Daijōbu Solar

Daijōbu Solar Battery / Inverter / PV Module / Deye / Growatt / LVTOPSUN/ Jinko

မိတ်ဆွေမှာ မွေးမြူရေး ဒါမှမဟုတ် တခြား သီးနှံစိုက်တဲ့ စိုက်ခင်း ဧက ၁၀ မှ ၁၀၀၀ကျော် ရှိမယ်ဆိုပါစို့။ ခြံတစ်ခုလုံးအတွက် ရေအ...
17/08/2026

မိတ်ဆွေမှာ မွေးမြူရေး ဒါမှမဟုတ် တခြား သီးနှံစိုက်တဲ့ စိုက်ခင်း ဧက ၁၀ မှ ၁၀၀၀ကျော် ရှိမယ်ဆိုပါစို့။ ခြံတစ်ခုလုံးအတွက် ရေအသုံးက တစ်နေ့ ဂါလံ ၂၀၀၀၀ ကနေ ဂါလံ ၁ဝဝဝဝဝ ကျော်လိုတယ်။ ဒီဇယ်အင်ဂျင်နဲ့ ရေတင်ဖို့ကျ ကုန်ကျစားရိတ်ကလည်း မထောင်းသာလှဘူး။ ဒီတော့ ခေါင်းခဲရပြီ။ တခြား ဘာရွေးချယ်စရာ ရှိမလဲ စဉ်းစားရပြီ။ လျှပ်စစ်မီးမရဘူး၊ ဘတ္တရီလည်း မလိုပဲနဲ့ နေရောင်ခြည်ရသလောက် ရေတင်နိုင်မယ့် ဆိုလာရေပန့်စနစ် ရှိနိုင်မလား လို့ တွေးမိတယ်ဆိုပါစို့။
အဖြေက…
#ဟုတ်ကဲ့ ရှိပါတယ်။ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းရှင်များအတွက် လုံခြုံစိတ်ချရသော လောင်စာအစားထိုး LORENTZ ဆိုလာရေစုပ်တင်စနစ်ကို အသုံးပြုခြင်းဖြင့် တောင်သူလယ်သမားများနေ့စဉ် ကုန်ကျစရိတ်လျှော့ချနိုင်ပြီး မိသားစု ဝင်ငွေတိုးပွားနိုင်ပါသည်။
မြစ်ကြီးနားမြို့တွင် အလွယ်တကူ ဝယ်ယူတပ်ဆင်နိုင်ပါပြီ။

1. MODEL: PS2-100 AHPR-07/14/23
2. Controller,
3. MC4 Connector ,
4. Well Probe Sensor
5. Solar PV Module: 595Watt x 1ချပ်
Max Head: 48M (အမြင့်ပေ၁၃၀)
Dialy Water Output:5000G ( ၁ရက်ရေထွက်နှုန်း =ဂါလံ၅၀၀၀)

(မှတ်ချက်- အနည်းဆုံး ၄လက်မတွင်း ဖြစ်ရမည်)

~~~ Price= 2000USD/- ~~~

(Product of Germany)
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)

အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၄၂၅၂ ၁၉၉၄၂။

ဆိုလာတပ်တော့မယ်ဆိုရင် သေချာ (Sizing)မလုပ်ဘဲ အလျင်စလိုမလုပ်သင့်၊ Survey သေချာလုပ်ပြီး တပ်ဆင်သင့်ပါတယ်။တချို့အိမ်တွေကျတော့...
