Mungpi & Associates Co.,Ltd.

Mungpi & Associates Co.,Ltd. ကွန်ကရစ်လုပ်ငန်း၊ စက်ရေတွင်းတူးဖော်ရေးနှင့် ချိ
န်းလိပ်ထုတ်လုပ်ဖြန့်ချိရေး

The Bailong elevator--- China, the highest outdoor elevator in the world. Tourists climb the mountain, 326 meters, in tw...
09/11/2022

The Bailong elevator--- China, the highest outdoor elevator in the world. Tourists climb the mountain, 326 meters, in two minutes.

crd

Sir Seithu Min ရေးသားပါသည်“ပလာစတာချောရင်..တိုင်အစပ် ထုတ်အစပ်တွေမှာ ပြန်ပြန် အက်တယ် ဆရာ၊ Column တိုင်တွေ ဆိုရင်လည်း အမြဲလ...
03/04/2022

Sir Seithu Min ရေးသားပါသည်

“ပလာစတာချောရင်..
တိုင်အစပ် ထုတ်အစပ်တွေမှာ ပြန်ပြန် အက်တယ် ဆရာ၊ Column တိုင်တွေ ဆိုရင်လည်း အမြဲလိုလို လေခိုတယ်၊ အက်ကြောင်းတွေ ပေါ်တယ်၊ ဘာ့ကြောင့်များ ဖြစ်ရတာလဲ၊ ဘယ်လိုမျိုး ပြန်လည်ကုစားလို့ ရနိုင်မလဲ ဆရာ”

ကွန်ကရိသည် shrinkage ကြောင့်၊ bleeding ကြောင့်၊ Curing ကြောင့် Structural failure ကြောင့် အက်ကွဲကြတတ်ပေမယ့်..

ပလစတာတွေ အက်ကြောင်း ပေါ်ရတဲ့ အကြောင်းရင်းထဲမှာ structural failure ကြောင့်တော့ အလွန်ဖြစ်ခဲပါတယ်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းရင်းတွေကို တတ်နိုင်သမျှ အစဉ်လိုက် ပြောကြည့်ပါမယ်

(၁) ဘိလပ်မြေရဲ့ Initial setting time က နာရီဝက်ကနေ အလွန်ဆုံး တစ်နာရီခွဲပဲ ရှိပါတယ်၊ စတင်ဖျော်ထားချိန်ကနေ တစ်နာရီခွဲ ကျော်နေပြီ ဖြစ်တဲ့ ဘိလပ်မြေမဆလာကို သုံးစွဲမိရင် လေခိုတတ် အက်ကြောင်းပေါ်တတ်ပါတယ်

(၂) ပလစတာ မချောမီ အုတ်နံရံ တိုင်နံရံများ အေးမြ စိုစွတ်နေအောင် ရေဖျန်းထားရမယ့်အစား အပူချိန် များနေခြင်း၊ သန့်ရှင်းရေး မကောင်းခြင်းတို့ကြောင့် Dehydration ဖြစ်စဉ်အတွက် အစိုဓါတ် မလုံလောက်ခြင်း တွဲဆက်မှု အားနည်းနေခြင်းတို့ကြောင့် အက်ကွဲတတ်ပါသည်

(၃) တိုင် အစပ် ထုတ်အစပ်များ၌ မဆလာ နှာအပြည့် မသိပ်သည့်အတွက် အတွင်းတွင် လေခိုကျန်နေခဲ့ပြီး အချိန် လနှင့်ချီ ကြာမြင့်ကာမှ အက်ကြောင်း ပေါ်လာတတ်ပါသည်

(၄) မဆလာဒု ထူလွန်းသည့်အတွက် (၁/၂”၊ ၃/၄” ထက် ပိုထူသည့် အတွက်) ပလာစတာ ချောနေစဉ် မဆလာအလေးချိန်ကြောင့် အိကျကာ လေခို ကွဲအက်တတ်ပါသည်

(၅) ပလစတာချောပြီး ၃ နာရီမှ ၇ နာရီအတွင်း curing စတင် ပေးသင့်သော်လည်း Curing အပေး နောက်ကျ၍၊ curing မပေးမိ၍လည်း အက်ကြောင်းများ ပေါ်တတ်ပါသည်။

(၆) ရေ၊ သဲ မသန့်၍၊ ဘိလပ်မြေ အမျိုးအစား ညံ့ဖျင်း၍လည်း အက်ကြောင်းပေါ်တတ်ပါသည်

ဘယ်လို ကုစား ပြုပြင် ရမလဲ ဆိုတာကတော့..
အက်ကြောင်းရဲ့ အလျားအရှည် အကျယ် အနက် မေးလွဲမှု ပမာဏ အပေါ်မူတည်ပြီး ပြုပြင်နည်းတွေ ကွာခြားပါတယ်
Curing နောက်ကျလို့ ဖြစ်ရတဲ့ crack မျိုးကတော့ ပုံမှန် wall putty ရိုက်ရုံဖြင့် လုံလောက်ပါတယ်
#မူရင်းလင့်

https://m.facebook.com/story.php?story_fbid=4881317258572701&id=100000834260595 # # # # # # # # # # # #

ကိုရင်သာအေး
&

*09953206665
*09777573878

Photo , internet

TV စင်တွေcrd
08/01/2022

TV စင်တွေ

crd

အောင်မြင်ချင်တဲ့ သူ တိုးတက်ချင်တဲ့ လူတစ်ယောက် က အောက်ပါ အခြေခံ အချက် (၆) ချက် အနည်းဆုံး ပြည့်စုံဖို့ လိုပါ သည်။၁။ ကိုယ့်...
15/11/2021

အောင်မြင်ချင်တဲ့ သူ တိုးတက်ချင်တဲ့ လူတစ်ယောက် က အောက်ပါ အခြေခံ အချက် (၆) ချက် အနည်းဆုံး ပြည့်စုံဖို့ လိုပါ သည်။

