Technosquare Myanmar Engineering Company Limited

Technosquare Myanmar Engineering Company Limited We have strong technical experiences in Daikin VRV systems and proudly based in Mandalay.

အတွေ့အကြုံ နှင့်အရည်အချင်း ပြည့်ဝသော Engineer များ ဦးစီးတည်ထောင်ထားသော ACMV Engineering Company ဖြစ်ပါသည်။

မင်္ဂလာမန္တလေး (Mingalar Mandalay) မှာရှိတဲ့ "Star World Playground" အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် TSM မ...
23/07/2026

မင်္ဂလာမန္တလေး (Mingalar Mandalay) မှာရှိတဲ့ "Star World Playground" အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် TSM မိသားစုမှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ခင်ဗျာ။ ယခုကဲ့သို့ အရေးပါတဲ့ Project မှာ ACMV System ကို ပါဝင်တပ်ဆင်ခွင့်ရခဲ့တဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ဒီ Project မှာဆိုရင် ကစားကွင်းထဲမှာ လာရောက်ဆော့ကစားကြသူတွေ ပူလောင်မှုမရှိဘဲ စိတ်အေးချမ်းသာစွာ ဆော့ကစားနိုင်ဖို့အတွက် —

🔹 Ceiling Duct Type နှင့် Ceiling Cassette Type များကို VRV/VRF System များဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ တွဲဆက်တပ်ဆင်ပေးထားပါတယ်။

🔹 ဒါအပြင် အဆောက်အဦးအတွင်းပိုင်းမှာ မွန်းကြပ်ပိတ်လှောင်နေတာမျိုး မဖြစ်စေဖို့အတွက် လိုအပ်တဲ့ Mechanical Ventilation System ကိုလည်း TSM Duct Factory မှာ ကိုယ်တိုင်အရည်အသွေးပြည့်မီစွာ ထုတ်လုပ်တပ်ဆင်ပေးထားပါတယ်။

လူကြီးမင်းတို့အနေဖြင့် Star World Playground မှာ ပျော်ရွှင်စွာ လည်ပတ်ဆော့ကစားရင်း ကျွန်တော်တို့ Technosquare Myanmar ရဲ့ တပ်ဆင်မှုလက်ရာများကို လေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

💡 Call Now: 09 421 074 375
📌 Address: ၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

အိမ်မှာ မီတာခတွေ တက်လာတာ အဲကွန်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။အဲကွန်းစတပ်ခါစတုန်းကနဲ့ မတူဘဲ အခုနောက်ပိုင်း အိမ်ရဲ့မီတာခတွေ ...
12/07/2026

အိမ်မှာ မီတာခတွေ တက်လာတာ အဲကွန်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အဲကွန်းစတပ်ခါစတုန်းကနဲ့ မတူဘဲ အခုနောက်ပိုင်း အိမ်ရဲ့မီတာခတွေ သိသိသာသာ တက်လာတယ်ဆိုတာမျိုး ကြုံဖူးကြမှာပါ။

ဒါမျိုးက တခြားအကြောင်းတွေကြောင့် ဖြစ်နိုင်သလို အဲကွန်းကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ အဲကွန်းက မီတာခတွေ အရမ်းတက်စေတာလဲ❓

💥 အဲကွန်းအရွယ်အစားမမှန်ကန်ခြင်း
💥 ပုံမှန်ထိန်းသိမ်းမှု အားနည်းခြင်း
💥 အပူချိန်စနစ် မှားယွင်းသတ်မှတ်ခြင်း
💥 သက်တမ်းရင့် Aircon အဟောင်းများကို အသုံးပြုခြင်း
💥 Gas ကုန်နေခြင်း (သို့) လျော့နည်းနေခြင်း စတဲ့အချက်တွေက အဓိက အကြောင်းအရင်းတွေဖြစ်ပါတယ်။