17/08/2026

ဆိုလာတပ်တော့မယ်ဆိုရင် သေချာ (Sizing)မလုပ်ဘဲ အလျင်စလိုမလုပ်သင့်၊ Survey သေချာလုပ်ပြီး တပ်ဆင်သင့်ပါတယ်။

တချို့အိမ်တွေကျတော့ အိမ်လည်းကြီးတယ်၊ 3 phase (power meter) ရှိပြီး 3 phase စနစ်သုံးဓါတ်လှေကား၊အဲကွန်း၊မော်တာ တွေ သုံးတဲ့အခါကျ 3 phase inverter ကိုရွေးရတယ်။ အသေးဆုံးအနေနဲ့ Deye 8 kW 3 phase လာတယ်။ ဓါတ်လှေကား ၅/၈ ယောက်စီးလောက်၊
5 kW,6 kW motor ဆိုရင်တော့ 12 kW 3 phase အင်ဗာတာ သုံးရတယ်။ မီးပျက်ချိန် mini condo လေးတွေမှာ ဓါတ်လှေကား မောင်းဖို့ ဆိုလာမလို 12 kW inverter နဲ့ Battery 51.2v/300 ah ၂လုံးလောက်တပ်ရင် တနေကုန် တက်/ဆင်း သုံးလို့ရပါတယ်။

ပါဝါ ပိုပြီးလိုအပ်တဲ့ ကျောင်း၊ဆေးရုံ၊ရုံး၊စက်ရုံ၊အလုပ်ရုံတွေမှာကျတော့ 20 kW , 30 kW ,50 kW Inverter တွေ သုံးလို့ ဆိုလာကိုလည်း အချပ်‌ရေ ၅၀ လောက်ကနေ ၁၀၀ ကျော်ထိ တပ်ဆင်ကြပါတယ်။
ကုန်ကျစရိတ် သိန်း ၆၀၀/၇၀၀ လောက်ကနေ ထောင်ကျော်ထိ ရှိပါတယ်။ ဆိုလာက နေ့ဘက် မနက် ၈း၃၀ လောက်ကနေ ညနေ ၄ နာရီလောက်အထိ ကောင်းကောင်းရတာမို့ နေ့ဘက် အသုံးများရင် ဆိုလာတပ်လို့
ပိုပြီး အကျိုးရှိလေပါပဲ။ စျေးကြီးတဲ့ ဘက္ထရီကိုလည်း လျှော့တပ်လို့ရတယ်။ တနေကုန် မီးစက်မောင်းနေရရင်ဆိုလာ ကိုသာ အကုန်အကျခံပြီး နည်းနည်းရင်းလိုက်ပါ။ ၁နှစ်ခွဲ၂ နှစ်အတွင်း အရင်းကျေနိုင်ပါတယ်။

Established-2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်...။

ဒီအချက်(၅)ချက်ကြုံရရင်ချက်ချင်းပိတ်လိုက်ပါတော့>>ဆိုလာအင်ဗာတာ မလောင်ခင်ပြသလေ့ရှိတဲ့ရှေ့‌ပြေးလက္ခဏာ(၅)ချက်
21/07/2026

ဒီအချက်(၅)ချက်ကြုံရရင်ချက်ချင်းပိတ်လိုက်ပါတော့

>>ဆိုလာအင်ဗာတာ မလောင်ခင်ပြသလေ့ရှိတဲ့ရှေ့‌ပြေးလက္ခဏာ(၅)ချက်

02/07/2026
Solar Design ဟာ Panel အရေအတွက် ကိုက်ရုံနဲ့ မပြီးပါဘူး။Solar Design တွက်ချက်တဲ့အခါ လူအများ နားလည်မှုလွဲတတ်တဲ့ အချက်တစ်ခုက...
