံးဝင်ပြီး Quality ကောင်းတဲ့ အရာတွေပဲဖြစ်နေသင့်ပါတယ်။ မလိုအပ်ပဲနဲ့ ပစ်ရမှနှမြောလို့ ဆိုပြီး သိမ်းထားတာမျိုးတွေ (ဥပမာ စားပွဲဟောင်း၊ ဗီရိုအပျက်) စသည်တို့ကို လှူတာဖြစ်ဖြစ် ရောင်းတာဖြစ်ဖြစ်လုပ်သင့်ပါတယ်။ မလိုပဲနဲ့ ရှိနေတာ့ရှုပိတာပေါ့ဗျာ။ နောက်အသစ်ဝယ်မဲ့ ပစ္စည်းတွေကလည်း ကိုယ့်အိမ်နဲ့တကယ်ကိုက်ညီပြီး သက်တမ်းကြာကြာခံနိုင်မယ့် Quality ကောင်းတာမျိုးကိုပဲ ဝယ်သင့်ပါတယ်။ တစ်ခါတည်းစျေးကောင်းကောင်းဟာဝယ်တာဟာ ထပ်ခါထပ်ခါ စျေးပေါတာတွေဝယ်နေရတာထပ်စာရင် အများကြီး ပိုသက်သာပါတယ်ဗျာ။

ခုဖော်ပြထားတာတွေက Minimalist Design ရဲ့ အခြေခံတွေသာ ဖြစ်ပြီး စိတ်ဝင်စားတယ်ဆိုရင် ကိုယ်တိုင် internet မှာဆက်လက်လေ့လာလို့ရပါတယ်။ ကျွန်တော်တို့ Plan A မှလည်း နောက်နောင် အလျားသင့်သလို ထပ်မံဖော်ပြပေးသွားဦးမှာပါခင်ဗျာ☺️။
—-

လူကြီးမင်းတို့မိသားစုအတွက် နွေးထွေးလုံခြုံတဲ့နေအိမ်အသိုက်အမြုံလေးဖြစ်အောင်ဖန်တီးပေးဖို့ Plan A မှတာဝန်ယူပါတယ်ခင်ဗျ။ အသေးစိတ်ကို

📞 092033665
📞09444024846
📞09965563618

💌[email protected]

📍C(8), 60st, Between 32st & 33st, Chan Aye Tharzan Township, Mandalay

မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေလို့ Plan A မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။

🏡မင်္ဂလာပါခင်ဗျာ။ Plan A Design & Construction မှ လူကြီးမင်းတို့၏ နေအိမ်အဆောက်အအုံများကို ခေတ်မှီဆန်းသစ်ပြီး အရည်အသွေးမြ...
21/06/2021

🏡မင်္ဂလာပါခင်ဗျာ။ Plan A Design & Construction မှ လူကြီးမင်းတို့၏ နေအိမ်အဆောက်အအုံများကို ခေတ်မှီဆန်းသစ်ပြီး အရည်အသွေးမြင့်မားသောဝန်ဆောင်မှုများဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျအောင် ဆောက်လုပ်ပေးနေပါတယ်ခင်ဗျာ။

📣လူကြီးမင်းတို့ အလိုရှိသလို ရွေးချယ်ရလွယ်ကူပြီး ပွင့်လင်းမြင်သာစေဖို့ အတွက် ကျွန်တော်တို့ Plan A မှ PAE စျေးနှုန်းများကို အောက်ပါအတိုင်း ၂၅၀၀၀ ၊ ၃၃၀၀၀ ၊ ၃၇၀၀၀ ဟူ၍ ယခင်ပြီးစီးခဲ့သော လုပ်ငန်းများ၏ ကုန်ကျစရိတ်များနှင့် BQ စနစ်ဖြင့် တွက်ချက်မှုများကို Area နှင့်နှိုင်းယှဉ်ထားသော စျေးနှုန်းများထဲမှ ရွေးချယ်မှု အများဆုံး စျေးနှုန်း ၃ မျိုးကို ဖော်ပြပေးထားပါတယ်။

