AllBrothers Design and Construction Group

AllBrothers Design and Construction Group Design for you, built for Earthquake.

ကျနော်တို့  AllBrothersအဖွဲ့ နှင့် 'ရွှေဂျိုးဖြူဆန်ရောင်းဝယ်ရေး'မိသားစုရဲ့ ဝါဆိုသင်္ကန်းကပ် အမှတ်တရ ဒီအဆောက်အဦးလေး နဲ့ ...
28/08/2026

ကျနော်တို့ AllBrothersအဖွဲ့ နှင့် 'ရွှေဂျိုးဖြူဆန်ရောင်းဝယ်ရေး'မိသားစုရဲ့ ဝါဆိုသင်္ကန်းကပ် အမှတ်တရ
ဒီအဆောက်အဦးလေး နဲ့ ပတ်သတ်ပြီး အကြမ်းထည်ကနေစလို့ အချော ပိုင်းတွေအထိ လုပ်ကိုင်ပုံတွေကို အသေးစိတ်ပြထားတဲ့ Post လေး သီးသန့်ရှိပါတယ်ခင်ဗျာ။
အိမ်တက် ကျရင်လဲ အကုန်ပြီးစီး သွားတဲ့ ပုံရိပ်လေးတွေ မျှဝေပါဦးမယ်။
ငလျှင်ထည့်သွင်းတွက်ချက်ထားသောအဆောက်အဦးများနှင့် အိမ်ရှင်တဦးချင်းစီအလိုက် သီးသန့်ရေး ဆွဲပေးသော ဗိသုကာ ဒီဇိုင်းများအတွက် ဆက်သွယ်လိုက်ပါ။

ဒီ Project လေးကတော့ ကျနော်တို့ ဆောက်လုပ်နေဆဲ 60E Site လေး ရဲ့ မျက်စောင်းထိုး အိမ်ကနေ ကျနော်တို့ကို တွေ့ပြီး ဆက်သွယ်လာရာက...
24/08/2026

ဒီ Project လေးကတော့ ကျနော်တို့ ဆောက်လုပ်နေဆဲ 60E Site လေး ရဲ့ မျက်စောင်းထိုး အိမ်ကနေ ကျနော်တို့ကို တွေ့ပြီး ဆက်သွယ်လာရာကနေ စာချုပ်ချုပ်ဖြစ်ခဲ့တာပါ။
အမှတ်တရလေးပါပဲ။

အကြမ်းထည်ပစ္စည်း+လက်ခ ပုပ်ပြတ် တည်ဆောက်ပေးမှာ ဖြစ်ပြီး SMRF ကိုအသုံးပြုပေးထားပါတယ်။
ကျနော်တို့ AllBrothers အနေနဲ့ ကလဲ MNBC 2025ကို လိုက်နာမှာဖြစ်ပြီး မည်သည့် တရားဝင် QC အဖွဲ့ အစည်းကိုမဆို ခွင့်ပြုပေးထားပါတယ်။

40'x60' ခြံဝင်းအတွင်းမှာ 35'x37' (3)ထပ် R.C အဆောက်အဦး ဖြစ်ပါတယ်။အနောက်မျက်နှာလှည့် ဝင်းတွေ ကြုံရတဲ့ ပူပြင်းတဲ့ နေရောင်ကို ကာကွယ်ပေးထားပြီး နှစ်ထပ်လုံးကနေ မြင်ရမဲ့ ဥယျာဥ်နေရာ လေး ကိုလဲ ဝရံတာ မှာထည့်သွင်းထားပါတယ်။
နို့နှစ်ရောင်ကို အခြေခံ အရောင်စပ်ထားပြီး ကွန်ကရစ်အကြမ်းအရောင်နဲ့ အသားကြော လေးတွေကို Hightlight လုပ်ပေးထားပါတယ်။
ငလျှင်ထည့်သွင်းတွက်ချက်ထားသောအဆောက်အဦးများနှင့် အိမ်ရှင်တဦးချင်းစီအလိုက် သီးသန့်ရေး ဆွဲပေးသော ဗိသုကာ ဒီဇိုင်းများအတွက် AllBrothers ကို ဆက်သွယ်လိုက်ပါ။

