Refrigerator Washing Machine Spare parts & Tools

Refrigerator Washing Machine  Spare parts & Tools Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Refrigerator Washing Machine Spare parts & Tools, Refrigeration service, Yangon.

Hello. Everyone.ကျွန်တော့်ရဲ့ Viber Channel လေးမှာလဲ လိုအပ်တဲ့ပစ္စည်းလေးတွေ အားပေးလို့ရပါတယ် ခင်ဗျား..
19/10/2024

Hello. Everyone.
ကျွန်တော့်ရဲ့ Viber Channel လေးမှာလဲ လိုအပ်တဲ့ပစ္စည်းလေးတွေ အားပေးလို့ရပါတယ် ခင်ဗျား..

အဲကွန်း (Air Con) ထွင်ကာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သူနွေရာသီလိုကာလတွေမှာ အိမ်ပိုင်ရှင်အများစုရဲ့ ဆန္ဒကတော့ မိမိတို့နေအိ...
11/02/2024

အဲကွန်း (Air Con) ထွင်ကာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သူ

နွေရာသီလိုကာလတွေမှာ အိမ်ပိုင်ရှင်အများစုရဲ့ ဆန္ဒကတော့ မိမိတို့နေအိမ်ကို အပူအအေးမျှမျှတတနဲ့သက်သက်သာသာနေထိုင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ခုလိုကာလမျိုးမှာဆိုရင် အဲကွန်းအခန်းထဲမှာအေးအေးလူလူနဲ့ အနားယူနေရတဲ့ ခံစားမှုဟာ ဘဝအမောအတော်များများကိုတော့ မေ့လျော့သွားစေမှာပါ။

လူသားတွေရဲ့ နေထိုင်မှုပုံစံကို အပြောင်းအလဲကြီးပြောင်းလဲသွားစေနိုင်တဲ့ အရာတွေမှာ အဲကွန်းတွေဟာ အရေးပါတဲ့ နေရာကနေ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

လူနေထူထပ်တဲ့ တိုက်ခန်းလိုနေရာတွေမှာဆိုရင် အဲလ်ကွန်းတပ်ဆင်ပြီး နေထိုင်တဲ့လူနေမှုစရိုက်ဟာမြို့ပြရဲ့ ပုံစံတစ်ခုအဖြစ်တောင် ရှိနေခဲ့ပါပြီ။ အဲဒီအဲကွန်းတွေကို စတင်ဖန်တီးခဲ့သူရဲ့ အကြောင်းကိုဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။

ယနေ့ခေတ် အဲကွန်းကို စတင်တီထွင်ခဲ့သူကတော့ အမေရိကန်လူမျိုး Willis Carrier ဆိုသူပဲ ဖြစ်ပါတယ်။ အခြားကမ္ဘာကျော်တီထွင်သူတွေလိုပဲ Willis Carrier ဟာ မူလကတည်းက ကမ္ဘာလူသားတွေရဲ့လူနေထိုင်မှုပုံစံကို ပြောင်းလဲသွားစေနိုင်တဲ့ အဲကွန်း ဆိုတဲ့ လေအေးပေးစက်ကို ဖန်တီးမယ်ဆိုတဲ့ရည်ရွယ်ချက်အတွေးမျိုးတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် သူဟာ အဲကွန်းတွေ ဖန်တီးမှုလမ်းကြောင်းပေါ်ကို ရောက်ချိန်မှာတော့ အောင်မြင်တဲ့ လူသုံးစက်တစ်ခုကို လူတွေအကြားကိုချပြနိုင်ခဲ့ပါတယ်။

Willis Carrier ရဲ့ အစောပိုင်းဘဝခရီးအကြောင်းကို ကြည့်မယ်ဆိုရင်တော့ ကမ္ဘာကျော် တီထွင်သူတစ်ယောက် မဖြစ်ခင်သူရဲ့ ဘဝခရီးလမ်းကို ကျော်ဖြတ်ခဲ့ရတဲ့ မဆုတ်မနစ်တဲ့ ဇွဲ၊လုံ့လကို မဖြစ်မနေအသိအမှတ်ပြုရမှာဖြစ်ပါတယ်။

