Magnolianwe

Magnolianwe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Magnolianwe, Gardener, .

ကိုယ်ချစ်ရတဲ့သူဆီက အချစ်ခံဖို့ တောင်းဆိုရတာဟာ ဝမ်းနည်းစရာ အကောင်းဆုံးပဲဆိုတာ သိလာတယ် ချစ်ခြင်းမေတ္တာဟာ တောင်းဆိုရတာမဟုတ်...
25/08/2025

ကိုယ်ချစ်ရတဲ့သူဆီက အချစ်ခံဖို့
တောင်းဆိုရတာဟာ ဝမ်းနည်းစရာ အကောင်းဆုံးပဲဆိုတာ သိလာတယ်

ချစ်ခြင်းမေတ္တာဟာ တောင်းဆိုရတာ
မဟုတ်ဘူး လက်ခံရတာဆိုတဲ့ စကားကို နားလည်မိတဲ့အချိန်မှာ

လက်တစ်ဆုပ်စာ အကြင်နာနည်းနည်းကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း
ငိုချင်လာမိတော့တယ်

ဂရုမစိုက်လို့ ရန်ရှာတတ်တဲ့ နှုတ်ခမ်းက တိတ်ဆိတ်လာတယ် တန်ဖိုးထားပြီး မြတ်နိုးစွာ လက်ကလေးကို တွဲထားချင်ပေမယ့် ဆုပ်ကိုင်ရမှာ မရွံ့မရဲဖြစ်လာတယ်

အတူသွားမယ့်ခရီးတွေ အတူဖြ.တ်သန်းမယ့် Anniversary တွေကို စိတ်ကူးမယဉ်ရဲတော့ဘူး မကျေနပ်တာတွေကို အရင်လို နားပူနားဆာ
မလုပ်ရဲတော့ဘူး

အပြင်မှာ အဆင်မပြေမှုတွေ ကြုံလာရလည်း ရင်မဖွင့်ရဲတော့ဘူး ပူဆာရင် မုန့်စားရမှန်း
သိနေတဲ့ ကလေးတစ်ယောက်လို မျှော်လင့်ချ.က်တွေ ရင်ခုန်ပျော်ရွှင်မှုတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း မရှိတော့ပါ

အိမ်ကဲ့သို့ လုံခြုံခဲ့ဖူးတဲ့ ရင်ခွင်ထဲက
မိုးယိုသံတွေအောက်မှာ ဝမ်းနည်းအားငယ်ခြင်း မျက်ရည်အတိနဲ့ စိုရွှဲချမ်းတုန်နေခဲ့ပြီ....

မေတ္တာ ဂရုဏာ မုဒိတာ စေတီတော်☀
10/08/2025

မေတ္တာ ဂရုဏာ မုဒိတာ စေတီတော်☀

ပုန်းတလုတ်ရေကန်နံဘေးက သစ်ပင်လေးကို အမိအရရိုက်ဖြစ်
06/08/2025

ပုန်းတလုတ်ရေကန်နံဘေးက သစ်ပင်လေးကို အမိအရရိုက်ဖြစ်

"ပန်းတွေ ယူကြဦးမလား"ပန်းသည်အဒေါ်ကြီးတွေရဲ့ အသံ"ငုံးဥတွေရမယ်" "ယူဦးမလား"ကားစီးရင်း ကားရပ်နားရာနေရာတွေမှာ ကြားနေကျအသံဒီအ...
21/08/2023

"ပန်းတွေ ယူကြဦးမလား"
ပန်းသည်အဒေါ်ကြီးတွေရဲ့ အသံ

"ငုံးဥတွေရမယ်" "ယူဦးမလား"
ကားစီးရင်း ကားရပ်နားရာနေရာတွေမှာ ကြားနေကျအသံ

ဒီအသံတွေကြားရင် မယူတော့ဘူးရှင့်
တခါတလေကျ ခေါင်းလေးယမ်းပြ(ကားမူးနေချိန်)ပြီး
တခြားလူတွေအားလုံးကိုယ်စား ပြန်ဖြေပေးလေ့ရှိတာက
အကျင့်တစ်ခုလိုပဲ။