ဒါကြောင့်မို့ အဲကွန်းမီတာခတွေ ပိုမိုမကုန်ကျစေဖို့အတွက် စတင်မတပ်ဆင်ကတည်းက Aircon Size နဲ့ အမျိုးအစားကို သေချာတွက်ချက်ရွေးချယ်ဖို့လိုပါတယ်။

ဒါ့အပြင် Gas ဖြည့်ခြင်း၊ Filter သန့်ရှင်းရေးလုပ်ခြင်း၊ Maintenance ဆောင်ရွက်ခြင်းတွေကိုလည်း ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။

အခုလက်ရှိကိုယ့်အိမ်မှာ မီတာခတွေ အရမ်းများနေတယ်ဆိုရင် ဒီအချက်တွေကို သေချာစစ်ဆေးကြည့်ပြီး ကျွမ်းကျင်သူတွေကို ခေါ်ယူပြုပြင်သင့်ပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

📳 Office - 09 969 950 220
Sales - 09 94 550 22 33
Services - 09 969 950 224

💡 Call Now; 09 421 074 375

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

Inverter Aircon လား? Non-Inverter Aircon လား? ဘယ်ဟာကို ရွေးချယ်သင့်လဲ? 🤔Aircon တပ်တော့မယ်ဆိုရင် ဒီနှစ်မျိုးထဲက ဘယ်ဟာကို ...
07/07/2026

Inverter Aircon လား? Non-Inverter Aircon လား? ဘယ်ဟာကို ရွေးချယ်သင့်လဲ? 🤔

Aircon တပ်တော့မယ်ဆိုရင် ဒီနှစ်မျိုးထဲက ဘယ်ဟာကို ရွေးရမလဲဆိုတာ မကြာခဏ စဉ်းစားရလေ့ရှိပါတယ်။ သူတို့ရဲ့ အခြေခံအလုပ်လုပ်ပုံကို သိထားမယ်ဆိုရင်တော့ ကိုယ့်အတွက် အသင့်တော်ဆုံးကို အလွယ်တကူ ရွေးချယ်နိုင်မှာပါ။

❗ အဓိက ကွာခြားချက်
သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်က Compressor မှာ ရှိနေတာပါ။

Inverter AC တွေကတော့ သတ်မှတ်ထားတဲ့ အပူချိန်ရောက်အောင် Compressor Speed ကို လိုအပ်သလို အတိုးအလျှော့လုပ်ပေးပါတယ်။

Non-Inverter AC မှာဆိုရင် Compressor က ပုံသေ Speed တစ်ခုတည်းနဲ့ပဲ ရပ်လိုက်၊ လည်လိုက်နဲ့ အလုပ်လုပ်ပါတယ်။

❗ အားသာချက်/အားနည်းချက်

Inverter AC: အသံငြိမ်ပြီး Energy Saving ဖြစ်လို့ လျှပ်စစ်မီးကို သက်သာစေပါတယ်။ (ဈေးနှုန်းအားဖြင့် အနည်းငယ် ပိုနိုင်ပါတယ်)

Non-Inverter AC: အသံပိုဆူပြီး လျှပ်စစ်မီး စားသုံးမှု ပိုများပါတယ်။ အခန်းတွင်း အပူချိန်ကလည်း အတက်အကျ အနည်းငယ် ရှိနေတတ်ပါတယ်။

❗ ဘယ်လိုရွေးချယ်မလဲ?
✅ သက်တောင့်သက်သာရှိတဲ့ အအေးဓါတ်ကို လိုချင်တယ်၊ အသံငြိမ်မှုနဲ့ လျှပ်စစ်မီး သက်သာချင်တယ်ဆိုရင်တော့ Inverter Type က အကောင်းဆုံးပါ။
✅ Commercial building တွေ၊ Office တွေလို လူအများအသုံးပြုတဲ့နေရာတွေမှာ ကနဦး ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ်ကို လျှော့ချလိုတယ်ဆိုရင်တော့ Non-Inverter Type ရွေးချယ်သင့်ပါတယ်။