📣ပါဝင်သောလုပ်ငန်းများကိုပါ အသေးစိတ်ဖော်ပြပေးထားပါတယ်ဗျာ။

💯စျေးနှုန်းများကွာခြားချက်မှာ အဆောက်အဦးတွင်ပါဝင်သော အလှအပ Design များနှင့် Additional Add-on (ထပ်ဆောင်းထည့်သွင်းမှုများ) ပေါ်တွင်သာ မူတည်ပြီး အဆောက်အဦ၏ ခိုင်ခံမှုနှင့် အရည်အသွေးပေါ်တွင် “လုံးဝ” သက်ရောက်မှု မရှိကြောင်းကို အာမခံပါတယ်ခင်ဗျာ။

🟧PAE 25000mmk (Bronze) တွင် ပါဝင်သောလုပ်ငန်းများမှာ

Architectural design ဆွဲပေးခြင်း
• Structural design ရေးဆွဲခြင်း
• Site Engineer မှ အနီးကပ် ကြီးကြပ်ဆောင်လုပ်ခြင်း
• ကျွမ်းကျင်လုပ်သားအဖွဲ့များ အသုံးပြုခြင်း
• ခိုင်ခံ့မှုတွက်ချက်ပြီးသော Structural analysis အတိုင်း တိကျ မှန်ကန်စွာတည်ဆောက်ခြင်း
• Reinforced concrete - Footing , column , beams , slabs, stairs
• RC လုပ်ငန်းများတွင် 52.5 cement ကိုသာအသုံးပြုခြင်း
• အုတ်စီလုပ်ငန်းတွင် ပ-အုပ် ကိုသာအသုံးပြုခြင်း
• Septic tank, ground tank, overhead tank ထည့်သွင်းတည်ဆောက်ပေးခြင်း
• သစ်မာ ကြီးခွေထောင်ခြင်း ,အခန်းဖွဲ့ခြင်း၊ အပြင်နံရံ ၉” အုပ်စီခြင်းအ‌ ချောကိုင်ခြင်း
• ရေလိုင်း မီးလိုင်း များကို underground system ဖြင့်သွယ်တန်းပေးခြင်း
• Original export rebar များအသုံးပြုတည်ဆောက်ပေးခြင်း

—-
⬜️PAE 33000mmk (Silver) တွင် ပါဝင်သောလုပ်ငန်းများမှာ

• Architectural design ဆွဲပေးခြင်း
• Structural design ရေးဆွဲခြင်း
• Site Engineer မှ အနီးကပ် ကြီးကြပ်ဆောင်လုပ်ခြင်း
• ကျွမ်းကျင်လုပ်သားအဖွဲ့များ အသုံးပြုခြင်း
• ခိုင်ခံ့မှုတွက်ချက်ပြီးသော Structural analysis အတိုင်း တိကျ မှန်ကန်စွာတည်ဆောက်ခြင်း
• Reinforced concrete - Footing, column , beams , slabs, stairs
• RC လုပ်ငန်းများတွင် 52.5 cement ကိုသာအသုံးပြုခြင်း
• အုတ်စီလုပ်ငန်းတွင် ပ-အုပ် ကိုသာအသုံးပြုခြင်း
• Septic tank, ground tank, overhead tank ထည့်သွင်းတည်ဆောက်ပေးခြင်း
• သစ်မာ ကြီးခွေထောင်ခြင်း ,အခန်းဖွဲ့ခြင်း၊ အပြင်နံရံ ၉” အုပ်စီခြင်းအ‌ ချောကိုင်ခြင်း
• ရေလိုင်း မီးလိုင်း များကို underground system ဖြင့်သွယ်တန်းပေးခြင်း
• Original export rebar များအသုံးပြုတည်ဆောက်ပေးခြင်း
• ကျွန်းတံခါးများ , MIX Thai ဘုသော့များတပ်ပေးခြင်း
• ရေချိုးခန်း အိမ်သာများအား ကြွေပြားခင်းပေးခြင် , နံရံအမြင့် ၆’ ကြွေပြားကပ်ပေးခြင်း….
• ကြွေဘိုထိုင် , မျက်နှာသစ်ကန် , ကြည့်မှန် တပ်ဆင်ပေးခြင်း ရေဘားများဆင်ပေးခြင်း (Maxten Brand)
• အခန်းတိုင်းတွင် မီး ပွင့် , ပလပ်၊ ခလုပ် များတပ်ဆင်ခြင်း
• အထပ်တိုင်း Safety Breakers များတပ်ခြင်း
• Pure glass ဖြင့် U PVC slide window များ တပ်ဆင်ခြင်း
• မြေညီထပ် လိပ်တံခါး တပ်ဆင်ပေးခြင်း .
• မီးဖိုခုံ ပြုလုပ်ပေးခြင်း
• ရေမော်တာတပ်ဆင်ခြင်း
• အတွင်းအပြင်နံရံများကို Wall putty 2 coat , sealers 1 coat , colours paint 2 coat ဖြင့် ဆေးသုတ်လုပ်ငန်းဆောင်ရွက်ပေးခြင်း
• တံခါးများကို ချိတ်ဆေးသုတ်ပေးခြင်း
• MS Hollow Pipe ဖြင့် လှေခါး ကျွန်းလက်ရုံး (Teak Handrails)ပြုလုပ်တပ်ဆင်ပေးခြင်း

