30/04/2024
Dysphoria ဆိုတာကတော့ စိတ်ဖိစီးမှု နဲ့ အခြားလက္ခဏာတွေအတူတွဲပြီး ဖြစ်ပေါ်လာတဲ့ စိတ်အလိုမကျမှုတစ်မျိုးဖြစ်ပါတယ်။စိတ်ရောဂါအမျိုးမျိုးနဲ့ဆက်စပ်နေပြီး ဖြစ်ပွားသူတွေထဲက အချို့မှာတော့ စိတ်ဖိစီးတာမျိုး၊စိုးရိမ်မှုလွန်ကဲတာမျိုး နဲ့ စိတ်ဓာတ်ကျတာမျိုးတွေပါ ဖြစ်ပွားတတ်ပါတယ်။
DYSPHORIA ရဲ့ လက္ခဏာတွေကတော့ -
ငိုကျွေးခြင်း
စိတ်ပျော်ရွှင်မှုပေးနိုင်တဲ့ activities တွေကို စိတ်ပါဝင်စားမှုမရှိတော့ခြင်း
အစာစားချင်စိတ်မရှိခြင်း
အိပ်ရေးပျက်ခြင်း
ဒါ့အပြင် စိတ်ပျော်ရွှင်မှုမရှိခြင်း၊စိုးရိမ်ပူပန်ခြင်းတွေပါ ပါဝင်ပါတယ်။
Dysphoriaရဲ့လက္ခဏာတွေထဲမှာ relax မလုပ်နိုင်တာမျိုး၊တစ်စုံတစ်ခုကို လုပ်ဆောင်နေရင်းနဲ့ စိတ်ကျေနပ်မှုမရှိတော့တာမျိုး(ဉပမာ-အိမ်စာလုပ်နေရင်းနဲ့ဆက်မလုပ်ချင်တော့တာ၊အိမ်အလုပ်တွေလုပ်နေရင်းနဲ့ ထပ်မလုပ်ချင်တော့တာ)၊တစ်ခုခုလုပ်ဖို့ အာရုံစိုက်နိုင်စွမ်းမရှိတာမျိုးတွေ ပါဝင်နိုင်ပါတယ်။
(DYSPHORIA ခံစားနေရတဲ့လူတွေဟာ negative thoughts တွေပိုမိုတွေးတောနိုင်ပါတယ်)
DYSPHORIA ကဘာတွေကြောင့်ဖြစ်ပွားနိုင်လဲ။
စိတ်ဖိစီးမှု - ချစ်ရသူတွေကိုဆုံးရှုံးမှု၊စိတ်ဖိစီးမှုပေးနိုင်တဲ့လုပ်ငန်းခွင်ဒါမှမဟုတ်မိသားစုဝင်တွေ။
ကျန်းမာရေးအခြေအနေ - အာဟာရချို့တဲ့မှုလိုမျိုး အချို့ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေသနာများ။
ဆေးဝါး - အချို့ဆေးတွေရဲ့ အကျိုးအာနိသင်တွေကြောင့် DYSPHORIA ဖြစ်ပွားနိုင်ပါတယ်။