၁။ ကိုယ့် လုပ်နေသည့် လုပ်ငန်း ရဲ့အကြောင်း ကိုယ်ကောင်းကောင်း သိရမည်။ ကိုယ့် လုပ်ငန်း က ဘယ်လို ကအစ စေ့စပ်သေချာ တာဝန်ကျေ ရမည်။ (Bank တွင်လုပ်တဲ့သူက ဘဏ်တွေ ဘယ်လိုလည်ပတ် ဝင်ငွေရှာသည် စသည်ဖြင့်)

၂။ကိုယ့် လုပ်ငန်း ထဲ က အခြား function များ ကို လည်း သိရှိ ရမည်။ ငါ အလုပ် ငါတာဝန် ကျေပွန် မယ် ငါ အလုပ် ငါ လုပ်ဖို့ ငါ ကျန်တာ သိစရာ မလိုဘူး အတွေး ကို ဖျောက် ရမည်။ အမြင် ကျယ် ရမည်။ (Sales က Account အကြောင်း လည်း သိရ မည်)

၃။ ကိုယ့် လုပ်နေတဲ့ အလုပ် နဲ့ အလားတူ ပြိုင်ဖက် လုပ်ငန်းများ ဘာလုပ်နေ သည်ကို လေ့လာ နေရမည်။ ဆက်စပ် လုပ်ငန်း များ အခြေအနေ ကို အမြဲ လေ့လာနေ ရမည်။

၄။ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန် ရမည်။ ပြောဆို စည်းရုံးနိုင် ရမည်။

၅။ မိမိ အရည်အချင်းတွေ တိုးတက် ကောင်းမွန် အောင် အမြဲ ကြိုးစား နေရမည်။ သပ်ရှင်း သပ်ရပ် တက်ကြွနေရ မည်။

၆။ နည်းပညာ နဲ့ အကျွမ်း တဝင် ရှိရမည်။

ကိုးကား - ဒေါက်တာအောင်ထွန်းသက်

တင်မင်းလွင်

မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ မြေအကျယ်ဆုံး အဆင့် (၄၀)မှာ ရှိပြီး (၀.၆၇၆ M km2) ရှိပါတယ်။ (၁၇ M km2) ရှိတဲ့ ရုရှားက ကမ္ဘာမှ...
13/10/2021

မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ မြေအကျယ်ဆုံး
အဆင့် (၄၀)မှာ ရှိပြီး (၀.၆၇၆ M km2) ရှိပါတယ်။

(၁၇ M km2) ရှိတဲ့ ရုရှားက ကမ္ဘာမှာ မြေအကျယ်ဆုံး
နိုင်ငံဖြစ်ပြီး သူ့နောက်မှာတော့ ကနေဒါက (၉.၉ M km2)၊ တရုတ် က (၉.၇ M km2) နှင့် အမေရိကန်ပြည်ထောင်စုက (၉.၃ M km2) နဲ့ အစဉ်အတိုင်း မတိမ်းမယိမ်း ကျယ်ဝန်းပါတယ်။

အရှေ့တောင်အာရှ (၁၁) နိုင်ငံမှာ အကျယ်ဆုံးက
အင်ဒိုးနီးရှား ဖြစ်ပြီး (၁.၉ M km2) ကျယ်ဝန်းပါတယ်။ မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှမှာ
ဒုတိယ အကျယ်ဝန်းဆုံး နိုင်ငံဖြစ်တယ်။

မြန်မာဟာ ယူကရိန်း၊ ဆွီဒင်၊ ကင်ညာ၊ ပြင်သစ်၊
ထိုင်း နိုင်ငံတွေထက် ပိုမိုကျယ်ပြီး ဂျပန်၊ ဂျာမဏီ၊
ဖင်လန်၊ ဗီယက်နမ် ၊ နော်ဝေ၊ ပိုလန်၊ အီတလီ တို့ထက် (၂)ဆ ခန့် ပိုကျယ်တယ်။

ယူကေ၊ ယုဂန်ဒါ၊ ဂါနာ နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့
ငါးပုံ နှစ်ပုံခန့်သာ ကျယ်ဝန်းပါတယ်။

မြန်မာနိုင်ငံရဲ့ အကျယ်ဆုံး ပြည်နယ်ဟာ ရှမ်းပြည်နယ်
ဖြစ်ပြီး (၀.၁၅၅ M km2) ကျယ်ဝန်းပါတယ်။
ရှမ်းပြည်နယ်ဟာ ဘဂ်လားဒေ့ရှ်၊ နီပေါ၊ မြောက်ကိုရီးယား ၊ ဂရိ၊ တောင်ကိုရီးယား၊ အဂ်လန် နိုင်ငံတွေထက်
ပိုမိုကျယ်ဝန်းတယ်။

မြန်မာနိုင်ငံရဲ့ ဒုတိယအကျယ်ဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်း ဟာ (၀.၀၉၃ M km2)ရှိပြီး ဟန်ဂေရီ နှင့် ပေါ်တူဂီနိုင်ငံ
တွေထက် အနည်းငယ် ပိုမိုကျယ်ဝန်းပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယအကျယ်ဆုံး ကချင်ပြည်နယ်က
တော့ (၀.ဝ၈၉ M km2) ကျယ်ဝန်းပြီး ဂျော်ဒန် နိုင်ငံနှင့် အတူတူနီးပါး ရှိပါတယ်။
ကချင်ပြည်နယ်ဟာ ပနားမား၊ အိုင်ယာလန်၊ ဂျော်ဂျီယာ၊ သီရိလက်ာ၊ လစ်သူရေးနီးယား၊ တိုဂို၊ ခရိုအေးရှား၊ ဆလိုဗေးကီးယား နိုင်ငံတွေထက် ပိုမိုကျယ်ဝန်းပါတယ်။