🟨PAE 37000mmk (Gold) တွင် ပါဝင်သောလုပ်ငန်းများမှာ

• Architectural design ဆွဲပေးခြင်း
• Structural design ရေးဆွဲခြင်း
• Site Engineer မှ အနီးကပ် ကြီးကြပ်ဆောင်လုပ်ခြင်း
• ကျွမ်းကျင်လုပ်သားအဖွဲ့များ အသုံးပြုခြင်း
• ခိုင်ခံ့မှုတွက်ချက်ပြီးသော Structural analysis အတိုင်း တိကျ မှန်ကန်စွာတည်ဆောက်ခြင်း
• Reinforced concrete - Footing, column, beams, slabs, stairs
• RC လုပ်ငန်းများတွင် 52.5 cement ကိုသာအသုံးပြုခြင်း
• အုတ်စီလုပ်ငန်းတွင် ပ-အုပ် ကိုသာအသုံးပြုခြင်း
• Septic tank, ground tank, overhead tank ထည့်သွင်းတည်ဆောက်ပေးခြင်း
• သစ်မာ ကြီးခွေထောင်ခြင်း ,အခန်းဖွဲ့ခြင်း၊ အပြင်နံရံ ၉” အုပ်စီခြင်းအ‌ ချောကိုင်ခြင်း
• ရေလိုင်း မီးလိုင်း များကို underground system ဖြင့်သွယ်တန်းပေးခြင်း
• Original export rebar များအသုံးပြုတည်ဆောက်ပေးခြင်း
• ကျွန်းတံခါးများ , MIX Thai ဘုသော့များတပ်ပေးခြင်း
• ရေချိုးခန်း အိမ်သာများအား ကြွေပြားခင်းပေးခြင် , နံရံအမြင့် ၆’ ကြွေပြားကပ်ပေးခြင်း….
• ကြွေဘိုထိုင် , မျက်နှာသစ်ကန် , ကြည့်မှန် တပ်ဆင်ပေးခြင်း ရေဘားများဆင်ပေးခြင်း
• အခန်းတိုင်းတွင် မီး , ပလပ် , ခလုပ် များတပ်ဆင်ခြင်း
• အထပ်တိုင်း Safety Breakers များတပ်ခြင်း
• မြေညီထပ် လိပ်တံခါး တပ်ဆင်ပေးခြင်း .
• မီးဖိုခုံ ပြုလုပ်ပေးခြင်း
• ရေမော်တာတပ်ဆင်ခြင်း
• အတွင်းအပြင်နံရံများကို Wall putty 2 coat , sealers 1 coat , colours paint 2 coat ဖြင့် ဆေးသုတ်လုပ်ငန်းဆောင်ရွက်ပေးခြင်း (Orient Paint)
• တံခါးများကို ချိတ်ဆေးသုတ်ပေးခြင်း
• MS Hollow Pipe ဖြင့် လှေခါး လက်ရုံး (Handrails)ပြုလုပ်တပ်ဆင်ပေးခြင်း
• အထပ်တိုင်း လှေခါးကြွေပြားခင်းပေးခြင်း
• အထပ်တိုင်း ကိုရီယားပါကေး (သို့) ကြွေပြားခင်းပေးခြင်း
• ဘုရားခန်း (သို့) ဧည့်ခန်း မျက်နှာကျက်တပ်ဆင်ပေးခြင်း
• 788 Aluminium slide window များတပ်ပေးခြင်း
• ခြင်လုံတပ်ပေးခြင်း
• လုံခြုံရေး သံပန်း တပ်ဆင်ခြင်း
• မြေညီထပ် Steel or သံဘာဂျာတံခါးတပ်ဆင်ပေးခြင်း
• ကားတက်ပြုလုပ်ပေးခြင်း
• မိုးကြိုးလွှဲ တပ်ဆင်ပေးခြင်း များပါရှိပါတယ်ဗျ။
—-

