18/05/2026
XLPE ဆိုတာဘာလဲ... အလွယ်တကူပြောပြောနေသော XLPE Cable အကြောင်း
XLPE ဆိုတာက Cross-Linked Polyethylene ရဲ့ အတိုကောက်နာမည်ပါ။ Polyethylene က ပုံမှန်ဆိုရင် Thermoplastic Polymer တစ်ခုပါ ၄မှာတော့ ကျနော်တို့ အခြေခံသိထားတဲ့ Hydrogen နဲ့ Carbon ပေါင်းဆက်ဖွဲ့စီးထားတာပါ။ ဖွဲ့စည်းပုံ အတိအကျဆိုရင်တော့ C2H4 ပေါ့ဗျာ။ Polyethylene ရဲ့ အကောင်းဆုံး အရည်အသွေးက အပူချိန်ကို အမြင့်ဆုံးအခြေအနေထိကိုကြာမြင့်စွာ အချိန်အတိုင်းအတာတစ်ခုထိခံနိုင်မှုပါ။ အရင် Project တစ်ခုမှာ Cable ကို Overseas ကနေဝယ်ရတယ်။ Oversea Manufacture/Supplier နှစ်ဖွဲ့မှာ ဈေးက ထက်ဝက်နီးပါးကွာနေတယ်။
Cable ကြိုးအမျိုးအစားချင်းတူတယ် သုံးတယ့် Voltage Level ချင်းလဲတူတယ် (Maker/Supplier မတူဘူးပေါ့ဗျာ)။ XLPE အထူလဲ မကွာဘူး။ Cable ရဲ့ Outdoor Diameter လဲ အတူတူဘဲ ပြသနာကဘာလဲဆိုတော့ (ဒီကိစ္စမှာ Copper Quality ကိုခဏမေ့ထားပေးပါ) ဈေးအတော်ကွာနေတယ်။ ဘာဖြစ်လို့လဲ ကျနော် Cable Specification တွေ Technical တွေ Test Report တွေကိုသေချာပြန်ဖတ်တယ် တခုခုတော့လွဲနေပြီ Supplier ၂ ယောက်မှာ ဘာဖြစ်လို့ဈေးကွာတာလဲ။ မသိခင်ကတော့ ခက်ပါတယ် သိတော့ လွယ်သွားပါတယ်။ ကွာခြားချက်က XLPE ဆိုပေမယ့် နည်းပညာအရ အမျိုးအစား သတ်မှတ်ချက်လေးတွေရှိတယ်။
High Density Polyethylene, Medium Density Polyethylene နဲ့ Low Density Polyethylene ဆိုပြီး ၃ မျိုး သုံးစားရှိနေတာဘဲ။ ဘယ်လိုကွာလဲဆိုတော့ Melting Point ပေါ်မူတည်ပြီး ခွဲထားတာပါ။
High / Medium Density Polyethylene ရဲ့ Melting Point က 120 to 180 °C (248 to 356 °F) ဖြစ်ပြီး Average / Low Density Polyethylene ရဲ့ Melting Point က 105 to 115 °C (221 to 239 °F) ပါ။
ဒီတော့ ပြောချင်တာက Same Cable ဖြစ်ပါစေ Melting Point အနိမ့်အမြင့်က Cable တွေရဲ့ ဈေးကို တနည်းတဖုံ ပြောင်းလဲစေတယ် ဆိုတာကိုပါ။
Melting Point မြင့်တဲ့ Polyethylene တောင်မှ High Temperature နဲ့ တွေ့ရင် Chemical အရည်အသွေးတွေ ပျက်စီးနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် Polyethylene ကို တခြား Organic Per Oxide တွေနဲ့ အလွန်မြင့်မားတယ့် Pressure အောက်မှာ ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းအားဖြစ် Cross Link Polyethylene ကိုရရှိပါတယ်။ ဒီလိုပေါင်းဆက်ဖွဲ့စည်းလို့ ဖြစ်လာတယ့် XLPE က Chemical Liquid တွေထိခိုက်တိုက်စားမှု ဒဏ်ကို မြင့်မားစွာ ခံနိုင်ပါတယ်။ ပြင်းထန်တဲ့ Acid ဒဏ်ကိုတောင်ခံနိုင်ပါတယ်။ Electrical အနေနဲ့ဆို တခြား PVC Cable, Paper Insulated Cable တွေနဲ့ယှဉ်ရင် သူက DI Electric Losses နဲပါတယ် ဒီတော့ Cable ရဲ့ Insulation ရဲ့ Leakage Current ကိုနဲစေတယ်။ Cable ကို မီးလွှတ်ရင် Cable Insulation နဲ့သက်ဆိုင်တဲ့ Charging Current ပမာဏတွေ ကိုလျော့ကျစေတယ်ပေါ့ဗျာ။