မြန်မာနိုင်ငံရဲ့ စတုတ္ထ နှင့် ပဉ္စမအကျယ်ဆုံး ဖြစ်တဲ့
မကွေးတိုင်း နှင့် တနသ်ာရီတိုင်းကတော့ (၀.ဝ၄၄ M km2) ကျယ်ဝန်းပြီး ဒိန်းမတ်၊ နယ်သာလန်၊ ဆွစ်ဇာလန် နိုင်ငံတွေထက် အနည်းငယ် ပိုကျယ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆဌမ အကျယ်ဆုံးကတော့ ပဲခူးတိုင်းဖြစ်
ပြီး (၀.ဝ၃၉၄ M km2) ကျယ်ဝန်းပြီး ဘူတန် ၊ တိုင်ဝမ်
နိုင်ငံတို့နှင့် အတူတူနီးပါး ရှိပါတယ်။

မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတိုင်း၊ ကရင်ပြည်နယ်တို့က ဘယ်ဂျီယံ၊ အာမေးနီးယား၊ အစ္စရေး၊ ဆလိုဘေးနီးယား၊ ကူဝိတ်၊ မွန်တီနီဂရိုး နိုင်ငံများထက် ပိုမိုကျယ်ဝန်းပါတယ်။

မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းတို့က
ကာတာ၊ ဂျမေကာ၊ လီဘနွန်၊ ဂမ်ဘီယာနိုင်ငံတွေနဲ့ မတိမ်းမယိမ်း ရှိပါတယ်။

မွန်ပြည်နယ်ထဲက ရေးမြို့နယ် ဟာ (၂၇၂၀ km2)
ကျယ်ဝန်းတာမို့ ဟောင်ကောင်(Hong Kong) ထက်
(၂)ဆ ကျော် ပိုမိုကျယ်ဝန်းပါတယ်။

စင်ကာပူနိုင်ငံ ဟာ (၇၁၀ km2) ကျယ်ဝန်းပြီး၊
မွန်ပြည်နယ်ထဲက ချောင်းဆုံးမြို့နယ်(ဘီလူးကျွန်း) က
(၆၅၈ km2) ကျယ်ဝန်းတာမို့ အကျယ်အဝန်းချင်း
သိပ်မကွာပါ။

မြန်မာနိုင်ငံဟာ အင်္ဂလန်နိုင်ငံထက် (၅)ဆ ပိုကျယ်ပြီး
အင်္ဂလန်(England),စကော့တလန် (Scotland), ဝေး(Wales) နှင့် မြောက်အိုင်ယာလန် (Northern Ireland)တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ယူကေ (UK, United Kingdom)ထက်ကို (၂.၇)ဆ ပို ကျယ်ဝန်းပါတယ်။
(M= Million)


Quotation wikipedia.org
Photo Credit

 #မြေ(၁) ဧကမှာ ရှိတဲ့ အတိုင်းအတာ ယူနစ်များ===============================၁ ဧက  = ၄၃,၅၆၀ စတုရန်းပေ ၁ ဧက  = ၂၀၈.၇၁ ပေ × ၂၀...
07/10/2021

#မြေ(၁) ဧကမှာ ရှိတဲ့ အတိုင်းအတာ ယူနစ်များ
===============================
၁ ဧက = ၄၃,၅၆၀ စတုရန်းပေ
၁ ဧက = ၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ
၁ ဧက = ၆၆ ပေ × ၆၆၀ ပေ
၁ ဧက = ၁ သံကြိုး (အလျား) × ၁ ဖာလုံ (အနံ)
၁ ဧက = ၄၀,၄၇ စတုရန်းမီတာ

၁ စတုရန်းပေ = ၀.၀၉၂၉ စတုရန်းမီတာ
၁ စတုရန်းမီတ = ၁၀.၇၆၄ စတုရန်းပေ
၁ မီတာ = ၃.၂၈၁ ပေ

Sq.ft ကို ဧကဖြင့် သိလိုလျှင်...
Sq.ft ÷ 43,560 = ( ) ဧက
ဥပမာ: 20,000 Sqft ကို ဧကဖြင့် သိလိုရင်
20,000 ÷ 43,560 = 0.459 ဧက

ဧကကို Sq.ft ဖြင့် သိလိုလျှင်...
ဧကအကျယ် × 43,560 = ( ) Sq.ft
ဥပမာ - 0.5 ဧကကို Sq.ft ဖြင့် သိလိုရင်
0.5 × 43,560 = 21780 Sqft

၁ ဧက = ၄၃,၅၆၀ စတုရန်းပေ ဆိုတာက လက်မ၊ ပေ၊ ကိုက်၊ သံကြိုး၊ ဖာလုံ၊ မိုင် စတဲ့ အတိုင်းအတာ ယူနစ်များနဲ့ တွက်ချက်ထားတာ ဖြစ်ပါတယ်။

၁၂ လက်မ = ၁ ပေ
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး ( ၆၆ ပေ )
၁၀ သံကြိုး = ၁ ဖာလုံ ( ၆၆၀ ပေ )
၈ ဖာလုံ = ၁ မိုင် ( ၅,၂၈၀ ပေ )

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၁ ဟက်တာ = ၂.၄၇၁ ဧက
၁၀၀ ပေ × ၁၀၀ ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Credit...နှစ်ရှည်ပင်စိုက်ပျိုးရေးအထွေထွေ

မြေအောက်ရေချိုတွေတဖြည်းဖြည်းခမ်းလာပြီးရေငန်တွေ အစားထိုးဝင်ရောက်မှု တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေပါပြီ။ရေချိုထိမ်းဖို့ ...
27/09/2021

မြေအောက်ရေချိုတွေ
တဖြည်းဖြည်းခမ်းလာပြီး
ရေငန်တွေ အစားထိုးဝင်ရောက်မှု တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေပါပြီ။
ရေချိုထိမ်းဖို့
မြေအောက်ရေ ဘယ်လို ပြန်ဖြည့်ကြမလဲ ??????