Mdy, 60Ex123 မှာ ရှိတဲ့ 28'x31' (3)ထပ် R.C အဆောက်အဦး လေး အကြမ်းထည် ပြီးစီးခဲ့ပါပြီ။ဒီအဆောက်အဦးလေးရဲ့ ကျနော်တို့ လက်ခံခ...
21/08/2026

Mdy, 60Ex123 မှာ ရှိတဲ့ 28'x31' (3)ထပ် R.C အဆောက်အဦး လေး အကြမ်းထည် ပြီးစီးခဲ့ပါပြီ။
ဒီအဆောက်အဦးလေးရဲ့ ကျနော်တို့ လက်ခံခဲ့တုန်းက ကုန်ကျစရိတ်နဲ့ လက်ရှိ ကုန်ကျစရိတ်ကို နှိုင်းယှဥ်ပြထားတဲ့ Video လေး AllBrothers Tiktok account မှာတင်ထားပေးပါတယ်။

AllBrothers က အင်ဂျင်နီယာ တွေ မေမြို့ ကို R.E သွားဖြေဖို့ လိုက်ပို့တုန်း အမှတ်တရ Group photo လေး...
18/08/2026

AllBrothers က အင်ဂျင်နီယာ တွေ မေမြို့ ကို R.E သွားဖြေဖို့ လိုက်ပို့တုန်း အမှတ်တရ Group photo လေး...

"သစ္စာရှင် ကြိမ်ဆိုင် မိသားစု" ရဲ့ 3ထပ် R.C အဆောက်အဦးအတွက် မြေသန့်ပရိတ်ရွတ်ခြင်းနှင့် ပန္နက်ရိုက်ခြင်း အောင်မြင်စွာ ပြီ...
10/08/2026

"သစ္စာရှင် ကြိမ်ဆိုင် မိသားစု" ရဲ့ 3ထပ် R.C အဆောက်အဦးအတွက် မြေသန့်ပရိတ်ရွတ်ခြင်းနှင့် ပန္နက်ရိုက်ခြင်း အောင်မြင်စွာ ပြီးစီးခဲ့ပါပြီ။

ရွှေယမင်း ပိုးထည် မိသားစုရဲ့စျေးရောင်းပွဲ တော် အမှတ်တရ။မင်းသားစမ်းရေမိုးလဲ ရှိတယ်နော်။အားပေးမယ်ဆို မနက်ဖန် တရက်ကျန်ပါသေး...
07/08/2026

ရွှေယမင်း ပိုးထည် မိသားစုရဲ့စျေးရောင်းပွဲ တော် အမှတ်တရ။
မင်းသားစမ်းရေမိုးလဲ ရှိတယ်နော်။အားပေးမယ်ဆို မနက်ဖန် တရက်ကျန်ပါသေးတယ်။

Project ကတော့ စစ်ကိုင်းမြို့၊ KBZ Bank ဘေးမှာ တည်ဆောက်မယ့် 'သစ္စာရှင် ကြိမ်ဆိုင်မိသားစု' ရဲ့ လူနေအိမ် Project လေးပါ။မျက်...
06/08/2026

Project ကတော့ စစ်ကိုင်းမြို့၊ KBZ Bank ဘေးမှာ တည်ဆောက်မယ့် 'သစ္စာရှင် ကြိမ်ဆိုင်မိသားစု' ရဲ့ လူနေအိမ် Project လေးပါ။
မျက်နှာဖွင့် 35' × 71' ရှိတဲ့ (၃)ထပ် R.C အမျိုးအစားဖြစ်ပြီး ငလျင်အန္တရာယ်မြင့်တဲ့ ဒေသတွေမှာ သင့်တော်တဲ့ Special Moment Resisting Frame (SMRF) Structural System ကို အသုံးပြုပေးထားပါတယ်။
Foundation ပိုင်းမှာလည်း Project ရဲ့ လိုအပ်ချက်အရ Combined Footing နဲ့ Mat Foundation တွေကို အသုံးပြုပေးထားပြီး၊ အဆောက်အဦးရဲ့ Lateral Force Resisting System အတွက် Dual System (SMRF + Reinforced Concrete Shear Wall) ကို ထည့်သွင်းဒီဇိုင်းရေးဆွဲထားပါတယ်။
ဓာတ်လှေကား Lift Core ကို ဖွဲ့စည်းထားတဲ့ 10'' R.C Shear Wall တွေဟာ အဆောက်အဦးရဲ့ အခြား Structural Members တွေနဲ့ တစ်သားတည်း ချိတ်ဆက်ထားတာကြောင့် ငလျင်လှုပ်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ဘေးတိုက်ရွေ့လျားမှု (Lateral Drift) ကို ထိရောက်စွာ ထိန်းချုပ်ပေးနိုင်ပြီး အဆောက်အဦးရဲ့ တည်ငြိမ်မှုကိုလည်း ပိုကောင်းစေပါတယ်။
စစ်ကိုင်း၊ မန္တလေးလို ငလျင်အန္တရာယ်မြင့်တဲ့ ဒေသတွေမှာ လူနေအိမ် Project တွေ၊ ဆေးရုံ Project တွေ၊ စက်ရုံ Project ကြီးတွေကို Seismic Design ထည့်သွင်းတွက်ချက်ပြီး အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ AllBrothers Design & Construction ကို ဆက်သွယ်လိုက်ပါခင်ဗျာ။