🔔Bill of Quantity (BQ) စနစ်ဖြင့် ဆောက်လုပ်လိုပါကလည်း Free Consultation အနေဖြင့် လာရောက်ဆွေးနွေးနိုင်ပါတယ်ဗျာ။

လူကြီးမင်းတို့မိသားစုအတွက် နွေးထွေးလုံခြုံတဲ့နေအိမ်အသိုက်အမြုံလေးဖြစ်အောင်ဖန်တီးပေးဖို့ Plan A မှတာဝန်ယူပါတယ်ခင်ဗျ။ အသေးစိတ်ကို

📞 092033665
📞09444024846
📞09965563618

💌[email protected]

📍C(8), 60st, Between 32st & 33st, Chan Aye Tharzan Township, Mandalay

မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေလို့ Plan A မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။

🏠မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ —🏠🏠🏠ဒီအိမ်လေးကတော့ ကျွန်တော်တို့ တာဝန်ယူဆောက်လုပ်ပေ...
15/06/2021

🏠မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆို
လိုက်ပါတယ်ခင်ဗျာ။

🏠🏠🏠ဒီအိမ်လေးကတော့ ကျွန်တော်တို့ တာဝန်ယူဆောက်လုပ်ပေးနေပြီး Finishing ပိုင်းကိုရောက်နေပြီဖြစ်တဲ့ ၂ ထပ်ခွဲ RC တိုက်လေးပဲဖြစ်ပါတယ်။

အိမ်လေးဟာ 35’ x 42’ အကျယ်ရှိပြီး

➡️Master bedroom - (၆)ခန်း
➡️W/C အိမ်သာ - (၆) ခန်း
➡️ကား (၂) စီးဆန့် Garage
➡️မီးဖိုချောင် - (၁) ခန်း
➡️ထမင်းစားခန်း - (၁) ခန်း
➡️ဝရန်တာ - (၂) ခု
➡️လသာဆောင် - (၁)ခု
➡️ဘုရားခန်း - (၁) ခန်း
➡️ဂါလန် (၃၀၀၀) ဆန့် Underground Tank နဲ့ Overhead Tank
တို့ပါဝင်ပါတယ်။

🏡Exterior Design အတွက် အဆင့်မြင့် INAX ကျောက်ပြားများဖြင့် အလှဆင်ပေးထားပြီး Interior Flooring အတွက် အထပ်တိုင်းကို Ceramic Tiles ကြွေပြားများကပ်ပေးထားပါတယ်။

🎨အတွင်း/အပြင် ဆေးများကိုလည်း အရည်အသွေးပြည့် Orient Paint ကို Putty 2 coat, Sealer 1 coat, Paint 2 coat ဖြင့် စနစ်တကျ သုတ်ပေးထားပါတယ်။