အခုဆိုရင် နေကပူ၊ရေကရှား၊ အဝေစိတွင်းတူးလဲ ပေ၂၀၀၊၃၀၀ကျော်တူးတောင်ရေက မထွက်ချင်တော့ဘူး။
တောင်ကြီးလို မြေအောက်ရေကို အားကိုးနေရတဲ့ မြို့တွေဟာ မြေအောက်ရေ ကို အမြန်ပြန်ဖြည့်ဖို့လိုပါတယ်။
အရင်က ပေ၂၀၊၃၀ရေတွင်းတူးပြီး နွေ၊မိုး၊ဆောင်း ရေသုံးလို့ရခဲ့တဲ့ မြို့လေးဟာ ခုဆို ပေ၃၀၀၊၄၀၀ တူးနေရပြီနော်။
ဒီလိုနဲ့ကြာလာရင် မြေအောက်ရေခမ်းခြောက်ပြီး ဒီမြို့လေးဟာ သာယာတော့မှာမဟုတ်ပါဘူး။ အရေးမကြီးဘူးလို့ မထင်လိုက်ပါနဲ့။

ဒါကိုဖြေရှင်းဖို့ သင်တို့ အိမ်တွေမှာ၊ လမ်းတွေမှာ၊ ခြံထဲက ကားရပ်စရာနေရာတွေမှာ မိုးရေတွေမြေကြီးထဲ စိမ့်ဝင်လို့ရအောင် နေရာလေးတွေ ချန်ထားပေးလိုက်ရုံနဲ့ လူသားအားလုံးကို အတော်လေးကိုအကျိုးပြုမှာပါ။

အိမ်တိုင်း မှာ အင်္ဂတေတွေ အပြည့်ခင်းမဲ့အစား၊ ကျလာသမျှရေ မြောင်းထဲ စီးသွားမဲ့အစား၊ မြက်ခင်းလေးတွေ၊ အပင်လေးတွေ၊ အုတ်နီခဲလေးတွေ၊ ကျောက်တုန်းလေးတွေနဲ့ ရောလို့ ခင်းမယ်ဆိုရင် အိမ်လေးလဲလှ ရေလဲရ၊ မျက်စိလဲအေးနဲ့ ၁ချက်ခုတ် ၃ချက်လောက်ပြတ်ပါတယ်နော်။

အင်္ဂတေခင်းရမှာကျေနပ်မယ်ဆိုရင်တောင် အိမ်နောက်ဖေးက နေရာငယ်လေးဖြစ်ဖြစ် ရေစိမ့်ဖို့ နေရာလေး ချန်ထားပေးမယ်ဆိုရင် ဒီမြို့လေးကိုရော၊ လူသားနဲ့ သတ္တဝါ တချို့ကို သင်အကျုးိပြုပေးလိုက်တာပဲဖြစ်ပါတယ်။

ရေဆိုတာ နေစဉ်မသုံးမဖြစ်တဲ့အရာ၊ သတ္တဝါအားလုံးရဲ့ မရှိမဖြစ်အရာမလို့ သင်တို့ အိမ်လေးတွေမှာမြေအောက်ရေ ဖြည့်ဖို့ လုပ်ပေးလိုက်ခြင်းဟာ ကုသိုလ်တခုပါပဲလို့ တင်ပြရင်း........
Idea တချို့ကို ပုံလေးတွေနဲ့ ဖော်ပြလိုက်ပါတယ်။

မိုးကျတုန်းရေခံ၊ မိုးကျတုန်း အိုးမှောက်မထားမိစေဖို့။

မျှဝေခြင်းသည် မေတ္တာဖြစ်သည်။
Heart Su
Photo Credit-Org Uploader

အိပ်ခန်း ၂ ခန်းနဲ့ ခေတ်မီတစ်ထပ်အိမ် အ‌သေးစား‌လေး ဒီဇိုင်းလေး လှချက်💞photo credits : Azillion Properties
18/09/2021

အိပ်ခန်း ၂ ခန်းနဲ့ ခေတ်မီတစ်ထပ်အိမ် အ‌သေးစား‌လေး ဒီဇိုင်းလေး လှချက်💞

photo credits : Azillion Properties

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ်‌!ကွန်ကရစ် သွန်းလောင်းခြင...
31/08/2021

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ်‌!

ကွန်ကရစ် သွန်းလောင်းခြင်း၏ အချေခံသဘောတရား ၁၂-ချက်ကို၊ လေ့လာထားပါက concrete projects ကြီးကိုလည်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ အချေခံသဘောတရား ၁၂ - ချက်မှာ

1. Site clearing
2. Subbase and subgrade preparation
3. Formwork preparation
4. Rebar installation
5. Concrete mixing
6. Concrete puring
7. Screeding the top of the concrete
8. Trowelling
9. Control joint
10. Creating the traction
11. Curing and sealing the concrete, and
12. Maintaining တို့၊ ဖြစ်ကြပါသည်။

1. သန့်ရှင်းရေးဆိုသည်မှာ_
မြေကြီးပေါ်မှာ လမ်းခင်းသကဲ့သို့ ကွန်ကရစ်လောင်းသည်ဆိုစေအုန်းတော့၊ Grass -မြက်၊ rocks - ကျောက်၊ trees - သစ်ပင်၊ shrub - ခြုံနွယ်၊ old concrete - ကွန်ကရစ်ဂျိုး အစရှိသည်တို့ကို၊ မြေကောင်းပေါ်လာ သည်အထိ တူးဖော်ဖယ်ရှားပြစ်ရပါမည်။ လမ်းခင်းတဲ့သူငယ်ချင်းများ သတိပြုပါ။ အောက်မှာ soft pit တေရှိ နေရင် ပြု ပြင်ပြီးမှ ကွန်ကရစ်လောင်းပါ။ အထပ်သားနဲ့ formwork ရိုက်ထားတဲ့ ကြမ်းခင်း slab လောင်း တယ် ဆိုရင်လည်း ဆေးလိပ်တိုတေ၊ ကွမ်းတတွေးတေ၊ သစ်တိုသစ်စတေ၊ binding wire စတေ၊ ချေ စာမှုန့် တေ၊ ရှိနေတပ်ပါတယ်။ formwork ပေါ်မှာ ဘယ်သောအခါမှ ထမင်းမစားရပါဘူး။