26/06/2026

Solar Design ဟာ Panel အရေအတွက် ကိုက်ရုံနဲ့ မပြီးပါဘူး။

Solar Design တွက်ချက်တဲ့အခါ လူအများ နားလည်မှုလွဲတတ်တဲ့ အချက်တစ်ခုက (MPPT Voltage နဲ့ Maximum DC Input Voltage) ကို တူတယ်လို့ ထင်ကြတာပါ။

- MPPT Voltage Range ဆိုတာ Inverter က အကောင်းဆုံး Power ထုတ်ယူနိုင်တဲ့ Voltage အပိုင်းအခြားဖြစ်ပြီး၊

- Maximum DC Input Voltage ဆိုတာ Inverter ရဲ့ MPPT Input က ခံနိုင်တဲ့ အမြင့်ဆုံး DC Voltage ဖြစ်ပါတယ်။

MPPT Voltage Range ကို ကျော်တာကြောင့် Inverter ချက်ချင်းမပျက်နိုင်ပေမယ့် Maximum DC Input Voltage ကို ကျော်သွားရင် MPPT Input Stage အတွင်းရှိ Power Components တွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။
-Inverter က Over Voltage ကို တားပေးနိုင်သလား?ဆိုရင် Inverter တွေမှာ Protection Function အမျိုးမျိုး ပါရှိပေမယ့် Maximum DC Input Voltage ထက်ကျော်တဲ့ Voc ကို အမြဲတမ်း ကာကွယ်ပေးနိုင်မယ်လို့ မယူဆသင့်ပါဘူး။
Design Error ကြောင့် သတ်မှတ်ထားတဲ့ Maximum DC Voltage ထက် ကျော်လွန်သွားပြီး Inverter ပျက်စီးတာမျိုးလည်း ရှိနိုင်ပါတယ်။

Solar Panel ရဲ့ Datasheet မှာ ဖော်ပြထားတဲ့ Temperature Coefficient တွေဟာ Cell Temperature ကို အခြေခံထားတာဖြစ်ပါတယ်။ Cell Temperature နိမ့်လာရင် Voltage မြင့်လာသဖြင့် Power ထုတ်နိုင်စွမ်းလည်း ပိုကောင်းလာနိုင်ပါတယ်။

ဒါပေမယ့် Solar Panel ရဲ့ Output Power ဟာ Temperature တစ်ခုတည်းပေါ် မူတည်တာ မဟုတ်ဘဲ Irradiance (နေရောင်ခြည်ပြင်းအား) ပေါ်မှာလည်း များစွာ မူတည်ပါတယ်။

နောက်ဆုံးအကြံပြုချက်
-----------------------
Safe Side ကို ဦးစားပေးပြီး Design လုပ်မယ်ဆိုရင် Cold Voc, Maximum String Voltage နဲ့ Temperature Coefficient တွေကို မဖြစ်မနေ စစ်ဆေးတွက်ချက်သင့်ကြောင်း အကြံပြုလိုပါတယ်။
အောက်ပါပုံများတွင် Inverterနဲ့ PV Module datasheetများ ဆက်လက်ဖော်ပြပေးထားပါသည်။

- Established-2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်...။

စာရေးပြီး knowledge sharing လုပ်တာ အလွန်ကောင်းပေမဲ့ တလွဲတွေ ရေးမိရင်တော့ မသိတဲ့ Customerတွေ နားလည်မှု လွဲမှားသွားနိုင်ပါ...