🚪တံခါးများကိုလည်း Design အဆန်းလေးများဖြင့် သစ်မာအမျိုးအစား Hardwood Panel များ 5”x 3” Chowkat များ တပ်ဆင်ပေးထားပြီး Inchem တံဆိပ် Polish ဆေးများဖြင့် အရောင်တင်ပေးထားပါတယ်။

🪜လှေကား လက်ရမ်းများကိုလည်း အိမ်ရဲ့ interior Aesthetic နဲ့ လိုက်အောင် Hardwood သစ်မာ များဖြင့် စနစ်တကျ တပ်ဆင်ပေးထားပါတယ်ခင်ဗျာ။

🪟ပြတင်းပေါက်များကိုလည်း Client ရဲ့ သဘောကျ လေဝင်လေထွက်ကောင်းအောင် 6’ ပတ်လည် ပြတင်းပေါက်ကျယ်များကို အခန်းတိုင်းတွင်တပ်ဆင်ပေးထားပါတယ်။

🪟လသာဆောင် Design အတွက်လည်း အရည်အသွေးမြင့် Belgium CNC Machine ဖြင့် ပုံဖော်ထားသော Steel Plate ပြားများ ၊ Square Pipe များဖြင့် အလှဆင်ပေးထားပါတယ်။

⚡️လျှပ်စစ်အန္တရာယ်ကာကွယ်ဖို့ အတွက်လည်း အထပ်တိုင်းမှာ Electric Breaker တစ်ခုစီ တပ်ဆင်ပေးထားပါတယ် ခင်ဗျာ။
—-

အဆောက်အဦး ကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးလိုပါက

Plan A Design & Construction

📞 092033665
📞09444024846
📞09965563618

💌[email protected]

📍C(8), 60st, Between 32st & 33st, Chan Aye Tharzan Township, Mandalay
-

🎨နံရံ ဆေးရောင်နဲ့ အခန်း size ကိုဘယ်လို ပြောင်းမလဲ။ —🏠မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆိုပါတယ်ခင်ဗျာ။ —🎨အခ...
13/06/2021

🎨နံရံ ဆေးရောင်နဲ့ အခန်း size ကိုဘယ်လို ပြောင်းမလဲ။

🏠မင်္ဂလာပါ။ Plan A Design & Construction မှ ကြိုဆိုပါတယ်ခင်ဗျာ။

🎨အခန်းတစ်ခန်းရဲ့ ဆေးရောင်ကိုရွေးချယ်ရာမှာ ကိုယ့်အခန်းရဲ့ Style နဲ့ Design သာ ပြောင်းလဲသွားစေရုံသာမက သုတ်ဆေးသုတ်တဲ့ပုံကို မူတည်ပြိး အခန်းရဲ့ အရွယ်အစားကိုပါ ပြောင်းလဲသွား သလိုခံစားရအောင် Perspectives ကိုလိုသလို ချုံ့/ချဲ့ပြီး ဖန်တီးလို့ရပါတယ်။

🎨အဲ့တော့ လိုချင်တဲ့ အခန်းပုံစံ ကိုလိုက်ပြီး ဆေး ဘယ်လိုသုတ်မလဲဆိုတာ ကို အောက်က ပုံတစ်ပုံချင်းစီအောက်မှာ ရေးပြထားပါတယ်ဗျာ။

__

အဆောက်အဦး ကိစ္စများနှင့်ပတ်သက်ပြီး
ဆွေးနွေးဆောက်လုပ်လိုပါက

Plan A Design & Construction

📞 092033665
📞09444024846
📞09965563618

💌[email protected]

📍C(8), 60st, Between 32st & 33st, Chan Aye Tharzan Township, Mandalay

-
(Credits respectfully goes to original creators)

🏠Small cottage house designs——-မင်္ဂလာပါ။ Plan A Design & Construction Page မှ ကြိုဆိုပါတယ်ခင်ဗျာ။ ——🏠ဒီတစ်ခါမှာတော့ Roo...
11/06/2021