2. Prepare your subbase - အောက်ခံကို၊ ပြု ပြင်ပါ။
2.1 what is subbase?
လမ်းခင်းသောအခါ၊ အောက်ခံအခင်းကို၊ subbase ဟု၊ ခေါ်ပါသည်။ subbase ခင်းရခြင်း၏၊ အကြောင်းရင်းမှာ၊ concrete rest လုပ်ဖို့ဖြစ်ပါသည်။ များသောအားဖြင့် granular - ကျောက်စေ့၊ ဂဝံစေ့ များကို၊ subbase အဖြစ်ခင်းကြိတ် အသုံးပြု ပါသည်။(တခါတရံတွင်၊ မိမိကွန်ကရစ်ခင်းမည့်မြေသည် compacted and stable - သိပ်သည်းကျစ်လစ် တည်ငြိမ်သည့် မြေ အမျိုးအစားဖြစ်နေပါက အဆိုပါမြေသည် subbase ပင် ဖြစ်ပါသည်။

2.2 what is subgrade?
Subbase အောက်က မြေကြီးကို၊ subgrade ဟု၊ ခေါ်ပါသည်။ မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီးဆိုသော subgrade ကောင်းရင်ကောင်းသလောက်၊ ပျက်စီးချို့ယွင်း ခြင်းမရှိပေ။ (ကဲ ဒါဆိုရင် သူငယ်ငယ်ချင်းတို့ရေ - အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်တာဆိုရင် slab formwork က၊ subbase ပေါ့ဗျာ။ formwork supported prop က subgrade ပေါ့။)
အကယ်၍ subgrade သည်၊ shifts - ရွေ့နေမည်၊ craters - ကျင်းဖြစ်နေမည်၊ moves - လှုပ်ရှား နေမည်ဆို ပါလျင်၊ သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်သည်လည်း၊ subgrade ဖြစ်နေသကဲ့သို့၊ လိုက်ဖြစ်နေပါမည်။ ရွေ့ မည်၊ ကျင်းဖြစ်မည်၊ လှုပ်ရှားနေပါမည်။ (သူငယ်ချင်ချင်းတို့ ကွန်ကရစ်လမ်းတေ ခုံးနေတာ ခွက်နေတာ ကျင်း တေ ဂျိုင့်တေ ဖြစ်နေတာ မြင်ဘူးကြပါတယ်နော။ လူတေက ကွန်ကရစ်လမ်းပျက်တာကိုဘဲ မြင်ကြတာပါ။ အောက်ကမြေ သားကောင်းအောင်လုပ်ဖို့ကြတော့၊ ခြလည်းစား ငါလည်းဝါးကိုးဗျ။)
ထို့ကြောင့် subbase မခင်းမှီ subgrade ကို၊ ငြိမ်နေအောင်၊ သိပ်သည်းကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဘို့ လိုပါတယ်။ ဘယ်လို လုပ်ရမတုန်းဆိုတော့၊ မြေကြီးကို၊ CBR 5 ရအောင်၊ ကြိတ်ရပါ့မယ်၊ မြေကြီးကို CBR 5 ရအောင် ကြိတ်ဘို့ အခက်အခဲရှိတယ်ဆိုရင်တော့၊ open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကို၊အသုံးပြု ပြီးတော့ subgrade တည်ဆောက်ရပါမည်။ 6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည်ဆိုလျင်၊ ကျောက်တုန်းတေအကြားကနေ ရေအလွယ်တကူ စီးထွက် သွား စေနိုင်ပါသည်။ သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးတာလောက်တော့ compaction မကောင်းပါဘူး။ fine grade stone က၊ စျေးတော့ပိုကြီးပါတယ်။

2.3 how to lay subbase
Subgrade ပြီးတဲ့အခါsubbase ခင်းရပါ့မယ်။အဆောက်အဦးမှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ အားလုံးသိထားသည့် hard-core ရိုက်တာဖြစ်ပါသည်။ hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးတဲ့အခါ hand tamper ဖြင့်ဖြစ်စေ၊ plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။ Plate compactors အပေါ်ယံမြေသားကိုသာ သိပ်သည်း ကျစ်လစ်မာကြောစေတပ်သောကြောင့်၊ လိုအပ်ပါက ပိုမိုကြီးမားသော စက်ကရိယာများကို အသုံးပြုဘို့ လိုပါ သည်။

3. Prepare a form - ပုံစံခွက်၊ ပြုလုပ်တပ်ဆင်ခြင်း။
A well-built form - ကောင်းစွာတည်ဆောက်ထားသော၊ ပုံစံခွက်သည်၊ (ပုံစံခွက်ကောင်း တခုသည်) concrete သားကောင်းကောင်းကို၊ ရရှိစေပါသည်။ ပုံစံခွက်ကောင်းတခုသည်၊ အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန်ရမည် ဖြစ်သကဲ့သို့၊ အနိမ့်အမြင့် လယ်ပယ်လည်း၊ မှန်ကန်ဘို့ လိုအပ်ပါသည်။ အတိုင်းအတာမှန်ကန်အောင် မှန်ကန်သောပေကြိုးကိုလည်းကောင်၊ ထောင့်ကျဉ်းထောင့် ကျယ်မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊ အနိမ့်အမြင့်မှန်ကန်အောင် ပေကြိုးကိုလည်း ကောင်း အတိန်းအစောင်းမဖြစ်အောင် ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန် တို့ကိုလည်းကောင်း၊ အသုံးပြုရမည် ဖြစ်ပါသည်။ လူတေဟာ အသက်ရှူနေကြသည့်အတွက်၊ တမတ် တမူး 14/" - 1/8" မှားယွင်းမှုကိုတော့ ခွင့်ပြုရ မည်သာ ဖြစ်ပါသည်။