08/05/2026

စာရေးပြီး knowledge sharing လုပ်တာ အလွန်ကောင်းပေမဲ့ တလွဲတွေ ရေးမိရင်တော့ မသိတဲ့ Customerတွေ နားလည်မှု လွဲမှားသွားနိုင်ပါတယ်။

အခုရက်ပိုင်း တချို့ကလက်တွေ့ မလုပ်ဖူးပဲနဲ့ စာရေးဖတ်ပြီး ရေးတာတွေကတော်တော်များများလွဲနေတာတွေ တွေ့မြင်နေရပါတယ်။ တချို့Customer တွေသိတဲ့Knowledge တွေကိုကလည်း Knowledge အမှားဖြစ်နေတတ်ပါတယ်။ လျှပ်စစ်မှာ ဘယ်လောက် လုပ်ခဲ့ လုပ်ခဲ့ solar စနစ်ရဲ့ Power Electronic က ပြောင်းလဲမှု အရမ်း မြန်နေတာပါ။
စာရေးသူမိမိကိုယ်တိုင် တခြားဖွံ့ ဖြိုးပြီးနိုင်ငံတွေ စင်ကာပူ/ရှန်ဟိုင်း/မလေးရှား/ဗီယဒ်နမ်/India/ဂျပန်(အိုဆာကာ/တိုကျို)တို့မှာရောက်ခဲ့စင် လည့်လာတွေ့မြင်ရသလောက် အိမ်ခေါင်မိုးပေါ်မှာ frameအမြင့်ထိုးပီး ဆိုလာတပ်ထားဒါ တခုမှမတွေ့မမြင်ခဲ့ရပါ။ ရိုးရိုးလေး အမိုးပေါ်မှာဘဲ Rail ထိုးပီး အိမ်အလှလည်း မပျက်တပ်စင်ထားကြဒါကို တွေ့ခဲ့ရပါတယ်။ ဘာကြောင့်မီးမလောင်သလဲဆို သေချာစနစ်ကျပီး Safety အတွက်ဦးစားပေးလုပ်ဆောင်ထားကြခြင်းကြောင့်ဖြစ်တယ်လို့ဆိုရပါမယ်။
နှစ်ပေါင်း ၂၅ နှစ်ကျော်ခံတဲ့ Solar ပြားများကိုတပ်ဆင်တဲ့အခါပါဝင်တဲ့ ပစ္စည်းတိုင်းက အရေးကြီးပါတယ်။
(ဥပမာ) -
1. MC4 Connector
2.Solar cable (UV resistance, heat resistance )
3.Solar PV Module
ဒါတွေ အရေည်သွေးမီမှ ရည်ရှည်တခုနဲ့တခု အဆင်ပြေပြေ ချိတ်ဆက်နိုင်မှာပါ။
အခု မြန်မာပြည်မှာ တပ်ဆင်ရမဲ့ ဆိုလာ စနစ်တွေ တွက် ရတာတော်တော်လေး ရှုတ်ထွေးပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာ ပြည်ရဲ့ လျပ်စစ် စနစ် အခြေခံ ကလုံးဝ မကောင်းလို့ပါ ။ အဲတော့ တပ်ဆင်မယ် ဆိုရင် ပထမဦးက ကျွမ်းကျင် တတ်မြောက်တဲ့ Engineering အဖွဲ့ လိုပါတယ်။ လက်ရှိစနစ်နဲ့ Solar စနစ် ကို ဘယ်လို အဆင်ပြေပြေ ပေါင်းစပ်ရမလဲ ။ ဘယ်လို optimize ဖြစ်အောင်လုပ်မလဲ ။ အန္တာရာယ် အနဲဆုံး ဖြစ်အောင် လုပ်မလဲ ။ စဉ်းစားတွေးခေါ် တွက်ချက်ရပါတယ် ။

တချို့ installation တွေမှာ Solar cable မသုံးဘဲ သာမန်လျှပ်စစ်ကြိုးတွေကို သုံးထားတာတွေ့ရပါတယ်။ အဲဒါက အချိန်တိုအတွက် အလုပ်လုပ်နိုင်ပေမယ့် ရေရှည်မှာ ပြဿနာပေးနိုင်ပါတယ်။
နောက်တစ်ခုက insulation ပါ။ Solar cable ဆိုတာ အိမ်ထဲထက် အပြင်နေပူထဲမှာပဲ အများဆုံးသုံးရတာပါ။ အဲဒီအတွက် UV resistance, heat resistance က မဖြစ်မနေလိုပါတယ်။ Solar panel တွေကို ၂၅ နှစ်ကျော် သုံးမယ်ဆိုရင် cable တွေကလည်း အဲဒီ lifespan(သက်တမ်း)ကို လိုက်နိုင်ရပါမယ်။