🏠Small cottage house designs
——-
မင်္ဂလာပါ။ Plan A Design & Construction Page မှ ကြိုဆိုပါတယ်ခင်ဗျာ။
——

🏠ဒီတစ်ခါမှာတော့ Roof slab ပြားတွေနဲ့ အိမ်မျိုးတွေ
မကြိုက်ဘူး။ Traditional ဆန်ဆန် အမိုးစောင်းလေးတွေပဲကြိုက်တယ် ဆိုတဲ့သူတွေအတွက် Cottage House
ဆန်းဆန်းလေးတွေ စုပေးလိုက်ပါတယ်ဗျ။

🏠ဒါမျိုးလေးတွေက ရာသီဥတုအေးတဲ့ ဒေသမျိုးတွေနဲ့
ကိုက်ညီပြီး ချစ်စရာကောင်းတာကြောင့် Vacation House တွေအတွက် အဆင်ပြေစေပါတယ်။

အဆောက်အဦး ကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးလိုပါက

Plan A Design & Construction

📞 092033665
📞09444024846
📞09965563618

💌[email protected]

📍C(8), 60st, Between 32st & 33st, Chan Aye Tharzan Township, Mandalay

-
(Credits respectfully goes to original creators)

🌱Indoor plant တွေ ဘာလို့စိုက်သင့်သလဲ —-မင်္ဂလာပါခင်ဗျာ Plan A Design & Construction Page မှကြိုဆိုပါတယ်။ ဒီတစ်ခါမှာတော့ ...
09/06/2021

🌱Indoor plant တွေ ဘာလို့စိုက်သင့်သလဲ
—-
မင်္ဂလာပါခင်ဗျာ Plan A Design & Construction Page မှကြိုဆိုပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်တော်တို့က indoor plant တွေကို ဘာကြောင့်စိုက်သင့်သလဲဆိုတာ အပြင် အလွယ်တကူ
စိုက်ပျိုးနိုင်တဲ့ အပင်တွေအကြောင်းကိုပါ ပြောပြသွားမှ ဖြစ်ပါတယ်။

🍀ဘာကြောင့်စိုက်သင့်သလဲ။

🌱လွယ်ကူစွာ အိမ်ခန်းတစ်ခန်းရဲ့ Design ကို ပြောင်းလဲပေးနိုင်ခြငိး

-ကျွန်တော်တို့ရဲ့ အိမ်တွေအများစုဟာ အများအားဖြင့် (Manufactured) လူထုတ်လုပ်ကုန်တွေနဲ့ပဲ ပြည့်နှက်နေကြပါတယ်။ အဲ့ဒါကြောင့် အပင် စိမ်းစိမ်းလေးတစ်ပင် လောက် ထည့်လိုက်တာနဲ့ ထိုကဲ့သို့သော Artifical ဆန်တဲ့နေရာလေးကနေ သဘာဝ ကျကျ နေချင်စရာလေးအဖြစ်ကို ပြောင်းလဲသွားနိုင်ပါတယ်။

🌱လေထုမှ အဆိပ်အတောက်တွေကို စုပ်ယူပေးပြီး လေထုအစိုဓာတ်ကို ထိန်းပေးခြင်း

-လူနေအိမ်အများစုမှာ ကျွန်တော်တို့မမြင်နိုင်တဲ့ ဓာတုငွေ့တွေဟာ ပရိဘောဂတွေ၊ လူသုံးကုန် ပစ္စည်းတွေနဲ့ အတူ ကိနိးအောင်နေကြပါတယ်။ ဥပမာ Formaldehyde၊ Trichloroethylene၊ Benzene၊ Ammonia၊ Xylene စသော chemical များဟာ နှာစေး၊ချောင်းဆိုး၊ ခေါင်းကိုက် စသော Allergic reaction တွေ ပေးနိုင်ပါတယ်။ NASA မှ သုသေသနပြုချက်အရ indoor plant တွေဟာ အဲ့ ဓာတ်ငွေ့တွေကို ၈၀% လောက်အထိ စုပ်ယူပေးနိုင်တယ်လို့ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့်မို့လို့ Indoor Plant များဟာ အလှအပ အတွက်တင်မကပဲ မိမိတို့ မိသားစုရဲ့ ကျန်းမာရေးအတွက်ပါ အင်မတန်ကောင်းလှပါတယ်။