Willis Carrier ကို ၁၈၇၆ ခုနှစ်က နယူးယောက်မှာရှိတဲ့ Angola အမည်ရတဲ့ ရွာကလေးမှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သင်္ချာပညာရပ်ကို ဝါသနာထုံလွန်းတဲ့ Carrier ဟာ သူရဲ့အချိန်အများစုကိုသင်္ချာကိန်းဂဏန်းတွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။

၁၉၀၁ ခုနှစ်မှာတော့ Willis Carrier ဟာ အင်ဂျင်နီယာပညာရပ်နဲ့ Cornell တက္ကသိုလ်ကနေ ဘွဲ့ရယူခဲ့ပါတယ်။ နှစ်အနည်းငယ်အကြာမှာတော့ Willis Carrier ဟာ Buffalo Forge အမည်ရ စက်မှုကုမ္ပဏီမှာဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

ယင်းနေရာမှာပဲ Willis Carrier ဟာ အဲကွန်းကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ စတင်ဖန်တီးချိန်မှာတော့ Willis Carrier ဟာ အဲကွန်းဖန်တီးမယ်ဆိုတဲ့ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး။ သူလုပ်ငန်းခွင်မှာ ဆောင်ရွက်ဖို့ဖြစ်လာတဲ့ အလုပ်ကိုပဲ အလုပ်ရှင်စိတ်တိုင်းကျ ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ အဲကွန်းတွေဟာ ပုံနှိပ်စက်တွေကနေတစ်ဆင့် ပေါ်ပေါက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပုံနှိပ်လုပ်ငန်းခေတ်တစ်ခုဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် စက်မှုလုပ်ငန်းတိုးတက်မှုရဲ့ အစဟာ ပုံနှိပ်တိုက်တွေ အပြိုင်အဆိုင်ပေါ်ပေါက်လာရာကနေစတင်ပါတယ်။

နယူးယောက်ပြည်နယ်အတွင်းက Brooklyn မြို့မှာ တည်ရှိနေတဲ့ ပုံနှိပ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့Sackett & Wilhelms ရဲ့ပုံနှိပ်စက်တွေအတွင်းမှာ စိုထိုင်းမှုဖြစ်စဉ်တွေကြောင့် ထုတ်ဝေမှုလုပ်ငန်းတွေမှာ အကြီးအကျယ် အခက်တွေ့လာခဲ့ရပါတယ်။

ပုံနှိပ်လုပ်ငန်း ဆိုတာကလည်း အချိန်နဲ့အညီ အလုပ်လုပ်ရတဲ့လုပ်ငန်းစဉ် ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ Sackett & Wilhelms ပိုင်ရှင် Walter Timmis ဟာယင်းခေတ်အခါက စက်မှုနည်းပညာလုပ်ငန်းလို့ ပြောရမယ့် Willis Carrier အလုပ်လုပ်ကိုင်ရာ Buffalo Forge ကုမ္ပဏီသူဌေးကို ပုံနှိပ်စက်တွေရဲ့ ဒီအခက်အခဲကို ဖြေရှင်းပေးဖို့ အကူအညီတောင်းခံပါတယ်။

ကုမ္ပဏီသူဌေးကလည်း ရေငွေ့ကြောင့်ဖြစ်တဲ့ ပုံနှိပ်စက်အတွင်း စိုထိုင်းမှုတွေကိုဖြေရှင်းဖို့ ကုမ္ပဏီရဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Willis Carrier ကိုတာဝန်ပေးလိုက်ပါတော့တယ်။

မအောင်မြင်တဲ့ စမ်းသပ်ချက်များစွာကို ပြုလုပ်ပြီးနောက်မှာတော့ Willis Carrier ဟာ သတ္ထုကွိုင်ကနေတဆင့် ပုံနှိပ်စက်အတွင်းပိုင်း စိုထိုင်းမှုကိုဖြစ်စေနိုင်တဲ့ရေငွေ့တွေရဲ့ အပူချိန်ကိုထိန်းသိမ်းနိုင်မဲ့နည်းလမ်းကိုရှာတွေ့ခဲ့ပါတယ်။