💡 Pro Tip:
Solar System နဲ့ Aircon တွဲသုံးဖို့ စီစဉ်ထားတယ်ဆိုရင်တော့ ဘက်ထရီ သက်တမ်းကြာရှည်ခံပြီး မီးအားကို ထိရောက်စွာ အသုံးပြုနိုင်ဖို့ Inverter Type AC ကိုသာ အထူးအကြံပြုလိုပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

📳 Office - 09 969 950 220
Sales - 09 94 550 22 33
Services - 09 969 950 224

💡 Call Now; 09 421 074 375

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

နေပူကျဲကျဲကနေပြန်လာပီး အိပ်ခန်းထဲရောက်ရင် အေးအေးချမ်းချမ်း ဖြစ်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါပဲ။ ဒါပေမဲ့ အဲယားကွန်းက အခန်းနဲ့...
01/07/2026

နေပူကျဲကျဲကနေပြန်လာပီး အိပ်ခန်းထဲရောက်ရင် အေးအေးချမ်းချမ်း ဖြစ်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါပဲ။ ဒါပေမဲ့ အဲယားကွန်းက အခန်းနဲ့ကိုက်ညီမှုမရှိတဲ့ Cooling Capicity (HP or BTU) ကို တပ်ထားမိရင် လျှပ်စစ်မီးလည်း ကုန်၊ အခန်းလည်း မအေးဘဲ ဒုက္ခရောက်တတ်ပါတယ်။

မိမိအိပ်ခန်းအတွက် Aircon ရွေးချယ်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ -
၁။ အခန်းရဲ့ အလျားနဲ့ အနံကို မြှောက်ပြီး အခန်းဧရိယာ (Square Feet) ကို အရင်တွက်ပါ။

၂။ တွက်ရလာတဲ့ Square Feet ကို 70 နဲ့ မြှောက်လိုက်ပါ။ (ဥပမာ - 140 sq ft x 70 = 9800 BTU)

၃။ AC brand တော်တော်များများမှာ 1 hp ကို 9000 BTU ရှိတတ်တာကြောင့် ရရှိလာတဲ့ BTU ကို 9000 နဲ့စားလိုက်ရင် အခန်းအတွက် လိုအပ်တဲ့ မြင်းကောင်ရေအား (HP) ကို ရရှိနိုင်ပါတယ်။
(ဥပမာ - 9800 BTU/9000 = 1.0 HP < )

၄။ အခြားထည့်သွင်းစဉ်းစားရမှာတွေကတော့ နေ့ပိုင်းတွင် အိမ်ခန်းအား နေရောင်တိုက်ရိုက်ထိတွေ့မှု၊ အခန်းတွင်း အပူထုတ်လွှတ်သည့်ပစ္စည်းများရှိခြင်း၊ မျက်နှာကျက်ပုံမှန်ထက် မြင့်မားနေခြင်း စသည့်တို့အတွက် အနည်းငယ်ပိုမိုတွက်ချက်ရပါမယ်။

မိမိအိပ်ခန်းမှာ Aircon တပ်ချင်တယ်၊ ဘယ်လိုအမျိုးအစားက ကိုယ့်အိပ်ခန်းနဲ့ အကိုက်ညီဆုံးဖြစ်မလဲဆိုတာ မသေချာဘူးဆိုရင် Technosquare Myanmar ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

📳 Office - 09 969 950 220
Sales - 09 94 550 22 33
Services - 09 969 950 224

💡 Call Now; 09 421 074 375

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

Luxury Residence တစ်ခုတွင် Technosquare Myanmar (TSM) မှ တာဝန်ယူတပ်ဆင်လျှက်ရှိသော MITSUBISHI VRF System ၏ Refrigerant Pi...
27/06/2026

Luxury Residence တစ်ခုတွင် Technosquare Myanmar (TSM) မှ တာဝန်ယူတပ်ဆင်လျှက်ရှိသော MITSUBISHI VRF System ၏ Refrigerant Pipe & Duct Line များ

Technosquare Myanmar Co., Ltd. (TSM)