ဘယ်အဖွဲ့နဲ့ပဲ တပ်ဆင်လုပ်ကိုင်သည်ဖြစ်စေ လုပ်ငန်းခွင် နေရာတိုင်းမှာ Safety Officer (ကာကွယ်ရေး အရာရှိ) ကတော့ မပါမဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုလျှင် ဆိုလာပြားနဲ့အိမ်ခေါင်မိုးကပ်ရပ်တပ်စင်ဒါဟာ မီးလောင်ခြင်းရဲ့အကြာင်းရင်းမဟုတ်ပါ။အဲတော့ တပ်ဆင်မယ် ဆိုရင် ပထမဦးက ကျွမ်းကျင် တတ်မြောက်တဲ့ Engineering အဖွဲ့ လိုပါတယ်။ မှန်ကန်သော Solar PV /DC Cable အမျိုးအစားကို အသုံးပြုခြင်းကသာ ပြင်ပရာသီဥတုအလိုက်၊ မှန်ကန်သော တပ်ဆင်မှု၊ အဆိုးရွားဆုံးအခြေအနေအတွက် လုံလောက်သော မီးဘေးအန္တရာယ်ကာကွယ်မှုတို့ဖြင့် သက်ဆိုင်ရာ Project သက်တမ်းတစ်လျှောက် စိတ်ချကောင်းမွန်စွာ အလုပ်လုပ်နိုင်မည် မဟုတ်ပါလားဗျာ။

ဖတ်ရူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။


Crd; AEG-Established-2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

Photos Crd & Respect to the Owner

မိုးရွာလို့ လျှပ်စီးလက်တာ မိုးချိန်းတာမျိုး ကြုံလာရင် ☔️⚡တနေ့က မိမိတို့တာဝန်ယူတပ်ဆင်ပေးထားတဲ့ Customer တစ်ဦး စိုးရိမ်တကြ...
04/05/2026

မိုးရွာလို့ လျှပ်စီးလက်တာ မိုးချိန်းတာမျိုး ကြုံလာရင် ☔️⚡

တနေ့က မိမိတို့တာဝန်ယူတပ်ဆင်ပေးထားတဲ့ Customer တစ်ဦး စိုးရိမ်တကြီး ဖုန်းဆက်လာလို့ ကိုင်လိုက်တော့ မိုးတအားရွာပြီး လျှပ်စီးလက်လို့ ဘာလုပ်ရမလဲတဲ့။

⚠️ အရေးပေါ် ပိတ်ရန်လိုအပ်ပါက
၁။ Inverter ၏ AC Output ကို ပိတ်ပါ (Inverter Output Breaker).
၂။ Inverter ၏ AC Input ကို ပိတ်ပါ (Inverter Input Breaker)
၃။ Inverter Power Switch ကို OFF လုပ်ပါ
၄။ ဘက်ထရီ ရှိ ON/OFF switch ကို ပိတ်ပါ
၅။ ဘက်ထရီ Breaker ပိတ်ပါ
၆။ နောက်ဆုံးမှသာ Solar DC Breaker/Isolator ကို OFF လုပ်ပါ

- ပထမဆုံး Inverter output နှင့် input ကို အရင်ပိတ်ခိုင်း ရသည့် အကြောင်းရင်းမှာ load သုံးနေလျှင် battery သို့မဟုတ် solar မှ လျှပ်စစ်ကို inverter က ယူသုံးနေမည်ဖြစ်သောကြောင့် output breaker ကို အရင်ပိတ်ရခြင်းဖြစ်ပါသည်။
- ဒုတိယ အနေနှင့် EPC breaker ကို ပိတ်ခိုင်းရခြင်းမှာ EPC နှင့် battery ကို အားသွင်းနေနိုင်သောကြောင့် ဖြစ်ပါသည်။
- တတိယအနေနှင့် inverter ပိတ်ခိုင်းရခြင်းမှာ တချို့သော inverter များသည် inverter မပိတ်ပဲ battery ပိတ်လိုက်လျှင် inverter ပျက်စီးတတ်သော ကြောင့်ဖြစ်ပါသည်။

DC Breaker ကို Inverter ကို စနစ်တကျ မပိတ်ဘဲ (သို့မဟုတ်) လျှပ်စီးကြောင်း စီးဆင်းနေတဲ့အချိန်မှာ ပိတ်လိုက်ခြင်းဟာ လျှပ်စစ်မီးပန်းပေါက်ကွဲမှု (Arc Flash) ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။

*** SPD ကို DC ဘက် နဲ့ AC ဘက် နှစ်ဘက်စလုံးမှာ တပ်ဆင်ပါ။

*** မြေဓာတ်ချခြင်း (Earthing)
လျှပ်စစ်ဓာတ်အား စီးဆင်းမှုအတွက် ခုခံမှုအနည်းဆုံးဖြစ်အောင် earthing ကောင်းကောင်း လုပ်ထားပါ။ မြေဓာတ်ချခြင်း (Earthing) ကို ပညာရှင်ဖြင့် တပ်ဆင်ပါ။

Solar DC Breaker ကို ပိတ်ခြင်း/ဖြုတ်ခြင်း မပြုပါနှင့်!