Structure Design ကောင်းတစ်ခုဆိုတာ တွက်ချက်မှုကောင်းရုံနဲ့ မလုံလောက်ပါဘူး။Site Experience က ရလာတဲ့ အတွေ့အကြုံတွေကို အခြေခ...
04/08/2026

Structure Design ကောင်းတစ်ခုဆိုတာ တွက်ချက်မှုကောင်းရုံနဲ့ မလုံလောက်ပါဘူး။
Site Experience က ရလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ခိုင်ခံ့မှု (Safety)၊ မြေပြင်မှာ ထုတ်လုပ်တပ်ဆင်ရ လွယ်ကူမှု (Constructability / Fabrication)၊ ကုန်ကျစရိတ် ထိန်းချုပ်နိုင်မှု (Cost Efficiency) စတဲ့ အချက်တွေကို ခြုံငုံစဉ်းစားထားမှ Design ကောင်းတစ်ခုလို့ ခေါ်နိုင်ပါတယ်။
Client တွေနဲ့ ဆွေးနွေးတဲ့အခါ အမြဲကြားရတဲ့ စကားတွေရှိပါတယ်။
"မြေဝင်နက်လေ ကောင်းလေပဲ။"
"ကျောက်ကြီးတွေ အပြည့်ခင်းထားတယ်။"
"HRB 500 တွေပဲ သုံးထားတာ။"
ဒီလိုစကားတွေကို အမှန်၊ အမှား ခွဲပြောချင်တာ မဟုတ်ပါဘူး။ တကယ်တော့ အခြေအနေတစ်ခုချင်းစီမှာ သင့်တော်မှုက မတူပါဘူး။
ယေဘုယျအားဖြင့် စျေးကြီးတဲ့ ပစ္စည်းတွေက အရည်အသွေး ပိုကောင်းနိုင်ပါတယ်။ ဒါပေမဲ့ စျေးအမြင့်ဆုံး သုံးထားတာက Design အကောင်းဆုံး လို့ မဆိုလိုပါဘူး။
Client တွေကို အုပ်စုနှစ်ခုအနေနဲ့ ကြည့်လို့ရပါတယ်။
(၁) Budget မကန့်သတ်ဘဲ အကောင်းဆုံးပစ္စည်းတွေ၊ အမြင့်ဆုံး Specification တွေနဲ့ ဆောက်ချင်တဲ့သူ။
ဒီလို Client တွေအတွက်တော့ Overdesign ဖြစ်နေရင်တောင် ကြီးမားတဲ့ ပြဿနာ မဟုတ်ပါဘူး။
(၂) Budget ကို ထိန်းချုပ်ပြီး ပေးရတဲ့ငွေနဲ့ ထိုက်တန်တဲ့ အရည်အသွေးကို လိုချင်တဲ့သူ။
ဒီလို Client တွေအတွက် အရေးကြီးဆုံးက Price to Performance ဖြစ်ပါတယ်။ မလိုအပ်တဲ့နေရာမှာ ပိုသုံးမိတဲ့ ငွေကို လျှော့ချပြီး၊ လိုအပ်တဲ့နေရာမှာသာ မှန်ကန်စွာ အသုံးချနိုင်ဖို့က ပိုအရေးကြီးပါတယ်။
ဒီလိုရလဒ်ရဖို့ Architectural Design နဲ့ Structural Design ကို အစကတည်းက အပြန်အလှန် ညှိနှိုင်းပြီး ရေးဆွဲရပါတယ်။
Design ကောင်းတစ်ခုရဲ့ ရည်ရွယ်ချက်က ပစ္စည်းအများဆုံး သုံးဖို့ မဟုတ်ပါဘူး။
လိုအပ်တဲ့နေရာမှာ လိုအပ်သလောက်သာ သုံးပြီး၊
• ခိုင်ခံ့မှု (Safety)
• အသုံးပြုနိုင်မှု (Function)
• အလှအပ (Architecture)
• ထုတ်လုပ်တပ်ဆင်ရ လွယ်ကူမှု (Constructability / Fabrication)
• ကုန်ကျစရိတ် ထိရောက်မှု (Cost Efficiency)
ဒီအချက်တွေကို မျှတအောင် ချိန်ညှိပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
Engineering Field မှာ "ပိုသုံးထားလို့ ပိုကောင်းတယ်" ဆိုတာထက် "လိုအပ်သလောက်သာ သုံးပြီး အကောင်းဆုံးရလဒ် ရအောင်လုပ်နိုင်ခြင်း" က ပိုပြီးတန်ဖိုးရှိတဲ့ Design ဖြစ်ပါတယ်။ ကိုယ်ကုန်ကျသွားတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ အဆောက်အဦးကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ။