📳 Office - 09 969 950 220
Sales - 09 94 550 22 33
Services - 09 969 950 224

💡 Call Now; 09 421 074 375

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

မင်္ဂလာမန္တလေးမှာရှိတဲ့ Business Tower ကြီးမှာ လေကောင်းလေသန့်ရရှိစေဖို့ Kitchen Mechanical Ventilation System ကို ကျွန်တ...
25/06/2026

မင်္ဂလာမန္တလေးမှာရှိတဲ့ Business Tower ကြီးမှာ လေကောင်းလေသန့်ရရှိစေဖို့ Kitchen Mechanical Ventilation System ကို ကျွန်တော်တို့ Technosquare Myanmar မှ တာဝန်ယူ တပ်ဆင်ပေးခဲ့ပါတယ်။

ယနေ့ခေတ်မှာ သန့်စင်တဲ့လေထုဟာ ကျန်းမာရေးအတွက် အဖိုးတန်ရတနာတစ်ခု ဖြစ်လာပါပြီ။

Kitchen Ventilation System တပ်ဆင်ခြင်းဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ -

✅ လေထုသန့်ရှင်းစေခြင်း - မီးခိုး၊ အနံ့ဆိုးနှင့် အဆီငွေ့များကို အချိန်တိုအတွင်း ဖယ်ရှားပေးခြင်း။
✅ အန္တရာယ်ကင်းရှင်းခြင်း - ကာဗွန်မိုနောက်ဆိုဒ်ကဲ့သို့ အဆိပ်သင့်ဓာတ်ငွေ့များကို အပြင်သို့ စနစ်တကျ စွန့်ထုတ်ပေးခြင်း။
✅ သန့်ရှင်းရေးလွယ်ကူခြင်း - အဆီမှုန်များ ကပ်ငြိမှုကို ကာကွယ်ပေးပြီး ဘက်တီးရီးယား ပေါက်ဖွားမှု လျော့နည်းစေခြင်း။
✅ သက်သောင့်သက်သာရှိခြင်း - မီးဖိုချောင်အတွင်း အပူချိန်ကို ထိန်းညှိပေးခြင်း။
✅ မီးဘေးအန္တရာယ် ကာကွယ်ခြင်း - အဆီအနှစ်များ စုပုံမှုမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော မီးလောင်မှုအန္တရာယ်ကို လျှော့ချပေးခြင်း။

သင့်ရဲ့ စီးပွားရေးလုပ်ငန်း၊ စားသောက်ဆိုင် သို့မဟုတ် မီးဖိုချောင်အတွက် စနစ်ကျသော လေဝင်လေထွက်စနစ် တပ်ဆင်ချင်တယ်ဆိုရင် Technosquare Myanmar ကို ယခုပဲ ဆက်သွယ်လိုက်ပါ။

📞 Phone:
09-969 950 220, 09-969 950 223

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

ပူအိုက်တဲ့ရာသီမှာ ဆိုလာစနစ် (Solar System) တပ်ပြီး အဲကွန်းဖွင့်ချင်ကြတာ သဘာဝပါ။ ဒါပေမဲ့ Engineering အမြင်အရ အရင်ဆုံးတွက်...
21/06/2026

ပူအိုက်တဲ့ရာသီမှာ ဆိုလာစနစ် (Solar System) တပ်ပြီး အဲကွန်းဖွင့်ချင်ကြတာ သဘာဝပါ။ ဒါပေမဲ့ Engineering အမြင်အရ အရင်ဆုံးတွက်ရမှာက "အဲကွန်းရဲ့ မီးစားနှုန်း (Power Consumption)" ပဲ ဖြစ်ပါတယ်။ 📊

ဒီအချက်ကို သေချာမတွက်ဘဲ ဆိုလာတပ်ရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ရအောင်ပါ။ 🤔