Willis Carrier ဟာ သူတွေ့ရှိတဲ့ နည်းစနစ်ကို ထပ်မံပြည့်စုံအောင် ပြုလုပ်ခဲ့ပြီး သူအစီစဉ်ရဲ့အသေးစိတ်လုပ်ငန်းတွေကို ပုံနှိပ်တိုက်ပိုင်ရှင် Walter Timmis ကိုချပြကာ ပုံနှိပ်စက်တွေရဲ့ စိုထိုင်းမှုပြဿနာကို ပြေလည်သွားစေခဲ့ပါတယ်။

၁၉၀၂ ခုနှစ်၊ နွေရာသီရောက်ချိန်မှာတော့ Willis Carrier ဟာ စိုထိုင်းမှုအခြေအနေကို လျော့ချပေးနိုင်တဲ့ လေထုအခြေအနေပြ ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ကနဦးတီထွင်မှုကို အားရမှုမရှိပဲ နောက်ထပ်ပိုကောင်းတဲ့ နည်းစနစ်တွေကို ရှာဖွေပြီး ဆက်လက်ကြိုးစားခဲ့ပါတယ်။ သူရဲ့အဲကွန်းစက် တီထွင်မှုလုပ်ငန်းအတွက်တော့ Willis Carrier ဟာ နောက်ထပ်နှစ်အနည်းငယ်ကြာအောင် ဆန်းစစ်မှု တွေထပ်မံပြုလုပ်ခဲ့ရပြီး ၁၉၀၆ ခုနှစ်မှာတော့ သူရဲ့တွေ့ရှိပြီးသား အဲကွန်းနည်းပညာကို မြှင့်တင်နိုင်ခဲ့သလို မူပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

နောက်ထပ်တစ်နှစ်အကြာမှာတော့ Willis Carrier ဟာ သူတွေ့ရှိခဲ့တဲ့ Dewpoint Depression ကိုအခြေခံထားတဲ့ ရေငွေ့အပူချိန်ကို အလိုအလျောက်ထိန်းချုပ်နိုင်တဲ့အဲကွန်းထုတ်ကုန်အတွက်နောက်ထပ် မူပိုင်ခွင့်ကို ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။

၁၉၁၁ ခုနှစ်မှာတော့ Willis Carrier ဟာ ကမ္ဘာ့အဲကွန်းသမိုင်းမှာ အရေးပါဆုံးသော တွေ့ရှိမှုမှတ်တိုင်လို့ဆိုရမဲ့ Rational Psychometric Formulae ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ယင်းနည်းစနစ်နဲ့ပဲ လေအေးပေးစက်တွေကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး မကြာခင် အချိန်တောအတွင်းမှာပဲ အိမ်တွေ၊ရုံးတွေနဲ့ခန်းမလို နေရာတွေမှာ အဲကွန်းခေါ် လေအေးပေးစက်တွေ ပေါ်ပေါက်လာပါတော့တယ်။

Willis Carrier ရဲ့တီထွင်မှုဟာ ကမ္ဘာကြီးကို အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူရဲ့ဖန်တီးမှုဟာ ယနေ့လေအေးပေးစက်ထုတ်လုပ်ငန်းတွေရဲ့ အခြေခံအုတ်မြစ်အဖြစ်သာမက မု့န်ဖုတ်စက်နဲ့ စစ်ဘက်ဆိုင်ရာသုံး လုပ်ငန်းတွေ၊အခြားသော စက်မှုလုပ်ငန်းတွေအတွက်ပါ အထောက် အကူ ပြုနိုင်ခဲ့ပါတယ်။

၁၉၁၅ ခုနှစ်မှာတော့ Willis Carrier ဟာ သူငယ်ချင်း အင်ဂျင်နီယာ ၆ ယောက်နဲ့အတူ Carrier Engineering Corporation ကို စုပေါင်းထည့်ဝင်ငွေ ဒေါ်လာ ၃၂၆၀၀ နဲ့ တည်ထောင်ခဲ့ပါတယ်။