မသိချင်ယောင် မကြားချင်ယောင်ဆောင်ပြီး ကျော်သွားရမှာ
ဘာကြောင့် မျက်နှာပူပြီး အာနာမိတယ် မသိခဲ့ဘူးကွယ်။

ဒီလိုမေးရတာစျေးသည်တွေရဲ့တာဝန်မှန်ပေမဲ့ မဝယ်လို့ဆိုပြီး
မသိနိုးနား မျက်နှာလွှဲပြီးမထားခဲ့ချင်ဘူး။
ဒါကလည်း သူတို့အပေါ် လေးစားအသိမှတ်ပြုခြင်းတစ်ခုပဲလို့ ခံယူထားမိတယ်။

ဒါဟာ သူတို့အတွက်ဘာမှအရေးမပါပေမဲ့ ကိုယ့်စိတ်ခံစားချက်နဲ့ကိုယ် ပြုလုပ်နေမိတဲ့ အလေ့ကျင့်လေးတစ်ခုပါပဲ။

#ခရီးသွားခြင်းအမှတ်တရ

စစ်ကိုင်းမြို့ရဲ့ နံနက်မိုးသောက်ချိန်ကိုတောင်ပေါ်မှရှုမြင်ခြင်း🌌
21/08/2023

စစ်ကိုင်းမြို့ရဲ့ နံနက်မိုးသောက်ချိန်ကို
တောင်ပေါ်မှရှုမြင်ခြင်း🌌

အနီး အဝေးမနက်နှင့် ညနေခင်းမှာဘယ်ဟာက ပိုလှပါသလဲမေးရင်အချစ်က ပို၍လှကြောင်းပဲဖြေမယ်။ချစ်တဲ့စိတ်ကြောင့် အေးချမ်းရသောကိုယ်ပဲဖ...
12/03/2023

အနီး အဝေး
မနက်နှင့် ညနေခင်းမှာ
ဘယ်ဟာက ပိုလှပါသလဲမေးရင်
အချစ်က ပို၍လှကြောင်းပဲဖြေမယ်။
ချစ်တဲ့စိတ်ကြောင့် အေးချမ်းရသောကိုယ်ပဲဖြစ်ချင်တယ်။
ဘဝမှာ အပူတွေကို လက်မခံနိုင်တော့တဲ့အထိ
စိတ်ကမဲညစ်နေပြီးသားမို့
ညစ်နေတဲ့စိတ်လေးကိုသာ မြစ်ရေထဲထည့်ဆေးလိုက်ချင်မိတယ်။

ရွှေတောင်ဦးမော်စစ်ကိုင်းမြို့ #📷
22/01/2023

ရွှေတောင်ဦးမော်
စစ်ကိုင်းမြို့

#📷

Magnolia Champaca ၏အသုံးဝင်ပုံ🌿အပူပိုင်းနှင့်အပူလျော့ပိုင်း ဒေသတွေမှာ ပေါက်လေ့ရှိတဲ့ magnolia champacaကို တို့မြန်မာတွေက...
17/12/2022

Magnolia Champaca ၏အသုံးဝင်ပုံ🌿

အပူပိုင်းနှင့်အပူလျော့ပိုင်း ဒေသတွေမှာ ပေါက်လေ့ရှိတဲ့ magnolia champacaကို တို့မြန်မာတွေက စံကားဝါ ဆိုပြီးခေါ်ကြပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ သဘာဝအလျောက် ပေါက်ရောက်ရှင်သန်ပြီး၊ ပုပ္ပါးတောင်မှာတော့ စံကားဝါပန်းတွေကို တစ်နေရာထဲမှာ အများဆုံးတွေ့နိုင်ပါတယ်။
ကဆုန်၊နယုန်လတွေမှာ ပွင့်လေ့ရှိပြီး တော်သလင်းလလောက်မှာ အသီးသီးပါတယ်။အရောင်အဆင်းကတော့ လိမ္မော်ဝါရောင်နှင့် နို့နှစ်ရောင်ဆိုပြီးရှိတယ်။
မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှနိုင်ငံအများစုမှာတွေ့ရလေ့ရှိတဲ့
ဒီစံကားမျိုးစိတ်ရဲ့ ရနံ့ကို အိမ်ကမေမေက တော်တော်လေးကြိုက်ပါတယ်။
ပန်းပွင့်ချိန်ရာသီမှာ စံကားပန်းရနံ့သင်းသင်းလေးမွှေးနေတဲ့ ညနေခင်းတွေရဖို့ မေမေကမျှော်လင့်ပါသတဲ့။
မေ့မေ့ကို ချစ်တဲ့ အသက်ရှစ်ဆယ်ကျော် ဘိုးဘိုးက မေ့မေ့အတွက်ဆိုပြီး စံကားဝါအပင်ပေါက်လေးကို သူကိုယ်တိုင်ပျိုးပေးခဲ့တယ်။
ဒါကတော့ ကိုယ့်ရဲ့ချစ်စရာအမှတ်တရလေးပါ။💛