အဲကွန်းက မီးအားအလွန်စားလို့ (Heavy Load) 🔌
၁ ကောင်ခွဲ (1.5 HP) အဲကွန်းတစ်လုံးတင် ပုံမှန်အားဖြင့် 1200 W ~ 1600 W ဝန်းကျင်အထိ မိးအားစားပါတယ်။ မီးချောင်း၊ ပန်ကာတွေထက် အဆမတန်များလို့ ကြိုမတွက်ထားရင် ဆိုလာစနစ်တစ်ခုလုံး ဒဏ်မခံနိုင်ဘဲ Shut Down ဖြစ်သွားနိုင်ပါတယ်။

ဆိုလာပြားအရေအတွက် မှန်ကန်ဖို့☀️
နေ့ခင်းဘက် အဲကွန်းလည်းမောင်း၊ တစ်ဖက်ကလည်း ဘက်ထရီအားပြန်သွင်းဖို့ လုံလောက်တဲ့ ဝပ် (Watt) ပမာဏထွက်ရှိမယ့် Solar Panel အရေအတွက်ကို သိနိုင်ဖို့ဆိုရင် တပ်ဆင်ထားတဲ့ အဲကွန်းရဲ့မီးစားနှုန်းကို မဖြစ်မနေသိထားရပါမယ်။

Inverter မပျက်စီးရအောင် ⚡
အဲကွန်းတွေ (အထူးသဖြင့် Non-Inverter) ဟာ စဖွင့်ချင်းမှာ မီးအား ၃ ဆကနေ ၅ ဆလောက်အထိ ရုတ်တရက် ဆွဲသွားတတ်ပါတယ်။ ဒီဒဏ်ကို ခံနိုင်ဖို့ဆိုရင် လုံလောက်တဲ့ Inverter Size ( 5 KW , 10 KW , .....) မှန်မှန်ကန်ကန် ရွေးချယ်ဖို့ လိုပါတယ်။

ညဘက်ပါ အေးအေးလူလူ အိပ်ချင်ရင် 🔋
ညဘက်ပါ ဆိုလာနဲ့ အဲကွန်းမောင်းမယ်ဆိုရင် ဘက်ထရီ (Battery Bank) အကြီးကြီး လိုအပ်မှာမို့ အဲကွန်းရဲ့ Power Consumption ပေါ်မူတည်ပြီး ဘက်ထရီ Storage ကို စနစ်တကျ တွက်ချက်ရပါတယ်။

ဘတ်ဂျက် (Budget) မဖောင်းပွအောင်💰
အဲကွန်းပါမယ့် ဆိုလာဒီဇိုင်းနဲ့ အဲကွန်းမပါတဲ့ ရိုးရိုးဒီဇိုင်းဟာ ကုန်ကျစရိတ် သိသိသာသာ ကွာခြားတာမို့ အဲကွန်းရဲ့ Power Consumption ကို ကြိုသိထားမှသာ အလေအလွင့်မရှိဘဲ အကျိုးရှိရှိအသုံးချနိုင်မှာပါ။

💡 Pro Tip: ဆိုလာနဲ့ တွဲသုံးမယ်ဆိုရင် စဖွင့်ချိန်မှာ မီးဆွဲအားမကြမ်းဘဲ မီးစားသက်သာတဲ့ အင်ဗာတာအဲကွန်း (Inverter Type Aircon) တွေကို ရွေးချယ်တာက အကိုက်ညီဆုံးပါပဲ။

👌မိမိရဲ့ဆိုလာစနစ်နဲ့ အကိုက်ညီဆုံးဖြစ်ပြီး မီးအားစားသက်သာတဲ့ Inverter Type Aircon တွေကို စနစ်တကျ တွက်ချက်တပ်ဆင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Technosquare Myanmar ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

📞 Phone:
09-969 950 220, 09-969 950 223, 09-969 950 224

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

📥

မိုးရာသီရောက်လာတာနဲ့ အိမ်နဲ့ ရုံးခန်းတော်တော်များများမှာ ကြုံတွေ့ရတတ်တဲ့ Aircon ရေယိုတဲ့ ပြဿနာ! 🌧️💨မိုးတွင်းမှာ Aircon ဘ...
14/06/2026