🌱အဲ့ဒီတော့ လူကြီးမင်းတို့အိမ်မှာ အပင်လေးတွေ စထည့်မယ်၊ ဒါပေမယ့် ဘယ်အပင်မျိုးတွေက စိုက်ရလွယ်သလဲဆိုတာ သိဖို့ မြန်မာနိုင်ငံမှာ ရှင်သန်လွယ်ပြီး ဝယ်ရလွယ်ကူတဲ့ အပင်တစ်ချို့ကိုလည်းဖော်ပြပေးလိုက်ပါတယ်ဗျာ။

🌿Aloe Vera (ရှားစောင်း)
🌿Pothos (ရွှေလာငွေလာ)
🌿Snake plant (နဂါးစက်)
🌿Zz plant (ကျောက်စိမ်းဧကရာဇ်)
🌿Peace Lily (ရှင်သီဝလိ)
🌿Bamboo (ဝါး)
🌿Rubber Plant (မဟော်ဂနီ)
🌿Monstera (ကျားလက်ဝါး)

👷‍♂️အဆောက်အဦး ကိစ္စများနှင့်ပတ်သက်ပြီး
ဆွေးနွေးလိုပါက

Plan A Design & Construction

📞 092033665
📞09444024846
📞09965563618

💌[email protected]

📍C(8), 60st, Between 32st & 33st, Chan Aye Tharzan Township, Mandalay

-
(Credits respectfully goes to original creators)

🏡အိမ်တစ်အိမ် ဆောက်တော့မယ် ဆိုရင်———-ကျွန်တော်တို့တွေ အိမ်တစ်လုံးကိုစပြီး ဆောက်လုပ်တော့မယ်ဆိုရင် မဆောက်ခင်ကတည်းက စဉ်းစားရ...
08/06/2021

🏡အိမ်တစ်အိမ် ဆောက်တော့မယ် ဆိုရင်
———-

ကျွန်တော်တို့တွေ အိမ်တစ်လုံးကိုစပြီး ဆောက်လုပ်တော့
မယ်ဆိုရင် မဆောက်ခင်ကတည်းက စဉ်းစားရမယ့်
အချက်လေးတွေရှိပါတယ်။
ဒါလေးတွေက တော်တော်များများလည်း သိကြပြီးပေမယ့် မသိသေးတဲ့သူတွေအဖို့ မျှဝေပေးလိုက်ပါတယ်ဗျာ။

🏠ကိုယ်ဆောက်ချင်တယ့် အိမ်ရဲ့အရွယ်အစား နဲ့ Plan

☑️နေမယ့်သူအရေအတွက်နဲ့လောက်အောင်
ဘယ်နှထပ်ဆောက်မှာလဲ။

☑️လက်ရှိလူအပြင် ထပ်တိုးလာနိုင်သေးလား။
(ဥပမာ ကိုယ့်ကလေးတွေကြီးလာရင် အခန်းခွဲပေးဖို့)

☑️တခြား Purpose တွေအတွက် အခန်းသပ်သပ်ဖွဲ့ချင်
သလား (ဥပမာ စာကြည့်ခန်း၊ Home office၊ Home gym စသည်ဖြင့်)

☑️အိမ်ရဲ့ Flow ကကိုယ်ရဲ့ကိုက်ညီရဲ့လား
(အခန်းဖွဲ့တွေက logical ဆန်ဆန်နဲ့ မိမိ မိသားစုတွေအတွက် အဆင်ပြေပြေ ကူးသန်းသွားလားနိုင်လား)
—-