ဒါ စစ်ကိုင်းမြို့မှာ ပုံဖော်နေတဲ့ ဆေးရုံ Project ရဲ့ လုပ်ငန်းခွင်ပုံရိပ်လေးတွေပါ။ ဒီ Project ကို တော့ ကျနော်တို့နဲ့  Con...
29/07/2026

ဒါ စစ်ကိုင်းမြို့မှာ ပုံဖော်နေတဲ့ ဆေးရုံ Project ရဲ့ လုပ်ငန်းခွင်ပုံရိပ်လေးတွေပါ။ ဒီ Project ကို တော့ ကျနော်တို့နဲ့ Construction
က အကိုတွေ အတူပူးပေါင်း ပုံဖော် ပေးနေတာပါ။ စစ်ကိုင်းမြို့ နေလူထုအတွက် တကယ်လိုအပ်နေတဲ့ Project ဖြစ်တာကြောင့် ကျနော်တို့ လို လူငယ်အဖွဲ့အစည်းတွေအတွက် ဂုဏ်ယူရတဲ့ Project ပါပဲ။

သူကလဲ Special Frame ကို အသုံးပြုထားပြီး 76'x76' Steel Frame (3)ထပ်ပါ။ Foundation ပိုင်းမှာဆိုရင်လဲ Combined,Mat,Iso footing တွေနဲ့ Shear Wallbတွေ ပါဝင်ပါတယ်။

ကျယ်ဝန်းတဲ့ ကားပါကင်နေရာတွေ၊ ဓာတ်လှေကားတွေ၊ ရေဆိုးစွန့် စနစ်တွေနဲ့ အဓိက လိုအပ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှု တွေ ပါဝင်ပါမယ်။

ဒီ ဘုန်းကြီးကျောင်းဆောင် Projectလေးကတော့ ကျနော်တို့ Archi,Structure Design Run ပေးထားပြီး Consultant လုပ်ပေးသွားမဲ့ ပင်း...
29/07/2026

ဒီ ဘုန်းကြီးကျောင်းဆောင် Projectလေးကတော့ ကျနော်တို့ Archi,Structure Design Run ပေးထားပြီး Consultant လုပ်ပေးသွားမဲ့ ပင်းယ၊တံတားဦးမြို့ က Project လေးပါ။ ပညာဒါန အနေနဲ့ ဘုန်းဘုန်းကို ကူညီပေး ခြင်းဖြစ်ပါတယ်။ တကယ်သာယာ တဲ့ ကျောင်းလေးပါ။ အမှတ်တရ ပုံရိပ်လေးတွေ Share ပါဦးမယ်ခင်ဗျ။

Address

Nantawyar Quarter
Sagaing
02371

Telephone

+959790624617

Website

Alerts

Be the first to know and let us send you an email when AllBrothers Design and Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AllBrothers Design and Construction Group:

Shortcuts

Share