မေမေသိပ်သဘောကျတဲ့ စံကားဝါပန်းလေးရဲ့ အသုံးဝင်ပုံလေးတွေကို ရှာတွေ့လာလို့ ပြန်မျှဝေလိုက်ပါတယ်။သိပြီသားသူများလည်း ကျော်သွားလို့ရပါတယ်။...................................................................................

# # အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများအလိုအရ စံကားဝါသည် ဖန်ချိုသော အရသာရှိ၍ အေးသောဂုဏ်သတ္တိရှိ၏။ သုတ်ကို ပွားစေ၍ နှလုံးကို အကျိုးပြု၏။ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ သွေးအန် သွေးကျ၊ဆီးအောင့် ၊ နူနာ၊ အဆိပ်၊ ယားနာ၊ အနာပေါက်တို့ကို ပျောက်ကင်းစေ၏။

# # အသုံးပြုပုံ- အပွင့် -

အပွင့်ကို ညက်အောင်ကြိတ်၍ ရေအေးနှင့်ဖျော်သောက်သော် ဆီးအောင့်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း ရောဂါများ ပျောက်၍ ဆီးကိုရွှင်စေသည်။
အပွင့်ပြုတ်ရည်ကို သောက်သော် အစာအိမ်နာကျင်သောရောဂါ၊ လေရောဂါ၊ကျောက်ကပ်ရောဂါ၊ ညောင်းကျရောဂါများပျောက်၏။
အရွက် -

အရွက်နုစိမ်ရည်ကို စစ်၍ မျက်စိတွင် ခတ်ပေးသော် မျက်စိတွင်းရှိ အညစ်အကြေးများစင်ကြယ်ပြီး မျက်စိအားနည်းရောဂါ ပျောက်၏။
အရွက်ကို ရေညှစ်၍ ပျားရည်နှင့်ရောသောက်သော် ရင်ဘတ်အောင့်နာကိုပျောက်ကင်းစေ၏။ ဝမ်းတွင်းရှိ တုတ်ပိုး ၊ သန်ပိုးများကိုလည်း ကျဆင်းစေနိုင်၏။

အသီး -
အသီးကိုဖြစ်စေ ၊ အစေ့ကိုဖြစ်စေ ရေနှင့်သွေးလိမ်းသော် ပေါင်၌ အကျိတ်အဖုဖြစ်ခြင်း ပျောက်၏။
အသီးခွံ နှင့်ပင်စည်ခေါက်များကို နူနာရောဂါ ကုသရာတွင် ထည့်သွင်းအသုံးပြုသည်။

အခေါက် -
အခေါက်မှုန့်ကို ပျားရည်နှင့် ရောလျက်သော် ချောင်းခြောက်ရောဂါ ပျောက်ကင်း၏။
အခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်၏။

အမြစ် -
အမြစ်ခြောက်ကို ဖြစ်စေ ၊ အမြစ်အခေါက်ကို ဖြစ်စေ၊ ဒိန်ရည်နှင့် ရောကြိတ်၍ အနာများပေါ်၌ အုံပေးသော် အနာနုလျှင် ပိန်၍ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

စံကားဝါပန်း
ကိုးကား
Dr Lotus Blackမှ လွန်ခဲ့သော ၁ နှစ် အကြာက နောက်ဆုံး တည်းဖြတ်ခဲ့သည်။

Address


Website

Alerts

Be the first to know and let us send you an email when Magnolianwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Contractor?

Share