🏠အိမ်ရဲ့တည်နေရာပေါ်မူတည်ပြီး အခန်းဖွဲ့တွေကိုဘယ်လိုထားမှာလဲ

☑️နေရောင်ပူမယ့်ဘက်ကို ရှောင်ပြီးအိပ်ခန်းဖွဲ့ခြင်း

☑️Kitchen area ကို လေဝင်လေထွက်နဲ့ ကိုက်အောင်ထား
ခြင်း

☑️မိုးအမြဲရွာတတ်ရင် Outdoor area တွေကို ကြိုပြီးပြင်
ဆင်ထားခြင်း
—-

🏠အိမ်ရဲ့ Design နဲ့ Color

☑️ကိုယ့်အတွက် အမြဲမကွာရှိနေမယ် အရာထဲမှာ နေအိမ်
ဆိုတာ အရေးအကြီးဆုံးနေရာမှာ ပါနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။

☑️အဲ့တော့ ကိုယ့်အိမ် Design (အုတ်တံတိုင်းမှစ၍ အိမ်
ခေါင်မိုးထိတိုင်အောင်) မှာလည်း ကိုယ့်ရဲ့ Personality နဲ့ Style တွေ့အများကြီး သက်ရောက်နေပါတယ်။ ဒါကြောင့်မို့ ကိုယ်လိုချင်တဲ့ပုံက ဘယ်လိုလဲဆိုတာသိရအောင် ကြိုပြီး research လုပ်ထားသင့်ပါတယ်။ ယခု post တွင်လည်း အိမ်Design နမူနာများထည့်သွင်းပေးထားပါတယ်ဗျာ။

☑️ဥပမာ ကိုယ်သုံးမယ့်အရောင်တွေက အတွင်းအပြင်
လိုက်ရဲ့လား၊ ကိုယ့် ပရိဘောဂတွေနဲ့ရော ကိုက်မှာလား။ စသည်ဖြင့်ပေါ့။
—-

🏠အခြားအရေးကြီးတာလေးတွေကတော့

☑️လှေကားရဲ့ အရွယ်အစား
ခြေနင်းတစ်ထစ်ချင်းဆီရဲ့ အမြင့်လေး၊ stair landing ရဲ့အကျယ် စသည်ဖြင့်တို့ ပြောင်းလဲသွားတာနဲ့တင် အိမ်
တစ်အိမ်ရဲ့ Feel ကပြောင်းလဲသွားနိုင်ပါတယ်

☑️ပလပ်ပေါက်နေရာများ

☑️TV ထားမည့်နေရာ

☑️Aircon တပ်မယ့်နေရာ (အတွင်းအပြင်)

☑️တံခါးရွက်အဖွင့်အပိတ် direction

☑️အဝတ်လှန်းဖို့နေရာ

🏠ကိုယ့်ရဲ့ Budget

☑️ဒါကတော့ပြောဖို့ကိုမလိုဘူးလို့ထင်ပါတယ်။
ကိုယ်ဆောက်မယ်အိမ်က ကိုယ့် Budget နဲ့ညီအောင် သေချာဆွေးနွေးပြီးမှ ဆောက်လုပ်သင့်ပါတယ်။

—-
🥇ကိုယ့်အိမ်ဆိုတာ ကိုယ့်အတွက် သက်တမ်းအကြာဆုံး
နေထိုင်ရမယ့် အရာဖြစ်သည်နှင့်အမျှ အရည်အသွေးကောင်းကောင်းနဲ့ ကိုယ်စိတ်တိုင်းကျဖြစ်နေစေဖို့အတွက် တတ်ကျွမ်းသော အင်ဂျင်နီယာများနှင့် သေချာဆွေးနွေးပြီးမှ ဆောက်လုပ်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။

အဆောက်အဦး ကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးလိုပါက

Plan A Design & Construction

📞 092033665
📞09444024846
📞09965563618

💌[email protected]

📍C(8), 60st, Between 32st & 33st, Chan Aye Tharzan Township, Mandalay

-
(Credits respectfully goes to original creators)

Address

60th Street/Between 32nd X 33rd Street
Mandalay
05041

Telephone

+95 9 962033665

Website

Alerts

Be the first to know and let us send you an email when Plan A Design & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Plan A Design & Construction:

Share