4. Rebar
Consider adding wire mesh or rebar to your form (optional).
မိမိသွန်းလောင်သော၊ ကွန်ကရစ်သည်၊ ကားလမ်းကဲ့သို့၊ heavy load-bearing structure ဖြစ်ပါက၊ သွန်လောင်းမည့် ကွန်ကရစ်ထဲတွင်၊ rebar ထည့်မည်၊ သို့မဟုတ်၊ wire mesh ထည့်မည်ဆိုသည်ကို၊ စဉ်းစား ဆုံးဖြတ်ရပါမည်။ အလေးဝန်ချိန် များပြားစွာ ထမ်းဆောင်ရန်မလိုအပ်သော ကွန်ကရစ် သွန်းလောင်းမည် ဆိပါက mesh ဖြစ်စေ rebar ဖြစ်စေ၊ ထည့်ရန်မလိုပါ။ သို့ပါသော်လည်း mesh ကိုဖြစ်စေ rebar ကိုဖြစ်စေ၊ အသုံးပြုမည်ဆိုပါက၊ မည်သည့်အတွက်ကြောင့် အသုံးပြု ရသည်။ ဘယ်လိုကောင်းကျိုးများရှိသည်၊ ဘယ်လို ဆိုးကျိုးများရှိသည်၊ တို့ကို နားလည်သဘောပေါက်ထားဘို့ လိုအပ်ပါသည်။
Wire mesh သည်၊ ဝရိန်တို့ထားသောကြောင့် ပိုပြီးတည်ငြိမ်ပါသည်၊ အက်ကြောင်းငယ်များ၊ မဖြစ်ပေါ်အောင် ကာကွယ်ပေးသည်။ ဖြစ်ပေါ်လာသော အက်ကြောင်းများကိုလည်း တိုးပွားမလာအောင် ထိန်းသိမ်းစောင့် ရှောက်ပေးပါသည်။ သို့ပါသော်လည်း ကြံ့ခိုင်သည့် structural တခု၊ တည်ဆောက်ဘို့တော့၊ လုံလောက်သော စွမ်းအား၊ မရှိပါ။
Rebar ကတော့၊ load များများကို ထမ်းနိုင်သော structure ရအောင် တည်ဆောက်နိုင်ပါသည်။ သို့သော် ဖြစ်ပေါ်လာသောအက်ကြောင်းများကို သေးငယ်သွားအောင်တော့ rebar က၊ မစွမ်းဆောင်နိုင်ပါ။
5. Mix your concrete - ကွန်ကရစ်ဖျော်စပ်ခြင်း။
ကွန်ကရစ်ဆိုသည်မှာ၊ အားလုံးသိကြသည့်အတိုင်း၊ Portland cement - ဘိလပ်မြေ၊ sand - သဲနှင့်၊ coarse aggregate ကျောက်စရစ် သို့မဟုတ် ချီပင်ကျောက်တို့ကို၊ 1:2:4, 1:3:6 စသဖြင့်၊ အချိုးကြပေါင်းစပ်ရောနှော ပြီး၊ ထိုသို့ ရောစပ်မွှေသမထားသော အခြောက်စပ်ကို တခုနှင့်တခု တွဲကပ်သွားစေရန် ရေရောထားသော အရောအနှော ဖြစ်ပါသည်။ ရေကို သတ်မှတ်ထားသော အတိုင်အတာအထိသာ ထည့်သွင်းရောစပ် ရပါ သည်။ ရေများလျင် လုပ်ရကိုင်ရလွယ်ကူသွားသော်လည်း ကွန်ကရစ်စွမ်းအားကို ကျ ဆင်းစေပါသည်။ ရေနဲနဲ ဖြင့်ရောစပ်ထားသော ကွန်ကရစ်သည် ကွဲအက်မှုကို ပိုမိုခံနိုင်ပါသည်။ စက်ဖြင့်ဖျော်စပ်သည့်ဖြစ်စေ၊ လက်ဖြင့် ရောစပ်သည်ဖြစ်စေ၊ ပါဝင်ပစ္စည်း များ တသမတ်တည်း ဖြစ်လာသည်အထိ မွှေဘို့ လိုပါသည်။
လက်ဖြင့်ရောစပ်သည့်အခါ သဲနှင့်ဘိလပ်မြေကို ဦးစွာ သမအောင် ရောစပ်ရပါမည်။ ထို့နောက် ကျောက်ထည့် ပြီး ဒုတိယအကြိမ် သမအောင် ရောစပ်ရပါမည်။ ထို့နောက် ရောစပ်ထားသည့် အပုံကို ပြားပြီး၊ ရေပန်းခရား ဖြင့် ရေကို ထည့်ရပါ့မည်။ ထို့နောက် သမအောင် ပြုလုပ်ရပါမည်။
စက်ဖြင့်ရောစပ်သည့်အခါ စက်ကိုလည်ထားပြီး ရေကို အနည်းငယ်လျော့ပြီး ဦးစွာထည့်ရပါသည်။ ထို့နောက် ကျောက်ထည့်ရပါ သည်၊ ထို့နောက်သဲထည့်ရပါသည်။ ၄င်းတို့ သမသွားသောအခါ ဘိလပ်မြေထည့်ရပါသည်။ ထို့နောက် ကွန်ကရစ် တသားထဲဖြစ်သွားသည်အထိ ရေကို ချိန်ညှိထည့်ပေးရပါသည်။

