23/10/2026
(၂၃-၁၀-၂၀၂၆) ရက်နေ့မှာ ကျင်းပခဲ့တဲ့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရဲ့ "လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း (ဆိုလာစနစ်) အမှတ်စဉ် (၂/၂၀၂၄)" သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကျွန်ုပ်တို့ SUN Energy မှ တာဝန်ရှိသူများ သွားရောက်တက်ရောက်ခဲ့ကြပါတယ်။
ယနေ့ခေတ်မှာ ဆိုလာစနစ်အသုံးပြုမှုများ တိုးတက်လာသည်နှင့်အမျှ
ဆိုလာစနစ်ကို စနစ်တကျ မှန်ကန်စွာ တပ်ဆင်သွယ်တန်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များကို စိစစ်စစ်ဆေးရေးနဲ့ ထိန်းသိမ်းပြုပြင်ရေး နည်းလမ်းများကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေဖို့က အလွန်ပင် အရေးကြီးပါတယ်။
အခုလို သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးမြောက်ခဲ့ကြတဲ့ သင်တန်းသား တာဝန်ရှိသူများအားလုံးလည်း သင်တန်းမှ ရရှိခဲ့တဲ့ နည်းပညာနဲ့ ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်မှာ အကျိုးရှိရှိ အသုံးပြုပြီး လုပ်ငန်းစွမ်းဆောင်ရည်များ ဒီထက်မက တိုးတက်အောင်မြင်ကြပါစေကြောင်း ကျွန်ုပ်တို့ SUN Energy မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျ။