M Solar

Directions

M Solar လူကြီးမင်းတို့အိမ်အတွက် ဆိုလာ/ အင်ဗာတာ/ ဘတ်ထရီ တွေကို ဝယ်ယူရရှိနိုင်ပါသည်။ Green Energy Solution

29/10/2026

🥵 နွေရာသီမှာ Aircon ဖွင့်ချင်ပေမယ့် မီးဖိုးတက်မှာ စိုးရိမ်နေပါသလား? ဆိုလာမတပ်ခင် ဒီအချက်တွေ အရင်တွက်ပါ!

ရာသီဥတုပူလာပြီဆိုတာနဲ့ အိမ်မှာ Aircon ပိုဖွင့်လာရတယ်၊ ရေခဲသေတ္တာနဲ့ ပန်ကာတွေလည်း ပိုအသုံးပြုလာရတတ်ပါတယ်။ ဒီလိုအချိန်မှာ လျှပ်စစ်မီးဖိုးကို သက်သာစေချင်ပေမယ့် Aircon လည်း အေးအေးဆေးဆေး သုံးချင်တယ်ဆိုရင် ဆိုလာစနစ်က ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ☀️ ဒါပေမဲ့ ဆိုလာမတပ်ခင် “အိမ်တစ်အိမ်အတွက် ဆိုလာ Panel ဘယ်နှပြားလိုမလဲ” ဆိုတာထက် “တစ်နေ့ကို လျှပ်စစ်ဘယ်လောက်သုံးနေလဲ” ဆိုတာကို အရင်တွက်ဖို့ လိုပါတယ်။ ဥပမာ Aircon တစ်လုံးက လျှပ်စစ် 1,000W သုံးတယ်လို့ ယူဆပြီး တစ်နေ့ ၈ နာရီ အသုံးပြုမယ်ဆိုရင် 1,000W × 8 နာရီ = 8,000Wh ဖြစ်လို့ တစ်နေ့ကို 8kWh လိုအပ်နိုင်ပါတယ်။ ဒါဟာ တွက်ချက်မှုဥပမာသာဖြစ်ပြီး တကယ့်လျှပ်စစ်သုံးစွဲမှုက Aircon ရဲ့ အမျိုးအစား၊ Inverter နည်းပညာ၊ အခန်းအပူချိန်နဲ့ အသုံးပြုမှုပုံစံတို့အပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ဒါ့အပြင် Aircon တစ်လုံးတည်းမဟုတ်ဘဲ ရေခဲသေတ္တာ၊ ပန်ကာ၊ မီးလုံးနဲ့ အခြားလျှပ်စစ်ပစ္စည်းတွေရဲ့ သုံးစွဲမှုကိုပါ ထည့်တွက်ရပါမယ်။ နောက်ထပ် အရေးကြီးတဲ့အချက်က နေ့ခင်းဘက်မှာပဲ Aircon သုံးမှာလား၊ ညဘက်အထိပါ ဖွင့်မှာလားဆိုတာပါ။ နေ့ခင်းဘက်မှာ နေရောင်ခြည်ကနေ လျှပ်စစ်ထုတ်လုပ်နိုင်ပေမယ့် ညဘက်မှာ ဆက်သုံးဖို့ဆိုရင် Battery Capacity လုံလောက်မှုနဲ့ Inverter ရဲ့ ခံနိုင်ရည်ကိုပါ စဉ်းစားဖို့ လိုပါတယ်။ ဆိုလာ Panel အရေအတွက်၊ Inverter အရွယ်အစားနဲ့ Battery Capacity ကို ကိုယ့်အိမ်ရဲ့ လျှပ်စစ်လိုအပ်ချက်နဲ့ ကိုက်ညီအောင် ရွေးချယ်နိုင်မှသာ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာပါ။ ⚡️ M Solar ကလည်း ဆိုလာတပ်ဆင်ဖို့ စဉ်းစားနေသူတွေအတွက် အသုံးဝင်တဲ့ ဗဟုသုတတွေကို မျှဝေပေးနေပါတယ်။ 💬 သင့်အိမ်မှာ Aircon ဘယ်နှလုံးရှိပြီး တစ်နေ့ကို ဘယ်နှနာရီလောက် အသုံးပြုပါသလဲ။ Comment မှာ မျှဝေပေးခဲ့ရင် ကိုယ့်အိမ်ရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဘယ်လိုတွက်ချက်ရမလဲဆိုတာ ဆက်လက်လေ့လာနိုင်ဖို့ ကူညီပေးပါမယ်နော့်။

📞 ဆက်သွယ်ရန် — 09 252 378 100, 09 784 600 530
📍 ရုံးလိပ်စာ — အမှတ် (B/12)၊ ဈေးကြိုအဝိုင်းအနီး၊ မြို့ရှောင်လမ်း၊ မြေနီကုန်းရပ်၊ မော်လမြိုင်မြို့။

#ဆိုလာဗဟုသုတ #လျှပ်စစ်မီးဖိုးသက်သာရေး

🌕 သီတင်းကျွတ် အခါသမယ ဆုတောင်းလွှာ 🌕ကြည်နူးစရာ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ...M Solar ရဲ့ မိတ်ဟောင်း၊ မိတ်သစ်များနှင့်တ...
26/10/2026

🌕 သီတင်းကျွတ် အခါသမယ ဆုတောင်းလွှာ 🌕

ကြည်နူးစရာ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ...
M Solar ရဲ့ မိတ်ဟောင်း၊ မိတ်သစ်များနှင့်တကွ မိဘပြည်သူအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း M Solar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

မိမိတို့ရဲ့ အိမ်၊ ဆိုင်၊ လုပ်ငန်းခွင်များမှာ အလင်းရောင်တွေ အမြဲလင်းထိန်နေပြီး၊ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ပြည့်စုံကြပါစေ။

ဒီနှစ် သီတင်းကျွတ်မှာလည်း စိတ်အေးချမ်းသာစွာနဲ့ ပျော်ရွှင်ကြည်နူးဖွယ် အခိုက်အတန့်တွေကို မိသားစုနဲ့အတူ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ ✨

#သီတင်းကျွတ် #သီတင်းကျွတ်ဆုတောင်း

20/10/2026

လက်ရှိအချိန်မှာ ရောင်းအားအကောင်းဆုံး ✨သိန်း 70 တန် အတွဲဆက်လေးတစ်စုံသာရပါတော့မယ်။
ဒီအတွဲဆက်လေးက မီးပျက်ချိန် အိမ်မှာ 🔥✨မီးအလုံအလောက်ထွန်းဖို့နဲ့ ပန်ကာ ဖုန်းအားသွင်းဖို့လုံလောက်တဲ့အပြင် ( အဝတ်လျှော် ထမင်းချက် ရေမော်တာ တင်ခြင်းများကို အလှည့်ကျ ) အသုံးပြုလို့ရနိုင်တာမို့လို့ ကိုယ်တိုင်ကိုယ်ကျ Showroom သို့ လာရောက်ဝယ်ယူနိုင်သလို Chat Box မှတဆင့်လည်း မှာယူနိုင်ပါပြီခဗျ✨✨
📲09 260600840
Address - မော်လမြိုင်မြို့ ဈေးကြို မြို့ရှောင်လမ်း မြေနီကုန်းမွန်ဇီရုံး M Solar Showroom။

🍛မော်လမြိုင်ရွှေလက်ရာထမင်းဆိုင် တစ်ဆိုင်လုံးစာ စိတ်ကြိုက်သုံးနိုင်မည့် Growatt 6KW (New Version) & LVTS G3 314Ah , Panne...
20/10/2026

🍛မော်လမြိုင်ရွှေလက်ရာထမင်းဆိုင် တစ်ဆိုင်လုံးစာ စိတ်ကြိုက်သုံးနိုင်မည့်
Growatt 6KW (New Version) & LVTS G3 314Ah , Pannel 4.68KWP Power System တစ်ခုလုံးတပ်ဆင်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။

✨Load တွက်ချက်မှုများနှင့် အိမ်တိုင်ရာရောက်တပ်ဆင်မှုများကို M Solar အဖွဲ့သားများက အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်ခဗျ။

ယုံကြည်စွာဖြင့် ဝယ်ယူအားပေးကြပါသော ဝယ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို M Solar မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခဗျ🙏

" 'ဆိုလာ တပ်ထားတာပဲ... ဘာလို့ AC ဖွင့်တာနဲ့ ဒေါင်းသွားရတာလဲ?' အများစုက ဆိုလာစနစ် တပ်ဆင်လိုက်တာနဲ့ အိမ်မှာရှိတဲ့ လျှပ်စစ်...
28/09/2026

" 'ဆိုလာ တပ်ထားတာပဲ... ဘာလို့ AC ဖွင့်တာနဲ့ ဒေါင်းသွားရတာလဲ?'

အများစုက ဆိုလာစနစ် တပ်ဆင်လိုက်တာနဲ့ အိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်း အကုန်လုံးကို အကန့်အသတ်မရှိ သုံးလို့ရပြီလို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ "Load Calculation (မီးအားတွက်ချက်မှု)" လွဲသွားတာနဲ့ တပ်ထားတဲ့ ဆိုလာစနစ်က ထိရောက်မှု မရှိတော့ပါဘူး။

ဆရာကျလှပါချည်ဆိုတဲ့ ဆိုလာစနစ်တွေမှာ ဖြစ်တတ်တဲ့ အဓိက အမှား -

• Surge Watt ကို ထည့်မတွက်ခြင်း:
ဥပမာ - 1.5 HP Aircon တစ်လုံးဟာ ပုံမှန်လည်ပတ်ချိန်မှာ Watt ၁,၂၀၀ ဝန်းကျင်ပဲ လိုပေမဲ့ စတင်နိုးဆွဲချိန် (Startup) မှာ Watt ၃,၀၀၀ မက ရုတ်တရက် ဆွဲယူတတ်ပါတယ်။ ဒါကို မတွက်ဘဲ တပ်မိရင် Inverter က Overload ပြပြီး ပိတ်သွားမှာပါပဲ။

• Battery Capacity နဲ့ Inverter မမျှခြင်း:
Inverter Watt အကင်းကြီး တပ်ထားပေမဲ့ Battery Ah နည်းနေရင် မီးပျက်ချိန်မှာ မိနစ်ပိုင်းအတွင်း အားကုန်သွားပါလိမ့်မယ်။

💡 နောင်တမရရအောင် ဆိုလာ မတပ်ခင် ဒါလေးတွေ ကြိုစဉ်းစားပါ -
၁။ မဖြစ်မနေ သုံးမယ့် ပစ္စည်း (AC, ရေခဲသေတ္တာ, မီးသီး) တွေရဲ့ စုစုပေါင်း Watt စွမ်းအားကို တိတိကျကျ တွက်ပါ။

၂။ မီးပျက်ချိန် ဘယ်နှစ်နာရီကြာကြာ ခံချင်တာလဲဆိုတာပေါ် မူတည်ပြီး ဘက်ထရီ Size ကို ချိန်ဆပါ။

M Solar မှာတော့...

ပစ္စည်းတွေကို အရမ်းရောင်းချင်ရုံနဲ့ တွေ့ရာ System ကို အကြံမပေးပါဘူး။ လူကြီးမင်းတို့ရဲ့ နေ့စဉ် မီးသုံးစွဲမှုပုံစံကို သေချာ Load Test ပြုလုပ်ပေးပြီးမှ ကွက်တိကျပြီး ကုန်ကျစရိတ် အထိရောက်ဆုံးဖြစ်မယ့် System ကို သီးသန့် ဒီဇိုင်းဆွဲ တပ်ဆင်ပေးနေတာပါဗျာ။ ✨

📍 M Solar Showroom - မော်လမြိုင်မြို့၊ဈေးကြိုမြေနီကုန်းရပ်ကွက်၊မြို့ရှောင်လမ်း၊စံပြဆေးခန်းဘေးကပ်လျက်။

📞 Phone: 09 260 600 840, 09 678 900 840

💬 Inbox: မှလည်း တိုက်ရိုက် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

မေတ္တာလက်ဆောင်အတွက် LVTOPSUN အား M Solar မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်များ✨🎉
21/09/2026

မေတ္တာလက်ဆောင်အတွက် LVTOPSUN အား M Solar မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်များ✨🎉

🎉 SOLD OUT! ယုံကြည်စွာ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာယနေ့ M Solar မှ ရောင်းထွက်သွားတဲ့ အရည်အသွေးမြင့် ပစ္စည်းတွေကတေ...
18/09/2026

🎉 SOLD OUT! ယုံကြည်စွာ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

ယနေ့ M Solar မှ ရောင်းထွက်သွားတဲ့ အရည်အသွေးမြင့် ပစ္စည်းတွေကတော့ -
✅ MUST 4KW Inverter
✅ MUST / EENOVANCE Lithium Batteries (200Ah & 314Ah)
✅ Longi 650W Bi-facial Solar Panels တို့ပဲ ဖြစ်ပါတယ်။