၁၉၂၀ ခုနှစ်မှာတော့ ပထမဆုံးစက်ရုံကို ဝယ်ယူနိုင်ခဲ့ကြပြီး အောင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့်စီးပွားပျက်ကပ်ကြီးနဲ့ ကြုံတွေခဲ့ရတာကြောင့် ငွေကြေး အကြပ်အတည်း ကြုံခဲ့ရပြီး အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းခဲ့ရပါတယ်။

Willis Carrier ရဲ့ အားမလျော့ပဲ ကြိုးစားမှုကြောင့် ၁၉၃၇ ခုနှစ် နောက်ပိုင်းမှာတော့ နယူးယောက်ရဲ့အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ အဲကွန်းတွေဟာ လူကြိုက်စများလာခဲ့ပြီး ၁၉၅၀ နောက်ပိုင်းမှာတော့ကမ္ဘာတလွှားကို ပြန့်နှံသွားပါတော့တယ်။ Willis Carrier ကတော့ ၁၉၅၀ ခုနှစ် အသက် ၇၃နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူကွယ်လွန်သွားခဲ့ပေမယ့် သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကတော့ ယနေ့အချိန်မှာ Carrier Aircon (or) Carrier Global Corporation အမည်နဲ့ ကမ္ဘာ့ထိပ်တန်း လေအေးပေးစက်ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်နေပါပြီ။

ဒီကုမ္ပဏီရဲ့ ၂၀၁၈ ခုနှစ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလျံ ဖြစ်ပြီး ဝန်ထမ်းပေါင်း ၄၅၀၀၀ ခန့်ကို ခန့်ထားနိုင်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ကုမ္ပဏီခွဲတွေ ရှိနေပြီဖြစ်ပါတယ်။

လေအေးပေးစက်လို ဇိမ်ခံပစ္စည်းတွေ ဖန်တီးနိုင်ခဲ့တဲ့ သူရဲ့တွေ့ရှိချက်ကြောင့် Willis Carrier မရှိပဲကမ္ဘာကြီးသာ သက်သောင့်သက်သာ မဖြစ်နိုင်ဆိုတဲ့ ဆိုရိုးတောင် ယင်းကာလက ပညာရှင်တွေအကြားကျော်ကြားခဲ့ပါတယ်။

Willis Carrier ရဲ့ဖန်တီးမှုဟာ ယနေ့ထက်တိုင် လူသားတွေကို လွှမ်းမိုးထားနိုင်တာကို တွေ့ရမှာဖြစ်ပြီးနောက်ကာလ များစွာမှာဆိုရင်လည်း လေအေးပေးစက်တွေရဲ့ကဏ္ဍဟာ လျော့ကျသွားဖို့မရှိပါဘူး။အမှန်တကယ်ပဲ အဖိုးမဖြတ်နိုင်တဲ့ တီထွင်မှုနဲ့အတူ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သူပဲ ဖြစ်ပါတယ်။

လိုအပ်ပါက ဆက်သွယ်ရန် 0994000 1284
04/01/2024

လိုအပ်ပါက ဆက်သွယ်ရန် 0994000 1284

လိုအပ်ရင် ဆက်သွယ်ပေးပါ..SIM6822M ( IPM )  ၁လုံး ၂သောင်းပါ.
05/11/2023

လိုအပ်ရင် ဆက်သွယ်ပေးပါ..
SIM6822M ( IPM ) ၁လုံး ၂သောင်းပါ.

Samsung ကဒ်အသေး..လိုအပ်ရင် ဆက်သွယ်ပါ..09 94000 1284
12/10/2023

Samsung ကဒ်အသေး..လိုအပ်ရင် ဆက်သွယ်ပါ..
09 94000 1284

Refrigerator Inverter Compressor Tester လေး လိုအပ်ရင် မှာယူနိုင်ပါပီ..Ko Lynn0994000 1284
10/12/2022

Refrigerator Inverter Compressor Tester လေး လိုအပ်ရင် မှာယူနိုင်ပါပီ..
Ko Lynn
0994000 1284

04/12/2022

Refrigerator Inverter Compressor Tester လေးပါ..

04/12/2022

Refrigerator Inverter compressor tester လေးပါ..

Address

Yangon

Telephone

+959952443836

Website

Alerts

Be the first to know and let us send you an email when Refrigerator Washing Machine Spare parts & Tools posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share