6. ကွန်ကရစ်သွန်းလောင်းခြင်း။
ကွန်ကရစ်လောင်းတဲ့အခါ_
ရွက်လုံးနဲ့လည်း ငဲ့ချလိုက်တပ်ပါတယ်။
Bucket နဲ့လည်းမယူလာပြီး ဖွင့်ချလိုက်တပ်ပါတယ်။
Truck မှာပါတဲ့ လျောဇလားနဲ့လည်း လျောကျလာတပ်ပါတယ်။
Stationary pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။
Boom pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။ ဘာနဲ့ဘဲလာလာ၊ ကွန်ကရစ်ပုံဖြစ်လာရင်တော့၊ ပေါက်တူးနဲ့ဆွဲရင် လဘာချာပါဘဲ။ ဒီတော့ မြန်-ကောင်း-သက်သာ ဖြစ်ရလေအောင်၊ shovels - ဂေါ်ချွန်၊ rakes - အသွားပါသောဆွဲဂျုတ်၊ "come alongs," တံချူ တို့နဲ့ ဆွဲဖြန့်ရပါမယ်။ တံချူ ဆိုတာ spreader ပါဘဲ။ အကြမ်းအားဖြင့် ညီသွားပြီဆုပါလျင် စီးကမ်းနည်းလမ်းအတိုင်း vi****or မရပါ့မယ်၊

7. Screed the top of the concrete.
Screed လုပ်သည်ဆိုသည်မှာ၊ ပါရာတုန်းကလေးတေပေးပြီးမှ နံရံမှာ ပလာစတာကပ်ပြီး ချောခြင်း၊ topping လောင်းခြင်းတို့ကို၊ အင်ဂျင်နီယာအားလုံး သိကြပါသည်။ ထို့အပြင် သစ်သားချောင်း ဘေး၂ဖက်ခံပြီး အလယ် ကွန်ကရစ်ကို ပတ်တန်းဖြင့်ရိုက်တာလည်း အားလုံးသိကြပါသည်။ သစ်သားချောင်းအစား aluminium square pipe တေ၊ hollow pipe တေကိုလည်း၊ အသုံးပြုနိုင်ပါသည်။ အင်ဂျင်နီယာများသည် ဤ ပါရာတုန်း များ၊ ပတ်တန်းများကို စိတ်ဝင်စားရင် စိတ်ဝင်စားသလို၊ အလုပ်သမားများကလည်း ကျွမ်းကျင်လျင် ကျွမ်းကျင် သလို ကွန်ကရစ်ကြမ်းသည် စံချိန်စံညွန်းပြည့်မှီပြီး လက်ရာကောင်းကို ရရှိနိုင်သည့်အပြင် ကုန်ကျစရိတ်ကို လည်း များစွာလျော့ချနိုင်ပါသည်။

8. လက်ပွတ်နဲ့ ဖိသိပ်ချောပါ။
အဲဒီနောက် cover guide rail ကို၊ အမှီပြု ပြီးတော့၊ မျ ဉ်းတန်နဲ့ ရိုက်တုန်းနဲ့ ရိုက်ညှိ ဆွဲရပါတယ်။ ဒီအခါ level တကျ ၊ compacted ကြမ်းချောရပါတယ်။ အဲဒီလယ်ပယ်တကျ ကြမ်းချောကို ချောညက်သွားအောင်ရယ် compaction ထပ်ရအောင်ရယ်တို့အတွက် လက်ပွတ်နဲ့ ဖိသိပ်ဆွဲဖွတ် လုပ်ရပါ့မယ်။ ဒီအချေအနေဟာ လက်ဝင် တပ်တဲ့အတွက် ကွန်ကရစ်မအိပ်ခင် ပြီးအောင်လုပ်ဖို့ သွက်သွက်လုပ်ဖို့ လိုပါတယ်။
Floating process - လက်ပွတ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ လုပ်ငန်းစဉ် ၂ - မျိုးရှိပါတယ်။ ပထမ တခုက တော့ bull float လို့ခေါ်တဲ့ လက်ပွတ်ကြီးနဲ့ပွတ်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ course aggregate များကို အောက်သို့ရောက်သွားအောင် ရိုက်ချလိုက်ပြီး အပေါ်ကို အနှစ်တက်လာအောင် ဖြစ်ပါတယ်။ bull float ကို ဆွဲတဲ့အခါ မိမိဘက်ကို ကြွစေပြီး၊ တွန်းတဲ့အခါ ရှေ့ဘက်ကို ကြွစေရပါတယ်။ magnesium hand float သည်၊ လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ အဲဒီလို bull float ကြီးနဲ့ ချောညှိပြီးတဲ့နောက်၊ water bleeding ဖြစ်လာတဲ့အခါ၊ hand float - နဲ့ တံမျက်စီးလှဲသလို လှဲပြီးတော့ ထွက်လာတဲ့ ရေတေကို လိုချင်တဲ့နေရာရောက် အောင် ပွတ်ရမည် ဖြစ်ပါတယ်။

9. Make control joints
Rebar မပါသော၊ ကွန်ကရစ်ကြမ်းခင်းများခင်းတဲ့အခါ၊ ကွဲတပ်သောကြောင့် groover ဖြင့် ၅ပေ လောက် ၆ပေ လောက် ကွန်ကရစ်အထူအပါးပေါ်မူတည်ပြီး ခြားခြားပြီး ဖြတ်ပေးရပါမယ်။ ကွန်ကရစ်လမ်းတေကတော့ အထူ ၈-လက်မလောက် ရှိသည့်အတွက် ၂၅ - ပေလျင် contraction joint တခုစီနဲ့၊ ပေ ၁၀၀ - လျင် expension joint တခုစီ ထည့်ကြပါတယ်။ groover နဲ့ခွဲတဲ့အခါ ညီညီညာညာ ကြည့်ကောင်းအောင်၊ သစ်ဖြင့်ဖြစ်စေ၊ အလျူ မီနီယံနဲ့ဖြစ်စေ ပြုလုပ်ထားသော straight edge နဲ့ ဖိပြီးမှ ခွဲရပါ့မယ်။ ကွန်ကရစ်ထုရဲ့ ၄ပုံ ၁ပုံ နက်အောင် ခွဲပေးရမှာဖြစ်ပြီး အပူအအေးပြောင်းလဲလို့ ကွန်ကရစ်ကွဲတဲ့အခါ အဲဒီနေရာက ကွဲအောင် စီမံထားတဲ့အတွက် control joint လို့ခေါ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ contraction joint ဆိုတာ၊ အေးရင်ကွဲဘို့ဖြစ်ပြီး၊ expension joint ဆိုတာ ပူရင်စန့်ဘို့ ဖြစ်ပါတယ်။