မိုးရာသီရောက်လာတာနဲ့ အိမ်နဲ့ ရုံးခန်းတော်တော်များများမှာ ကြုံတွေ့ရတတ်တဲ့ Aircon ရေယိုတဲ့ ပြဿနာ! 🌧️💨

မိုးတွင်းမှာ Aircon ဘာကြောင့် ရေယိုရတာလဲ? အဓိက အကြောင်းအရင်း (၆) ချက်ကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။ 👇

📌 ၁။ ရေဆင်းပိုက် (Drain Line) ပိတ်ဆို့နေခြင်း
အဲယားကွန်း အချိန်ကြာကြာသုံးလာတာနဲ့အမျှ ဖုန်မှုန့်တွေ၊ မှိုတွေနဲ့ အညှိတွေက ရေဆင်းပိုက်ထဲမှာ ပိတ်ဆို့သွားတတ်ပါတယ်။ ရေစီးရမယ့်လမ်းကြောင်း ပိတ်သွားတဲ့အတွက် ရေတွေနောက်ပြန်လျှံပြီး အခန်းထဲကို ကျလာတာဖြစ်ပါတယ်။

📌 ၂။ Air Filter မသန့်ရှင်းဘဲ ဖုန်မှုန့်များ ကပ်ငြိစုပုံနေခြင်း
Air Filter တွင် ဖုန်များ ပိတ်ဆို့ပါက လေလှည့်ပတ်မှု မကောင်းတော့ဘဲ အအေးပေးကွိုင် (Evaporator Coil) တွင် ရေခဲသွားတတ်ပါတယ်။ ၎င်းရေခဲများ အရည်ပျော်ရာမှ ရေလျှံကျခြင်းကို ဖြစ်စေပါတယ်။

📌 ၃။ ဂတ်စ် (Refrigerant) လျော့နည်းနေခြင်း
အဲယားကွန်းထဲမှာရှိတဲ့ ဂတ်စ်လျော့နည်းနေရင်လည်း အအေးပေးကွိုင်မှာ ရေခဲတွေအများကြီး လာကပ်တတ်ပါတယ်။ အဲဒီရေခဲတွေ အရည်ပျော်တဲ့အခါ ရေတစိမ့်စိမ့်ကျလာတတ်ပါတယ်။

📌 ၄။ စိုထိုင်းဆမြင့်တက်လာခြင်းကြောင့် Condensation များပြားခြင်း
မိုးတွင်းလို စိုထိုင်းဆ မြင့်တဲ့အချိန်မှာ အဲယားကွန်းထဲက အအေးပေးကွိုင် (Evaporator Coil) က လေထုထဲမှာရှိတဲ့ ရေငွေ့တွေကို စုပ်ယူပြီး Condensation လုပ်ပစ်တဲ့အတွက် အပြင်ကို ထွက်လာတဲ့ ရေပမာဏက ကျန်သည့်အချိန်များထက် သိသိသာသာ ပိုများလာပါတယ်။

📌 ၅။ Drain Pan (ရေခံဗန်း) ပျက်စီးခြင်း
Indoor Unit အတွင်းက အအေးပေးကွိုင် (Evaporator Coil) အောက်မှာ တပ်ဆင်ထားတဲ့ Drain Pan (ရေခံဗန်း) ပျက်စီးတာ ဒါမှမဟုတ် အက်ကြောင်းထတာဟာ အဲယားကွန်း ရေကျရတဲ့ အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။

📌 ၆။ ရေဆင်းပိုက် တပ်ဆင်မှု လွဲမှားခြင်း
အဲယားကွန်းအသစ်တပ်ပြီးခါစမှာတင် ရေကျတယ်ဆိုရင်တော့ ရေဆင်းပိုက်ရဲ့ အနိမ့်အမြင့် (Slope) မမှန်လို့ ဖြစ်နိုင်ပါတယ်။ ရေဆင်းပိုက်က အနိမ့်အမြင့်မမှန်ဘဲ အပေါ်ပြန်တက်နေရင် ရေက အပြင်မစီးနိုင်ဘဲ အတွင်းထဲကိုပဲ ပြန်လျှံကျလာပါလိမ့်မယ်။