XLPE ရဲ့ အကောင်းဆုံး အရည်အခြင်းက မြင်မားတဲ့ အပူချိန် မှာ Chemical နဲ့ Physical ပျက်ယွင်းမှုမရှိဘဲ High Current ကို သယ်ဆောင်စီးဆင်းနိုင်စွမ်းရြှိခင်းပါ။ပြောရရင် Insulation ကွဲအက်ချင်း လောင်ကျွမ်းချင်းမရှိဘဲ ပုံမှန်အနေအထား (90°C), အရေးပေါ်အပူချိန်မြင့်မားလွန်ကဲခြင်း Emergency Over Load (130°C) နဲ့ ရုတ်တရက် Short Circuit ကြောင့်ဖြစ်သော (250°C) ဆိုတယ့် အခြေအနေမျိုးမှာ XLPE က အလုပ် လုပ်နိုင်ပါတယ်။ XLPE ကို Medium Voltage နဲ့ High Voltage Cable တွေရဲ့ Insulation အနေနဲ့ သုံးသလို Low Voltage Power and Control Cable တွေမှာလဲ သုံးပါတယ်။
Cable နဲ့ပတ်သတ်ပြီး IEC 60502 နဲ့ IEC 60840 ကိုလိုက်နာ ထုတ်လုပ်ရပါတယ်။
တဆက်ထဲ Cable တည်ဆောက်ဖွဲ့စည်းပုံကိုပြောပြချင်ပါတယ် Cable တည်ဆောက်ပုံကို Cable ရဲ့ အတွင်းထဲကနေ စပြီးပြောပါတယ် Cu/PVC ဆိုတာက Core က Cu = Copper နဲ့ PVC ဆိုတာအပြင်ကာဗာက PVC လို့ပြောတာပါ။ Cu/PVC/PVC ဆိုတာက Core က Copper ပြီးရင် PVC ကာဗာ တစ်ထပ်ပြီးရင် နောက်ထက် PVC ကာဗာ တစ်ထပ်လို့ပြောချင်တာပါ (PVC 2 Cover) ပါ။ Cu/XLPE/PVC ဆိုတာက Copper ပြီးရင် XLPE ကာဗာ တစ်ထပ်ပြီးရင် နောက်ထက် PVC ကာဗာ တစ်ထပ်လို့ ပြောချင်တာပါ။ ဒီအလွှာကြားထဲမှာတော့ သက်ဆိုင်ရာ Manufacture အလိုက် Insulation Screen တွေ Tape တွေ ထပ်ပေါင်းထဲ့ကြပါတယ်ခင်ဗျာ။ CU/XLPE/PVC/AWA/PVC ဆိုရင်တော့ Copper Core ပြီးရင် XLPE Insulation ပြီးရင် PVC Insulation ပြီးရင် AWA - Aluminium Wire Armor ပြီးရင် PVC Cover ပေါ့ဗျာ။ အများအားဖြစ် Armour ပါရင် Under Ground Application မှာအသုံးပြုပါတယ်။ Power Plant နဲ့ Outdoor Usage အတွက်ဆိုရင် ကျနော်တို့ က 400V - Level မှာဆိုရင်တောင် XLPE/Wire Armor ကို အသုံးပြုပါတယ်။ Single Core Cable နဲ့ Multi Core Cable မှာ Single Core Cable ကို Wire Armor အဖြစ် AWA (Aluminium Wire Armor) ကိုမဖြစ်မနေသုံးဆွဲပြီး Multi Core Cable ကို SWA (Steel Wire Armor) သုံးကြပါတယ်
Credit to Ko Myo Zaw
မူရင်းရေးသားသူအား လေးစားစွာ credit ပေးအပ်ပါတယ်ခင်ဗျာ ။
Malikha Power Engineering Limited
Electrical Project များဆောင်ရွက်လိုပါက ဆက်သွယ်ရန်
☎️ 09-420071769 (Viber), 09-785478777
🏢 အမှတ် (40. A)၊ မြစပါယ်လမ်း ၊၉ ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ။
📩 [email protected]