10. Create traction -
တံမျက်စီးတချောင်းဖြင့်၊ ကွန်ကရစ်မျက်နှာပြင်တွင်၊ မိမိနှစ်သက်ရာ ဒီဇိုင်းအမျိုးမျိုးပေါ်လာအောင်၊ ပုံဖော် လှည်းကျင်းနိုင်ပါသည်။ ထိုသို့ လှည်းကျငိးပုံဖော်ထားခြင်းဖြင့် မိုးရာသီတွင် ကွန်ကရစ်ကြမ်းခင်းများ ရေ စိုသောအခါ ချေ ချော်ခြင်း မဖြစ်နိုင်တော့ပါ။ နဲနဲသာ ကြမ်တမ်းသော မျက်နှာပြင်ကို အလိုရှိပါက soft brush - ဘရပ်ပြော့ပြော့လေးကို အသုံးပြုနိုင်ပါသည်။ မျက်နှာပြင်ချောချောကို အလိုရှိပါက သံလက်ပွတ်ဖြင့် ဝိုက်ပြီး တော့၊ ပွတ်ပေးနိုင်ပါသည်။ မျက်နှာပြင်မှာ ရေတင်နေလို့ groove - ဂျိုင့်မြောင်းကလေးများ ဆွဲမည်ဆိုပါက၊ သိပ်အနက်ကြီးမဆွဲရပါဘူး။ တံမျက်လှဲတဲ့အခါ ကျောက်စရစ်ခဲတေပါမလာအောင် အချိန်မစောင့်ဘဲ လောပြီး တော့ တမျက်မလှဲသင့်ပါဘူး။ အဲဒီလို ကျောက်စရစ်ခဲတေပါလာမယ်ဆိုရင် magnesium floater - လက်ပွတ်နဲ့ ပြန်ချောပြီးမှ အချိန်နဲနဲ ထပ်စောင့်ပြီး တံမျက်လှဲ ပုံဖော်ရပါမယ်။

11. Cure and seal the concrete.
curing အမျိုးမျိုးရှိသည့်အနက်၊ ရေလောင်းပြီး curing ပြုလုပ်မည်ဆိုပါက၊ကွန်ကရစ်သွန်းလောင်းပြီးနောက် ၂၈ - ရက် အထိ၊ ပြုလုပ်သင့်ပါသည်။ သို့ပါသော်လည်း ၇ - ရက်တောင် အနိုင်နိုင် ရေလောင်းပြီး curing ပြု လုပ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ကွန်ကရစ်လောင်းပြီးပြီးခြင်း မည့်သည့်အချိန်တွင်၊ ဦးစွာ curing ပြု လုပ်မည်ဟု ဆုံးဖြတ်ခြင်းသည် အရေးကြီးပါသည်။ ပညာရှင်ပီပီ ဆောင်ရွက်ခွင့်ရသော လုပ်ငန်းများတွင်၊ အထဲကရေကလည်း အပြင်ထွက်မသွားစေသော အပြင်ကရေက လည်း အထဲ ဝင်မလာစေနိုင်သော၊ sealing - ခေါ်၊ ရေလုံစေတပ်သော၊ အတားအဆီးကို၊ ကွန်ကရစ် သွန်းလောင်းပြီးလျင်ပြီးခြင်း၊ ဆောလျက်စွာ ဆောင ရွက်သင့်ပါသည်။

12. Maintain your concrete.
ေ လာင်းထားသောကွန်ကရစ်သည်၊ ကောင်မွန်နေပါသည်ဆိုသော်ငြားလည်း၊ ပြု ပြင်ထိန်းသိမ်းဘို့ လိုအပ်ပါ သည်။ အနည်းဆုံးတော့ ဆပ်ပြာရည်ဖြင့် ပွတ်တိုက်ဆေးကြောပေးခြင်းဖြင့် သန့်ရှင်းသပ်ရပ်သည့် ကွန်ကရစ်ကြမ်းခင်းကို မြင်ရတွေ့ရမည် ဖြစ်ပါသည်၊ ၅ - နှစ်တကြိမ်လောက် seal coat တင်ပေးမည်ဆိုပါက ကွန်ကရစ်အသားထည်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။

credit(construction engineer course)

မြေဧကတွက်နည်း******************၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   =   ၄၃၅၆၀  စတုရန်း...
08/08/2021

မြေဧကတွက်နည်း
******************
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Credits ဆရာ MyoMinHtun

ကွန်ကရစ်ခြံတိုင်တွေဝယ်ယူတဲ့ ဟားခါးမြို့မှ မဆွီးဆွီးနဲ့ ပွဲစားကိုစိန်အောင်ဝင်းတို့ကို အထူးကျေးဇူးပါ😗😘
29/01/2021

ကွန်ကရစ်ခြံတိုင်တွေဝယ်ယူတဲ့ ဟားခါးမြို့မှ မဆွီးဆွီးနဲ့ ပွဲစားကိုစိန်အောင်ဝင်းတို့ကို အထူးကျေးဇူးပါ😗😘

Address

Sagaing
02091

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:00 - 17:30
Saturday 07:30 - 17:00

Telephone

+959258882878

Website

Alerts

Be the first to know and let us send you an email when Mungpi & Associates Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mungpi & Associates Co.,Ltd.:

Share