💡
အဲယားကွန်း ရေကျပြီဆိုရင် လျှပ်စစ်အန္တရာယ်မရှိအောင် စက်ကို အရင်ဆုံး ပိတ်ပါ။ ပြီးရင် Air Filter ကို ဖြုတ်ဆေးကြည့်ပါ။

Air Filter ဆေးပြီးလို့မှ ရေဆက်ကျနေသေးရင် ဒါမှမဟုတ် စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်စွာ စစ်ဆေးပြုပြင်ချင်တယ်ဆိုရင်တော့ Technosquare Myanmar ရဲ့ စနစ်ကျတဲ့ Maintenance Service ကို ဆက်သွယ်ရယူနိုင်ပါတယ်ခင်ဗျာ။ 🙌

📞 Phone:
09-969 950 220, 09-969 950 223, 09-969 950 224

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

🤔 ကိုယ့်ရဲ့ချစ်ရတဲ့ အိမ်ဂေဟာလေးမှာ အေးမြမှုကို ရှာဖွေရင်း အိမ်ရဲ့အပြင်အဆင် (Interior Design) လေးကိုပါ မထိခိုက်စေချင်ဘူးဆ...
10/06/2026

🤔 ကိုယ့်ရဲ့ချစ်ရတဲ့ အိမ်ဂေဟာလေးမှာ အေးမြမှုကို ရှာဖွေရင်း အိမ်ရဲ့အပြင်အဆင် (Interior Design) လေးကိုပါ မထိခိုက်စေချင်ဘူးဆိုရင်တော့...

💁‍♂️ Technosquare Myanmar က သင့်အတွက် အသင့်တော်ဆုံးပါပဲ။

Daikin အပါအဝင် နာမည်ကြီး Aircon Brand တွေကို အိမ်ခန်းဖွဲ့စည်းပုံ၊ အပြင်အဆင်နဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် ရွေးချယ်အကြံပေးနေတာပါ။

👷‍♂️ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့ကိုယ်တိုင် လာရောက်တပ်ဆင်ပေးတဲ့အတွက် ပိုက်လိုင်းတွေ၊ ဝိုင်ယာကြိုးတွေ ရှုပ်ယှက်ခတ်မနေဘဲ သေသပ်လှပအောင် စနစ်တကျ ဖုံးကွယ်တပ်ဆင်ပေးပါတယ်။

👌 ဒါကြောင့် အခန်းတွင်း လှပသပ်ရပ်မှုကို ထိန်းသိမ်းထားနိုင်ပြီး အေးမြမှုကိုပါ တစ်ပြိုင်နက်တည်း ရရှိခံစားနိုင်မှာဖြစ်လို့ Technosquare ကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။

📞 မိမိအိမ် အတွက် အသေးစိတ် သိချင်တာလေးပဲဖြစ်ဖြစ် အိမ်အပြင်အဆင်နဲ့ လိုက်ဖက်မယ့် အဲကွန်း အမျိုးအစား ရွေးချယ်ချင်တာပဲဖြစ်ဖြစ် ပုံပါဖုန်းနံပါတ်လေးကို ရုံးချိန်တွင်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

🏠 Corner of 73st: x (109 st) Khaing Shwe War st: ,Chan Mya Tharzi Township, Mandalay.(Near Mingalar Mandalay).

📳 Office - 09 969 950 220
Sales - 09 94 550 22 33
Services - 09 969 950 224

💡 Call Now; 09 421 074 375
📧 [email protected]





Address

73 Street, Bet: Khaing Shwe War St: & Manawharri St: , Chanmyatharzi Township
Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959969950220

Website

Alerts

Be the first to know and let us send you an email when Technosquare Myanmar Engineering Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Technosquare Myanmar Engineering Company Limited:

Shortcuts

Share