"အရင်လုပ်ဖူးတာ ဘာမှမဖြစ်ဘူး" ဆိုပြီး စမ်းသပ်မှုမပြုပါနှင့်!
အရေးပေါ်ပိတ်ရန် အထက်ပါအဆင့် (၁-၆) ကို စနစ်တကျ လိုက်နာပါ။

***တန်ဖိုးကြီးတဲ့ မိမိရဲ့ပိုင်ဆိုင်တဲ့အရာတွေကိုကာကွယ်ဖို့ လုပ်ဆောင်ချက်တွေထက် စနစ်ကျတဲ့ ကာကွယ်မှုတည်ဆောက်ခြင်းက ပို၍ အရေးကြီးလှပါတယ်။***

ကျေးဇူးတင်လျက်,
Crd;FEG

-Established 2013-
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
- Product of Germany -

အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၄၂၅၂ ၁၉၉၄၂။

Solar ရဲ့တန်ဖိုးအမှန်က မီးတာခတခုတည်းတော့မဟုတ်ဘူးဗျာ။ဥပမာ—မီးပျက်တဲ့ခုအချိန်မှာ aircon ဖွင့်လို့ရတာက စျေးနှုန်းနဲ့ တိုင်း...
22/04/2026

Solar ရဲ့တန်ဖိုးအမှန်က မီးတာခတခုတည်းတော့မဟုတ်ဘူးဗျာ။

ဥပမာ—မီးပျက်တဲ့ခုအချိန်မှာ aircon ဖွင့်လို့ရတာက စျေးနှုန်းနဲ့ တိုင်းလို့မရတဲ့အရာပါ။ အပူဒဏ်မခံရတော့ လူလည်း အိပ်ရေးဝတယ်၊ ကျန်းမာရေးလည်း ပိုကောင်းလာတယ်။အလုပ်တွေလဲတွင်ကျယ်ပါတယ်။

၁။ ခုလိုမီးမလာချိံန်မှာ ဆိုလာတပ်ပြီး AC အမြဲဖွင့်နိုင်တဲ့အချိန်မှ စပြီး ကျန်းမာရေးတိုးတက်လာတယ် ဒီလို health impact ကို မီတာခနဲ့ မတွက်နိုင်ဘူး။

၂။ နောက်တစ်ခု—ရေခဲသေတ္တာ မပျက်တော့ အစားအသောက်တွေ မပျက်စီးတော့ဘူး။ အရင်လို မီးပျက်ရင် ပစ်ရတာတွေ မရှိတော့တာတင်ပဲ အကုန်အကျကို တော်တော်လျော့ချပေးတယ်။

၃။ မီးပျက်လို့ အလုပ်ရပ်တာ၊ အိမ်မှာ စိတ်ဖိစီးရတာ၊ နေထိုင်မှု အဆင်မပြေတာ—ဒီလိုအရာတွေကိုလည်း တန်ဖိုးတစ်ခုအနေနဲ့ တွက်ကြည့်ရမယ်။ Solar တပ်ပြီးနောက်မှာ ဒီပြဿနာတွေ မရှိတော့တာက quality of life တက်လာတာပါ။

ဒီအချက်တွေက ကျွန်တော် ကိုယ်တိုင်ခံစားခဲ့ရတာတွေပါ။ အဲ့ဒါကြောင့် Solar ကို renewable energy အနေနဲ့ ပိုမိုတိုးတက်အသုံးပြုနိုင်အောင် အမြဲ promote လုပ်နေပါတယ်။

နောက်တစ်ခု အရေးကြီးတာကSolar သုံးပြီး grid လျပ်စစ်ကို မသုံးတော့တဲ့အချိန်မှာ၊ အဲဒီလျပ်စစ်ဟာ တခြား မတပ်နိုင်သေးတဲ့သူတွေ၊ လျပ်စစ်မလုံလောက်တဲ့နေရာတွေကို ပိုမိုရောက်ရှိနိုင်ပါတယ်။

နောက်ပြီး generator တွေမသုံးရတော့ ပတ်ဝန်းကျင် ကို အနှောက် အယှက်ကင်းစေတယ်.ပတ်ဝန်းကျင် ညစ်ညမ်း မီးခိုးထွက်တာနဲလာတယ်။

တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် ဒါဟာ လျပ်စစ်ကို မျှဝေပေးနေတဲ့ အလှုတစ်ခုလိုပါပဲ။