💡 M Solar တွင် ဆိုလာ၊ အင်ဗာတာ၊ ဘက်ထရီများအပြင် လိုအပ်သော ဆိုလာဆက်စပ်ပစ္စည်း (Accessories) အစုံအလင်ကိုပါ တစ်နေရာတည်းတွင် စိတ်ချယုံကြည်စွာ ဝယ်ယူရရှိနိုင်ပါပြီ။

👉 အရည်အသွေးမှန်၊ ဈေးနှုန်းမှန်ကန်တဲ့ ဆိုလာပစ္စည်းတွေ ဝယ်ယူဖို့ဆိုရင် M Solar သို့ အခုပဲ ဆက်သွယ်လိုက်ပါ -

📍 M Solar Showroom - မော်လမြိုင်မြို့
📞 Phone: 09 260 600 840, 09 678 900 840
💬 Inbox: Page Messenger မှလည်း တိုက်ရိုက် မေးမြန်းဝယ်ယူနိုင်ပါသည်။

#𝑴𝒂𝒘𝒍𝒂𝒎𝒚𝒊𝒏𝒆

31/08/2026

M Solar အဖွဲ့သားများ ရေးမြို့သို့ ဆိုလာတပ်ရန်ချီတက် 💪

#ရေးမြို့

25/08/2026

"ဆီဆိုင်လုပ်ငန်းတွေ မီးပျက်လို့ ရပ်တန့်မသွားရအောင် M Solar ရဲ့ အဆင့်မြင့် Solar System ⛽️⚡️"

ဆီပန့်စက်တွေနဲ့ လုပ်ငန်းသုံး စက်ပစ္စည်းတွေကို ၂၄ နာရီလုံး မီးအားငြိမ်ငြိမ်နဲ့ ပုံမှန် လည်ပတ်နိုင်ဖို့ M Solar မှ စနစ်တကျ တပ်ဆင်ပေးခဲ့တဲ့ ပရောဂျက်ဖြစ်ပါတယ်။

☀️ Deye 30kW Inverter
🔋 40kWh Backup Battery System
📐 Solar Panel (၂၄) ချပ်

မီးပျက်ချိန်မှာလည်း ဆီဆိုင်လုပ်ငန်း ပုံမှန်လည်ပတ်ပြီး Generator စရိတ်တွေကို အထိရောက်ဆုံး လျှော့ချချင်ရင် M Solar Showroom ကို ဆက်သွယ်လိုက်ပါ!

📍 M Solar Showroom - မော်လမြိုင်မြို့
📞 Phone: 09 260 600 840, 09 678 900 840,
💬 Inbox: မှလည်း တိုက်ရိုက် မေးမြန်းနိုင်ပါသည်။

13/08/2026

Beauty Salon လိုမျိုး Hair Dryer၊ Steamer နဲ့ Aircon တွေ အမြဲသုံးရတဲ့ လုပ်ငန်းတွေဆိုရင် မီးအားလိုအပ်ချက် (Solar Load) ကို စနစ်တကျ မတွက်ချက်ဘဲ တပ်ဆင်မိရင် မလိုအပ်ဘဲ ကုန်ကျစရိတ်တွေ ပိုကုန်ကျနိုင်ပါတယ်။

ဒါကြောင့်မို့လို့... M Solar Showroom မှာ မိမိအိမ် ဒါမှမဟုတ် လုပ်ငန်းရဲ့ အမှန်တကယ် လိုအပ်တဲ့ Solar Load ပမာဏကို သေချာ တိုင်ပင်ဆွေးနွေးပြီးမှ စိတ်ကြိုက် ရွေးချယ်တပ်ဆင်နိုင်ပါတယ်ဗျာ။

မီးပျက်ချိန်မှာလည်း အလုပ်တွေမရပ်တန့်ဘဲ ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ မော်လမြိုင်ရှိ M Solar Showroom ကို လူကိုယ်တိုင် လာရောက်ဆွေးနွေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ။ ✨

📍 Showroom - မော်လမြိုင်၊ ဈေးကြိုမြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်း (စံပြဆေးခန်းဘေးကပ်လျက်) M Solar Showroom။

📞 ဖုန်းနံပါတ်: 09 260 600 840, 09 678 900 840

💬 Page Inbox: မှလည်း တိုက်ရိုက် မေးမြန်းစုံစမ်းနိုင်ပါသည်။

Address

No. (12/B), Myoshaung Road, Near Zaygyo Statue, MyayNiGone Ward, Mon State
Mawlamyine

Website

Alerts

Be the first to know and let us send you an email when M Solar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share