အဆုံးသတ်ပြောရရင် Solar ဆိုတာ “မီတာခသက်သာမလား” ဆိုတာတစ်ခုတည်းနဲ့ မတွက်သင့်ဘူး။
လူနေမှုဘဝကို upgrade လုပ်ပေးတဲ့ system တစ်ခုလည်း ဖြစ်တယ်၊ လူမှုအသိုင်းအဝိုင်းကိုပါ အကျိုးပြုတဲ့ investment တစ်ခုပါ။
လျပ်စစ်မီး မပျက်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် မပျက်ရင်တောင် ဒီဈေးနဲ့ လျပ်စစ်မရနိုင်ပါဘူး။
ဒါကြောင့်ပဲ မီးမပျက်တဲ့၊ နေရောင်ပေါများတဲ့နိုင်ငံတွေမှာတောင် Solar ကို တပ်နေကြတာပါ။

ကျေးဇူးတင်ပါတယ်။

Crd; ASE
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး မင်္ဂလာရှိတဲ့ အစပြုခြင်းတွေနဲ့ ​ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘတွ...
17/04/2026

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး မင်္ဂလာရှိတဲ့ အစပြုခြင်းတွေနဲ့ ​ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘတွေ ဒီရေအလား တိုးတက်ကာ တစ်နှစ်ပတ်လုံး ပျော်ရွှင်မှုအသစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဒိုင်းဂျော်ဘူဆိုလာ မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျား။

**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942
Viber: 09 44000 2276

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

Jinko solar များ ထပ်မှန်ရောက်ရှိလာပါပီဗျာ။အရည်တွက်ကန့်သတ်ဖြစ် ရရှိပါမည်။1. Jinko 590Watts Bifacial 1. Jinko 630Watt Bifa...
03/04/2026

Jinko solar များ ထပ်မှန်ရောက်ရှိလာပါပီဗျာ။

အရည်တွက်ကန့်သတ်ဖြစ် ရရှိပါမည်။

1. Jinko 590Watts Bifacial
1. Jinko 630Watt Bifacial

Official warranty 12 years
Limited Stock
Price : cb

Established 2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)

အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

လိပ်စာ။ ။
အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၄၂၅၂၁၉၉၄၂။
Viber :၀၉ ၄၄၀၀၀ ၂၂၇၆။

Address

Myitkyina
1101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959440002276

Website

Alerts

Be the first to know and let us send you an email when Daijōbu Solar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share